Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ယမန်နှစ်နွေရာသီကာလအတွင်း ဂရင်းလန်းကျွန်းရဲ့ ရေခဲတန်ချိန် (၆၀၀)ဘီလျံလောက် အရည်ပျော်သွားခဲ့ရ

by Thutamm
April 6, 2020
Reading Time: 1min read
0
ယမန်နှစ်နွေရာသီကာလအတွင်း ဂရင်းလန်းကျွန်းရဲ့ ရေခဲတန်ချိန် (၆၀၀)ဘီလျံလောက် အရည်ပျော်သွားခဲ့ရ
Share on FacebookShare on Twitter

ကမ္ဘာကြီးပူနွေးလာမှုရဲ့သိသာတဲ့သင်္ကေတ တစ်ခုအဖြစ် (၂၀၁၉)ခုနှစ်နွေရာသီကာလအတွင်းမှာပဲ ကမ္ဘာမြောက်ဖျားပိုင်းကအာတိတ်စက်ဝိုင်း အတွင်းကျရောက်နေတဲ့ဂရင်းလန်းကျွန်းရဲ့ရေခဲထုတန်ချိန်(၆၀၀)ဘီလီလျံလောက်ဟာအရည်ပျော်သွားခဲ့တယ်လို့ NASA ရဲ့ လေ့လာမှုမှတ်တမ်းတွေအရသိရပါတယ်။ အကျိုးရလဒ်ကတော့ ပင်လယ်သမုဒ္ဒရာရေ ပြင်အမြင့် (ဝ.၂)လက်မလောက်ပိုမိုမြင့်မားလာခဲ့ပြီး (၂၀၁၉)ခုနှစ်အတွင်း ဂရင်းလန်းရဲ့ရေခဲ ထုဆုံးရှုံးမှုဟာ (၂၀၀၂)ခုနှစ်ကနေ (၂၀၁၈)အထိနှစ်စဉ်ရေခဲတန်ချိန်ဆုံးရှုံးမှုစုစုပေါင်းရဲ့ (၂) ဆအထက်ကို စံချိန်တင်များပြားလို့လာခဲ့တာဖြစ်ပါတယ်။

Grace-FQ လို့သိကြတဲ့အမေရိကန်-ဂျာမန်အာကာသပူးပေါင်းရေးအဖွဲ့ရဲ့ ကမ္ဘာပတ်ဝန်း ကျင်နဲ့ကွဲပြားခြားနားမှုလေ့လာရေးဂြိုလ်တုတွေ ရဲ့ကျေးဇူးနဲ့ ဂရင်းလန်းရဲ့ရေခဲထုတန်ချိန်များစွာ ဆုံးရှုံးနေခဲ့ရမှုကိုသိရှိခဲ့ရတာဖြစ်တယ်လို့ BBC သတင်းအရသိရှိရပါတယ်။ ယင်းဂြိုလ်တုတွေဟာ ရေခဲများ(သို့) ကမ္ဘာမြေသားစိုင်ပြောင်း လဲမှုကြောင့်ဖြစ်ပေါ်သွားနိုင်ချေရှိတဲ့ ကမ္ဘာမြေထုစွဲအားစက်ကွင်းရဲ့အနည်းငယ်သောအပြောင်းအလဲတွေကိုဖော်ထုတ်ရာမှာအလွန်ကိုအရေးပါကြတဲ့နည်းပညာဆိုင်ရာဂြိုလ်တု တွေဖြစ်ကြပါတယ်။ Washington Post ရဲ့အဆိုအရလည်း ယင်းဂြိုလ်တုတွေဟာ ကမ္ဘာ ပေါ်ကမြေအောက်ရေသိုလှောင်မှုနေရာတွေကိုရှာဖွေရာမှာလည်းအလွန်ကိုအသုံးဝင်တယ် လို့ဆိုပါတယ်။

NASA ရဲ့ Jet Propulsion Laboratory ရဲ့ Amundsen ပင်လယ်နဲ့ Antarctic ကျွန်းဆွယ် တစ်လျှောက်လေ့လာမှုတွေအရ Antarctica ကျွန်းဆွယ်ဒေသရဲ့ရေခဲထုထည်တွေဟာလည်း နှစ်စဉ်ဆုံးရှုံးမှု ရှိနေပြီး ကမ္ဘာကြီးပူနွေးလာမှုရဲ့အကျိုးဆက်တွေကို တကမ္ဘာလုံးခံစားရဖွယ်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Jet Propulsion Laboratory ရဲ့အကြီးတန်းသိပ္ပံပညာရှင်လည်းဖြစ်၊ ကယ်လီယိုဖိုးနီးယားတက္ကသိုလ်ရဲ့ပါမောက္ခတစ်ယောက်လည်းဖြစ်တဲ့ Isabella Velicohna ကတော့ ကျန်ခဲ့တဲ့နှစ်နွေရာသီကာလအတွင်း ဂရင်းလန်းကျွန်းရဲ့ရေခဲပြင်ထုတွေစံချိန်တင် အရည်ပျော်ခဲ့တာကျမတို့သိခဲ့ရပါတယ်။ အထူးသဖြင့်ရေခဲလွှာချပ်တွေအားလုံးရဲ့ ထောင့်တိုင်းလိုလိုဟာ စတင်အရည်ပျော်နေခဲ့တာပါ။ ကိန်းဂဏန်းနဲ့တွတ်မယ်ဆိုရင်တော့ အလွန်များလွန်းတဲ့ ရေခဲထုပမာဏဖြစ်ပါမယ်လို့ သူရဲ့လေ့လာမှုမှတ်တမ်းမှာဖော်ပြထားတာ ကိုတွေ့ရပါတယ်။

ယင်းလေ့လာမှုကို Geophysical Reserch Letters ဂျာနယ်မှာလည်း ဂရင်းလန်းရဲ့ရေခဲထုဆုံးရှုံးမှုတွေဟာ (၂၀၀၂)ခုနှစ်ကာလကတည်းက စတင်ဖြစ်ပေါ်နေကြကြောင်း (၂၀၁၇)ခုနှစ်ကလွှတ်တင်ခဲ့တဲ့ Gravity Recovery and Climate Experiment (Grace) ဂြိုလ်တုနဲ့ (၂၀၁၈)ခုနှစ်က Grace-Fo ဂြိုလ်တုတွေ (ယနေ့အထိအသုံးပြုနေဆဲ) ကလာတဲ့အချက်အလက် တွေအရစတင်သိခွင့်ရတာလို့ Washington Post ကဖော်ပြ ချက်တွေအရသိရတာလည်းဖြစ်ပါတယ်။

ဖော်ပြချက်တွေမှာတော့ (၂၀၀၂)ခုနှစ်ကနေ (၂၀၁၉)ကာလအတွင်း ဂရင်းလန်းဟာရေခဲထုတန်ချိန် (၄၅၅၀)ဘီလျံအထိဆုံးရှုံးခဲ့ တယ်လို့သိရပြီး ပျမ်းမျှအားဖြင့် နှစ်စဉ် ရေခဲတန်ချိန် (၂၆၁) ဘီလျံ လောက်ကိုဆုံးရှုံးနေခဲ့တာလို့သိရပါတယ်။ ဂရင်းလန်းရဲ့ရေခဲတန်ချိန်အဆုံးရှုံးရဆုံးသောနှစ်တွေကတော့ (၂၀၀၂)နဲ့ (၂၀၁၉) နွေရာသီ ကာလတွေုဖြစ်တယ်လို့လည်းသိရပါတယ်။

Velicogna ကပဲ ဝါရှင်တန်ပိုစ်သတင်းနဲ့တွေ့ဆုံချိန်မှာ (၂၀၁၉)ခုနှစ်နွေရာသီကာလရဲ့ ရေခဲတန်ဆုံးရှုံးမှုတွေဟာ စံချိန်တင်လောက်ပါရဲ့ရှင်။ အထူးသဖြင့် ဂရင်းလန်းကျွန်းရဲ့ မြောက်ဘက်နဲ့အရှေ့မြောက်ဘက်ပိုင်းမှာတည်ရှိနေတဲ့ တခါမှအရည်မပျော်တဲ့ရေခဲမြစ် တွေအထိကိုအရည်ပျော်နေကြတာပါ။ ရေခဲပြင်လွှာကြီးတွေရဲ့အောက်ခြေထောင့်တွေ အားလုံးနီးပါးလည်း အရည်ပျော်နေတာလို့ သူမကဆိုခဲ့ပါတယ်။

ဂရင်းလန်းရဲ့အနောက်ဘက်စွန်ဆုံးမှာရှိပြီး သမုဒ္ဒရာအောက်ကြမ်းပြင်ကိုရောက်ရှိသွားပြီ ဆိုတဲ့ Jakobshavn ရေခဲမြစ်အနီးမှာရှိတဲ့ ကမ်းရိုးတန်းဒေသက llulissat မြို့မှာဆိုရင် ပျှမ်း မျှအပူချိန်က (20s) Celsius အထိရှိနေပါတယ်။ ယင်းအပူချိန်ဟာအေးခဲနေတဲ့ အခြေအနေကိုရောက်တဲ့ ရေခဲပြင်တွေရဲ့ အတွင်းပိုင်းအလွှာကို အရည်ပျော်ခဲ့တဲ့အထိဖြစ် နိုင်ပါတယ်။ ယင်းအပိုင်းကရေခဲလွှာအောက်ခြေတွေစတင်အရည်ပျော်ရာကနေ ရေခဲထု တန်ချီဆုံးရှုံးတဲ့ဖြစ်စဉ်တွေဟာ တစ်ကြိမ်တစ်ခါမှ အရည်ပျော်ခြင်းမရှိတဲ့ ဂရင်းလန်းရဲ့ မြောက် ဘက်နဲ့ အရှေမြောက်ဘက်ပိုင်းက ရေခဲမြစ်တွေအထိအရည်ပျော်ခဲ့ ရာမှာတော့ အရည်ပျော်ကျသွားတဲ့ဂရင်းလန်းရဲ့ ရေခဲတန်ချိန်ဟာ အဆမတန်ကိုများသွား ခဲ့တာလို့ Velicogna ရဲ့အဆိုအရသိရပါတယ်။

အမေရိကန်ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်က ရေခဲပြင်ဒိုင်းနမစ်ဆိုင်ရာကျွမ်းကျင် သူ Robin Bell ကတော့ ဂြိုလ်တုကနေသိရှိခဲ့ရတဲ့ အချက်အလက်တွေဟာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကိုလေလာနေတဲ့ပညာရှင်တွေအတွက် အဖိုးတန်သတင်းတွေကိုပေးပါတယ်။ ကျမတို့သိရတာကတော့ ဂရင်းလန်း ကနှစ် စဉ်ရေခဲတန်ချိန်များစွာတည်နေရာပြောင်းလဲနေတာကိုပါ။

ဒီကျွန်းမှာဆောင်းရာသီနှင်းတွေ အလွန်ကျပြီးနွေရာသီရောက်ချိန်မှာ ရေခဲပြင်တွေအရည်ပျော်တာပင်လယ်သမုဒ္ဒရာရေပြင် ကိုမြင့်တက်စေပါတယ်။ ဒါဟာကမ္ဘာကြီးအတွက်မကောင်းပါဘူး ။အခြေအနေတွေဟာ ဆက်တိုက်လိုဖြစ်လာနေရင်တော့ ပင်လယ်သမုဒ္ဒရာတွင်း က နိုင်ငံတွေပျောက်ကွယ်သွားနိုင်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှု ရဲ့ အခြေခံအကြောင်းတရားဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေကို အရင်ကထက်အာရုံစိုက်ဖို့လိုနေပြီလို့ဆိုခဲ့ပါတယ်။

Ref:
EcoWatch – Greenland Lost 600 Billion Tons of Ice Last Summer, Raising Sea Levels, NASA Study Finds

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

Next Post
ကျန်းမာရေးဝန်ထမ်းတွေရဲ့ နားတွေ မနာကျင်စေဖို့ အကူကိရိယာဖန်တီးပေးခဲ့တဲ့ ဉာဏ်ကြီးရှင်လေး

ကျန်းမာရေးဝန်ထမ်းတွေရဲ့ နားတွေ မနာကျင်စေဖို့ အကူကိရိယာဖန်တီးပေးခဲ့တဲ့ ဉာဏ်ကြီးရှင်လေး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!