(Unicode)
ဆရာဦးဖိုးကျားရဲ့ မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ မှ
သက္ကရာဇ် ၉၁၃ ခု အင်းဝတွင် စည်သူကျော်ထင် မင်းပြုသည့်ကာလ နောင်အခါ ‘ စကားတောင်စား ‘ တွင် မည့် လူမည် မောင်စံလှ ၊ ရှင်သာမဏေအမည် ရှင်ဉာဏ အမည်ရှိသော သူသည် ကျောင်းမှထွက်လျှင် (သရပတ် သမ) နှင့် သင့်မြတ်၍ ယောက္ခမအိမ်တွင် နေ၏။ [မှတ်ချက် ပွဲလျက် ၊ ရေနံ ၊ ငါးဆီ စသည်တို့ကို ရောနှော၍ ကျိုထားသည်ကို ‘ သရပတ် ‘ ဟု ခေါ်၍ လှေဖာထေးရာ၍ သုံးရသည်။ ဤသရပတ်ကို စွဲ၍ လှေထေးသော ယောကျ်ား မိန်းမများကို ‘ သရပတ်သမား ‘ ၊ ‘ သရပတ်သမ ‘ ဟု ခေါ်သည်။ ]
ထိုသူသည် ရာဇဝင် ၊ ပုံပြင် စသည်တို့ကိုသာ လေ့လာနေသဖြင့် ယောက္ခမက မြည်တွန်သောကြောင့် တစ်နေ့တွင် ပိုက်ဆံကြေးငွေ ရှာအံ့ဟု ထွက်လာလေ၏။ စစ်ကိုင်းစည်သူကျော်ထင်သည် ရှင်ဖြူ ရှင်လှ ဘုရားသို့ ထွက်တော်မူမည်ဖြစ်၍ လက်ရွေးကြီး လှော်ကားတော်သားတို့ ပြင်ဆင်နေသည်ကို တွေ့သော် ” လူမစေ့လျှင် ကျွန်ုပ်ကိုလည်း ငှားပါ ” ဟု ဆို၏။ အကြီးအမှူးတို့က ” သင်သည် ပိန်လှ၏ ၊ သူများကဲ့သို့ လှော်ခတ်နိုင်မည် မဟုတ် ” ဟု ဆိုကြ၏။ ” ရေပက်၍ လိုက်ပါရစေ ” ဆိုပြန်လျှင် ” ကောင်းပြီ လိုက်ခဲ့တော့ ၊ အခငွေ နှစ်မတ် ပေးမည် ” ဟုဆို၍ ငှားလေ၏။
လှေပေါ်သို့ရောက်လျှင် လှေဝအကျယ် ၊ ဇောက် ၊ ဦး ၊ ပဲ့ ၊ တက်စွဲ စသည် မည်မျှရှိသည်တို့ကို လက်သစ်တောင်တာ နှင့်တကွ မှတ်သားလေ၏။ ထွက်တော်မူ၍ အတန်ကြာလျှင် လှေဝ ၊ အကျင်း ၊ အကျယ် စသည်တို့ကို မေးတော်မူရာ အကြီးအမှူးတို့ မမှတ်သားမိ ၊ မလျှောက်နိုင် ရှိကြလျှင် စကားတောင်စား ဖြစ်မည့်သူက ဝင်၍ မည်၍မည်မျှရှိကြောင်း သေချာစွာ လျှောက်လေ၏။
ဘုရားဖူးမြော်ပြီး၍ နန်းတော်သို့ ပြန်ခါနီး၌ မိုးရိပ် လေရိပ် ရှိသောကြောင့် ” မိုးလေ ကျလိမ့်မည်လော ” မေးတော်မူရာ အခြားသူတို့ မလျှောက်ထားကြသောကြောင့် စကားတောင်စား လောင်းကပင် ” တိမ်တေ ၊ လေဇက် ၊ လျှပ်စစ်ပေဉ္စာ ၊ သံတယော ” ဆိုသည့် စကားကိုထောက်လျှင် ” ရွှေနန်းတော်သို့ရောက်၍ တစ်မောင်းခန့်ကြာမှ မိုးလေကျပါလိမ့်မည် ” ဟု လျှောက်လေ၏။ မည်သို့မျှ မိန့်တော် မမူဘဲ နန်းတော်သို့ ပြန်လေရာ လျှောက်သည့်အတိုင်း ရောက်၍ တစ်နာရီခန့်ရှိမှ မိုးလေကျလေသည်။
-တိမ်တေ ‘ = မိုးရွာအံ့ဟု တက်လတ်သောတိမ်ကိုသုံးယူဇနာအရပ်က မြင်ရသည်။
-လေဧက် ‘ = မိုးမြူးသော် လေ ဆင်သည်ကို တစ်ယူဇနာက မြင်ရသည်။
-လျှပ်စစ်ပေဉ္စာ ‘ = လျှပ်စစ်ကို ငါးယူဇနာက မြင်ရသည်။
-သံတယော ‘ = မိုးသံကို သုံးယူဇနာက ကြားရသည် ဆိုလိုသည်။
နောက်တစ်နေ့ကျမှ ဘုရင်သည် လက်ရွေးကြီး ထောင်ကဲတို့အား ” ယမန်နေ့က လှေဝ အကျယ် စသည် ၊ မိုး လေ ကျမည် စသည် တို့ကို လျှောက်သူကား အသူနည်း ” ဟု မေးတော်မူ၏။ ” လူမစေ့၍ သရပတ်သမလင် ကို ငှားရပါကြောင်း ၊ အမည်ကို မသိပါကြောင်း ” လျှောက်ကြ၏။ ရှာဖွေခေါ်ငင်ခဲ့ရန် မိန့်တော်မူ၍ ရှေ့တော်ရောက်သော် ရာဇဝင် ၊ ထုံးစံ ၊ ပုံပြင် ၊ ဝတ္ထုစသည်တို့ကို မေးတော်မူသည်။ တစ်ခုမကျန် သာယာယဉ်ကျေးသော စကားဖြင့် လျှောက်ပေ၏။ မင်းကြီးလည်း သုံးရမည့်သူ ဖြစ်သည်ဟု အပါးတော်တွင် ခစားစေတော်မူ၏။
စကားတောင်စားကို ဟံသာဝတီသို့ စေလွှတ်ခြင်း
နရပတိစည်သူကျော်ထင်သည် ဟံသာဝတီ ဆင်ဖြူရှင်ထံသို့ စကားတောင်စားကို လက်ဆောင်ပဏ္ဍာများနှင့် စေလွှတ်တော် မူ၏။ စကားတောင်စား ရောက်လျှင် ဆင်ဖြူများရှင်က မိမိ၏ မွန်အမတ်ပညာရှိ ဗညားဒလအား ” စကားတောင်စားကို လည်းကောင်း ၊ အမှူးအမတ် အားလုံးကို လည်းကောင်း အသင့်အိမ်သို့ လာစေမည် ၊ အသင် ဟောပြော စုံစမ်းရမည် ” ဟု မိန့်တော်မူ၏။
ဗညားဒလအိမ်၌ မှူးမတ် အစုံအလင် ရောက်ကြသော် ဗညားဒလထိုင်ရန်
ဖထိုင် (ထိုင်စရာဖုံ)တစ်တောင်သာသာကို အုံးပန်းနှင့်တကွ ပြင်ဆင်ထား၏။ ဖထိုင်ခြေရင်းက စကားတောင်စားထိုင်ရန် သင်ဖြူးခင်းထားပြီးလျှင် စကားတောင်စားကို စောင့်နေကြ၏။ စကားတောင်စားလည်း ပုဆိုး ၊ အင်္ကျီ ၊ ဗောင်းထုပ် ၊ အနီချည်းဝတ်၍လာပြီးလျှင် မှူးပုံ မတ်ပေါင်းအလယ်၌ ခင်းကျင်းထားသော သင်ဖြူးပေါ်တွင် ပေါင်ထောင်လျက် မကြောက်မရွံ့နေ၏။
ဗညားဒလသည် မထွက်မီ တံခါးကြားက ချောင်းကြည့်မြင်သော် အံ့ဖွယ်သရဲရှိ၏ဟု အောက်မေ့ပြီးမှ မင်းဝတ်မင်းစား ကောင်းစွာ သတ်ဆင်ပြီးလျှင် ထွက်၍ ဖထိုင်ထက်မှာ ထိုင်၏။ ထိုအခါ စကားတောင်စားသည် သင်ဖြူးမှ ရုတ်ခြည်းထ၍ ဖထိုင်ထက်သို့ တက်မည်ပြုလျှင် ဗညားဒလ လက်လှမ်းလင့်သည်ကို စကားတောင်စားသည် လက်ကိုမပေးဘဲ တက်၍သာ နေ၏။ ဗညားဒလလည်း ထူးဆန်းလှ၏ဟု အောက်မေ့၏။
ဗညားဒလလည်း သူ့သခင်နှင့် ငါ့သခင်အဖက်မလုပ်စေဘဲ သူ့သခင်နှင့်ငါ့နှင့်သာ
အဖက်လုပ်၍စကားဆိုမည်ဟု ကြံလျက် ” အင်းဝမင်း နရပတိ စည်သူကျော်ထင် ကျန်းမာတော် မူပါ၏လော ” ဟုမေး၏။
စကားတောင်စားကရိပ်မိ၍ ” ငါတို့သခင် ကျန်းမာတော်မူသဖြင့် ဆင်ဖြူသခင် ကျန်းမာကြောင်းကို သိလိုသောကြောင့် ငါ့ကို စေလိုက်၏ ” ဟု ပြန်ပြောလေ၏။
ထိုအခါ ဗညားဒလသည် ပြန်ဖြေသည့် အဓိပ္ပါယ်ကို သိ၍ အံ့ဩ၏။ ထို့နောက် စကားတောင်စား ရဲရင့်ကြောင်း ၊ အပြောအဆို လိမ္မာကြောင်းများကို ချီးမွမ်း၍ မင်းကြီးအား လျှောက်၏။
ထို့နောက် ဗညားဒလက ” အရှင်မင်းကြီး စကားတောင်စား၏ အသိအလိမ္မာကိုကား သိရပါပြီ ၊ အကျစ်အလျစ်ကို သိလိုပါသေးသည် ” ဟု လျှောက်၍ ဤသို့ စုံစမ်း၏။ သင်ဖြူးခင်း၍ ရေအပြည့်နှင့် ရွှေကရား ၊ ရွှေဖလား အလွတ်တစ်လုံး ၊ ငွေဖလား အလွတ်တစ်လုံး တို့ကို ထား၏။ ထမင်းပွဲကို ငွေလင်ပန်းတွင် အနားမမြင်အောင် ထမင်းထည့်ပြီးမှ အပေါ်က အမဲပေါင်း ၊ အကျစ် ၊ အကြော် ၊ အကင် စသော အရသာတို့ကို အထပ်ထပ် ထည့်၍ ထား၏။ ဤသို့ ဘုရင့်ရှေ့တော်တွင် ပြင်ဆင်ပြီးမှ စကားတောင်စားကို ခေါ်ယူကျွေးမွေးရ၏။
စကားတောင်စား မြင်လျှင် မိမိကို စမ်းသည်ဟု သိသဖြင့် ဤသို့စား၏။ ရွှေကရားက ရေကို ရွှေဖလားတွင်ထည့်၍ ကရားကို အညှာထည့်ထားပြီးမှ လက်ငါးချောင်းဆန့်ရုံ အမဲသားကို ပြင်၍ စား၏။ အမဲအပေါင်း အကျစ်တို့ကို ပြင်အပေါ်က မယူဘဲ အထဲကသာ ထမင်းပြင်ဟန်ပြု၍ စား၏။
ဟင်းလေးတစ်ကိုလည်း အပေါ်က မယူဘဲ လက်နှစ်၍ အထဲကသာ ယူကာစား၏။ စားဖန်များလတ်သော ထမင်းမပေါ်ဘဲ တရွေ့ရွေ့နိမ့်၍ ကျသွား၏။ ပြီးမှ ရွှေဖလားတွင် ရေသောက်၍ ငွေဖလားတွင် လက်ဆေး၏။ ထို့နောက်မှ ပြောဟော၍ နေ၏။ ဗညားဒလလည်း ထမင်းပွဲကိုကြည့်သော် ဟင်းလျာတို့သည် အောက်ထမင်းဘက်က တစ်ခြမ်းစီကုန်၍ အပေါ်ဘက်က အနည်းငယ်မျှ မလစ်လပ်သည်ကို မြင်ရ၏။
စကားတောင်စား တဲသို့ ပြန်သောအခါမှ ဗညားဒလက ဘုရင်အား စကားတောင်စားသည် အစားအသောက် အကျစ်အလျစ် ဘက်ကလည်း ဆိုဖွယ်မရှိကြောင်း ၊ အံ့ဩဖွယ် ရှိကြောင်းများကို လျှောက်ပေ၏။ ဘုရင်သည် မင်းမှူးမတ်ဗိုလ်ပါ ပရိသတ်ကြီးစွာနှင့် သဘင်ခံတော်မူ၍စကားတောင်စားအား မေးမြန်းတော်မူသည်မှာ
” အင်းဝ နရပတိစည်သူ ကျန်းမာပါ၏လော ”
” ရတနာသုံးပါး ဂုဏ်တော်ကြောင့် အကျွန်ုပ်တို့သခင် ကျန်းမာပါ၏ ”
” ယခု ငါခံသောပွဲကဲ့သို့ အင်းဝ၌ စည်ကားသောပွဲများ ရှိပါ၏လော ”
” အင်းဝတွင် ပွဲသဘင် များလှပါသည်။ ထူပါရုံစေတီ ထီးတင်ပွဲပြီး၍ ပွဲစဲသည်မျှလောက်နှင့် ယခုပွဲသဘင် တူပါသည် ”
” အင်းဝ ရွှေနန်းရင်ပြင်သည် ကျယ်ပါ၏လော ”
” အရှင်မင်းကြီး၏ ရွှေနန်းရင်ပြင်ထက် တစ်တာ ကျယ်ပါသည် ”
” တစ်တာ ကျယ်ကြောင်းကို မည်သို့သိသနည်း ”
” အကျွန်ုပ်၏ ခြေလှမ်းတွင် တာပါသောကြောင့် သိပါသည် ”
ထိုအခါ အင်းဝသို့ အမြန်သွား၍ တိုင်းစေရာ စင်စစ်ပင် တစ်တာကျယ်ကြောင်း တွေ့ရ၏။ ထို့နောက် မင်းတရားကြီးသည် ဆုလာဘ်များစွာ ပေးသနား၍ (သုံးလ)ရှိသော် အင်းဝသို့ ပြန်၍လွှတ်တော်မူ၏။
စည်သူကျော်ထင်က ပေးသောအမည်မှာ ‘ တမန်ဇေယျ ‘ ဖြစ်သည်။ ၎င်းနောက် သက္ကရာဇ် ၉၁၆ ခု၌ ဟံသာဝတီ ဆင်ဖြူရှင်ဘုရင့်နောင်မင်းတရားကြီးသည် အင်းဝကို လုပ်ကြံ၍ ရတော်မူလျှင် ” တမန်ဇေယျကို ရခဲ့၏လော ” ဟု ရှေးဦးစွာ မေးမြန်းတော်မူသည်။ ရခဲ့ကြောင်း လျှောက်မှ စကားတောင် ရွာကိုပေး၍ ချီးမြှင့်တော်မူသည်။ ဤအခါမှ ‘ စကားတောင်စား ‘ ဟု တွင်လေသည်။
စကားတောင်စားကို ရခိုင်သို့စေလွှတ်ခြင်း
ထို့နောက် ဟံသာဝတီ ဆင်ဖြူရှင်က စကားတောင်စား ကို ရခိုင်သို့ စေတော်မူသည်။ ရောက်လျှင် ရခိုင်မင်း နှာခေါင်းရှည်သည် ဖြစ်၍ မှူးမတ်တို့ မော်မကြည့်ဝံ့ ရှိကြသည်ကို စကားတောင်စား သိရင်းဖြစ်သည်နှင့် ” သင်တို့အရပ်၌ မည်သည့်အစာကို စားသနည်း ” ဟု မေးတော်မူသည်တွင် ” ဟင်းလျာကို ငြီးငွေ့၍ ကန်းစွန်း ညွန့်များကို မဖြတ်ဘဲ ကြော်၍စားကြပါသည် ” ဟု လျှောက်လေ၏။
ရခိုင်မင်းလည်း အကျစ်အလျစ်ကို သိလို၍ လင်ပန်းတစ်ခုတည်းတွင် ထမင်းထည့်လျက် အပေါ်က ဟင်းလျာမျိုးစုံထည့်၍ ကျွေး၏။ ကန်စွန်းကြော်ကိုလည်း ပါစေ၏။ စကားတောင်စားလည်း ယခင် ဟံသာဝတီမှာကဲ့သို့ အောက်ကနှိုက်၍ စား၏။ ကန်စွန်းညွန့်ကိုကား တစ်စကို မြှောက်ကိုင်ပြီးမှ မော့လျက် အောက်စကနေ၍ စားမျို၏။
ရခိုင်ဘုရင်မြင်လျှင် မိမိ နှာတံရှည်သည်ကို ကြည့်ရအောင် ကြံစည်၍ စားကြောင်း ရိပ်မိမှ ပြုံးရယ်၍ ” မောင်မင်းတို့ပြည်၌ ငါကဲ့သို့ နှာတံရှည်သ ူ ရှိသလော ” မေးတော်မူရာ ” ရှိပါသည် ” ဟု လျှောက်၏။ သို့လျှောက်သည့်အတိုင်း ဟံသာဝတီသို့ ရခိုင်များ လာသောအခါ ဆင်ကို ပြလေ၏ ဟူသတည်း။ လူမည် ‘ ဦးစံလှ ‘ ၊ ရှင်မည် ‘ ရှင်ဉာဏ ‘ ၊ စည်သူကျော်ထင်လက်ထက် ‘ တမန်ဇေယျ ‘ ၊ ဟံသာဝတီ ဆင်ဖြူများရှင် လက်ထက် ‘ စကားတောင်စား ‘ ဟုတွင်သော ပညာရှိအကြောင်းကား ပြီး၏။
မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ (ဦးဖိုးကျား)
(Zawgyi)
ရာဇ၀င္ထဲက စကားေတာင္စား (သုိ႔) တမန္ေဇယ်
ဆရာဦးဖုိးက်ားရဲ႕ ျမန္မာ႔ဂုဏ္ရည္ ရာဇ၀င္ဖတ္စာ မွ
သကၠရာဇ္ ၉၁၃ ခု အင္းဝတြင္ စည္သူေက်ာ္ထင္ မင္းျပဳသည့္ကာလ ေနာင္အခါ ‘ စကားေတာင္စား ‘ တြင္ မည့္ လူမည္ ေမာင္စံလွ ၊ ရွင္သာမေဏအမည္ ရွင္ဉာဏ အမည္ရွိေသာ သူသည္ ေက်ာင္းမွထြက္လ်ွင္ (သရပတ္ သမ) ႏွင့္ သင့္ျမတ္၍ ေယာကၡမအိမ္တြင္ ေန၏။ [မွတ္ခ်က္ ပြဲလ်က္ ၊ ေရနံ ၊ ငါးဆီ စသည္တို႔ကို ေရာေႏွာ၍ က်ိဳထားသည္ကို ‘ သရပတ္ ‘ ဟု ေခၚ၍ ေလွဖာေထးရာ၍ သံုးရသည္။ ဤသရပတ္ကို စြဲ၍ ေလွေထးေသာ ေယာက်္ား မိန္းမမ်ားကို ‘ သရပတ္သမား ‘ ၊ ‘ သရပတ္သမ ‘ ဟု ေခၚသည္။ ]
ထိုသူသည္ ရာဇဝင္ ၊ ပံုျပင္ စသည္တို႔ကိုသာ ေလ့လာေနသျဖင့္ ေယာကၡမက ျမည္တြန္ေသာေၾကာင့္ တစ္ေန႔တြင္ ပိုက္ဆံေၾကးေငြ ရွာအံ့ဟု ထြက္လာေလ၏။ စစ္ကုိင္းစည္သူေက်ာ္ထင္သည္ ရွင္ျဖဴ ရွင္လွ ဘုရားသို႔ ထြက္ေတာ္မူမည္ျဖစ္၍ လက္ေရြးႀကီး ေလွာ္ကားေတာ္သားတို႔ ျပင္ဆင္ေနသည္ကို ေတြ႕ေသာ္ ” လူမေစ့လ်ွင္ ကြ်န္ုပ္ကိုလည္း ငွားပါ ” ဟု ဆို၏။ အႀကီးအမႉးတို႔က ” သင္သည္ ပိန္လွ၏ ၊ သူမ်ားကဲ့သို႔ ေလွာ္ခတ္နိုင္မည္ မဟုတ္ ” ဟု ဆိုၾက၏။ ” ေရပက္၍ လိုက္ပါရေစ ” ဆိုျပန္လ်ွင္ ” ေကာင္းၿပီ လိုက္ခဲ့ေတာ့ ၊ အခေငြ ႏွစ္မတ္ ေပးမည္ ” ဟုဆို၍ ငွားေလ၏။
ေလွေပၚသို႔ေရာက္လ်ွင္ ေလွဝအက်ယ္ ၊ ေဇာက္ ၊ ဦး ၊ ပဲ့ ၊ တက္စြဲ စသည္ မည္မ်ွရွိသည္တို႔ကို လက္သစ္ေတာင္တာ ႏွင့္တကြ မွတ္သားေလ၏။ ထြက္ေတာ္မူ၍ အတန္ၾကာလ်ွင္ ေလွဝ ၊ အက်င္း ၊ အက်ယ္ စသည္တို႔ကို ေမးေတာ္မူရာ အႀကီးအမႉးတို႔ မမွတ္သားမိ ၊ မေလ်ွာက္နိုင္ ရွိၾကလ်ွင္ စကားေတာင္စား ျဖစ္မည့္သူက ဝင္၍ မည္၍မည္မ်ွရွိေၾကာင္း ေသခ်ာစြာ ေလ်ွာက္ေလ၏။
ဘုရားဖူးေျမာ္ၿပီး၍ နန္းေတာ္သို႔ ျပန္ခါနီး၌ မိုးရိပ္ ေလရိပ္ ရွိေသာေၾကာင့္ ” မိုးေလ က်လိမ့္မည္ေလာ ” ေမးေတာ္မူရာ အျခားသူတို႔ မေလ်ွာက္ထားၾကေသာေၾကာင့္ စကားေတာင္စား ေလာင္းကပင္ ” တိမ္ေတ ၊ ေလဇက္ ၊ လ်ွပ္စစ္ပေဥၥာ ၊ သံတေယာ ” ဆိုသည့္ စကားကိုေထာက္လ်ွင္ ” ေရႊနန္းေတာ္သို႔ေရာက္၍ တစ္ေမာင္းခန္႔ၾကာမွ မိုးေလက်ပါလိမ့္မည္ ” ဟု ေလ်ွာက္ေလ၏။ မည္သို႔မ်ွ မိန္႔ေတာ္ မမူဘဲ နန္းေတာ္သို႔ ျပန္ေလရာ ေလ်ွာက္သည့္အတိုင္း ေရာက္၍ တစ္နာရီခန္႔ရွိမွ မိုးေလက်ေလသည္။
-တိမ္ေတ ‘ = မိုးရြာအံ့ဟု တက္လတ္ေသာတိမ္ကိုသံုးယူဇနာအရပ္က ျမင္ရသည္။
-ေလဧက္ ‘ = မိုးျမဴးေသာ္ ေလ ဆင္သည္ကို တစ္ယူဇနာက ျမင္ရသည္။
-လ်ွပ္စစ္ပေဥၥာ ‘ = လ်ွပ္စစ္ကို ငါးယူဇနာက ျမင္ရသည္။
-သံတေယာ ‘ = မိုးသံကို သံုးယူဇနာက ၾကားရသည္ ဆိုလိုသည္။
ေနာက္တစ္ေန႔က်မွ ဘုရင္သည္ လက္ေရြးႀကီး ေထာင္ကဲတို႔အား ” ယမန္ေန႔က ေလွဝ အက်ယ္ စသည္ ၊ မိုး ေလ က်မည္ စသည္ တို႔ကို ေလ်ွာက္သူကား အသူနည္း ” ဟု ေမးေတာ္မူ၏။ ” လူမေစ့၍ သရပတ္သမလင္ ကို ငွားရပါေၾကာင္း ၊ အမည္ကို မသိပါေၾကာင္း ” ေလ်ွာက္ၾက၏။ ရွာေဖြေခၚငင္ခဲ့ရန္ မိန္႔ေတာ္မူ၍ ေရွ႕ေတာ္ေရာက္ေသာ္ ရာဇဝင္ ၊ ထံုးစံ ၊ ပံုျပင္ ၊ ဝတၳဳစသည္တို႔ကို ေမးေတာ္မူသည္။ တစ္ခုမက်န္ သာယာယဉ္ေက်းေသာ စကားျဖင့္ ေလ်ွာက္ေပ၏။ မင္းႀကီးလည္း သံုးရမည့္သူ ျဖစ္သည္ဟု အပါးေတာ္တြင္ ခစားေစေတာ္မူ၏။
စကားေတာင္စားကို ဟံသာဝတီသို႔ ေစလႊတ္ျခင္း
နရပတိစည္သူေက်ာ္ထင္သည္ ဟံသာဝတီ ဆင္ျဖဴရွင္ထံသို႔ စကားေတာင္စားကို လက္ေဆာင္ပ႑ာမ်ားႏွင့္ ေစလႊတ္ေတာ္ မူ၏။ စကားေတာင္စား ေရာက္လ်ွင္ ဆင္ျဖဴမ်ားရွင္က မိမိ၏ မြန္အမတ္ပညာရွိ ဗညားဒလအား ” စကားေတာင္စားကို လည္းေကာင္း ၊ အမႉးအမတ္ အားလံုးကို လည္းေကာင္း အသင့္အိမ္သို႔ လာေစမည္ ၊ အသင္ ေဟာေျပာ စံုစမ္းရမည္ ” ဟု မိန္႔ေတာ္မူ၏။
ဗညားဒလအိမ္၌ မႉးမတ္ အစံုအလင္ ေရာက္ၾကေသာ္ ဗညားဒလထိုင္ရန္
ဖထိုင္ (ထိုင္စရာဖံု)တစ္ေတာင္သာသာကို အံုးပန္းႏွင့္တကြ ျပင္ဆင္ထား၏။ ဖထိုင္ေျခရင္းက စကားေတာင္စားထိုင္ရန္ သင္ျဖဴးခင္းထားၿပီးလ်ွင္ စကားေတာင္စားကို ေစာင့္ေနၾက၏။ စကားေတာင္စားလည္း ပုဆိုး ၊ အက်ၤီ ၊ ေဗာင္းထုပ္ ၊ အနီခ်ည္းဝတ္၍လာၿပီးလ်ွင္ မႉးပံု မတ္ေပါင္းအလယ္၌ ခင္းက်င္းထားေသာ သင္ျဖဴးေပၚတြင္ ေပါင္ေထာင္လ်က္ မေၾကာက္မရြံ႕ေန၏။
ဗညားဒလသည္ မထြက္မီ တံခါးၾကားက ေခ်ာင္းၾကည့္ျမင္ေသာ္ အံ့ဖြယ္သရဲရွိ၏ဟု ေအာက္ေမ့ၿပီးမွ မင္းဝတ္မင္းစား ေကာင္းစြာ သတ္ဆင္ၿပီးလ်ွင္ ထြက္၍ ဖထိုင္ထက္မွာ ထိုင္၏။ ထိုအခါ စကားေတာင္စားသည္ သင္ျဖဴးမွ ရုတ္ျခည္းထ၍ ဖထိုင္ထက္သို႔ တက္မည္ျပဳလ်ွင္ ဗညားဒလ လက္လွမ္းလင့္သည္ကို စကားေတာင္စားသည္ လက္ကိုမေပးဘဲ တက္၍သာ ေန၏။ ဗညားဒလလည္း ထူးဆန္းလွ၏ဟု ေအာက္ေမ့၏။
ဗညားဒလလည္း သူ႔သခင္ႏွင့္ ငါ့သခင္အဖက္မလုပ္ေစဘဲ သူ႔သခင္ႏွင့္ငါ့ႏွင့္သာ
အဖက္လုပ္၍စကားဆိုမည္ဟု ၾကံလ်က္ ” အင္းဝမင္း နရပတိ စည္သူေက်ာ္ထင္ က်န္းမာေတာ္ မူပါ၏ေလာ ” ဟုေမး၏။
စကားေတာင္စားကရိပ္မိ၍ ” ငါတို႔သခင္ က်န္းမာေတာ္မူသျဖင့္ ဆင္ျဖဴသခင္ က်န္းမာေၾကာင္းကို သိလိုေသာေၾကာင့္ ငါ့ကို ေစလိုက္၏ ” ဟု ျပန္ေျပာေလ၏။
ထိုအခါ ဗညားဒလသည္ ျပန္ေျဖသည့္ အဓိပၸါယ္ကို သိ၍ အံ့ဩ၏။ ထို႔ေနာက္ စကားေတာင္စား ရဲရင့္ေၾကာင္း ၊ အေျပာအဆို လိမၼာေၾကာင္းမ်ားကို ခ်ီးမြမ္း၍ မင္းႀကီးအား ေလ်ွာက္၏။
ထို႔ေနာက္ ဗညားဒလက ” အရွင္မင္းႀကီး စကားေတာင္စား၏ အသိအလိမၼာကိုကား သိရပါၿပီ ၊ အက်စ္အလ်စ္ကို သိလိုပါေသးသည္ ” ဟု ေလ်ွာက္၍ ဤသို႔ စံုစမ္း၏။ သင္ျဖဴးခင္း၍ ေရအျပည့္ႏွင့္ ေရႊကရား ၊ ေရႊဖလား အလြတ္တစ္လံုး ၊ ေငြဖလား အလြတ္တစ္လံုး တို႔ကို ထား၏။ ထမင္းပြဲကို ေငြလင္ပန္းတြင္ အနားမျမင္ေအာင္ ထမင္းထည့္ၿပီးမွ အေပၚက အမဲေပါင္း ၊ အက်စ္ ၊ အေၾကာ္ ၊ အကင္ စေသာ အရသာတို႔ကို အထပ္ထပ္ ထည့္၍ ထား၏။ ဤသို႔ ဘုရင့္ေရွ႕ေတာ္တြင္ ျပင္ဆင္ၿပီးမွ စကားေတာင္စားကို ေခၚယူေက်ြးေမြးရ၏။
စကားေတာင္စား ျမင္လ်ွင္ မိမိကို စမ္းသည္ဟု သိသျဖင့္ ဤသို႔စား၏။ ေရႊကရားက ေရကို ေရႊဖလားတြင္ထည့္၍ ကရားကို အညႇာထည့္ထားၿပီးမွ လက္ငါးေခ်ာင္းဆန္႔ရံု အမဲသားကို ျပင္၍ စား၏။ အမဲအေပါင္း အက်စ္တို႔ကို ျပင္အေပၚက မယူဘဲ အထဲကသာ ထမင္းျပင္ဟန္ျပဳ၍ စား၏။
ဟင္းေလးတစ္ကိုလည္း အေပၚက မယူဘဲ လက္ႏွစ္၍ အထဲကသာ ယူကာစား၏။ စားဖန္မ်ားလတ္ေသာ ထမင္းမေပၚဘဲ တေရြ႕ေရြ႕နိမ့္၍ က်သြား၏။ ၿပီးမွ ေရႊဖလားတြင္ ေရေသာက္၍ ေငြဖလားတြင္ လက္ေဆး၏။ ထို႔ေနာက္မွ ေျပာေဟာ၍ ေန၏။ ဗညားဒလလည္း ထမင္းပြဲကိုၾကည့္ေသာ္ ဟင္းလ်ာတို႔သည္ ေအာက္ထမင္းဘက္က တစ္ျခမ္းစီကုန္၍ အေပၚဘက္က အနည္းငယ္မ်ွ မလစ္လပ္သည္ကို ျမင္ရ၏။
စကားေတာင္စား တဲသို႔ ျပန္ေသာအခါမွ ဗညားဒလက ဘုရင္အား စကားေတာင္စားသည္ အစားအေသာက္ အက်စ္အလ်စ္ ဘက္ကလည္း ဆိုဖြယ္မရွိေၾကာင္း ၊ အံ့ဩဖြယ္ ရွိေၾကာင္းမ်ားကို ေလ်ွာက္ေပ၏။ ဘုရင္သည္ မင္းမႉးမတ္ဗိုလ္ပါ ပရိသတ္ႀကီးစြာႏွင့္ သဘင္ခံေတာ္မူ၍စကားေတာင္စားအား ေမးျမန္းေတာ္မူသည္မွာ
” အင္းဝ နရပတိစည္သူ က်န္းမာပါ၏ေလာ ”
” ရတနာသံုးပါး ဂုဏ္ေတာ္ေၾကာင့္ အက်ြန္ုပ္တို႔သခင္ က်န္းမာပါ၏ ”
” ယခု ငါခံေသာပြဲကဲ့သို႔ အင္းဝ၌ စည္ကားေသာပြဲမ်ား ရွိပါ၏ေလာ ”
” အင္းဝတြင္ ပြဲသဘင္ မ်ားလွပါသည္။ ထူပါရံုေစတီ ထီးတင္ပြဲၿပီး၍ ပြဲစဲသည္မ်ွေလာက္ႏွင့္ ယခုပြဲသဘင္ တူပါသည္ ”
” အင္းဝ ေရႊနန္းရင္ျပင္သည္ က်ယ္ပါ၏ေလာ ”
” အရွင္မင္းႀကီး၏ ေရႊနန္းရင္ျပင္ထက္ တစ္တာ က်ယ္ပါသည္ ”
” တစ္တာ က်ယ္ေၾကာင္းကို မည္သို႔သိသနည္း ”
” အက်ြန္ုပ္၏ ေျခလွမ္းတြင္ တာပါေသာေၾကာင့္ သိပါသည္ ”
ထိုအခါ အင္းဝသို႔ အျမန္သြား၍ တိုင္းေစရာ စင္စစ္ပင္ တစ္တာက်ယ္ေၾကာင္း ေတြ႕ရ၏။ ထို့ေနာက္ မင္းတရားႀကီးသည္ ဆုလာဘ္မ်ားစြာ ေပးသနား၍ (သံုးလ)ရွိေသာ္ အင္းဝသို႔ ျပန္၍လႊတ္ေတာ္မူ၏။
စည္သူေက်ာ္ထင္က ေပးေသာအမည္မွာ ‘ တမန္ေဇယ် ‘ ျဖစ္သည္။ ၎ေနာက္ သကၠရာဇ္ ၉၁၆ ခု၌ ဟံသာဝတီ ဆင္ျဖဴရွင္ဘုရင့္ေနာင္မင္းတရားႀကီးသည္ အင္းဝကို လုပ္ၾကံ၍ ရေတာ္မူလ်ွင္ ” တမန္ေဇယ်ကို ရခဲ့၏ေလာ ” ဟု ေရွးဦးစြာ ေမးျမန္းေတာ္မူသည္။ ရခဲ့ေၾကာင္း ေလ်ွာက္မွ စကားေတာင္ ရြာကိုေပး၍ ခ်ီးျမွင့္ေတာ္မူသည္။ ဤအခါမွ ‘ စကားေတာင္စား ‘ ဟု တြင္ေလသည္။
စကားေတာင္စားကို ရခိုင္သို႔ေစလႊတ္ျခင္း
ထို႔ေနာက္ ဟံသာဝတီ ဆင္ျဖဴရွင္က စကားေတာင္စား ကို ရခိုင္သို႔ ေစေတာ္မူသည္။ ေရာက္လ်ွင္ ရခိုင္မင္း ႏွာေခါင္းရွည္သည္ ျဖစ္၍ မႉးမတ္တို႔ ေမာ္မၾကည့္ဝံ့ ရွိၾကသည္ကို စကားေတာင္စား သိရင္းျဖစ္သည္ႏွင့္ ” သင္တို႔အရပ္၌ မည္သည့္အစာကို စားသနည္း ” ဟု ေမးေတာ္မူသည္တြင္ ” ဟင္းလ်ာကို ၿငီးေငြ႕၍ ကန္းစြန္း ညြန္႔မ်ားကို မျဖတ္ဘဲ ေၾကာ္၍စားၾကပါသည္ ” ဟု ေလ်ွာက္ေလ၏။
ရခိုင္မင္းလည္း အက်စ္အလ်စ္ကို သိလို၍ လင္ပန္းတစ္ခုတည္းတြင္ ထမင္းထည့္လ်က္ အေပၚက ဟင္းလ်ာမ်ိဳးစံုထည့္၍ ေက်ြး၏။ ကန္စြန္းေၾကာ္ကိုလည္း ပါေစ၏။ စကားေတာင္စားလည္း ယခင္ ဟံသာဝတီမွာကဲ့သို႔ ေအာက္ကနိႈက္၍ စား၏။ ကန္စြန္းညြန္႔ကိုကား တစ္စကို ေျမွာက္ကိုင္ၿပီးမွ ေမာ့လ်က္ ေအာက္စကေန၍ စားမ်ိဳ၏။
ရခိုင္ဘုရင္ျမင္လ်ွင္ မိမိ ႏွာတံရွည္သည္ကို ၾကည့္ရေအာင္ ၾကံစည္၍ စားေၾကာင္း ရိပ္မိမွ ျပံဳးရယ္၍ ” ေမာင္မင္းတုိ႔ျပည္၌ ငါကဲ့သုိ႔ ႏွာတံရွည္သ ူ ရိွသေလာ ” ေမးေတာ္မူရာ ” ရိွပါသည္ ” ဟု ေလ်ွာက္၏။ သို႔ေလ်ွာက္သည့္အတိုင္း ဟံသာဝတီသို႔ ရခိုင္မ်ား လာေသာအခါ ဆင္ကို ျပေလ၏ ဟူသတည္း။ လူမည္ ‘ ဦးစံလွ ‘ ၊ ရွင္မည္ ‘ ရွင္ဉာဏ ‘ ၊ စည္သူေက်ာ္ထင္လက္ထက္ ‘ တမန္ေဇယ် ‘ ၊ ဟံသာဝတီ ဆင္ျဖဴမ်ားရွင္ လက္ထက္ ‘ စကားေတာင္စား ‘ ဟုတြင္ေသာ ပညာရွိအေၾကာင္းကား ၿပီး၏။
ျမန္မာ႔ဂုဏ္ရည္ ရာဇ၀င္ဖတ္စာ (ဦးဖုိးက်ား)
Discussion about this post