ယူဂိုဆလားဗီးယားဆိုတဲ့ နိုင်ငံ ဟာ ဥရောပမြေပုံပေါ်မှာရှိခဲ့ဖူးပြီး ယခု ဘော်လ်ကန်ကျွန်းဆွယ်ဒေသပိုင်းနေရာအများစုဟာယူဂိုဆလားဗီးယားရဲ့နယ်မြေတွေဖြစ်ခဲ့ဖူးပါတယ်။ တည်ထောင်အုပ်စိုးခဲ့သူတွေကတော့ (၇)ရာစုကာလကတည်းက ယခုပိုလန်နိုင်ငံတည်နေရာက Slavs မျိုးနွယ်စုတွေကဆင်းသက်လာတဲ့တောင်ပိုင်း Slavs မျိုးနွယ်တွေဖြစ်ကြပါ တယ်။ယူဂိုဆလားဗီးယားဟာဆိုရင် (၁၉၁၈) ကနေ (၂၀၀၆)ခုနှစ်အထိ ပြည်ထောင်(၃) စုအဖြစ်နဲ့ဂုဏ်သတင်းထင်ရှားခဲ့ဖူးပါတယ်။
(၁၉၁၈)ခုနှစ်ကနေ (၁၉၂၈)ခုနှစ်ကာလအထိမှာတော့ ယူဂိုဆလားဗီးယားကို Kingdom of Serbs , Croats နဲ့ Slovenes အဖြစ်လူသိများထင်ရှားပြီး (၁၉၂၈)ကနေ ဒုတိယကမ္ဘာစစ်ကာလမတိုင်ခင်အထိကိုတော့ Kingdom of Yugoslavia လို့ခေါ်ဆိုခဲ့ ကြပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှာတော့ Socialist Federal Republic of Yugoslavia ဆိုတဲ့အမည်နဲ့ ဘော့စနီးယားဟာဇီဂိုးဗီးနား၊ခရိုအေးရှား၊မြောက်မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ဆားဘီးယား၊ ဆလိုဗေးနီးယားဆိုတဲ့နိုင်ငံတွေကို စုပေါင်းပြီးယူဂိုဆလားဗီးယားပြည်ထောင်စုအဖြစ်တည်ထောင်ခဲ့ပါတယ်။
(၁၉၉၁)ခုနှစ်ရောက်ချိန်မှာတော့ ဆလိုဗေးနီးယား နဲ့ ခရိုအေးရှား တို့ဟာ ယူဂိုဆလားဗီးယားပြည်ထောင်စုနယ်မြေအတွင်းကနေ ခွဲထွက်ာ သီးသန့်နိုင်ငံထူထောင်ခဲ့ကြပြီး (၁၉၉၂)ခုနှစ်ရောက်ချိန် မှာလည်း မြောက်မက်ဆီဒိုးနီးယား၊ဘော့စနီးယားဟာဇီဂိုးဗီးနားတို့ဟာလည်းသီးခြား အချုပ်အခြာပိုင်နယ်မြေတွေအဖြစ် ပြည်ထောင်စုနယ်မြေအဖြစ်ကနေခွဲထွက်သွားကြ ပြန်ပါတယ်။ ဒါကြောင့်ဆားဘီးယားနဲ့မွန်တီနီဂရိုးတို့သာယူဂိုဆလားဗီးယားပြည်ထောင် စု(FRY)အဖြစ်ဆက်လက်ကျန်ရှိနေခဲ့ပြီး (၂၀၀၆)ခုနှစ်ရောက်ချိန်မှာတော့ ပြန်လည်ခွဲထွက်ကာ သီးခြားနိုင်ငံတွေအဖြစ်ရပ်တည်ကာ ယူဂိုဆလားဗီးယားပြည်ထောင်စုကြီးရဲ့ ခေတ်ကာလ(၃)ခုစလုံးပြိုပျက်ကာ ကမ္ဘာမြေပုံထဲနေပျောက်ကွယ်သွားရပါတော့တယ်။
Kingdom of Yugoslavia (၁၉၁၈-၁၉၄၅)
(၁၉၀၃)ခုနှစ်ရောက်ချိန်မှာတော့ဆားဘီးယားဘုရင်ဟာ လုပ်ကြံခြင်းခံခဲ့ရပြီး သူ့နေရာကို ပီတာ(၁)အမည်ရတဲ့မင်းသားနဲ့ အစားထိုးခဲ့တဲ့နောက်ဆားဘီးယားတွေဟာ မျိုးချစ်စိတ်ပြင်းထန်လာကြပါတယ်။ ဒေသတွင်းက သြစတြီးယား-ဟန်ဂေရီအင်ပါယာရဲ့ ပုန်ကန်တိုက်ခိုက်မှုတွေမြင့်တက်လာတာကိုအခွင့်ကောင်းယူပြီး (၁၉၀၈)ခုနှစ်မှာဆားဘီးယားစစ်တပ်ဟာ ဘော့စနီးယားနိုင်ငံကိုသိမ်းပိုက်ခဲ့ပါတယ်။ ယင်းနောက်မှာလည်း ဆားဘီးယားတွေရဲ့နယ်မြေချဲ့ထွင်ရေးစစ်ပွဲတွေဟာ မရပ်နားပဲ ကိုဆိုဗိုနဲ့ မြောက်မက်ဆီဒိုးနီးယားဒေသတွေကို အော်တိုမန်အင်ပါယာလက်ထဲကနေသိမ်းယူခဲ့ပြန်ပါတယ်။
ဆားဘီးယားမျိုးချစ်တွေရဲ့ရည်ရွယ်ချက်ကတော့ ဘောလ်ကန်ဒေသကိုအခြေပြုတဲ့ အင်အားကြီးနိုင်ငံတခုတည်ထောင်လိုတာပဲဖြစ်ပါတယ်။ ဒေသတွင်းအင်အားကြီးမားတဲ့ သြစတို ဟန်ဂေရီရန်တွေကိုတော့ ဘော့စနီးယားနိုင်ငံလို ဒေသတွင်း ရာဇဝတ်ဂိုဏ်းများစွာက ကူ ညီမှုတွေပြုလုပ်လာကြပါတယ်။ (၁၉၁၄)ခုနှစ်ဇွန်လမှာတော့ ဘော့စနီးယားဆာ့တဦး ဖြစ်တဲ့ Gavrilo Princip က ဆာရာယေဗိုမြို့ကိုရောက်ရှိနေတဲ့ သြစတြီးယား အိမ်ရှေမင်းသားဖာဒီနန်နဲ့ သူ့ကြင်ယာတော်တို့ကို လုပ်ကြံခဲ့ပါတယ်။ ယင်းဖြစ်ရပ်ဟာ ပထမကမ္ဘာစစ်ဖြစ်ပွား စေခဲ့တဲ့ အဓိကအကြောင်းအရင်းဖြစ်ခဲ့ပါတယ်။
စစ်ကြီးပြီးဆုံးချိန်(၁၉၁၈)မှာတော့ ဆားဘီးယားကို အခြေပြုတဲ့ ယူဂိုဆလားဗီးယားနိုင်ငံအဖြစ် စတင်ဖြစ်ထွန်းလာပါတယ်။ အကြောင်းကတော့စစ်ရှုံးတဲ့ သြစတြီးယား-ဟန်ဂေရီ အင်ပါယာနယ်မြေတွေဖြစ်တဲ့ ဥရောပမြောက်ဘက်စွန်းဒေသတွေဟာဆားဘီးယားထံ ဝင်ရောက်လာခဲ့သလို (၁၉၁၂-၁၉၁၃)ခုနှစ်ကာလတွေမှာ ဘော်လ်ကန်စစ်ပွဲမှာ အော်တိုမန်တူရကီကိုအောင်နိုင်ခြင်းနဲ့အတူ တောင်ဘက်စွန်းနယ်မြေများစွာဟာလည်း ဆားဘီးယားနိုင်ငံနဲ့ လာရောက်ပူးပေါင်းခဲ့ကြလို့ဖြစ်ပါတယ်။ ယင်းနယ်မြေအားလုံးကိုတော့ ဆားဘီးယားဘုရင်ကနေ နန်းတက်အုပ်ချုပ်ခဲ့ပါတယ်။
ဆယ်နှစ်ကြာကာလလောက် လွန်မြောက်ချိန်မှာတော့ ယင်းနယ်မြေဟာ ဆာ့ဘုရင်နိုင်ငံတော်( Kingdom of Serbs) ခရိုနဲ့ဆလိုဗေးနီးယန်းတွေရဲ့ဘုရင့်နိုင်ငံတော် (Kingdom of Crots and Slovenes နယ်မြေအဖြစ်ထင်ရှားခဲ့ရာကနေ (၁၉၂၉)ခုနှစ်မှာတော့ ယူဂိုဆလားဗီးယားဆိုတဲ့ အမည်ကိုပြောင်းလဲသွားခဲ့ပါတယ်။ ယူဂိုဆလားဗီးယားဆိုတာကတော့ Serbo-Croatian ကနေလာပြီးတောင်ပိုင်း ဆလပ်လူမျိုးတွေရဲ့နယ်မြေလို့အဓိပ္ပါယ်ရပါတယ်။ (၁၉၄၁) ခုနှစ်ရောက်ချိန်မှာတော့ ယင်းနယ်မြေဟာမဟာမိတ်တပ်တွေရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရ ပြီး အလျှင်အမြန် ပြိုကွဲသွားခဲ့ပါတယ်။ မဟာမိတ်တပ်တွေရဲ့ထိန်းချုပ်မှုနဲ့ပဲ (၁၉၄၃)ခုနှစ် ရောက်ချိန်မှာ ဖက်ဒရစ်ဒီမိုကရတ်တစ်သမ္မတနိုင်ငံအဖြစ် ဆားဘီးယားဘုရင်ရဲ့ထောက်ခံမှုနဲ့ကြေငြာခဲ့ပြီးနောက် ယင်းဘုရင်မင်းဆက်ဟာလည်း ပျက်သုဉ်းသွားခဲ့ပါတယ်။
ယူဂိုဆလားဗီးယားပြည်ထောင်စုသမ္မတနိုင်ငံ
ယူဂိုဆလားဗီးယားမှာအာဏာရရှိလာတဲ့ကွန်မြူနစ်အစိုးရကနေ (၁၉၄၅)ခုနှစ်မှာ ယူဂိုဆလားဗီးယားနိုင်ငံအဖြစ် စတင်ကြေငြာပါတယ်။အုပ်ချုပ်သူကတော့ Josip Tito ဆိုသူဖြစ်ပြီးသူဟာ ယူဂိုဆလားဗီးယားကို (၁၉၈၀)လောက်အထိအုပ်ချုပ်သွားခဲ့ပါတယ်။ (၁၉၆၃)ခုနှစ်မှာတော့ ဆိုရှယ်လစ်သမ္မတနိုင်ငံတွေဖြစ်တဲ့ SR Croatia ၊ SR Bosinia ၊ SR Macedonia ၊ SR Serbia နဲ့ SR Slovenia (၆)နိုင်ငံစုပေါင်းထားတဲ့ SFR Yugoslavia ဆိုပြီးဖြစ်လာပြန်ပါတယ်။ SFR Yugoslavia ဟာဆိုရင် စစ်အေးတိုက်ပွဲ ကာလအတွင်းမှာတော့ အခြားသောဆိုရှယ်လစ်နိုင်ငံတွေနဲ့ အတော်ကိုခြားနားပြီး နိုင်ငံတွင်း လွတ်လပ်စွာသွားလာခွင့်၊ အခြေချနေထိုင်ခွင့်တွေကို ခွင့်ပြုခဲ့ပါတယ်။
SFR Yugoslavia ဟာဆိုရင် ဒီမိုကရေစီလိုလားတဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ နွေးထွေးတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ ယင်းအခြေအနေကပဲ ဆိုဗီယက်ပြည်ထောင်စုနဲ့ ရန်သူတွေပမာဖြစ်သွားခဲ့ပြီး ဆိုဗီယက်ခေါင်းဆောင်စတာလင် ကိုယ်တိုင် SFR Yugoslaviaရဲ့ခေါင်းဆောင် Josip Tito ကိုသစ္စာဖောက် အဖြစ်ရှုမြင်ခဲ့ပါတယ်။ (၁၉၆၈)ခုနှစ်မှာတော့ ဆိုဗီယက်တွေဟာ ချက်ကိုစလိုဗက်ကီယားကိုကျူးကျော် တိုက်ခိုက်ခဲ့ပါတယ်။ SFR Yugoslavia ခေါင်းဆောင် Tito က ချက်ကိုစလိုဗက်ကီးယား ကနေတောင်းဆိုလာခဲ့ရင် ဆိုဗီယက်တပ်တွေကိုကူတိုက်ပေးဖို့ ပရက်ဂ်မြို့အထိစစ်ချီလာမယ်လို့ကမ်းလှမ်းတဲ့အထိ ကွန်မြူနစ်နိုင်ငံ(၂)ခုကြားအချင်းများခဲ့တာပါ။
(၁၉၇၀) ကနေ (၁၉၈၀)ကြားမှာတော့ ယူဂိုဆလားဗီးယားသမ္မတနိုင်ငံရဲ့နိုင်ငံရေးရှုထောင့်က ပုံစံတမျိုးဖြစ်သွားခဲ့ပြန်ပါတယ်။ ခေါင်းဆောင်ကြီး Josip Tito ကိုယ်တိုင် အာဏာရှင်ဆန်သွားခဲ့ကာ နိုင်ငံကိုသံမဏိ စည်းမျဉ်းတွေနဲ့ အုပ်ချုပ်ပြီး အတိုက်အခံနိုင်ငံ ရေးသမားတိုင်းကိုနှိပ်ကွပ်ခဲ့ပါတယ်။ ဒါအပြင် နိုင်ငံတော်အတွင်းပါဝင်နေတဲ့ပြည်ထောင် (၆)ခုလောက်ကိုလည်းယူဂိုဆလားဗီးယားကနေ ခွဲမထွက်ဖို့ပြင်းပြင်းထန်ထန် ဖိအားပေးမှုတွေ ရှိလာခဲ့ပါတယ်။ သူရဲ့ယင်းလုပ်ရပ်ဟာပြည်ထောင်စုနယ်မြေတွေအကြားအကြီး အကျယ်သွေးကွဲမှုကိုဖြစ်စေခဲ့ပြီး သူကွယ်လွန်တဲ့ (၁၉၈၀)နောက်ပိုင်းရောက်ချိန်မှာ တော့ လက်အောက်ခံနိုင်ငံတွေဟာ အနောက်အုပ်စု ကျောထောက်နောက်ခံပြုပြီး ယူဂိုဆလားဗီးယားကနေ ခွဲထွက်ဖို့ကြိုးပမ်းလာပါတော့တယ်။
တဖက်မှာလည်း Josip Tito နောက်ဆက်ခံတဲ့ ခေါင်းဆောင်းပိုင်းဟာဆိုရင် အရည်အချင်း လိုအပ်မှုများစွာရှိနေတာမို့ ပြည်ထောင်စုအတွင်း စီးပွားရေး၊လူမှုရေးဆိုင်ရာအခက်အခဲများစွာဖြစ်ပေါ်လာရာ ကနေ (၁၉၉၂)ခုနှစ်မှာတော့ ယူဂိုဆလားဗီးယားပြည်တွင်းစစ်ကြီးဖြစ်ပွားခဲ့ကာ ခရိုအေး ရှား၊ဘော့စနီးယား၊မြောက်မက်ဆီဒိုးနီးယား၊ဆလိုဗေးနီးယားတို့ဟာ သီးသန့်နိုင်ငံတွေအဖြစ် ယူဂိုဆလားဗီးယား ကနေခွဲထွက်သွားပါတော့တယ်။
ဒါကြောင့် FR Yugoslavia ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဆားဘီးယားနဲ့မွန်တီနီဂရိုးနိုင်ငံတွေသာကျန်ရှိပါတော့တယ်။ ယင်းနှစ်ထဲမှာဆားဘီးယားနဲ့မွန်တီနီဂရိုး(၂)နိုင်ငံစုပေါင်းပြီး ယူဂိုဆလားဗီးယားဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံ အဖြစ်ရောက်ရှိသွားပါတယ်။ ယင်းနိုင်ငံကိုတော့ Slobodan Milosevic ကနေ ၁၉၉၆ ကနေ ၂၀၀၀ပြည့်နှစ်ကာလအတွင်းအုပ်ချုပ်သွား ခဲ့ပါတယ်။(၂၀၀၀)ပြည့်နှစ်အောက်တိုဘာလမှာတော့ ယူဂိုဆလားဗီးယားဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ်ကြိုးပမ်းခဲ့ပြီးလအနည်းငယ်အကြာမှာပဲ အဖွဲ့ဝင်နိုင်ငံဖြစ် လာခဲ့ပါတယ်။
ယူဂိုဆလားဗီးယားပြည်ထောင်စုဟာ တည်ရှိနေတဲ့ကာလတွေအတွင်းအကျပ်တည်းဆုံး ဖြစ်စေခဲ့တဲ့အကြောင်းအရာကတော့ Yugoslav စစ်ပွဲတွေကြောင့်ဖြစ်ပါတယ်။ အထူး သဖြင့် (၁၉၉၅)က ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနားမှာဖြစ်ပွားခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်ပွဲ တွေ၊(၁၉၉၈)က ကိုဆိုဗိုဒေသမှာဖြစ်ပွားခဲ့တဲ့ဘာသာရေးလူမျိုးရေးကို အကြောင်း ပြုပြီး ဖြစ်ပွားခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်ပွဲတွေဟာဆိုရင် ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ဥရောပမှာအဆိုးရွားဆုံး သေကြေထိခိုက်မှု အများဆုံးဖြစ်ရပ်တွေဖြစ်ခဲ့ပါတယ်။
ကိုဆိုဗို စစ်ပွဲကာလအတွင်း (၁၉၉၉)ခုနှစ်မှာဆိုရင် အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ်တွေ ဟာ ယူဂိုဆလားဗီးယားနိုင်ငံတွင်းကိုဗုံးကြဲတိုက်ခိုက်ခဲ့ကြတဲ့အထိ နိုင်ငံရေးပိုင်းရှုပ်ထွေး ခဲ့ကြတာကိုလည်းတွေ့မြင်ရပါတယ်။ ယင်းဖြစ်ရပ်တွေဟာ (၁၉၉၀)နောက်ပိုင်း၊စစ်အေး တိုက်ပွဲကာလနောက်ပိုင်း အမေရိကန်နဲ့အနောက်အုပ်စုရဲ့ဖိအားပေးမှုတွေကနေ ယူဂိုဆလားဗီးယားပြည်ထောင်စုနယ်မြေတွေအကြား သွေးကွဲမှုတွေဖြစ်လာစေခဲ့ပြီး ပြည်တွင်းအုံကြွမှုတွေကနေ စစ်ပွဲတွေအဖြစ်ပြောင်းလဲသွားတဲ့ အကျိုးတွေဆိုလည်းမမှားပါဘူး။
(၂၀၀၃)ခုနှစ်ကနေပြီး ယူဂိုဆလားဗီးယားကနေ ခွဲထွက်သွားတဲ့နိုင်ငံတွေဟာ ကဏ္ဍပေါင်းစုံကနေ ဆက်လက်ရှေသွားမဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေအဖြစ်ပီပီ ပြင်ပြင်ရပ်တည်နိုင်ခဲ့ပြီးယူဂိုဆလားဗီးယားအမည်ကနေဆားဘီးယားနဲ့ မွန်တီနီဂရိုး လို့အမည်ပြောင်းထားတဲ့နိုင်ငံကလည်း (၂၀၀၆)ခုနှစ်မှာတော့ သီးခြားနိုင်ငံတွေအဖြစ် အသီးသီးရပ်တည်ခဲ့ကြပါတယ်။ တနည်းပြောရရင်တော့ ယူဂိုဆလားဗီးယားပြည်ထောင်စုကနေ ဆလိုဗေးနီးယား၊ခရိုအေးရှား၊ဘော့စနီးယား၊မွန်တီနီဂရိုး၊ဆားဘီးယား၊ မြောက်မက်ဆီဒိုးနီးယား၊ကိုဆိုဗိုဆိုပြီး လက်ရှိရပ်တည်နေတဲ့နိုင်ငံ(၇)နိုင်ငံအထိ ခွဲထွက် သွားခဲ့တာဖြစ်ပါတယ်။
(Zawgyi)
ယူဂိုဆလားဗီးယား ႏိုင္ငံအေၾကာင္း သိေကာင္းစရာ
ယူဂိုဆလားဗီးယားဆိုတဲ့ ႏိုင္ငံ ဟာ ဥေရာပေျမပုံေပၚမွာရွိခဲ့ဖူးၿပီး ယခု ေဘာ္လ္ကန္ကြၽန္းဆြယ္ေဒသပိုင္းေနရာအမ်ားစုဟာယူဂိုဆလားဗီးယားရဲ႕နယ္ေျမေတြျဖစ္ခဲ့ဖူးပါတယ္။ တည္ေထာင္အုပ္စိုးခဲ့သူေတြကေတာ့ (၇)ရာစုကာလကတည္းက ယခုပိုလန္ႏိုင္ငံတည္ေနရာက Slavs မ်ိဳးႏြယ္စုေတြကဆင္းသက္လာတဲ့ေတာင္ပိုင္း Slavs မ်ိဳးႏြယ္ေတြျဖစ္ၾကပါ တယ္။ယူဂိုဆလားဗီးယားဟာဆိုရင္ (၁၉၁၈) ကေန (၂၀၀၆)ခုႏွစ္အထိ ျပည္ေထာင္(၃) စုအျဖစ္နဲ႔ဂုဏ္သတင္းထင္ရွားခဲ့ဖူးပါတယ္။
(၁၉၁၈)ခုႏွစ္ကေန (၁၉၂၈)ခုႏွစ္ကာလအထိမွာေတာ့ ယူဂိုဆလားဗီးယားကို Kingdom of Serbs , Croats နဲ႔ Slovenes အျဖစ္လူသိမ်ားထင္ရွားၿပီး (၁၉၂၈)ကေန ဒုတိယကမာၻစစ္ကာလမတိုင္ခင္အထိကိုေတာ့ Kingdom of Yugoslavia လို႔ေခၚဆိုခဲ့ ၾကပါတယ္။ ဒုတိယကမာၻစစ္ၿပီးဆုံးခ်ိန္မွာေတာ့ Socialist Federal Republic of Yugoslavia ဆိုတဲ့အမည္နဲ႔ ေဘာ့စနီးယားဟာဇီဂိုးဗီးနား၊ခ႐ိုေအးရွား၊ေျမာက္မက္ဆီဒိုးနီးယား၊ မြန္တီနီဂ႐ိုး၊ ဆားဘီးယား၊ ဆလိုေဗးနီးယားဆိုတဲ့ႏိုင္ငံေတြကို စုေပါင္းၿပီးယူဂိုဆလားဗီးယားျပည္ေထာင္စုအျဖစ္တည္ေထာင္ခဲ့ပါတယ္။
(၁၉၉၁)ခုႏွစ္ေရာက္ခ်ိန္မွာေတာ့ ဆလိုေဗးနီးယား နဲ႔ ခ႐ိုေအးရွား တို႔ဟာ ယူဂိုဆလားဗီးယားျပည္ေထာင္စုနယ္ေျမအတြင္းကေန ခြဲထြက္ာ သီးသန႔္ႏိုင္ငံထူေထာင္ခဲ့ၾကၿပီး (၁၉၉၂)ခုႏွစ္ေရာက္ခ်ိန္ မွာလည္း ေျမာက္မက္ဆီဒိုးနီးယား၊ေဘာ့စနီးယားဟာဇီဂိုးဗီးနားတို႔ဟာလည္းသီးျခား အခ်ဳပ္အျခာပိုင္နယ္ေျမေတြအျဖစ္ ျပည္ေထာင္စုနယ္ေျမအျဖစ္ကေနခြဲထြက္သြားၾက ျပန္ပါတယ္။ ဒါေၾကာင့္ဆားဘီးယားနဲ႔မြန္တီနီဂ႐ိုးတို႔သာယူဂိုဆလားဗီးယားျပည္ေထာင္ စု(FRY)အျဖစ္ဆက္လက္က်န္ရွိေနခဲ့ၿပီး (၂၀၀၆)ခုႏွစ္ေရာက္ခ်ိန္မွာေတာ့ ျပန္လည္ခြဲထြက္ကာ သီးျခားႏိုင္ငံေတြအျဖစ္ရပ္တည္ကာ ယူဂိုဆလားဗီးယားျပည္ေထာင္စုႀကီးရဲ႕ ေခတ္ကာလ(၃)ခုစလုံးၿပိဳပ်က္ကာ ကမာၻေျမပုံထဲေနေပ်ာက္ကြယ္သြားရပါေတာ့တယ္။
Kingdom of Yugoslavia (၁၉၁၈-၁၉၄၅)
(၁၉၀၃)ခုႏွစ္ေရာက္ခ်ိန္မွာေတာ့ဆားဘီးယားဘုရင္ဟာ လုပ္ႀကံျခင္းခံခဲ့ရၿပီး သူ႔ေနရာကို ပီတာ(၁)အမည္ရတဲ့မင္းသားနဲ႔ အစားထိုးခဲ့တဲ့ေနာက္ဆားဘီးယားေတြဟာ မ်ိဳးခ်စ္စိတ္ျပင္းထန္လာၾကပါတယ္။ ေဒသတြင္းက ၾသစႀတီးယား-ဟန္ေဂရီအင္ပါယာရဲ႕ ပုန္ကန္တိုက္ခိုက္မႈေတြျမင့္တက္လာတာကိုအခြင့္ေကာင္းယူၿပီး (၁၉၀၈)ခုႏွစ္မွာဆားဘီးယားစစ္တပ္ဟာ ေဘာ့စနီးယားႏိုင္ငံကိုသိမ္းပိုက္ခဲ့ပါတယ္။ ယင္းေနာက္မွာလည္း ဆားဘီးယားေတြရဲ႕နယ္ေျမခ်ဲ႕ထြင္ေရးစစ္ပြဲေတြဟာ မရပ္နားပဲ ကိုဆိုဗိုနဲ႔ ေျမာက္မက္ဆီဒိုးနီးယားေဒသေတြကို ေအာ္တိုမန္အင္ပါယာလက္ထဲကေနသိမ္းယူခဲ့ျပန္ပါတယ္။
ဆားဘီးယားမ်ိဳးခ်စ္ေတြရဲ႕ရည္႐ြယ္ခ်က္ကေတာ့ ေဘာလ္ကန္ေဒသကိုအေျချပဳတဲ့ အင္အားႀကီးႏိုင္ငံတခုတည္ေထာင္လိုတာပဲျဖစ္ပါတယ္။ ေဒသတြင္းအင္အားႀကီးမားတဲ့ ၾသစတို ဟန္ေဂရီရန္ေတြကိုေတာ့ ေဘာ့စနီးယားႏိုင္ငံလို ေဒသတြင္း ရာဇဝတ္ဂိုဏ္းမ်ားစြာက ကူ ညီမႈေတြျပဳလုပ္လာၾကပါတယ္။ (၁၉၁၄)ခုႏွစ္ဇြန္လမွာေတာ့ ေဘာ့စနီးယားဆာ့တဦး ျဖစ္တဲ့ Gavrilo Princip က ဆာရာေယဗိုၿမိဳ႕ကိုေရာက္ရွိေနတဲ့ ၾသစႀတီးယား အိမ္ေရွမင္းသားဖာဒီနန္နဲ႔ သူ႔ၾကင္ယာေတာ္တို႔ကို လုပ္ႀကံခဲ့ပါတယ္။ ယင္းျဖစ္ရပ္ဟာ ပထမကမာၻစစ္ျဖစ္ပြား ေစခဲ့တဲ့ အဓိကအေၾကာင္းအရင္းျဖစ္ခဲ့ပါတယ္။
စစ္ႀကီးၿပီးဆုံးခ်ိန္(၁၉၁၈)မွာေတာ့ ဆားဘီးယားကို အေျချပဳတဲ့ ယူဂိုဆလားဗီးယားႏိုင္ငံအျဖစ္ စတင္ျဖစ္ထြန္းလာပါတယ္။ အေၾကာင္းကေတာ့စစ္ရႈံးတဲ့ ၾသစႀတီးယား-ဟန္ေဂရီ အင္ပါယာနယ္ေျမေတြျဖစ္တဲ့ ဥေရာပေျမာက္ဘက္စြန္းေဒသေတြဟာဆားဘီးယားထံ ဝင္ေရာက္လာခဲ့သလို (၁၉၁၂-၁၉၁၃)ခုႏွစ္ကာလေတြမွာ ေဘာ္လ္ကန္စစ္ပြဲမွာ ေအာ္တိုမန္တူရကီကိုေအာင္ႏိုင္ျခင္းနဲ႔အတူ ေတာင္ဘက္စြန္းနယ္ေျမမ်ားစြာဟာလည္း ဆားဘီးယားႏိုင္ငံနဲ႔ လာေရာက္ပူးေပါင္းခဲ့ၾကလို႔ျဖစ္ပါတယ္။ ယင္းနယ္ေျမအားလုံးကိုေတာ့ ဆားဘီးယားဘုရင္ကေန နန္းတက္အုပ္ခ်ဳပ္ခဲ့ပါတယ္။
ဆယ္ႏွစ္ၾကာကာလေလာက္ လြန္ေျမာက္ခ်ိန္မွာေတာ့ ယင္းနယ္ေျမဟာ ဆာ့ဘုရင္ႏိုင္ငံေတာ္( Kingdom of Serbs) ခ႐ိုနဲ႔ဆလိုေဗးနီးယန္းေတြရဲ႕ဘုရင့္ႏိုင္ငံေတာ္ (Kingdom of Crots and Slovenes နယ္ေျမအျဖစ္ထင္ရွားခဲ့ရာကေန (၁၉၂၉)ခုႏွစ္မွာေတာ့ ယူဂိုဆလားဗီးယားဆိုတဲ့ အမည္ကိုေျပာင္းလဲသြားခဲ့ပါတယ္။ ယူဂိုဆလားဗီးယားဆိုတာကေတာ့ Serbo-Croatian ကေနလာၿပီးေတာင္ပိုင္း ဆလပ္လူမ်ိဳးေတြရဲ႕နယ္ေျမလို႔အဓိပၸါယ္ရပါတယ္။ (၁၉၄၁) ခုႏွစ္ေရာက္ခ်ိန္မွာေတာ့ ယင္းနယ္ေျမဟာမဟာမိတ္တပ္ေတြရဲ႕သိမ္းပိုက္ျခင္းကိုခံခဲ့ရ ၿပီး အလွ်င္အျမန္ ၿပိဳကြဲသြားခဲ့ပါတယ္။ မဟာမိတ္တပ္ေတြရဲ႕ထိန္းခ်ဳပ္မႈနဲ႔ပဲ (၁၉၄၃)ခုႏွစ္ ေရာက္ခ်ိန္မွာ ဖက္ဒရစ္ဒီမိုကရတ္တစ္သမၼတႏိုင္ငံအျဖစ္ ဆားဘီးယားဘုရင္ရဲ႕ေထာက္ခံမႈနဲ႔ေၾကျငာခဲ့ၿပီးေနာက္ ယင္းဘုရင္မင္းဆက္ဟာလည္း ပ်က္သုဥ္းသြားခဲ့ပါတယ္။
ယူဂိုဆလားဗီးယားျပည္ေထာင္စုသမၼတႏိုင္ငံ
ယူဂိုဆလားဗီးယားမွာအာဏာရရွိလာတဲ့ကြန္ျမဴနစ္အစိုးရကေန (၁၉၄၅)ခုႏွစ္မွာ ယူဂိုဆလားဗီးယားႏိုင္ငံအျဖစ္ စတင္ေၾကျငာပါတယ္။အုပ္ခ်ဳပ္သူကေတာ့ Josip Tito ဆိုသူျဖစ္ၿပီးသူဟာ ယူဂိုဆလားဗီးယားကို (၁၉၈၀)ေလာက္အထိအုပ္ခ်ဳပ္သြားခဲ့ပါတယ္။ (၁၉၆၃)ခုႏွစ္မွာေတာ့ ဆိုရွယ္လစ္သမၼတႏိုင္ငံေတြျဖစ္တဲ့ SR Croatia ၊ SR Bosinia ၊ SR Macedonia ၊ SR Serbia နဲ႔ SR Slovenia (၆)ႏိုင္ငံစုေပါင္းထားတဲ့ SFR Yugoslavia ဆိုၿပီးျဖစ္လာျပန္ပါတယ္။ SFR Yugoslavia ဟာဆိုရင္ စစ္ေအးတိုက္ပြဲ ကာလအတြင္းမွာေတာ့ အျခားေသာဆိုရွယ္လစ္ႏိုင္ငံေတြနဲ႔ အေတာ္ကိုျခားနားၿပီး ႏိုင္ငံတြင္း လြတ္လပ္စြာသြားလာခြင့္၊ အေျခခ်ေနထိုင္ခြင့္ေတြကို ခြင့္ျပဳခဲ့ပါတယ္။
SFR Yugoslavia ဟာဆိုရင္ ဒီမိုကေရစီလိုလားတဲ့ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုနဲ႔ ေႏြးေထြးတဲ့ဆက္ဆံေရးကိုတည္ေဆာက္ႏိုင္ခဲ့ပါတယ္။ ယင္းအေျခအေနကပဲ ဆိုဗီယက္ျပည္ေထာင္စုနဲ႔ ရန္သူေတြပမာျဖစ္သြားခဲ့ၿပီး ဆိုဗီယက္ေခါင္းေဆာင္စတာလင္ ကိုယ္တိုင္ SFR Yugoslaviaရဲ႕ေခါင္းေဆာင္ Josip Tito ကိုသစၥာေဖာက္ အျဖစ္ရႈျမင္ခဲ့ပါတယ္။ (၁၉၆၈)ခုႏွစ္မွာေတာ့ ဆိုဗီယက္ေတြဟာ ခ်က္ကိုစလိုဗက္ကီယားကိုက်ဴးေက်ာ္ တိုက္ခိုက္ခဲ့ပါတယ္။ SFR Yugoslavia ေခါင္းေဆာင္ Tito က ခ်က္ကိုစလိုဗက္ကီးယား ကေနေတာင္းဆိုလာခဲ့ရင္ ဆိုဗီယက္တပ္ေတြကိုကူတိုက္ေပးဖို႔ ပရက္ဂ္ၿမိဳ႕အထိစစ္ခ်ီလာမယ္လို႔ကမ္းလွမ္းတဲ့အထိ ကြန္ျမဴနစ္ႏိုင္ငံ(၂)ခုၾကားအခ်င္းမ်ားခဲ့တာပါ။
(၁၉၇၀) ကေန (၁၉၈၀)ၾကားမွာေတာ့ ယူဂိုဆလားဗီးယားသမၼတႏိုင္ငံရဲ႕ႏိုင္ငံေရးရႈေထာင့္က ပုံစံတမ်ိဳးျဖစ္သြားခဲ့ျပန္ပါတယ္။ ေခါင္းေဆာင္ႀကီး Josip Tito ကိုယ္တိုင္ အာဏာရွင္ဆန္သြားခဲ့ကာ ႏိုင္ငံကိုသံမဏိ စည္းမ်ဥ္းေတြနဲ႔ အုပ္ခ်ဳပ္ၿပီး အတိုက္အခံႏိုင္ငံ ေရးသမားတိုင္းကိုႏွိပ္ကြပ္ခဲ့ပါတယ္။ ဒါအျပင္ ႏိုင္ငံေတာ္အတြင္းပါဝင္ေနတဲ့ျပည္ေထာင္ (၆)ခုေလာက္ကိုလည္းယူဂိုဆလားဗီးယားကေန ခြဲမထြက္ဖို႔ျပင္းျပင္းထန္ထန္ ဖိအားေပးမႈေတြ ရွိလာခဲ့ပါတယ္။ သူရဲ႕ယင္းလုပ္ရပ္ဟာျပည္ေထာင္စုနယ္ေျမေတြအၾကားအႀကီး အက်ယ္ေသြးကြဲမႈကိုျဖစ္ေစခဲ့ၿပီး သူကြယ္လြန္တဲ့ (၁၉၈၀)ေနာက္ပိုင္းေရာက္ခ်ိန္မွာ ေတာ့ လက္ေအာက္ခံႏိုင္ငံေတြဟာ အေနာက္အုပ္စု ေက်ာေထာက္ေနာက္ခံျပဳၿပီး ယူဂိုဆလားဗီးယားကေန ခြဲထြက္ဖို႔ႀကိဳးပမ္းလာပါေတာ့တယ္။
တဖက္မွာလည္း Josip Tito ေနာက္ဆက္ခံတဲ့ ေခါင္းေဆာင္းပိုင္းဟာဆိုရင္ အရည္အခ်င္း လိုအပ္မႈမ်ားစြာရွိေနတာမို႔ ျပည္ေထာင္စုအတြင္း စီးပြားေရး၊လူမႈေရးဆိုင္ရာအခက္အခဲမ်ားစြာျဖစ္ေပၚလာရာ ကေန (၁၉၉၂)ခုႏွစ္မွာေတာ့ ယူဂိုဆလားဗီးယားျပည္တြင္းစစ္ႀကီးျဖစ္ပြားခဲ့ကာ ခ႐ိုေအး ရွား၊ေဘာ့စနီးယား၊ေျမာက္မက္ဆီဒိုးနီးယား၊ဆလိုေဗးနီးယားတို႔ဟာ သီးသန႔္ႏိုင္ငံေတြအျဖစ္ ယူဂိုဆလားဗီးယား ကေနခြဲထြက္သြားပါေတာ့တယ္။
ဒါေၾကာင့္ FR Yugoslavia ဆိုတဲ့ေခါင္းစဥ္ေအာက္မွာ ဆားဘီးယားနဲ႔မြန္တီနီဂ႐ိုးႏိုင္ငံေတြသာက်န္ရွိပါေတာ့တယ္။ ယင္းႏွစ္ထဲမွာဆားဘီးယားနဲ႔မြန္တီနီဂ႐ိုး(၂)ႏိုင္ငံစုေပါင္းၿပီး ယူဂိုဆလားဗီးယားဖက္ဒရယ္ျပည္ေထာင္စုသမၼတႏိုင္ငံ အျဖစ္ေရာက္ရွိသြားပါတယ္။ ယင္းႏိုင္ငံကိုေတာ့ Slobodan Milosevic ကေန ၁၉၉၆ ကေန ၂၀၀၀ျပည့္ႏွစ္ကာလအတြင္းအုပ္ခ်ဳပ္သြား ခဲ့ပါတယ္။(၂၀၀၀)ျပည့္ႏွစ္ေအာက္တိုဘာလမွာေတာ့ ယူဂိုဆလားဗီးယားဟာ ကုလသမဂၢ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ႀကိဳးပမ္းခဲ့ၿပီးလအနည္းငယ္အၾကာမွာပဲ အဖြဲ႕ဝင္ႏိုင္ငံျဖစ္ လာခဲ့ပါတယ္။
ယူဂိုဆလားဗီးယားျပည္ေထာင္စုဟာ တည္ရွိေနတဲ့ကာလေတြအတြင္းအက်ပ္တည္းဆုံး ျဖစ္ေစခဲ့တဲ့အေၾကာင္းအရာကေတာ့ Yugoslav စစ္ပြဲေတြေၾကာင့္ျဖစ္ပါတယ္။ အထူး သျဖင့္ (၁၉၉၅)က ေဘာ့စနီးယားနဲ႔ ဟာဇီဂိုးဗီးနားမွာျဖစ္ပြားခဲ့တဲ့ လူမ်ိဳးတုံးသတ္ျဖတ္ပြဲ ေတြ၊(၁၉၉၈)က ကိုဆိုဗိုေဒသမွာျဖစ္ပြားခဲ့တဲ့ဘာသာေရးလူမ်ိဳးေရးကို အေၾကာင္း ျပဳၿပီး ျဖစ္ပြားခဲ့တဲ့ လူမ်ိဳးတုံးသတ္ျဖတ္ပြဲေတြဟာဆိုရင္ ဒုတိယကမာၻစစ္ၿပီးတဲ့ေနာက္ ဥေရာပမွာအဆိုး႐ြားဆုံး ေသေၾကထိခိုက္မႈ အမ်ားဆုံးျဖစ္ရပ္ေတြျဖစ္ခဲ့ပါတယ္။
ကိုဆိုဗို စစ္ပြဲကာလအတြင္း (၁၉၉၉)ခုႏွစ္မွာဆိုရင္ အေမရိကန္ဦးေဆာင္တဲ့ ေနတိုးတပ္ေတြ ဟာ ယူဂိုဆလားဗီးယားႏိုင္ငံတြင္းကိုဗုံးႀကဲတိုက္ခိုက္ခဲ့ၾကတဲ့အထိ ႏိုင္ငံေရးပိုင္းရႈပ္ေထြး ခဲ့ၾကတာကိုလည္းေတြ႕ျမင္ရပါတယ္။ ယင္းျဖစ္ရပ္ေတြဟာ (၁၉၉၀)ေနာက္ပိုင္း၊စစ္ေအး တိုက္ပြဲကာလေနာက္ပိုင္း အေမရိကန္နဲ႔အေနာက္အုပ္စုရဲ႕ဖိအားေပးမႈေတြကေန ယူဂိုဆလားဗီးယားျပည္ေထာင္စုနယ္ေျမေတြအၾကား ေသြးကြဲမႈေတြျဖစ္လာေစခဲ့ၿပီး ျပည္တြင္းအုံႂကြမႈေတြကေန စစ္ပြဲေတြအျဖစ္ေျပာင္းလဲသြားတဲ့ အက်ိဳးေတြဆိုလည္းမမွားပါဘူး။
(၂၀၀၃)ခုႏွစ္ကေနၿပီး ယူဂိုဆလားဗီးယားကေန ခြဲထြက္သြားတဲ့ႏိုင္ငံေတြဟာ က႑ေပါင္းစုံကေန ဆက္လက္ေရွသြားမဲ့ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံေတြအျဖစ္ပီပီ ျပင္ျပင္ရပ္တည္ႏိုင္ခဲ့ၿပီးယူဂိုဆလားဗီးယားအမည္ကေနဆားဘီးယားနဲ႔ မြန္တီနီဂ႐ိုး လို႔အမည္ေျပာင္းထားတဲ့ႏိုင္ငံကလည္း (၂၀၀၆)ခုႏွစ္မွာေတာ့ သီးျခားႏိုင္ငံေတြအျဖစ္ အသီးသီးရပ္တည္ခဲ့ၾကပါတယ္။ တနည္းေျပာရရင္ေတာ့ ယူဂိုဆလားဗီးယားျပည္ေထာင္စုကေန ဆလိုေဗးနီးယား၊ခ႐ိုေအးရွား၊ေဘာ့စနီးယား၊မြန္တီနီဂ႐ိုး၊ဆားဘီးယား၊ ေျမာက္မက္ဆီဒိုးနီးယား၊ကိုဆိုဗိုဆိုၿပီး လက္ရွိရပ္တည္ေနတဲ့ႏိုင္ငံ(၇)ႏိုင္ငံအထိ ခြဲထြက္ သြားခဲ့တာျဖစ္ပါတယ္။
Discussion about this post