ရေးသားသူ – အမ်းရစ်(တာကူတန်မိန်းကလေး )
၁။ ပိုင်တီတီ ( Paititi )
မာယာလူမျိုးတွေရဲ့ပျောက်ဆုံးနေတဲ့ရွှေမြို့တော်ပါ။ စပိန်တွေမာယာလူမျိုးတို့နေထိုင်တဲ့ နေရာအရောက်မှာ အမှတ်မထင်ထိုမြို့ကိုကုန်းမြင့်ပေါ်လှမ်းတွေ့လိုက်ပေမယ့် နောက်တော့လိုက်ရှာတာအရိပ်တောင်မတွေ့ရတော့ပါဘူး။ မြို့တစ်ခုပဲပျောက်ကွယ်သွားတာမဟုတ်ပဲလူတွေပါ ပျောက်ကွယ်သွားခဲ့ပါတယ်။ မက်စ်ဆီကိုက ပိရမစ်တွေကိုတွေ့တဲ့အချိန်မှာလည်း မာယာတွေတစ်ယောက်မှမတွေ့ခဲ့ရပါဘူး။
မှော်ပညာ နဲ့နက္ခတ်အတတ် ၊ ရှေ့ဖြစ်ဟောအတတ်တွေအထူးကျွမ်းကျင်တဲ့မာယာနတ်ဆရာတွေက စပိန်တွေရောက်လာမှာကိုကြိုသိပြီး မှော်ပညာနဲ့မြို့ကိုပျောက်နေစေတာလား ကိုယ်ပိုင်ကမ္ဘာခွဲထွက်ပြီးနေတာလား ဆိုတာကိုတောတာ့ဘယ်သူမှမသိပါဘူး။ Tad -The Lost Explorer Cartoon ကားလေးပါ ပိုင်တီတီ မြို့အကြောင်းကို ကြည့်ရှု့ခံစားနိုင်ပါတယ်။
၂။ အတ္တလန္တိတ်သိပ္ပံမြို့တော် ( Atalantis )
အတ္တလန်တာကျွန်းကြီးရှိခဲ့ဉ်ကတည်ရှိခဲ့တယ်လို့ ယူဆခဲ့တဲ့ မြို့တော်ကြီးပါ ။အတတ်ပညာပေါင်းစုံထွန်းကားခဲ့တဲ့ထိုမြို့တော်ကြီးဟာအတ္တလန္တိတ်သမုဒ္ဒရာရဲ့တစ်နေရာရာမှာရှိနေမယ်လို့ ယုံကြည်ရပေမယ့်ဘယ်သူမှမသိကြပါဘူး။ ဂျပန်ပုံပြင်ထဲက ငါးဖမ်းသမားလေးရောက်သွားတဲ့နေရာလို ရေအောက်မှာမြို့တည်ပြီးခုထိရှိနေသေးလားဆိုတာ အဲဒီတုန်းကလူတွေသာသိနိုင်ပါတယ်။ Atlantis: The Lost Empire (2001) မှာ Atlantic အကြောင်းကိုကြည့်ရှု့နိုင်ပါတယ်။
၃။ Ahm Shere Oasis အမ်းရှီးယားအိုအေစစ်
ကင်းမြီးကောက်ဘုရင်ကြီးတည်ခဲ့တဲ့ရွှေပိရမစ်ကြီးတွေတည်ရှိတဲ့ ထိုအိုအေစစ် ဟာ အီဂျစ်သဲကန္တာရရဲ့အလယ်မှာရှိတယ်လို့ အမှတ်အသားပြပေမယ့် ကမ္ဘာကြီးကနေပျောက်ဆုံးနေခဲ့ပါတယ်။နတ်ဘုရား အာနူဘိစ့်ရဲ့စောက်ရှောက်မှုအောက်ကထိုမြို့တော်ကို သမိုင်းကြောင်းတစ်လျှောက်ကစစ်ဘုရင်တွေကလိုက်ရှာပေမယ့် စစ်တပ်တွေအားလုံးဟာပြန်လမ်းမဲ့ခဲ့ကြပါတယ်။
ဆီဇာရဲ့စစ်တပ်တစ်ခုလဲရှာဖို့စေလွှတ်လိုက်ပေမယ့်ပြန်လမ်းမဲ့ခဲ့ရပါတယ်။ အရှေ့ဘက်နေမင်းလို့ခေါ်တဲ့ အလွန်ကြီးမားတဲ့စိန်တုံးကြီးဟာပိရမစ်တွေထဲကအကြီးဆုံးပိရမစ်ထိပ်မှာတည်ရှိနေပါတယ်။The Mummy 2 မှာ Ahm Shere ကိုမြင်တွေ့နိုင်ပါတယ်။
၄။ ရှမ်ဂရီလာ ရှမ်ဗဲလား
သူတော်စင်တွေရဲ့နှလုံးသားမြို့တော်ဟာ အာရှတိုက်သာမက ဉရောပအထိကျော်ကြားတဲ့မြို့ပျောက်တစ်ခုဖြစ်ပါတယ်။ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေ သန့်စင်တဲ့သူတွေသာရောက်နိုင်ပါတယ်။ တိဘက် ဟိမဝန္တာဘက်မှာရှိတယ်လိုပညာရှင်တွေကခန့်မှန်းပါတယ်။ ရှမ်ဂရီလာနဲ့ပါတ်သတ်ပြီးပုံပြင်ဇာတ်လမ်းတွေအများကြီးရှိပါတယ်။ရေခဲတောင်တံခါးကြီးနောက်ကရှမ်ဂရီလာတံခါးဟာ ထိုက်တန်တဲ့လူလာရင်ပွင့်နေတတ်ပါတယ်။ Lost Horizon (1937) Movies မှာ ရှန်ဂရီလာမြို့တော်ကိုမြင်တွေ့နိုင်ပါတယ်။
၅။ Golden City in Bermuda Triangle
အာရှတိုက်ရာဇဝင်တွေမှာရှိခဲ့တဲ့ ဒီမြို့တော်ဟာ သထုံပြည်ကိုပြပေမယ့် မတူပါဘူး။ ယခုဟာကကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ဘေးအန္တရာယ်တစ်ခုခုကြောင့်ရေအောက်ရောက်သားတာားမသဲကွဲပေမယ့် ခုထိအစရှာမရသေးပါဘူး။ ပညာရှင်အများစုကတော့ ဘာမြူဒါတြိဂံအရပ်မှာရှိနေတယ်လို့ယုံကြည်လက်ခံထားကြပါတယ်။ဒါပေမယ့်ထိုမြို့တော်ကိုရှာဖို့ကြိုးစားတဲ့လူတိုင်းကထူးဆန်းစွာပျောက်ဆုံးသွားကြလေ့ရှိပါတယ်မြို့တော်ကိုပဲရောက်ရှိခဲ့လား။ကြားမှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာဘယ်သူမှမသိပါဘူး။Percy Jackson :Season of Monster မှာဒီမြို့တော်ကိုမြင်တွေ့နိုင်ပါတယ်။
၆။ Atlantic Mermaid City
ရေသူထီး ရေသူမတွေနေထိုင်တဲ့ ထိုမြို့တော်ကနံမည်ချင်းဆင်တူပေမယ့်မတူပါဘူး။မှော်မျက်လှည့်တွေနဲ့လူတွေမတွေ့အောင်ရေအောက်တစ်နေရာမှာပုန်းကွယ်နေထိုင်နေတဲ့ မှော်ဝင်သတ္တဝါတွေရဲ့မြိ ု့တော်ကြီးကို ရှာဖို့ဆိုတာဖြစ်နိုင်ပါဘူး။ သူတို့ကကောလူ့လောကကိုစောင့်ကြည့်နေမလားမသိနိုင်ပါဘူး။ Little Mermaid ဆိုတဲ့ ကာတွန်းကားလေးမှာ Atlantic Mermaid City ကိုမြင်တွေ့နိုင်ပါတယ်။
၇။ ကမ္ဘာ့အလယ်မြို့
ကမ္ဘာကြီးရဲ့အလယ်ဗဟိုမှာရှိတယ်လို့ သိပ္ပံပညာရှင်တွေတွေးထင်ထားတဲ့ မြို့တော်တစ်ခုပါ။ထိုမြို့တော်မှာမျိုးသုဉ်းသွားပြီဖြစ်တဲ့ ဒိုင်နိုဆောတွေ ဂေါ်ဇီလာတွေ နဲ့ သမိုင်းထဲကတိရိစ္ဆာန်တွေနေထိုင်ရှင်သန်နေဆဲလို့လူအများကယုံကြည်ကြပါတယ်။ ဘာပဲပြောပြော Center of the earth စာအုပ်မထွက်ခင်အထိ ထိုမြို့တော်အကြောင်းလူသိမများခဲ့ပါဘူး။ မြို့တော်မှာရှေးဟောင်းမျောက်လူသားတွေနေထိုင်ဆဲလို့လဲတချို့ကယုံကြည်ကြပါတယ်။Jounery to the Center of the Earth Movies မှာမြင်တွေ့နိုင်ပါတယ်။
၈။ အိုလံပတ်မြို့တော်
နတ်ဘုရား ဇု ရဲ့မြို့တော်ဖြစ်ပါတယ်။နတ်ဘုရားတွေနဲ့ နတ်သွေးနှောသူတွေသာ ရောက်နိုင်တဲ့ ဂရိနတ်ဘုရားမြို့တော်ဖြစ်ပါတယ်။ လောကသစ်ပင်ပေါ်မှာတည်ထားတဲ့ အိုလန်ပစ်မြို့တော်ကြီးဟာတကယ်ကောရှိလား မရှိဘူးလားဆိုတာဘယ်သူမှမသိပါဘူး။ Warth of the Titan Movies မှာ Olympus City ကိုမြင်တွေ့နိုင်ပါတယ်။
၉။ အက်စတက် ( Aztaz )
မြေအောက်မှာလျှို့ဝှက်တည်တားခဲ့တဲ့ အင်ကာလူမျိုးတို့ရဲ့လျှို့ဝှက်မြို့တော်ကြီး မာယာမြို့တော်ပိုင်တီတီနဲ့ အလားတူပုံစံမျိုးရှိပါတယ်။ ယခုထိသုတေသနပညာရှင်တွေရှာဖွေနေတဲ့ရွှေမြို့တော်တစ်ခုပါ။Road to Eldorado ကာတွန်းကားမှာ Aztaz မြို့တော်ကြီးကိုမြင်တွေ့နိုင်ပါတယ်။
၁၀။ ဗိုင်ယာမိုင်ယား ( Biarmia )
ဗိုက်ကင်းတွေနေထိုင်ခဲ့တဲ့ ဒဏ္ဍာရီထဲကမြို့တော်ဖြစ်ပါတယ်။ ယခုအခါနဂါးတွေက သူတို့ရဲ့အစွမ်းနဲ့မြို့ကိုဖျောက်ထားကာနေထိုင်နေတယ်လို့ယုံကြည်ကြပါတယ်။ ပင်လယ်ဖြူ နဲ့ Northern Dvina မြစ် အနီးတစ်ဝိုက်မှာလို့ ဆိုပါတယ်။ Viking tv Series မှာမြင်တွေ့နိုင်ပါတယ်။
အမ်းရစ်
(တာကူတန်မိန်းကလေး )
Discussion about this post