Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ပထမဆုံး ဓာတ်ဆီအင်ဂျင် မော်တော်ကား

by Thutamm
August 10, 2019
Reading Time: 1min read
0
ကမ္ဘာ့ပထမဆုံး ဓာတ်ဆီအင်ဂျင် မော်တော်ကား
Share on FacebookShare on Twitter

ရေးသားသူ – Ko Kyaw Min Aung

ကမ္ဘာ့ပထမဆုံးဓာတ်ဆီအင်ဂျင်နဲ့ မောင်းနှင်တဲ့ မော်တော်ကားကို မားစီးဒီးဘင့်ဇ်ကားတို့ရဲ့ဖခင်ကြီးဖြစ်တဲ့ ကားလ်ဘင့်ဇ်(Karl Benz) က ၁၈၈၅ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။

သူ့ရှေ့မှာ ရေနွေးငွေ့အင်ဂျင်နဲ့မောင်းတဲ့ လမ်းပေါ်သွားယာဉ်တီထွင်သူတွေ၊ လျှပ်စစ်နဲ့မောင်းတဲ့ယာဉ်တီထွင်သူတွေ ရှိပေမယ့် ကားလ်ဘင့်ဇ် ကိုသာ ယခုခေတ်ကားတွေရဲ့ ရှေ့ဆောင် တီထွင်သူအဖြစ် သတ်မှတ်ကြပါတယ်။

သူ့ကားရဲ့ထူးခြားချက် က အတွင်းမီးတောက်အင်ဂျင်(Internal Combustion Engine) ကို အသုံးပြုထားပြီး အင်ဂျင်နဲ့ကိုယ်ထည်ကို ယူနစ်တခုတည်း အဖြစ်ပေါင်းစပ်ပြုလုပ်ထားတာဖြစ်ပါတယ်။

သူ့ကားတန်ဖိုးက ယခုခေတ်ငွေတန်ဖိုးနဲ့ဆို ဒေါ်လာနှစ်သောင်းခွဲလောက်ကျပါတယ်။ ကားအလေးချိန်က ၂၆၅ ကီလိုရှိပြီး အရှည်က၂.၇မီတာ၊ အနံက ၁.၄မီတာ ရှိပါတယ်။ တစ်နာရီကို ၁၆ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

အင်ဂျင်ကမြင်းကောင်ရေသုံးမတ်ရှိတဲ့ single cylinder four-stroke အင်ဂျင်ဖြစ်ပါတယ်။ ဓာတ်ဆီ၁လီတာကို ၁၀ကီလိုမီတာမောင်းနိုင်ပါတယ်။

ဂျာမန်စက်မူအင်ဂျင်နီယာတဦးဖြစ်တဲ့ ဘင့်ဇ် ဟာ သူတီထွင်ခဲ့တဲ့အဲဒီကားကို မူပိုင်ခွင့်လျှောက်ထားခဲ့ရာ ၁၈၈၆ ခုနှစ်ဇန်နဝါရီလ၂၉ရက်မှာ German Patent No.37435 အဖြစ်မူပိုင်ခွင့်ရခဲ့ပါတယ်။ ဇူလိူင်လ ၃ရက်နေ့ လူထုပရိသတ် ရှေ့မှောက်မှာ ပထမဆုံးအကြိမ် မောင်းနှင်ပြသခဲ့ပါတယ်။

သူမောင်းနေစဉ်မှာကားဆီပြတ်ပြီး ရပ်မသွားစေဖို့ သူ့သားကဓာတ်ဆီဘူးကိုကိုင်ပြီး ကားနောက်က တကောက်ကောက် အပြေးလိုက်နေရပါတယ်။ ၁၈၈၈ခုနှစ်ရဲ့တခုသောမနက်ခင်းမှာ ဇနီးဖြစ်သူက Benz တီထွင်ထားတဲ့ အဲဒီကားကို ယောင်္ကျားဖြစ်သူမသိ လိုက်ပဲ သားနှစ်ယောက်ကိုတင်ပြီး တခြားမြို့တမြို့က သူ့အမေဆီ အလည်သွားဖို့မောင်းထွက်လာခဲ့ပါတယ်။

လမ်းမှာမကြာခဏဆီပြတ်လပ်မူ၊ ဘရိတ်အဆင်မပြေမူ၊ အတက်အဆင်း တွေမှာ ဒုက္ခရောက်မူတွေ ကြုံတွေ့ပေမယ့် Benz ရဲ့ဇနီးပီပီ တချို့အခက်အခဲတွေကို သူမဖာသာကြံဖန် ဖြေရှင်းနိုင်ခဲ့ပါတယ်။

၆၆မိုင်ရှည်တဲ့ အဲဒီခရီးဟာ(အသွားအပြန်ဆိုရင် ၁၃၂မိုင်)မော်တော်ကားတစီးအနေနဲ့ ကမ္ဘာမှာပထမဆုံး အရှည်ကြာဆုံးမောင်းနိုင်တဲ့ခရီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမ ကိုယ်တိုင်လည်း ကမ္ဘာမှာ ပထမဆုံး ဟိုင်းဝေးမောင်းတဲ့ဒရိုင်ဘာ အဖြစ် အသိအမှတ်ပြုခံရပါတယ်။

အဲဒီခရီးကရတဲ့အတွေ့အကြုံတွေက သူမယောကျာၤးကို ကားရဲ့ဆီတိုင်ကီနဲ့ ဆီပို့စနစ်တွေ၊ ဘရိတ်ပိုင်းဆိုင်ရာနဲ့ ဂီယာတို့ကို ဆက်လက် မွမ်းမံတီထွင်နိုင်စေခဲ့ပါတယ်။

ကားလ်ဘင့်ဇ်ဟာသူတီထွင်ခဲ့တဲ့ ကမ္ဘာ့ ပထမဆုံးကားကို ၁၉၀၆ ခုနှစ်မှာ မြူးနစ်ပြတိုက်ကိုလှူဒါန်းခဲ့ပါတယ်။ ၁၉၃၆ခုနှစ်မှာပုံစံတူပြုလုပ်ခဲ့တဲ့ သုံးစုံကတော့ မားစီးဒီးဘင့်ဇ်ပြတိုက်၊ ဗီယင်နာမြိုက နည်းပညာပြတိုက်( Museum of Technology)နဲ့ ဒရက်ဒန်မြို့က သယ်ယူပို့ဆောင်ရေးပြတိုက်(Museum of Transportation) တွေမှာရှိပါတယ်။

Written by Kyaw Min Aung

Tags: knowledgetechworld history

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

Next Post
စောင်းကောက်သမိုင်း နှင့် မြန်မာ့စောင်းအကြောင်း သိကောင်းစရာ

စောင်းကောက်သမိုင်း နှင့် မြန်မာ့စောင်းအကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!