• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရန်ကုန်မြို့ ရဲ့ သမိုင်းဝင် အဆောက်အဦးအချို့အကြောင်း

by Thutamm
August 7, 2019
Reading Time: 1min read
0
ရန်ကုန်မြို့ ရဲ့ သမိုင်းဝင် အဆောက်အဦးအချို့အကြောင်း
Share on FacebookShare on Twitter

ရေးသားသူ – အောင်မိုးသူ

ဓာတ်ပုံများအတွက် မူရင်းတင်ထားသူ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်

မဟာဗန္ဓုလပန်းခြံနဲ့ အဲ့သည်ရှေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အဦးကြီးကိုတော့ သိကြမှာပေါ့။ မဟာဗန္ဓုလပန်းခြံရဲ့ မူလအမည်ကတော့ Fytche Square ဖြစ်ပါသတဲ့။ စတင်တည်ဆောက်ကတည်းက ပွဲတော်တွေ ၊ လူထုအစည်းအဝေးပွဲတွေကို အစဉ်အဆက် ကျင်းပခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ၁၈၆၇ကတည်းက တည်ရှိခဲ့ပြီး အဲသည်ကတည်းကတည်ဆောက်ခဲ့တယ် သံဝင်ပေါက် (လူဝင်ပေါက်)ကို ယာဘက်အစွန်ဆုံးမှာ ယနေ့ထိတိုင်တွေ့မြင်နိုင်ပါသေးပါတယ်။

မဟာဗန္ဓုလပန်းခြံကြီးဟာ Fytche Square ဆိုပြီးတည်ရှိခင်က လွတ်လပ်ကျောက်တိုင်းကြီးနေရာမှာ ဗစ်တိုးရီးယားဘုရင်မရုပ်တုကြီး ရှိခဲ့ပါတယ်။ ဗစ်တိုးရီးယားဘုရင်မရုပ်တုကြီး ထားတဲ့ရည်ရွယ်ချက်ကတော့ ပန်းခြံကြီးရဲ့ အရှေ့ဘက်မှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် (ယခု) အဆောက်အဦးကြီးနဲ့ သက်ဆိုင်ပါသတဲ့။

၁၉၀၅ခုနှစ် ဗြိတိသျှလက်ထပ်က ဆောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်(ယခု) အဆောက်အဦးကြီးဟာ အဲသည်ခေတ်တုန်းကလည်း (၁၉၀၅ ကနေ ၁၉၁၁) အထိ တရားလွှတ်တော်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ ကိုလိုနီတွေဟာ သူတို့အင်ပါယာပါဝါ ဘယ်လောက်ကြီး ကြောင်းပြသတဲ့ အနေနဲ့ အဆောက်အဦးကိုကို ထုထည်ခိုင်မာ ဗိသုကာပညာ ခမ်းခမ်းနားနားနဲ့ တည်ဆောက်ခဲ့ပါတယ်။ သူတို့ရဲ့ ပါဝါကြီးမားပုံကိုပြတဲ့အနေနဲ့ အဆောက်အဦးရဲ့ အမိုးတစ်ဖက်တစ်ချက်ဆီမှာ ကြီးမားတဲ့ ခြင်္သေ့ရုပ် လေးရုပ်ကို တစ်ဖက်စီမှာတည်ထားခဲ့ပါတယ်။

ထပ်ပြီးတော့ အဆောက်အဦးရဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ ပန်းခြံ (မဟာဗန္ဓုလပန်းခြံ (ယခု) Fytche Square (ယခင်)) အလယ်မှာလည်း ဗစ်တိုးရီးယား ဘုရင်မ ရုပ်တုကို ထုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဂျပန်တွေ ဝင်လာပြီးနောက်ပိုင်းမှာတော့ ဗစ်တိုးရီးယားဘုရင်မ ရုပ်တုကို ဖြိုကာ သူတို့ရဲ့ လွတ်လပ်ရေးကျောက်တိုင်ကို ထပ်စိုက်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးမှာတော့ မြန်မာဗိသုကာဆရာ ဦးသောင်းညွှန့်ကနေပြီးတော့ လွတ်လပ်ရေးကျောက်တိုင်ကို ဒီဇိုင်းဆွဲကာ တည်ဆောက်ခဲ့ပါတယ်။ လွတ်လပ်ရေးကျောက်တိုင်ကို အပေါ်စီးက ကြည့်မယ်ဆို ယခင်မြန်မာနိုင့်အလံဖြစ်တဲ့ ကြယ်အကြီးကြီးဘေးမှာ ကြယ်လေးငါးလုံး ဝန်းရံနေပုံကို တွေ့ရမှာဖြစ်ပါတယ်။ ယခုတော့ မဟာဗန္ဓုလပန်းခြံဟာ ရန်ကုန်မြို့ လယ်ကောင် အနားယူစရာ Green Space အဖြစ် လှပစွာ တည်ရှိနေပြီး ရန်ကုန်တိုင်ဒေသကြီး တရားလွှတ်တော်ဟာလည်း နှစ်ပေါင်းရာကျော်ကာ ယခုထရားလွှတ်တော်အဖြစ်တည်ရှိပါသေးတယ်။

မြို့တော်ခန်းမ

ရန်ကုန်မြို့ ရဲ့ အမွေအနှစ်တွေအကြောင်းပြောမယ်ဆိုရင်တော့ မြို့တော်ခန်းမကြီးနဲ့ သူရဲ့တစ်ဖက်က ဧရာဝတီဘဏ်(ယခု)တို့ အဆောက်အဦး နှစ်ခုဟာလည်း မပါမဖြစ်ပါ။

မြို့တော်ခန်းမဟာကြီးရဲ့ ယခင်က နေရာဟာ ဂျပန်တွေဆောက်ခဲ့တဲ့ ရုံးအသေးစားလေးတစ်ခုပါ။ ဗုံးဒဏ်ထိပြီး စစ်ပြီးကာလမှာ အင်္ဂလိပ်တွေဟာ ရန်ကုန်မြူနီစပယ်ရုံးခန်ဆောက်ဖို့ ကြံစည်ကြပါတယ်။

မြူနီစီပယ်ရုံးဖြစ်ခဲ့စဉ်

မြို့တော်ခန်းမ(ယခု)ရဲ့ ဗိသုကာပညာရှင်ဟာ မြန်မာနိုင်ငံသား စည်သူဦး တင်ဖြစ်ပါတယ်။ စတင်တည်ဆောက်တဲ့အချိန်မှာ အင်္ဂလိပ်တွေဟာ အဆောက်အဦးကို သူတို့လက်ရာပုံစံတည်ဆောက်ချင်သလို စည်သူဦးတင်ဟာလည်း မြန်မာမှုပုံစံတည်ဆောက်ချင်ပါတယ်။ ဒီလိုနဲ့ မြို့ တော်ခန်းမ(ယခု)ရဲ့ လက်ရာဟာ မူလအနောက်တိုင်းဗိသုကာလက်ရာကို မြန်မာ့ဗိသုကာပညာရှင် စည်သူဦးတင်က ပုဂံလက်ရာ အပြောက်အမွှန်းများထည့်သွင်းကာတည်ဆောက်ခဲ့ပါတယ်။

မြို့တော်ခန်းမအဖြစ်ဆောက်လုပ်ခဲ့အပြီး
မြို့တော်ခန်းမပေါ်က ပြောသွားတဲ့ ဗိုလ်ချုပ်ရဲ့နောက်ဆုံးမိန့်ခွန်း

၁၉၂၅ ကနေ ၁၉၄၀ထိ ရန်ကုန်မြူနီစပယ်ရုံးအဖြစ်တည်ရှိခဲ့ပြီး ယခုအခါမှာတော့ ရန်ကုန်မြို့ တော်ခန်းမ အဖြစ်တည်ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနောက်ဆုံးမိန့်ခွန်းပြောကြားသွားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါသတဲ့။

ယခုခေတ်မှာတော့ မြို့တော်ခန်းမရဲ့ အရောင်ဟာ နှစ်မျိုးပြောင်းခဲ့ပါတယ် အဝါရင့်ရောင် မှတစ်ဆင့် အခုနောက်ဆုံး ခရမ်းနုရောင်အဖြစ်တည်ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ မဟာဗန္ဓုလပန်းခြံကနေပဲဖြစ်ဖြစ် ဘယ်ကနေကြည့်ကြည့် လှပခန့်ညားတဲ့ မြို့တော်ခန်းမကြီးကို တွေ့မြင်နိုင်ပါတယ်။

ရိုးလ်ကုန်တိုက် (ယခင်) ၊ ဧရာဝတီဘဏ်(ယခု)

ခန့်ညားတဲ့ မြို့ တော်ခန်းမကြီးရဲ့ ယာဘက်တစ်ဖက်တစ်ချက်မှာ လှပတဲ့ ဗိသုကာ အဆောက်အဦးအကြီးတစ်ခုကိုတွေ့ ရမှာပါ။ ယခုမြင်တွေ့ရမှာတော့ အဲသည်အဆောက်ဦးကို အဝါခပ်နုနုနဲ့ ဆင်စွယ်ရောင်ကို ခွဲခြားကာ ခန့်ညာစွာ ဆေးသုတ်ထားတာ တွေ့မြင်ရပါလိမ့်မယ်။ အခုအခါမှာတော့ အဲသည်ခန့်ညားတဲ့ ဗိသုကာအဆောက်အဦးကြီးဟာ ဧရာဝတီဘဏ်အဖြစ် တည်ရှိနေပါတယ်။

အဲသည်ခန့်ညားတဲ့အဆောက်အဦးဟာ ၁၉၀၈ခုနှစ်စတင်တည်ဆောက်ခဲ့ပြီး ၁၉၅၀ခုနှစ်မှာ ရိုးလ်ကုန်တိုက်အဖြစ် စတင်တည်ရှိခဲ့တာပါ။ ရိုးလ်ကုန်တိုက်ဟာ ပြည်တွင်းမှာသာမကပဲ အရှေ့တောင်အာရှ တစ်ဝမ်းမှာ အလွန်နာမည်ကျော်ကြားတဲ့ ကုန်တိုက်တစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ ရိုးလ်ကုန်တိုင်မှာမှ USA Made စစ်စစ်ရတာမျိုး။ ရိုးလ်ကုန်တိုက်က ပစ္စည်းကမှ အရည်အသွေးကောင်းတာကအစ အလွန်နာမည်ကျော်ကြားတာမို့ အခြားနိုင်ငံက လူများဟာ မြန်မာနိုင်ငံလာပြီး ဈေးဝယ်ထွက်ကြတယ်လို့ ဆိုပါတယ်။

ရိုးလ်ကုန်တိုက်ရဲ့ အရှိန်အဝါဟာ ဘယ်လောက်ကြီးမားသလဲဆို လူတစ်ယောက်ဟာ ရိုးလ်ကုန်တိုက် ပစ္စည်းတစ်ခုဝယ်ပြီး အဲသည်ကုန်တိုက်တံဆိပ်ပါတဲ့ အိတ်လေးဆွဲပြီး လမ်းလျှောက်ထွက်ရင်တော့ ဂုဏ်ယူပါသတဲ့။ အချို့ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအချို့ ကတော့ အချင်းချင်းပြောတဲ့စကားတွေမှာ “ဟေ့ကောင် မင်းငါ့ကို တကယ်ခင်ရင် ရိုးလ်ကုန်တိုက်က ကြွေပန်းကန်ပြားနဲ့ ထမင်းဖိတ်ကျွေးကွာ’လို့တောင် ပြောရတဲ့အထိ အရှိန်အဝါကြီးမားခဲ့ပါတယ်။

၁၉၆၂ခုနှစ်နောက်ပိုင်းမှာ ပြည်သူပိုင်အဖြစ်သိမ်းလာခဲ့ပြီး (ပြည်သူပိုင်လို့သာပြောတာပါ အမှန်တော့ အာဏာရှင်ပိုင်သွားတာ) ပြည်သူ့အင်အားဦးစီးဌာနရုံးအဖြစ် ၂၀၀၅ခုနှစ်ထိ အသုံးပြုခဲ့ပါတယ်။

ယခုအခါမှာတော့ ဦးဇော်ဇော်မှဝယ်ယူလိုက်ပြီး ဧရာဝတီဘဏ်အဖြစ်ထားရှိပါတယ်။ ဒီနေရာမှာ ဦးဇော်ဇော်ကို ချီးကျူးချင်တာ မဝယ်ခင်က ပျက်စီးတဲ့အရာများကိုပါ ဗိသုကာလက်ရာမပျက် ပြန်လည်မွမ်းမံပြီး ညဘက်ဆိုရင်လည်း လှပအောင် ပြယုဂ်တစ်ခုအဖြစ်ထားရှိတဲ့ သူ့စိတ်သဘောထားတော့ လေးစားစရာကောင်းပါတယ်။ နိုင်ငံခြားသားများဟာ အခုသုတ်ထားတဲ့ ဆေးရောင်အယူအဆကိုလည်း စိတ်ဝင်စားကြပါသတဲ့။ ညဘက်ဆိုရင်လည်း ဓာတ်ပုံရိုက်တဲ့သူနဲ့ လေ့လာတဲ့သူများ များစွာရှိပါတယ်။

Yagon Heritage Trust အဖွဲ့အစည်းကတော့ သူတို့အနေနဲ့ နောက် ရှေးဟောင်းအမွေအနှစ် အဆောက်အဦးတွေကို ဧရာဝတီဘဏ်(ရိုးလ်ကုန်တိုက်) လိုဖြစ်စေဖို့ စံပြထားပါသတဲ့။ ပိုင်ရှင်အနေနဲ့ကလည်း လက်ရာမပျက်အောင်ထိန်းသိမ်းနိုင်ပြီး သူကိုယ်တိုင်ကလည်း တန်ဖိုးထားတာကြောင့် ယခုထက်ထိ လှပခန့်ညားစွာ မြင်တွေ့ရဦးမှာပါ။

လောကနတ်အနုပညာပြခန်း (သို့) ဆိုဖဲရ်အဆောက်အအုံ

ပန်းဆိုးတန်းလမ်းမကြီးဟာ ရန်ကုန်ရဲ့ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတွေ ရှိတဲ့လမ်းဆိုလည်းမမှားပါဘူး။ ပန်းဆိုးတန်းလမ်းမကြီးပေါ်က လောကနတ်အနုပညာ ပြခန်းရှိတဲ့ အဆောက်အဦးကြီးကိုတော့သိမှာပါ။ အဲသည်အဆောက်အဦးရဲ့ မြေညီထပ် မှာတော့ အစိုးရက ဝင်းသူဇာဆိုင်ဖွင့်လှစ်ထားပြီး အလယ်ထပ်မှာတော့ မိသားစု အတော်များများနေထိုင်ပြီး အပေါ်ဆုံးထပ်မှာတော့ လောကနတ်အနုပညာပြခန်း ရှိပါတယ်။

၁၉၀၆ခုနှစ်ကတည်းက အဆောက်အအုံကြီးဖြစ်ပြီး။ ပထမဆုံးပိုင်ရှင်တွေကတော့ ဂျူးလူမျိုး ကုန်သည်မိသားစု ဖြစ်ပါတယ်။ ဆိုဖဲရ်မိသားစုလို့လည်းခေါ်ပါတယ်။ နာမည်ကျော် စီးပွားရေးလုပ်ငန်းတွေ ဖွင့်လှစ်ခဲ့တဲ့နေရာတစ်ခုပါ။

၁၉၇၁ခုနှစ်မှာ ပထမဆုံးခေတ်ပြိုင် အနုပညာပြခန်းအဖြစ် လောကနတ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဝင်ဝင်ချင်းမြေညီထပ်မှာ သတိထားမိတာ ခင်းထားတဲ့ကျောက်ပြားတွေပါ။ ရှေးဟောင်းဖြစ်တဲ့အတွက် တစ်မူထူးခြားနေပါတယ်။ နောက်ထပ်ထူးခြားတာတစ်ခုက ဆိုဖဲရ်အဆောက်အဦးမှာ ခင်ထားတဲ့ ကြွေပြားတွေဟာ အဲသည်အဆောက်အဦးတစ်ခုတည်းအတွက်သာ စက်ရုံမှာအော်ဒါမှာထားတာဖြစ်ပြီး အဲသည်အဆောက်အဦးကလွဲလို့ ဘယ်မှာမှ မရှိတဲ့ကြွေပြားတွေပါပဲ။

ဝင်းသူဇာဆိုင်စတင်ဖွင့်ခြင်းမှာ ပြင်ဆင်တဲ့အနေနဲ့ ခင်းထားတဲ့ကြွေပြားတွေကို မြေလှန်ပစ်ကြပါတယ်။ YGH(Yangon Heritage Trust) က သိသိချင်း တားဆီးခဲ့ရာမှာ အနည်းငယ်သာ ဖျက်ဆီးဖြစ်တာမို့ အချိန်မီလိုက်ပါတယ်။ အခုဆိုရင် ဆိုဖဲရ်အဆောက်အဦးကြီးက ကြွေပြားတွေကို အရင်အတိုင်းတွေ့မြင်နိုင်ပါသေးတယ်။

အဆောက်အဦးတစ်ခုကို ထိန်းသိမ်းရာမှာတော့ အဓိကခက်ခဲတာ ပိုင်ဆိုင်မှုပါပဲ။ ယခုလည်း အောက်ဘက်မှာ ဝင်းသူဇာဆိုင်ဖြစ်ပြီး အလယ်ထပ်မှာတော့ မိသားစုတွေနေကြပါတယ်။ အပေါ်ထပ်မှာတော့ အနုပညာပြခန်းဖြစ်လို့နေပါတယ်။ ပိုင်ဆိုင်မှုတွေ ရှုပ်ထွေးတာကြောင့် အဆောက်အဦးကို မွမ်းမံပြင်ဆင်မယ့်အပိုင်းမှာလည်း ခက်ခဲလို့နေပါသေးသတဲ့။

လေးစားစွာဖြင့်
အောင်မိုးသူ

Ref : Yangon Heritage Trust လေ့လာရေးခရီးစဉ်

(မြန်မာ့ဂဇက်မှာ တင်ခဲ့တဲ့ ကိုအောင်မိုးသူရဲ့ ပိုစ့်ဖြစ်ပါတယ်)

Tags: myanmar historymyanmar knowledge
Next Post
မတ်စောက်တဲ့ကျောက်တောင်တွေပေါ်က တောင်ဆိတ်တို့ အကြောင်း သိကောင်းစရာ

မတ်စောက်တဲ့ကျောက်တောင်တွေပေါ်က တောင်ဆိတ်တို့ အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!