(Unicode)
အိန္ဒိယ နိုင်ငံ မဟာသျှတ္တရ ပြည်နယ် မှာရှိတဲ့ လိုနာရေကန် (Lonar Lake) ထဲကရေတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အနီရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။ ဘာကြောင့် ဒီလိုပြောင်းလဲသွားရသလဲဆိုတာကို ဒေသခံတော်တော်များများက သိချင်နေကြပါတယ်။
ကမ္ဘာက ထင်ရှားတဲ့ ပန်းရောင်ကန်တွေဖြစ်တဲ့ အမေရိကန် Utah ပြည်နယ်က Great Salt Lake နဲ့ သြစတြေးလျက Lake Hillier တို့ကတော့ ဆားပါဝင်မှုအဆမတန် တိုးလာခြင်း နဲ့ ပန်းရောင်ရေညှိပါဝင်မှုတွေ ပေါင်းစပ်ကာ ပန်းရောင်ရေကန်တွေ ဖြစ်လာခဲ့ကြတာပါ။ အခု လိုနာရေကန်ဟာလည်း အဲဒီအကြောင်းအရာတွေကြောင့် ရေအရောင်ပြောင်းသွားတာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
တကယ်က လိုနာရေကန်ရဲ့ အရောင်ဟာ အနီဘက်ကို ပိုရောက်တဲ့အရောင်အဖြစ် ပြောင်းသွားခဲ့တာပါ။ ” ရေရဲ့အရောင်ဟာ အနီရောင်ပြောင်းသွားတာဟာ ဆားပါဝင်မှုများလာတာကြောင့်ဖြစ်နိုင်ပါတယ်။ ဒီကန်မှာရှိတဲ့ ရေပမာဏဟာ မူလကထက် လျှော့နည်းသွားတဲ့အတွက် ဆားပါဝင်မှုက ပိုတိုးလာခဲ့ပြီး ကန်အတွင်းပိုင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ကုန်တာ” လို့ ဒေသခံ ဘူမိဗေဒပညာရှင်တယောက်ဖြစ်တဲ့ Gajanan Kharat က ဆိုပါတယ်။
အနီရောင်ရေညှိတွေကြောင့် ရေအရောင်ပြောင်းလဲတာ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာကိုလည်း ပညာရှင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ နမူနာတွေကိုလည်း ဓာတ်ခွဲခန်းအသီးသီးကို ပို့ဆောင်ပြီးဖြစ်တဲ့အတွက် အဖြေထွက်လာခဲ့ရင် ဘာကြောင့် ရေအရောင်ပြောင်းလဲခဲ့သလဲ ဆိုတာကို တိတိကျကျပြောနိုင်လိမ့်မယ်လို့ Gajanan Kharat က ထပ်ပြောသွားပါတယ်။
လိုနာရေကန်ကို လိုနာချိုင့် လို့လည်းခေါ်ပြီး နိုင်ငံ့ဘူမိအမွေအနှစ်တခုအဖြစ် သတ်မှတ်ထားပါတယ်။ ရေကန်ဖြစ်လာမယ့် ဒီတွင်းချိုင့်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀၀ ကျော်က ဥက္ကာခဲကျရောက်မှုကြောင့် ဖြစ်လာခဲ့တာလို့ သိရပါတယ်။
ကန်ရဲ့ အရှည်ဆုံး အလျားဟာ ပေ ၆၀၀၀ ရှိပြီး မျက်နှာပြင်ကတော့ ဝ.၄၄ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ ပျမ်းမျှအနက် ၄၄၉ပေနက်ပြီး အနက်ဆုံးနေရာကတော့ ၄၉၀ပေ အထိရှိတဲ့ ရေကန်ကြီးဖြစ်ပါတယ်။ ဒီကန်ရဲ့ မြေဆီလွှာမှာပါဝင်တဲ့ ဓာတ်သတ္တုတွေဟာ လပေါ်က ယူလာတဲ့ ကျောက်ခဲတွေမှာပါဝင်တဲ့ ဓာတ်သတ္တုတွေနဲ့ အလွန်တူညီနေတယ်လို့ သိရပြီး သိပ္ပံ ၊ ဘူမိဗေဒ ၊ ရူပဗေဒ နဲ့ သဘာဝလေ့လာစူးစမ်းရေး ပညာရှင်တွေဟာ ဒီကန်ကို မကြာခဏလာရောက်ကာ လေ့လာမှုတွေပြုလုပ်လေ့ရှိကြပါတယ်။
——– ——– —-
(Zawgyi)
႐ုတ္တရက္ ရက္ပိုင္းအတြင္း အနီေရာင္ေျပာင္းသြားတဲ့ အိႏၵိယက ေရကန္
အိႏၵိယ ႏိုင္ငံ မဟာသွ်တၱရ ျပည္နယ္ မွာရွိတဲ့ လုိနာေရကန္ (Lonar Lake) ထဲကေရေတြဟာ ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္းမွာပဲ အနီေရာင္အျဖစ္သုိ႔ ေျပာင္းလဲသြားခဲ့ပါတယ္။ ဘာေၾကာင့္ ဒီလုိေျပာင္းလဲသြားရသလဲဆုိတာကို ေဒသခံေတာ္ေတာ္မ်ားမ်ားက သိခ်င္ေနၾကပါတယ္။
ကမာၻက ထင္ရွားတဲ့ ပန္းေရာင္ကန္ေတြျဖစ္တဲ့ အေမရိကန္ Utah ျပည္နယ္က Great Salt Lake နဲ႔ ၾသစေၾတးလ်က Lake Hillier တုိ႔ကေတာ့ ဆားပါ၀င္မႈအဆမတန္ တုိးလာျခင္း နဲ႔ ပန္းေရာင္ေရညွိပါ၀င္မႈေတြ ေပါင္းစပ္ကာ ပန္းေရာင္ေရကန္ေတြ ျဖစ္လာခဲ့ၾကတာပါ။ အခု လုိနာေရကန္ဟာလည္း အဲဒီအေၾကာင္းအရာေတြေၾကာင့္ ေရအေရာင္ေျပာင္းသြားတာျဖစ္ႏုိင္တယ္လုိ႔ ကြ်မ္းက်င္သူေတြက ခန္႔မွန္းထားၾကပါတယ္။
တကယ္က လုိနာေရကန္ရဲ႕ အေရာင္ဟာ အနီဘက္ကို ပုိေရာက္တဲ့အေရာင္အျဖစ္ ေျပာင္းသြားခဲ့တာပါ။ ” ေရရဲ႕အေရာင္ဟာ အနီေရာင္ေျပာင္းသြားတာဟာ ဆားပါ၀င္မႈမ်ားလာတာေၾကာင့္ျဖစ္ႏုိင္ပါတယ္။ ဒီကန္မွာရွိတဲ့ ေရပမာဏဟာ မူလကထက္ ေလွ်ာ့နည္းသြားတဲ့အတြက္ ဆားပါ၀င္မႈက ပိုတုိးလာခဲ့ၿပီး ကန္အတြင္းပိုင္းမွာ ေျပာင္းလဲမႈေတြ ျဖစ္ကုန္တာ” လုိ႔ ေဒသခံ ဘူမိေဗဒပညာရွင္တေယာက္ျဖစ္တဲ့ Gajanan Kharat က ဆုိပါတယ္။
အနီေရာင္ေရညွိေတြေၾကာင့္ ေရအေရာင္ေျပာင္းလဲတာ ျဖစ္ႏုိင္မျဖစ္ႏုိင္ ဆုိတာကိုလည္း ပညာရွင္ေတြက စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနဆဲျဖစ္ပါတယ္။ နမူနာေတြကိုလည္း ဓာတ္ခြဲခန္းအသီးသီးကို ပုိ႔ေဆာင္ၿပီးျဖစ္တဲ့အတြက္ အေျဖထြက္လာခဲ့ရင္ ဘာေၾကာင့္ ေရအေရာင္ေျပာင္းလဲခဲ့သလဲ ဆုိတာကို တိတိက်က်ေျပာႏုိင္လိမ့္မယ္လုိ႔ Gajanan Kharat က ထပ္ေျပာသြားပါတယ္။
လုိနာေရကန္ကုိ လုိနာခ်ဳိင့္ လုိ႔လည္းေခၚၿပီး ႏုိင္ငံ့ဘူမိအေမြအႏွစ္တခုအျဖစ္ သတ္မွတ္ထားပါတယ္။ ေရကန္ျဖစ္လာမယ့္ ဒီတြင္းခ်ဳိင့္ႀကီးဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀၀၀၀ ေက်ာ္က ဥကၠာခဲက်ေရာက္မႈေၾကာင့္ ျဖစ္လာခဲ့တာလုိ႔ သိရပါတယ္။
ကန္ရဲ႕ အရွည္ဆုံး အလ်ားဟာ ေပ ၆၀၀၀ ရွိၿပီး မ်က္ႏွာျပင္ကေတာ့ ၀.၄၄ စတုရန္းမုိင္ က်ယ္၀န္းပါတယ္။ ပ်မ္းမွ်အနက္ ၄၄၉ေပနက္ၿပီး အနက္ဆုံးေနရာကေတာ့ ၄၉၀ေပ အထိရွိတဲ့ ေရကန္ႀကီးျဖစ္ပါတယ္။ ဒီကန္ရဲ႕ ေျမဆီလႊာမွာပါ၀င္တဲ့ ဓာတ္သတၱဳေတြဟာ လေပၚက ယူလာတဲ့ ေက်ာက္ခဲေတြမွာပါ၀င္တဲ့ ဓာတ္သတၱဳေတြနဲ႔ အလြန္တူညီေနတယ္လုိ႔ သိရၿပီး သိပၸံ ၊ ဘူမိေဗဒ ၊ ရူပေဗဒ နဲ႔ သဘာ၀ေလ့လာစူးစမ္းေရး ပညာရွင္ေတြဟာ ဒီကန္ကို မၾကာခဏလာေရာက္ကာ ေလ့လာမႈေတြျပဳလုပ္ေလ့ရွိၾကပါတယ္။
Discussion about this post