(Unicode)
တခေတ်တခါတုန်းက ရန်ကုန်မြို့မှာ ကြီးကိုးကြီးအဓိဋ္ဌာန် ဆိုပြီး နာမည်ကြီးခဲ့ဖူးသလို ရန်ကုန်မြို့မှသာမက မြန်မာပြည်အနှံ့မှ လာရောက် အဓိဋ္ဌာန်ဝင်သူများလည်း များပြားခဲ့ဖူးသည်။ ဘုရား စေတီ ပုထိုး ကိုးနေရာသို့ တစ်နေ့တည်းအပြီး သွားရောက် အဓိဋ္ဌာန်ဝင် ဆုတောင်းကြခြင်း ဖြစ်သည်။ ဆုတောင်းများ ပြည့်ကြသည်ဟူ၍ ဤအဓိဋ္ဌာန်ကျင့်စဉ်သည် အတော်ပင် နာမည်ကြီးခဲ့ဖူးသည်။ ထိုကြီးကိုးကြီး ဟုခေါ်သော နေရာများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ကိုးထပ်ကြီးဘုရားကြီး
ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်အတွင်း တည်ရှိသည်။ အရှေ့ဘက်တွင် ရှမ်းလမ်း၊ အနောက်ဘက်တွင် မြို့ပတ်မီးရထား သံလမ်း၊ တောင်ဘက်တွင် သီရိခေမာရပ်ကွက်နှင့် မြောက်ဘက်တွင် ဗားကရာလမ်းမကြီး ရှိသည်။ အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီးဘုရားကို မြန်မာသက္ကရာဇ် ၁၂၆၇ ခုနှစ်၊ ဝါခေါင်လဆန်း (၁၀) ရက်၊ ၁၉၀၅ ခုနှစ်၊ သြဂုတ်လ (၉) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဘုရားဒါယိကာဦးကြင်နဲ့ ဘုရားဒါယိကာမကြီးဒေါ်ငွေဇံတို့က ဦးစွာပထမတည်ထားကိုးကွယ်ခဲ့သည်ဟု သိရသည်။
၂။ ခြောက်ထပ်ကြီးဘုရားကြီး
သောတုဇနရဟန်းသာမဏေများအတွက် တက္ကသီလာ မြကျွန်းသာ ဟု ကျော်စောသော မဟာဗုဒ္ဓရာမ ဘုရားကြီးကျောင်းတိုက် သည် ခြောက်ထပ်ကြီး ဘုရားကြီးအား ဝန်းရံယုယထားသည့်အလား ရှိသည်။ ခြောက်ထပ်ကြီး၏ ထူးခြားချက်တစ်ရပ်မှာ စက်လက္ခဏာတော် ပင်ဖြစ်သည်။ မူလဘုရားဒကာမှာ သူဌေးကြီးဆာဘိုးသာဖြစ်သည်။ ဆာဘိုးသာသည် ၁၉ဝ၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ငါးထပ်ကြီး ဘုရားအနီး မြေ ၄.၂၅ ဧကကို ငွေ ၁၄,၂ဝဝ ကျပ် ပေး၍ ဝယ်ယူပြီး ရွှေသာလျောင်း ရုပ်ပွားတော်ကြီးကို ဦးဆောင် တည်ထားခဲ့ရာ ခြောက်ထပ်ကြီးဘုရား ဟူ၍ ထင်ရှားသည်။ ယခုရုပ်ပွားတော်ကြီးကိုမှု ၁၉၅၉ ခုနှစ်တွင် ပြည်လည်ပြုပြင်တည်ထားခဲ့ခြင်းဖြစ်ပြီး ပင်မအလှူရှင်မှာ ချပ်သင်း သူဌေး စည်သူဦးဘတင် ဖြစ်သည်။
၃။ ငါးထပ်ကြီးဘုရားကြီး
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရှေ့မြောက်ဘက် ယွန်းယွန်းတွင် တည်ရှိသော ငါးထပ်ကြီး ကုန်းတော်ကို ရှေးအခါက အရှေ့တောရ ဟုခေါ်ကြသည်။ စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားရုပ်ပွားတော်ကြီး၏ပုံတော်ကိုနမူနာပြု၍ ဘုရားဒါယကာကြီး ဦးဘိုးအောင်သည် ပန်းချီပန်းပုပညာရှင် ဆရာဉာဏ်ကို ခေါ်ဆောင်လျက် စစ်ကိုင်းမြို့သို့သွားရောက်ကာ ငါးထပ်ကြီးဘုရား၏ပုံတော်ကို ကြည့်ရှုလေ့လာပြီး ရန်ကုန်မြို့ရှိ ဆရာတော်ကြီး ဦးအာသဘ၏ အရှေ့တောရကြီးအတွင်း ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားကို မြန်မာသက္ကရာဇ် ၁၂၆၂ ခရစ်နှစ် ၁၉၀၁ ခုနှစ်မှစ၍ တည်ထားကိုးကွယ်ခဲ့ပါသည်။
၄။ မဟာမင်္ဂလာဆုတောင်းပြည့် ရုပ်ပွားတော်မြတ်ကြီး
ဗဟန်းမြို့နယ် ဇီဝိတဒါန သံဃာဆေးရုံရှေ့ ညောင်တုန်းကျောင်းတိုက် တွင် တည်ရှိသည်။
၅။ မဟာဇေယျ အတုလမာရဇိန် ကြေးသွန်းဘုရားကြီး
မဟာဇေယျ အတုလမာရဇိန် ကြေးသွန်းဘုရားကြီးမှာ ဗဟန်းကြား တောရလမ်း ဗဟန်းဈေးအနီးတွင် တင်ပလ္လင်ခွေ ကြေးဆင်းတုတော်ကြီးအဖြစ် သပ္ပာယ်စွာ တည်ရှိသည်။ မြန်မာသက္ကရာဇ် ၁၂၇၃-ခုနှစ်၌ ဗဟန်းကြားတောရကြေးသွန်းဘုရားကြီးအား ဓမ္မသုခကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇာဂရ ဦးစီးကြီးကြပ်၍ စတင်တည်ထားကိုးကွယ်ခဲ့ကြသည်။
၆။ ရွှေခေါင်းလောင်းကြီး
ရွှေခေါင်းလောင်းကြီးကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရှေ့ဘက်စောင်းတန်းမှ တက်ရောက်လျှင် လက်ဝဲဘက် စောင်းတန်း ထိပ်တွင် ရှိသည်။ စောင်းတန်းအတွင်း၌ တင်ပျဉ်ခွေ ရုပ်ပွားတော်ကြီးလေးဆူရှိသည်။ ပွင့်တော်မူပြီးသော ဘုရားလေးဆူကို ရည်မှန်း၍ တည်ထားဟန်ရှိသည်။
၇။ နောင်တော်ကြီး စေတီတော်မြတ်ကြီး
နောင်တော်ကြီးစေတီ တည်နေရာမှာ ဆံတော်ရှစ်ဆူကို ပင့်ဆောင်ရာဝယ် ခေတ္တစံပယ်တော်မူသော နေရာဟု အဆိုပြုကြသည်။ ရွှေတိဂုံဘုရားမတည်မီ တည်သောကြောင့် နောင်တော်ကြီး (ရွှေတိဂုံ၏နောင်တော်) ဟု ဘွဲ့အမည်နာမဖြစ်ရကြောင်း ပညာရှင်တို့ဆိုပါသည်။ မြတ်ဗုဒ္ဓ၏ ဆံတော်မြတ်ကို ပင့်ဆောင်စဉ်က ဥက္ကလာပမင်းကြီး တဖုဿ၊ ဘလ္လိကနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားတို့ အထိမ်းအမှတ်အဖြစ် တည်ထားခဲ့ခြင်းဟု ဆိုပါသည်။
၈။ ချမ်းသာကြီး ရုပ်ပွားတော်မြတ်ကြီး
မြတ်ရွှေတိဂုံ အောင်မြေနှင့်ကပ်လျက် ရာဟုထောင့်တွင် ရှိသည်။ တန်ဆောင်းကြီးအတွင်းတွင် တည်ထားသော ချမ်းသာကြီး ဘုရား ရုပ်ပွားတော်ကြီးကို အကြောင်းပြု၍ ယခုအခါ ချမ်းသာကြီးတန်ဆောင်းဟု လူသိများထင်ရှားလေသည်။
၉။ ရဟန္တာမဟာသိမ်တော်ကြီး
မဟာသက္ကရာဇ် ၁၀၃ ခု တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို တည်ထားပူဇော်သည်မှ ၃ နှစ်မြောက်တွင် ရဟန္တာသခင် ၁၀၈ ပါးတို့က သိမ်သမုတ်ကာ တည်ထားခဲ့၏။ မဟာတိဂုမ္ဘဒက္ခိဏဒိသာမဟာသိမ် ဟု ဘွဲ့အမည် ရှိတော်မူသည်။ ရဟန္တာအရှင်မြတ်များ သမုတ်တည်ထားအပ် သောကြောင့် ရဟန္တာမဟာသိမ်တော်ကြီးဟု ထင်ရှားသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တောင်ဘက်မုခ်တွင် ရွှေတိဂုံဘုရားလမ်းပေါ်တွင် တည်ရှိပါသည်။
နေဘုန်းဝေ၏ မြန်မာ့ဗဟုသုတ ၁၀၀ စာအုပ်မှ
(Zawgyi)
ရန္ကုန္ၿမဳိ႕က ႀကီးကိုးႀကီး ဘုရားမ်ားဆုိတာ
တေခတ္တခါတုန္းက ရန္ကုန္ၿမုိ႕မွာ ႀကီးကိုးႀကီးအဓိ႒ာန္ ဆုိၿပီး နာမည္ႀကီးခဲ့ဖူးသလုိ ရန္ကုန္ၿမဳိ႕မွသာမက ျမန္မာျပည္အႏွံ႔မွ လာေရာက္ အဓိ႒ာန္၀င္သူမ်ားလည္း မ်ားျပားခဲ့ဖူးသည္။ ဘုရား ေစတီ ပုထုိး ကိုးေနရာသုိ႔ တစ္ေန႔တည္းအၿပီး သြားေရာက္ အဓိ႒ာန္၀င္ ဆုေတာင္းၾကျခင္း ျဖစ္သည္။ ဆုေတာင္းမ်ား ျပည့္ႀကသည္ဟူ၍ ဤအဓိ႒ာန္က်င့္စဥ္သည္ အေတာ္ပင္ နာမည္ႀကီးခဲ့ဖူးသည္။ ထုိႀကီးကိုးႀကီး ဟုေခၚေသာ ေနရာမ်ားမွာ ေအာက္ပါအတုိင္းျဖစ္သည္။
၁။ ကိုးထပ္ႀကီးဘုရားႀကီး
ရန္ကုန္တိုင္း စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္း တည္ရိွသည္။ အေရွ႕ဘက္တြင္ ရွမ္းလမ္း၊ အေနာက္ဘက္တြင္ ၿမိဳ႕ပတ္မီးရထား သံလမ္း၊ ေတာင္ဘက္တြင္ သီရိေခမာရပ္ကြက္ႏွင့္ ေျမာက္ဘက္တြင္ ဗားကရာလမ္းမႀကီး ရိွသည္။ အတုလာဓိပတိ မဟာမုနိသက် ကိုးထပ္ႀကီးဘုရားကို ျမန္မာသကၠရာဇ္ ၁၂၆၇ ခုႏွစ္၊ ၀ါေခါင္လဆန္း (၁၀) ရက္၊ ၁၉၀၅ ခုႏွစ္၊ ၾသဂုတ္လ (၉) ရက္၊ ဗုဒၶဟူးေန႔တြင္ ဘုရားဒါယိကာဦးၾကင္နဲ႔ ဘုရားဒါယိကာမႀကီးေဒၚေငြဇံတို႔က ဦးစြာပထမတည္ထားကိုးကြယ္ခဲ့သည္ဟု သိရသည္။
၂။ ေျခာက္ထပ္ႀကီးဘုရားႀကီး
ေသာတုဇနရဟန္းသာမေဏမ်ားအတြက္ တကၠသီလာ ျမက်ြန္းသာ ဟု ေက်ာ္ေစာေသာ မဟာဗုဒၶရာမ ဘုရားႀကီးေက်ာင္းတိုက္ သည္ ေျခာက္ထပ္ႀကီး ဘုရားႀကီးအား ၀န္းရံယုယထားသည့္အလား ရိွသည္။ ေျခာက္ထပ္ႀကီး၏ ထူးျခားခ်က္တစ္ရပ္မွာ စက္လကၡဏာေတာ္ ပင္ျဖစ္သည္။ မူလဘုရားဒကာမွာ သူေဌးႀကီးဆာဘိုးသာျဖစ္သည္။ ဆာဘိုးသာသည္ ၁၉ဝ၇ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ ငါးထပ္ႀကီး ဘုရားအနီး ေျမ ၄.၂၅ ဧကကို ေငြ ၁၄,၂ဝဝ က်ပ္ ေပး၍ ဝယ္ယူၿပီး ေ႐ႊသာေလ်ာင္း ႐ုပ္ပြားေတာ္ႀကီးကို ဦးေဆာင္ တည္ထားခဲ့ရာ ေျခာက္ထပ္ႀကီးဘုရား ဟူ၍ ထင္ရွားသည္။ ယခုရုပ္ပြားေတာ္ႀကီးကိုမႈ ၁၉၅၉ ခုႏွစ္တြင္ ျပည္လည္ျပဳျပင္တည္ထားခဲ့ျခင္းျဖစ္ၿပီး ပင္မအလွဴရွင္မွာ ခ်ပ္သင္း သူေဌး စည္သူဦးဘတင္ ျဖစ္သည္။
၃။ ငါးထပ္ႀကီးဘုရားႀကီး
ေရႊတိဂံုေစတီေတာ္ျမတ္ႀကီး၏ အေရွ႕ေျမာက္ဘက္ ယြန္းယြန္းတြင္ တည္ရွိေသာ ငါးထပ္ႀကီး ကုန္းေတာ္ကုိ ေရွးအခါက အေရွ႕ေတာရ ဟုေခၚၾကသည္။ စစ္ကိုင္းၿမိဳ႕ ငါးထပ္ႀကီးဘုရား႐ုပ္ပြားေတာ္ႀကီး၏ပုံေတာ္ကိုနမူနာျပဳ၍ ဘုရားဒါယကာႀကီး ဦးဘိုးေအာင္သည္ ပန္းခ်ီပန္းပုပညာရွင္ ဆရာဉာဏ္ကို ေခၚေဆာင္လ်က္ စစ္ကိုင္းၿမိဳ႕သို႔သြားေရာက္ကာ ငါးထပ္ႀကီးဘုရား၏ပုံေတာ္ကို ၾကည့္ရႈေလ့လာၿပီး ရန္ကုန္ၿမိဳ႕ရွိ ဆရာေတာ္ႀကီး ဦးအာသဘ၏ အေရွ႕ေတာရႀကီးအတြင္း ရန္ကုန္ၿမိဳ႕ ငါးထပ္ႀကီးဘုရားကို ျမန္မာသကၠရာဇ္ ၁၂၆၂ ခရစ္ႏွစ္ ၁၉၀၁ ခုႏွစ္မွစ၍ တည္ထားကိုးကြယ္ခဲ့ပါသည္။
၄။ မဟာမဂၤလာဆုေတာင္းျပည့္ ႐ုပ္ပြားေတာ္ျမတ္ႀကီး
ဗဟန္းၿမိဳ႕နယ္ ဇီ၀ိတဒါန သံဃာေဆး႐ံုေရွ ့ ေညာင္တုန္းေက်ာင္းတုိက္ တြင္ တည္ရိွသည္။
၅။ မဟာေဇယ် အတုလမာရဇိန္ ေၾကးသြန္းဘုရားႀကီး
မဟာေဇယ် အတုလမာရဇိန္ ေၾကးသြန္းဘုရားႀကီးမွာ ဗဟန္းၾကား ေတာရလမ္း ဗဟန္းေစ်းအနီးတြင္ တင္ပလႅင္ေခြ ေၾကးဆင္းတုေတာ္ႀကီးအျဖစ္ သပၸာယ္စြာ တည္ရိွသည္။ ျမန္မာသကၠရာဇ္ ၁၂၇၃-ခုႏွစ္၌ ဗဟန္းၾကားေတာရေၾကးသြန္းဘုရားႀကီးအား ဓမၼသုခေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၲဇာဂရ ဦးစီးႀကီးၾကပ္၍ စတင္တည္ထားကိုးကြယ္ခဲ့ၾကသည္။
၆။ ေရႊေခါင္းေလာင္းႀကီး
ေရႊေခါင္းေလာင္းႀကီးကို ေရႊတိဂံုေစတီေတာ္ျမတ္ႀကီး၏ အေရွ႕ဘက္ေစာင္းတန္းမွ တက္ေရာက္လွ်င္ လက္၀ဲဘက္ ေစာင္းတန္း ထိပ္တြင္ ရိွသည္။ ေစာင္းတန္းအတြင္း၌ တင္ပ်ဥ္ေခြ ရုပ္ပြားေတာ္ႀကီးေလးဆူရိွသည္။ ပြင့္ေတာ္မူၿပီးေသာ ဘုရားေလးဆူကို ရည္မွန္း၍ တည္ထားဟန္ရိွသည္။
၇။ ေနာင္ေတာ္ႀကီး ေစတီေတာ္ျမတ္ႀကီး
ေနာင္ေတာ္ႀကီးေစတီ တည္ေနရာမွာ ဆံေတာ္ရွစ္ဆူကို ပင့္ေဆာင္ရာ၀ယ္ ေခတၱစံပယ္ေတာ္မူေသာ ေနရာဟု အဆိုျပဳၾကသည္။ ေရႊတိဂံုဘုရားမတည္မီ တည္ေသာေၾကာင့္ ေနာင္ေတာ္ႀကီး (ေရႊတိဂံု၏ေနာင္ေတာ္) ဟု ဘြဲ႕အမည္နာမျဖစ္ရေၾကာင္း ပညာရွင္တို႔ဆိုပါသည္။ ျမတ္ဗုဒၶ၏ ဆံေတာ္ျမတ္ကို ပင့္ေဆာင္စဥ္က ဥကၠလာပမင္းႀကီး တဖုႆ၊ ဘလႅိကႏွင့္ ျပည္ေထာင္စုဖြား တိုင္းရင္းသားတို႔ အထိမ္းအမွတ္အျဖစ္ တည္ထားခဲ့ျခင္းဟု ဆိုပါသည္။
၈။ ခ်မ္းသာႀကီး ႐ုပ္ပြားေတာ္ျမတ္ႀကီး
ျမတ္ေရႊတိဂံု ေအာင္ေျမႏွင့္ကပ္လ်က္ ရာဟုေထာင့္တြင္ ရိွသည္။ တန္ေဆာင္းႀကီးအတြင္းတြင္ တည္ထားေသာ ခ်မ္းသာႀကီး ဘုရား ႐ုပ္ပြားေတာ္ႀကီးကုိ အေၾကာင္းျပဳ၍ ယခုအခါ ခ်မ္းသာႀကီးတန္ေဆာင္းဟု လူသိမ်ားထင္ရွားေလသည္။
၉။ ရဟႏၱာမဟာသိမ္ေတာ္ႀကီး
မဟာသကၠရာဇ္ ၁၀၃ ခု တေပါင္းလျပည့့္ ဗုဒၶဟူးေန႔ ေရႊတိဂံုေစတီေတာ္ျမတ္ႀကီးကုိ တည္ထားပူေဇာ္သည္မွ ၃ ႏွစ္ေျမာက္တြင္ ရဟႏၱာသခင္ ၁၀၈ ပါးတို႔က သိမ္သမုတ္ကာ တည္ထားခဲ့၏။ မဟာတိဂုမၻဒကၡိဏဒိသာမဟာသိမ္ ဟု ဘြဲ႕အမည္ ရိွေတာ္မူသည္။ ရဟႏၱာအရွင္ျမတ္မ်ား သမုတ္တည္ထားအပ္ ေသာေၾကာင့္ ရဟႏၱာမဟာသိမ္ေတာ္ႀကီးဟု ထင္ရွားသည္။ ေရႊတိဂံုေစတီေတာ္ျမတ္ႀကီး၏ ေတာင္ဘက္မုခ္တြင္ ေရႊတိဂုံဘုရားလမ္းေပၚတြင္ တည္ရွိပါသည္။
ေနဘုန္းေ၀၏ ျမန္မာ့ဗဟုသုတ ၁၀၀ စာအုပ္မွ
Discussion about this post