• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရန်ကုန်မြို့လယ်မှာရှိပေမယ့် လူအရောက်နည်းတဲ့ အလံပြဘုရား

by Thutamm
October 20, 2019
Reading Time: 2min read
0
ရန်ကုန်မြို့လယ်မှာရှိပေမယ့် လူအရောက်နည်းတဲ့ အလံပြဘုရား
Share on FacebookShare on Twitter

(Unicode)

ရေးသားသူ – ဘသန်းတင်

ရွှေတိဂုံဘုရားလမ်း၊ ဆူးလေဘုရားလမ်း၊ ကမ္ဘာအေး ဘုရားလမ်းတို့သည် ရန်ကုန်မြို့၏ အဓိက လမ်းမကြီးများ ဖြစ်သဖြင့် လူတိုင်းသိသော်လည်း ဆူးလေ ဘုရားလမ်းနှင့် တစ်ဆက်တည်း ရှိနေသော အလံပြ ဘုရားလမ်းကို လူတိုင်းမသိပါ။ ရန်ကုန်မြို့တွင် နေထိုင်သူများသည် အလံပြဘုရားလမ်းကို Signal Pagoda Road ဟူသော အင်္ဂလိပ်အမည်နှင့်တွဲ၍ သိသော်လည်း အလံပြ ဘုရားကို တစ်ကြိမ်တစ်ခါမျှ မဖူးနိုင်ခဲ့ပါ။ အလံပြဘုရားသည် ကျွန်တော်တို့အတွက် နီးလျက်နှင့် ဝေးနေခဲ့ပါသည်။

ယခုအချိန်တွင် ဗုဒ္ဓဘာသာဝင်အားလုံး စစ်ရုံးချုပ်ဝင်းအတွင်း ကုန်းမြင့်ပေါ်တွင် တည်ထားသော သမိုင်းဝင်ဆံတော်ကြို အလံပြဘုရားကို ဖူးမြော်ကန်တော့ခွင့် ရနေပါပြီ။ ရွှေတိဂုံဘုရားလမ်း အချက်ပြမှတ်တိုင် အနီးရှိ စစ်ရုံးဂိတ်တွင် သမိုင်းဝင် ဆံတော်ကြို အလံပြဘုရားသို့ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း မည်သူမဆို ဝင်ရောက်ဖူးမြော် နိုင်ပါသည်ဟူသော ဆိုင်းဘုတ် စိုက်ထူထားပါသည်။ ရန်ကုန်မြို့လယ် အချက်အချာနေရာတွင် ရှိသော်လည်း နှစ်ပေါင်းကြာရှည်စွာ ဖူးခွင့်မရသည့် သမိုင်းဝင် ဆံတော်ကြို အလံပြဘုရားကို ဗုဒ္ဓဘာသာဝင်များ ဝင်ရောက်ဖူးမြော်နိုင်ကြောင်း ဖိတ်ခေါ်သော ဆိုင်းဘုတ်ဖြစ်ပါသည်။


စစ်ရုံးဝင်းအတွင်းသို့ ဝင်သွားလျှင် လမ်းညွှန် ဆိုင်းဘုတ်များ စိုက်ထူထားသဖြင့် ဘုရားကုန်းသို့ အလွယ်တကူ သွားနိုင်ပါသည်။ ရွှေပြားသင်္ကန်းများ အသစ်တစ်ဖန် ဆက်ကပ်လှူဒါန်းထားသည့် အလံပြ ဘုရားသည် နံနက်ခင်း နေရောင်ခြည်အောက်တွင် တဖိတ်ဖိတ် ဝင်းလက်တောက်ပနေသည်ကို အားပါးတရ ဖူးခွင့်ရခဲ့ပါသည်။

အလံပြဘုရားသည် ရင်ပြင်တော်မှ ငှက်ပျောဖူးအထိ ၈၂ ပေနှင့် လက်မဝက်မြင့်ပြီး ရင်ပြင်တော်မှ ထီးအထိ ၉၈ ပေ၊ ၄ လက်မမြင့်ပါသည်။ ဖိနပ်တော်အကျယ် ၈၆ ပေ ပေါ်တွင် ၅ပေ၊ ၂ လက်မမြင့်သော ပန်းတင်ခုံခံကာ ပစ္စယာသုံးဆင့်နှင့် တည်ထားခြင်း ဖြစ်သည်။ ၁၁ ပေ ၆ လက်မမြင့်သော ခေါင်းလောင်းပုံပေါ်တွင် ၁၆ ပေ မြင့်သော ဖောင်း ၁၃ ရစ်ခံထားသဖြင့် စေတီတော် ၏ပုံရိပ်သည် ပိုမိုသွယ်လျ ကြော့ရှင်းသွားသည်ဟု ထင်မိပါသည်။ မုခ်ဦးစြင်္ကံလမ်း ဘေးနှစ်ဘက်တွင် ခြင်္သေ့ကြီး နှစ်ကောင်ရှိသကဲ့သို့ ရင်ပြင်တော် ဘုရားထောင့် သုံးခုတွင်လည်း ခြင်္သေ့ကြီး တစ်ကောင်စီ ရှိပါသည်။ ထို့ကြောင့် အလံပြဘုရားကို ခြသေ့ၤငါးကောင်ရှိသော ဘုရားဟု ခေါ်နိုင်ပါသည်။ ရံစေတီမှာ ထောင့်လေးထောင့်တွင် တစ်ဆူစီ ရှိသဖြင့် စုစုပေါင်း လေးဆူဖူးခဲ့ရပါသည်။


သာသနာ သမိုင်းဝင် ဆံတော်ကြိုဘုရားကို ကျွန်တော်တို့အားလုံး အလံပြဘုရားဟု အလွယ်တကူ ခေါ်နေသော်လည်း ဤစေတီတော်တွင် ဘွဲ့တော်ခုနစ်ခု ရှိကြောင်း သိရသောအခါ အံ့သြမဆုံး ဖြစ်မိပါသည်။ ဤစေတီတော်တွင် ဆံတော်ကြို၊ မင်းလက်ဝဲ၊ ကျိုက်ခ ပေါက်ဆွတ်၊ မတ်ကရီ၊ ဆေးလ်၊ ဂေါ်ရာကုန်း၊ အလံပြ ဘုရား ဟူ၍ ဘွဲ့တော်ခုနစ်မျိုးရှိကြောင်း ကျောက်စာ ဖတ်ရသောအခါ အလွန်စိတ်ဝင်စားမိပါသည်။

ထိုကျောက်စာတွင် ‘မဟာ သက္ကရာဇ် ၁ဝ၃ ခုနှစ်တွင် တဖုဿ နှင့် ဘလ္လိက ကုန်သည်နှစ်ဦးသည် ဂေါတမမြတ်စွာဘုရား၏ ဆံတော် ရှစ်ဆူအား မဇ္ဈိမဒေသမှ ဥက္ကလာပ မြို့သို့ပင့်ဆောင်လာခဲ့ပြီး ဤနေရာတွင် ဥက္ကလာပြည့်ရှင်မင်းနှင့် ပရိသတ်များ ကြိုဆို၍ ဆံတော်ကြို စေတီအား တည်ထားကိုး ကွယ်ခဲ့သည်’ဟု ရေးထိုးမှတ်တမ်း တင်ထားကြောင်း တွေ့ရပါသည်။ သက္ကရာဇ် (၁၁၃၇)ခုနှစ်၌ ဆင်ဖြူရှင်မင်းတရားကြီး ရန်ကုန်မြို့သို့ တိုင်းခန်းလှည့်လည်ကြွချီတော်မူစဉ် မင်းလက်ဝဲဘွဲ့အမည်ရှိ စစ်သူကြီးမဟာစည် သူက ပြိုကျပျက်စီးနေသည်များကို ပြုပြင်မွမ်းမံသောကြောင့် “မင်းလက်ဝဲဘုရား”ဟု ခေါ်တွင်ကြသည်။

ကျိုက်ခပေါက်ဆွတ်မှာ မွန်ဘုရားဘွဲ့တော် ဖြစ်သဖြင့် မွန်လူမျိုးများတည်ထား ခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သက္ကရာဇ်(၁၁၈၆)ခုနှစ်တွင် အိန္ဒိယပြည် ဘင်္ဂလားတိုင်းရင်းသားတို့၏ ဗိုလ်ချုပ်မက်ကရိ(Brigadier Maccreagh) သည် (၂)နှစ်နီးပါး အလံပြစေတီတော် ရင်ပြင်ထက်၌ စစ်စခန်းပြုကာ နေထိုင်သွားခဲ့သောကြောင့် (MC Creagh’s Pagoda) “မက်ကရိဘုရား”ဟု အမည်တွင်ခဲ့သည်။

(၁၈၃၅)ခုနှစ် မြန်မာသက္ကရာဇ် (၁၁၉၇)ခုနှစ်တွင် ဂျလာဘတ် ဗိုလ်ချုပ်ကြီး (ဂျင်နရယ်ဆေးလ်)ဖြစ်လာမည့် လက်ဖတင်နင်ဆေးလ်သည် အလံပြဘုရားကုန်းပေါ်တွင် တပ်စွဲ၍ ဂေါ်ရာစစ်တပ်ကို အုပ်ချုပ်ခဲ့သည်ကို အစွဲပြု၍ “ဆေးလ်ဘုရား” ( Sale’s Pagoda) ဟုလည်း ခေါ်တွင်ခဲ့ကြသည်။ (၁၉၁၀-၁၉၂၀)ပထမကမ္ဘာစစ်ကာလအတွင်း ဘုရားကုန်းတော်တည်ရှိရာ ကုန်းမြေပေါ်၌ ဂေါ်ရာစစ်သားများ တပ်စွဲသော ကုန်းတော်ကို ဂေါ်ရာကုန်းဟု ခေါ်တွင်သည့်အတွက် ဒုတိယကမ္ဘာစစ်ပြီးချိန်အထိ အလံပြဘုရားကို “ဂေါ်ရာကုန်းဘုရား”ဟု ခေါ်ခဲ့ကြသည်။

နောက်ဆုံးအမည်ဖြစ်သော “အလံပြစေတီ””အလံပြစေတီ” မှာ အင်္ဂလိပ်များ မြန်မာပြည်အောက်ပိုင်းကို သိမ်းပြီးနောက် ဤဆံတော်ကြိုကုန်း၌ တပ်စွဲ၍ စေတီထက်မှ သင်္ဘောအဝင်အထွက် အလံတင်အချက်ပြသောကြောင့် “အလံပြဘုရား”ဟု”အလံပြဘုရား””အလံပြဘုရား” ယခုတိုင်အမည်နာမတွင်လေ၏။

ဘုရားသမိုင်းကို လေ့လာသောအခါ သာသနာနှစ် ၁၅ဝ၊ ဘီစီ ၃၉၄ ခန့်တွင် ဒွတ္တဘောင်မင်းက ပြုပြင် မွမ်းမံခဲ့ပြီး သာသနာနှစ် ၂၃၆၊ ဘီစီ ၃ဝ၄ ခန့်တွင် စူဠသီရိဓမ္မာသောက မင်း၊ သာသနာနှစ် ၉၃၆၊ အေဒီ ၃၉၂ ခန့်တွင် သထုံဘုရင် ဓမ္မပါလမင်း၊ သာသနာနှစ် ၁၅၉၈၊ အေဒီ ၁ဝ၅၄ ခန့်တွင် သထုံဘုရင် မနုဟာတို့ ပြုပြင်မွမ်းမံခဲ့ကြောင်း သိရပါသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁ဝဝ ခန့်အမြင့်တွင်ရှိသော အလံပြ ဘုရားသည် သာသနာနှစ် ၁၈၉၂၊ ကောဇာသက္ကရာဇ် ၇၁ဝ တွင် ပထမ အကြိမ်ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ပြီး ကောဇာ ၇၉၈၊ အေဒီ ၁၄၃၆ တွင် ဒုတိယအကြိမ် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ပါသည်။ ကောဇာ ၉၂၆၊ အေဒီ ၁၅၆၄ တွင် တတိယအကြိမ် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ကြောင်းလည်း မှတ်သားရပါသည်။ စတုတ္ထအကြိမ် ပြိုကျစဉ် ပြန်လည်တည်ထားသူမှာ မင်း၊ မိဖုရား၊ အမတ်များမဟုတ်ဘဲ ဆင်ဖြူရှင်မင်း၏ စစ်သူကြီး မဟာစည်သူဖြစ်ကြောင်း သိရသဖြင့် မှတ်သားထားမိပါသည်။

ယခင် ဗြိတိသျှ အစိုးရလက်ထက် စစ်တပ်များ ရုံးစိုက်စဉ်က ဂေါ်ရာကုန်းဟု ခေါ်ခဲ့သည့် ထိုဘုရားကုန်းသည် ရွှေတိဂုံစေတီတော် တည်ရှိရာ သိင်္ဂုတ္တရကုန်းတော်နှင့် တစ်ဆက်တည်းဖြစ်ပြီး ရွှေတိဂုံ စေတီတော်ခြေရင်းမှ ဦးထောင်ဗိုလ်လမ်းကို မြေဖို့လိုက်လျှင် တောင်ကြောတစ်ဆက်တည်းဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ရွှေတိဂုံဘုရား သမိုင်းမူကွဲ တစ်ခုတွင် နောက်ဆုံးဌာပနာ ပိတ်မည့်ရက်၌ ရန်ကုန်မြစ်ဒီရေ အမြင့်ဆုံး တက်ချိန်ကိုစောင့်ပြီး ဌာပနာ တိုက်ပိတ်ကြောင်း ဖတ်ရပါသည်။ ဒီရေအမြင့်ဆုံး တက်သောအချိန်ကို စောင့်၍ အချက်ပြခြင်းမှာ အလံဖြင့် ဝှေ့ရမ်းအချက်ပြခြင်းဖြစ်သဖြင့် အလံပြဘုရား Singnal Pagoda ဟူသောအမည်နှင့် ကိုက်ညီနေသည်ဟု ပြောနိုင်ပါသည်။ ဤဇာတ်လမ်း မည်မျှမှန်ကန်ကြောင်း မပြောနိုင်သော်လည်း ရွှေတိဂုံ စေတီတော်ဌာပနာ တိုက်ပိတ်ခြင်းနှင့် ဆက်စပ်နေသဖြင့် မှန်ကန်လိမ့်မည်ဟူ ယူဆမိပါသည်။ ဘုရားဘွဲ့တော် ခုနစ်ခုရှိသည့်အနက် ပထမဆုံးဘွဲ့နှင့် နောက်ဆုံးဘွဲ့ကို ပေါင်း၍ ‘ဆံတော်ကြို အလံပြဘုရား’ ဟုခေါ်တွင်ခြင်းမှာ အလွန်သင့်မြတ် ပြီးသမိုင်းနောက်ခံနှင့် တစ်သားတည်း ဖြစ်နေပါသည်။

မည်သို့ပင်ဖြစ်စေကာမူ ရွှေတိဂုံ စေတီတော်ကြီးနှင့် အနီးဆုံး ကုန်းမြင့်ပေါ်တွင် တည်ထားသည့် အလံပြ ဘုရားသည် သမိုင်းနောက်ခံအရ ရွှေတိဂုံစေတီတော်ကြီးနှင့် တူညီသကဲ့သို့ သက်တမ်းအရလည်း ရွှေတိဂုံ စေတီတော်ကြီးနှင့် တူညီနေသည်ကို တွေ့ရပါသည်။ ရွှေတိဂုံစေတီတော် တည်ထားကိုးကွယ်မှု သမိုင်းကြောင်းကို ရေးလျှင် အလံပြဘုရားသမိုင်း မပါ၍ မရပါ။ ရွှေတိဂုံ စေတီတော်ဌာပနာ တိုက်အတွင်း ဆံတော်နှစ်ဆူတင်ထားသည့် ရွှေလှေထည့်၍ ဒီရေအမြင့်ဆုံး တက်ချိန်တွင် ဌာပနာ တိုက်ပိတ်ကြောင်း မှတ်တမ်းရေးလျှင် အလံပြ ဘုရားတည်ရှိရာ တောင်ကုန်းပေါ်မှ အလံပြ၍ အချက်ပေးသည်ကို ချန်လှပ်ထား၍ မရပါ။ အင်္ဂလိပ်လို Signal Pagoda ဟူသော အမည်သည် အလံပြ ဘုရားသမိုင်း ပုံရိပ်ကို ပီပြင်စွာ ဖော်ပြနေသည်ဟု ယုံကြည်ပါသည်။

သာသနာသမိုင်းတွင် အလွန် ရှေးကျသော၊ အလွန်အရေးပါသော၊ အလွန်ထင်ရှားသော အလံပြဘုရားကို ဗုဒ္ဓဘာသာဝင်များ တစ်ခါတစ်ခေါက် သွားရောက်ဖူးမြော်ကြရန် တိုက်တွန်း နှိုးဆော်လိုက်ပါသည်။ အလံပြဘုရား ရင်ပြင်တွင် ရပ်၍ ရွှေတိဂုံစေတီတော်ကြီးကို လှမ်းမျှော်ကြည့်ရှု ကန်တော့ရသည်မှာလည်း တောတောင် အထပ်ထပ်ကို ကျော်ဖြတ်၍ ကန်တော့ရသည်နှင့် တူနေပါသည်။ ဗုဒ္ဓဘာသာ ဝင်အားလုံး သာသနာ့ သမိုင်းဝင် နေရာထူးကို ရောက်ဖူးသင့်သည်ဟု ထင်မိပါသည်။

ဘသန်းတင်

(Zawgyi)

ရန္ကုန္ၿမဳိ႕လယ္မွာရွိေပမယ့္ လူအေရာက္နည္းတဲ့ အလံျပဘုရား

ေရးသားသူ – ဘသန္းတင္

ေရႊတိဂံုဘုရားလမ္း၊ ဆူးေလဘုရားလမ္း၊ ကမၻာေအး ဘုရားလမ္းတို႕သည္ ရန္ကုန္ၿမိဳ႕၏ အဓိက လမ္းမႀကီးမ်ား ျဖစ္သျဖင့္ လူတိုင္းသိေသာ္လည္း ဆူးေလ ဘုရားလမ္းႏွင့္ တစ္ဆက္တည္း ရွိေနေသာ အလံျပ ဘုရားလမ္းကို လူတိုင္းမသိပါ။ ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သူမ်ားသည္ အလံျပဘုရားလမ္းကို Signal Pagoda Road ဟူေသာ အဂၤလိပ္အမည္ႏွင့္တြဲ၍ သိေသာ္လည္း အလံျပ ဘုရားကို တစ္ႀကိမ္တစ္ခါမွ် မဖူးႏုိင္ခဲ့ပါ။ အလံျပဘုရားသည္ ကြၽန္ေတာ္တုိ႕အတြက္ နီးလ်က္ႏွင့္ ေဝးေနခဲ့ပါသည္။

ယခုအခ်ိန္တြင္ ဗုဒၶဘာသာဝင္အားလံုး စစ္႐ံုးခ်ဳပ္ဝင္းအတြင္း ကုန္းျမင့္ေပၚတြင္ တည္ထားေသာ သမုိင္းဝင္ဆံေတာ္ႀကိဳ အလံျပဘုရားကို ဖူးေျမာ္ကန္ေတာ့ခြင့္ ရေနပါၿပီ။ ေရႊတိဂံုဘုရားလမ္း အခ်က္ျပမွတ္တိုင္ အနီးရွိ စစ္႐ံုးဂိတ္တြင္ သမိုင္းဝင္ ဆံေတာ္ႀကိဳ အလံျပဘုရားသို႕ နံနက္ ၆ နာရီမွ ညေန ၆ နာရီအတြင္း မည္သူမဆုိ ဝင္ေရာက္ဖူးေျမာ္ ႏိုင္ပါသည္ဟူေသာ ဆုိင္းဘုတ္ စိုက္ထူထားပါသည္။ ရန္ကုန္ၿမိဳ႕လယ္ အခ်က္အခ်ာေနရာတြင္ ရွိေသာ္လည္း ႏွစ္ေပါင္းၾကာရွည္စြာ ဖူးခြင့္မရသည့္ သမိုင္းဝင္ ဆံေတာ္ႀကိဳ အလံျပဘုရားကို ဗုဒၶဘာသာဝင္မ်ား ဝင္ေရာက္ဖူးေျမာ္ႏိုင္ေၾကာင္း ဖိတ္ေခၚေသာ ဆိုင္းဘုတ္ျဖစ္ပါသည္။

စစ္႐ံုးဝင္းအတြင္းသို႕ ဝင္သြားလွ်င္ လမ္းညႊန္ ဆိုင္းဘုတ္မ်ား စိုက္ထူထားသျဖင့္ ဘုရားကုန္းသို႕ အလြယ္တကူ သြားႏုိင္ပါသည္။ ေရႊျပားသကၤန္းမ်ား အသစ္တစ္ဖန္ ဆက္ကပ္လွဴဒါန္းထားသည့္ အလံျပ ဘုရားသည္ နံနက္ခင္း ေနေရာင္ျခည္ေအာက္တြင္ တဖိတ္ဖိတ္ ဝင္းလက္ေတာက္ပေနသည္ကို အားပါးတရ ဖူးခြင့္ရခဲ့ပါသည္။

အလံျပဘုရားသည္ ရင္ျပင္ေတာ္မွ ငွက္ေပ်ာဖူးအထိ ၈၂ ေပႏွင့္ လက္မဝက္ျမင့္ၿပီး ရင္ျပင္ေတာ္မွ ထီးအထိ ၉၈ ေပ၊ ၄ လက္မျမင့္ပါသည္။ ဖိနပ္ေတာ္အက်ယ္ ၈၆ ေပ ေပၚတြင္ ၅ေပ၊ ၂ လက္မျမင့္ေသာ ပန္းတင္ခံုခံကာ ပစၥယာသံုးဆင့္ႏွင့္ တည္ထားျခင္း ျဖစ္သည္။ ၁၁ ေပ ၆ လက္မျမင့္ေသာ ေခါင္းေလာင္းပံုေပၚတြင္ ၁၆ ေပ ျမင့္ေသာ ေဖာင္း ၁၃ ရစ္ခံထားသျဖင့္ ေစတီေတာ္ ၏ပံုရိပ္သည္ ပိုမိုသြယ္လ် ေၾကာ့ရွင္းသြားသည္ဟု ထင္မိပါသည္။ မုခ္ဦးစႀကၤံလမ္း ေဘးႏွစ္ဘက္တြင္ ျခေသၤ့ႀကီး ႏွစ္ေကာင္ရွိသကဲ့သို႕ ရင္ျပင္ေတာ္ ဘုရားေထာင့္ သံုးခုတြင္လည္း ျခေသၤ့ႀကီး တစ္ေကာင္စီ ရွိပါသည္။ ထုိ႕ေၾကာင့္ အလံျပဘုရားကို ျခေသ့ၤငါးေကာင္ရွိေသာ ဘုရားဟု ေခၚႏိုင္ပါသည္။ ရံေစတီမွာ ေထာင့္ေလးေထာင့္တြင္ တစ္ဆူစီ ရွိသျဖင့္ စုစုေပါင္း ေလးဆူဖူးခဲ့ရပါသည္။

သာသနာ သမိုင္းဝင္ ဆံေတာ္ႀကိဳဘုရားကို ကြၽန္ေတာ္တို႕အားလံုး အလံျပဘုရားဟု အလြယ္တကူ ေခၚေနေသာ္လည္း ဤေစတီေတာ္တြင္ ဘြဲ႕ေတာ္ခုနစ္ခု ရွိေၾကာင္း သိရေသာအခါ အံ့ၾသမဆံုး ျဖစ္မိပါသည္။ ဤေစတီေတာ္တြင္ ဆံေတာ္ႀကိဳ၊ မင္းလက္ဝဲ၊ က်ဳိက္ခ ေပါက္ဆြတ္၊ မတ္ကရီ၊ ေဆးလ္၊ ေဂၚရာကုန္း၊ အလံျပ ဘုရား ဟူ၍ ဘြဲ႕ေတာ္ခုနစ္မ်ဳိးရွိေၾကာင္း ေက်ာက္စာ ဖတ္ရေသာအခါ အလြန္စိတ္ဝင္စားမိပါသည္။

ထုိေက်ာက္စာတြင္ ‘မဟာ သကၠရာဇ္ ၁ဝ၃ ခုႏွစ္တြင္ တဖုႆ ႏွင့္ ဘလႅိက ကုန္သည္ႏွစ္ဦးသည္ ေဂါတမျမတ္စြာဘုရား၏ ဆံေတာ္ ရွစ္ဆူအား မဇၩိမေဒသမွ ဥကၠလာပ ၿမိဳ႕သို႕ပင့္ေဆာင္လာခဲ့ၿပီး ဤေနရာတြင္ ဥကၠလာျပည့္ရွင္မင္းႏွင့္ ပရိသတ္မ်ား ႀကိဳဆို၍ ဆံေတာ္ႀကိဳ ေစတီအား တည္ထားကိုး ကြယ္ခဲ့သည္’ဟု ေရးထိုးမွတ္တမ္း တင္ထားေၾကာင္း ေတြ႕ရပါသည္။ သကၠရာဇ္ (၁၁၃၇)ခုႏွစ္၌ ဆင္ျဖဴရွင္မင္းတရားႀကီး ရန္ကုန္ၿမိဳ႕သို႔ တိုင္းခန္းလွည့္လည္ၾကြခ်ီေတာ္မူစဥ္ မင္းလက္၀ဲဘြဲ႕အမည္ရွိ စစ္သူႀကီးမဟာစည္ သူက ၿပိဳက်ပ်က္စီးေနသည္မ်ားကို ျပဳျပင္မြမ္းမံေသာေၾကာင့္ “မင္းလက္၀ဲဘုရား”ဟု ေခၚတြင္ၾကသည္။

က်ဳိက္ခေပါက္ဆြတ္မွာ မြန္ဘုရားဘဲြ႕ေတာ္ ျဖစ္သျဖင့္ မြန္လူမ်ဳိးမ်ားတည္ထား ျခင္းျဖစ္သည္ဟု ဆုိႏုိင္ပါသည္။ သကၠရာဇ္(၁၁၈၆)ခုႏွစ္တြင္ အိႏၵိယျပည္ ဘဂၤလားတိုင္းရင္းသားတို႔၏ ဗိုလ္ခ်ဳပ္မက္ကရိ(Brigadier Maccreagh) သည္ (၂)ႏွစ္နီးပါး အလံျပေစတီေတာ္ ရင္ျပင္ထက္၌ စစ္စခန္းျပဳကာ ေနထိုင္သြားခဲ့ေသာေၾကာင့္ (MC Creagh’s Pagoda) “မက္ကရိဘုရား”ဟု အမည္တြင္ခဲ့သည္။

(၁၈၃၅)ခုႏွစ္ ျမန္မာသကၠရာဇ္ (၁၁၉၇)ခုႏွစ္တြင္ ဂ်လာဘတ္ ဗိုလ္ခ်ဳပ္ႀကီး (ဂ်င္နရယ္ေဆးလ္)ျဖစ္လာမည့္ လက္ဖတင္နင္ေဆးလ္သည္ အလံျပဘုရားကုန္းေပၚတြင္ တပ္စြဲ၍ ေဂၚရာစစ္တပ္ကို အုပ္ခ်ဳပ္ခဲ့သည္ကို အစြဲျပဳ၍ “ေဆးလ္ဘုရား” ( Sale’s Pagoda) ဟုလည္း ေခၚတြင္ခဲ့ၾကသည္။ (၁၉၁၀-၁၉၂၀)ပထမကမၻာစစ္ကာလအတြင္း ဘုရားကုန္းေတာ္တည္ရွိရာ ကုန္းေျမေပၚ၌ ေဂၚရာစစ္သားမ်ား တပ္စြဲေသာ ကုန္းေတာ္ကို ေဂၚရာကုန္းဟု ေခၚတြင္သည့္အတြက္ ဒုတိယကမၻာစစ္ၿပီးခ်ိန္အထိ အလံျပဘုရားကို “ေဂၚရာကုန္းဘုရား”ဟု ေခၚခဲ့ၾကသည္။

ေနာက္ဆံုးအမည္ျဖစ္ေသာ “အလံျပေစတီ””အလံျပေစတီ” မွာ အဂၤလိပ္မ်ား ျမန္မာျပည္ေအာက္ပိုင္းကို သိမ္းၿပီးေနာက္ ဤဆံေတာ္ႀကိဳကုန္း၌ တပ္စြဲ၍ ေစတီထက္မွ သေဘၤာအ၀င္အထြက္ အလံတင္အခ်က္ျပေသာေၾကာင့္ “အလံျပဘုရား”ဟု”အလံျပဘုရား””အလံျပဘုရား” ယခုတိုင္အမည္နာမတြင္ေလ၏။

ဘုရားသမုိင္းကို ေလ့လာေသာအခါ သာသနာႏွစ္ ၁၅ဝ၊ ဘီစီ ၃၉၄ ခန္႕တြင္ ဒြတၱေဘာင္မင္းက ျပဳျပင္ မြမ္းမံခဲ့ၿပီး သာသနာႏွစ္ ၂၃၆၊ ဘီစီ ၃ဝ၄ ခန္႕တြင္ စူဠသီရိဓမၼာေသာက မင္း၊ သာသနာႏွစ္ ၉၃၆၊ ေအဒီ ၃၉၂ ခန္႕တြင္ သထံုဘုရင္ ဓမၼပါလမင္း၊ သာသနာႏွစ္ ၁၅၉၈၊ ေအဒီ ၁ဝ၅၄ ခန္႕တြင္ သထံုဘုရင္ မႏုဟာတို႕ ျပဳျပင္မြမ္းမံခဲ့ေၾကာင္း သိရပါသည္။ ပင္လယ္ေရမ်က္ႏွာျပင္ အထက္ ေပ ၁ဝဝ ခန္႕အျမင့္တြင္ရွိေသာ အလံျပ ဘုရားသည္ သာသနာႏွစ္ ၁၈၉၂၊ ေကာဇာသကၠရာဇ္ ၇၁ဝ တြင္ ပထမ အႀကိမ္ငလ်င္ဒဏ္ေၾကာင့္ ၿပဳိက်ခဲ့ၿပီး ေကာဇာ ၇၉၈၊ ေအဒီ ၁၄၃၆ တြင္ ဒုတိယအႀကိမ္ ငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်ခဲ့ပါသည္။ ေကာဇာ ၉၂၆၊ ေအဒီ ၁၅၆၄ တြင္ တတိယအႀကိမ္ ငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်ခဲ့ေၾကာင္းလည္း မွတ္သားရပါသည္။ စတုတၴအႀကိမ္ ၿပိဳက်စဥ္ ျပန္လည္တည္ထားသူမွာ မင္း၊ မိဖုရား၊ အမတ္မ်ားမဟုတ္ဘဲ ဆင္ျဖဴရွင္မင္း၏ စစ္သူႀကီး မဟာစည္သူျဖစ္ေၾကာင္း သိရသျဖင့္ မွတ္သားထားမိပါသည္။


ယခင္ ၿဗိတိသွ် အစိုးရလက္ထက္ စစ္တပ္မ်ား ႐ံုးစိုက္စဥ္က ေဂၚရာကုန္းဟု ေခၚခ့ဲသည့္ ထိုဘုရားကုန္းသည္ ေရႊတိဂံုေစတီေတာ္ တည္ရွိရာ သိဂၤုတၱရကုန္းေတာ္ႏွင့္ တစ္ဆက္တည္းျဖစ္ၿပီး ေရႊတိဂုံ ေစတီေတာ္ေျခရင္းမွ ဦးေထာင္ဗိုလ္လမ္းကို ေျမဖို႕လိုက္လွ်င္ ေတာင္ေၾကာတစ္ဆက္တည္းျဖစ္ေၾကာင္း ေတြ႕ႏိုင္ပါသည္။ ေရႊတိဂံုဘုရား သမိုင္းမူကြဲ တစ္ခုတြင္ ေနာက္ဆံုးဌာပနာ ပိတ္မည့္ရက္၌ ရန္ကုန္ျမစ္ဒီေရ အျမင့္ဆုံး တက္ခ်ိန္ကိုေစာင့္ၿပီး ဌာပနာ တိုက္ပိတ္ေၾကာင္း ဖတ္ရပါသည္။ ဒီေရအျမင့္ဆံုး တက္ေသာအခ်ိန္ကို ေစာင့္၍ အခ်က္ျပျခင္းမွာ အလံျဖင့္ ေဝွ႕ရမ္းအခ်က္ျပျခင္းျဖစ္သျဖင့္ အလံျပဘုရား Singnal Pagoda ဟူေသာအမည္ႏွင့္ ကိုက္ညီေနသည္ဟု ေျပာႏိုင္ပါသည္။ ဤဇာတ္လမ္း မည္မွ်မွန္ကန္ေၾကာင္း မေျပာႏုိင္ေသာ္လည္း ေရႊတိဂံု ေစတီေတာ္ဌာပနာ တိုက္ပိတ္ျခင္းႏွင့္ ဆက္စပ္ေနသျဖင့္ မွန္ကန္လိမ့္မည္ဟူ ယူဆမိပါသည္။ ဘုရားဘြဲ႕ေတာ္ ခုနစ္ခုရွိသည့္အနက္ ပထမဆံုးဘြဲ႕ႏွင့္ ေနာက္ဆံုးဘြဲ႕ကို ေပါင္း၍ ‘ဆံေတာ္ႀကိဳ အလံျပဘုရား’ ဟုေခၚတြင္ျခင္းမွာ အလြန္သင့္ျမတ္ ၿပီးသမိုင္းေနာက္ခံႏွင့္ တစ္သားတည္း ျဖစ္ေနပါသည္။

မည္သို႕ပင္ျဖစ္ေစကာမူ ေရႊတိဂံု ေစတီေတာ္ႀကီးႏွင့္ အနီးဆံုး ကုန္းျမင့္ေပၚတြင္ တည္ထားသည့္ အလံျပ ဘုရားသည္ သမိုင္းေနာက္ခံအရ ေရႊတိဂံုေစတီေတာ္ႀကီးႏွင့္ တူညီသကဲ့သို႕ သက္တမ္းအရလည္း ေရႊတိဂံု ေစတီေတာ္ႀကီးႏွင့္ တူညီေနသည္ကို ေတြ႕ရပါသည္။ ေရႊတိဂံုေစတီေတာ္ တည္ထားကိုးကြယ္မႈ သမိုင္းေၾကာင္းကို ေရးလွ်င္ အလံျပဘုရားသမိုင္း မပါ၍ မရပါ။ ေရႊတိဂံု ေစတီေတာ္ဌာပနာ တုိက္အတြင္း ဆံေတာ္ႏွစ္ဆူတင္ထားသည့္ ေရႊေလွထည့္၍ ဒီေရအျမင့္ဆံုး တက္ခ်ိန္တြင္ ဌာပနာ တိုက္ပိတ္ေၾကာင္း မွတ္တမ္းေရးလွ်င္ အလံျပ ဘုရားတည္ရွိရာ ေတာင္ကုန္းေပၚမွ အလံျပ၍ အခ်က္ေပးသည္ကို ခ်န္လွပ္ထား၍ မရပါ။ အဂၤလိပ္လို Signal Pagoda ဟူေသာ အမည္သည္ အလံျပ ဘုရားသမိုင္း ပံုရိပ္ကို ပီျပင္စြာ ေဖာ္ျပေနသည္ဟု ယံုၾကည္ပါသည္။

သာသနာသမိုင္းတြင္ အလြန္ ေရွးက်ေသာ၊ အလြန္အေရးပါေသာ၊ အလြန္ထင္ရွားေသာ အလံျပဘုရားကို ဗုဒၶဘာသာဝင္မ်ား တစ္ခါတစ္ေခါက္ သြားေရာက္ဖူးေျမာ္ၾကရန္ တိုက္တြန္း ႏႈိးေဆာ္လိုက္ပါသည္။ အလံျပဘုရား ရင္ျပင္တြင္ ရပ္၍ ေရႊတိဂံုေစတီေတာ္ႀကီးကို လွမ္းေမွ်ာ္ၾကည့္႐ႈ ကန္ေတာ့ရသည္မွာလည္း ေတာေတာင္ အထပ္ထပ္ကို ေက်ာ္ျဖတ္၍ ကန္ေတာ့ရသည္ႏွင့္ တူေနပါသည္။ ဗုဒၶဘာသာ ဝင္အားလံုး သာသနာ့ သမိုင္းဝင္ ေနရာထူးကို ေရာက္ဖူးသင့္သည္ဟု ထင္မိပါသည္။

ဘသန္းတင္

Tags: pagodas
Next Post
အပြစ်ကင်းတဲ့ စစ်ပွဲ (သို့) ဒိန်းမတ် – ကနေဒါ ဟန်ကျွန်းလုပွဲ

အပြစ်ကင်းတဲ့ စစ်ပွဲ (သို့) ဒိန်းမတ် - ကနေဒါ ဟန်ကျွန်းလုပွဲ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!