ကတ္တရာလမ်းခင်းနည်းသစ် ကို တီထွင်ပေးခဲ့သူ - Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Sunday, January 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကတ္တရာလမ်းခင်းနည်းသစ် ကို တီထွင်ပေးခဲ့သူ

by Thutamm
August 14, 2020
1 min read
0
ကတ္တရာလမ်းခင်းနည်းသစ် ကို တီထွင်ပေးခဲ့သူ
Share on FacebookShare on Twitter

ကတ္တရာလမ်းခင်းနည်းသစ် တီထွင်ခဲ့သူမှာ စကော့တလန်လူမျိုး မြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်သူ ဂျွန်၊ လူဒွန် မက္ကဒမ်ဖြစ်သည်။ ဂျွန်၊ လူဒွန် မက္ကဒမ်အား စကော့တလန်၊ အဲယားမြို့၌ ၁၇၅၆-ခုနှစ်၊ စက်တင်ဘာလ ၂၁-ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း ၁၀ ယောက်အနက် အငယ်ဆုံးဖြစ်သည်။

သူ့အသက် ၁၄-နှစ်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ သူ၏ ဦးရီးတော်သူ ကုန်သည်ကြီးထံ သွားရောက်၍ အလုပ်များ ကူညီလုပ်ကိုင်သည်။ သူသည် နယူးယောက်မြို့တွင် ၁၃-နှစ်ခန့် နေထိုင်ခဲ့သည်။ ထိုသို့ နေထိုင်စဉ်အတွင်း ငွေကြေးအတော်အတန် စုဆောင်းမိသည်။ ထို့နောက် သူသည် စကော့တလန်ပြည်သို့ ပြန်လာကာ အဲယားမြို့တွင် မြေကွက်များဝယ်၍ အခြေချနေထိုင်သည်။

မက္ကဒမ်သည် ၁၇၈၃ခုနှစ်တွင် အဲယားမြို့တွင် တရားသူကြီးနှင့် လမ်းဖောက်ရေးဆိုင်ရာ တာဝန်ခံအဖွဲ့ဝင်တဦး ဖြစ်လာသည်။ ထိုစဉ်က ဗြိတိန်နိုင်ငံတနိုင်ငံလုံး၏ လမ်းများမှာ အလွန်ညံ့ဖျင်းနေသည်ကို တွေ့ရှိပြီး ထိုလမ်းများကို ပြုပြင်ရန် စိတ်ကူးခဲ့သည်။ လမ်းများပြင်ရန်အတွက် ကောင်းမွန်သော အကြံဉာဏ်များကို သက်ဆိုင်ရာ တာဝန်ခံတို့နှင့် ညှိနှိုင်းတိုင်ပင်သောအခါ မည်သူမျှ သဘောမပေါက်ကြချေ။

ထို့ကြောင့် မက္ကဒမ်သည် လမ်းတလမ်းကို ရွေးချယ်ကာ သူ့စိတ်ကူး၊ သူ့စရိတ်ဖြင့် စမ်းသပ်ပြင်ဆင်ကြည့်သည်။ အောင်မြင်သည်။ သူသည် လမ်းကိုကျောက်ခဲများခင်း၍ မျက်နှာပြင်ချောမွတ်အောင် လုပ်သည်။ လမ်းပေါ်၌ ရေမတင်စေရန်နှင့် လမ်းဘေးရေမြောင်းများ ဖောက်လုပ်ခြင်းတို့ကို ပြုလုပ်သည်။ ယင်းကဲ့သို့ ပြုလုပ်သဖြင့် သွားလာမှု အထူးကောင်းမွန်သည်။

ဤကဲ့သို့ တီထွင်လိုက်ရာ များမကြာမီ တိုင်းပြည်က သူ့ကို အသိအမှတ်ပြုလာလေသည်။ ၁၈၁၅-ခုနှစ် သူ့အသက် ၅၉-နှစ်တွင် ဗရစ္စတိုလမ်းများအတွက် သူ့ကို မြေတိုင်းမင်းကြီးအဖြစ် ခန့်ထားခြင်းခံရသည်။ သူသည် လမ်းပြုပြင်ရေးကို စိတ်ကူးနှင့်သာမက နိုင်ငံတကာသို့ ကိုယ်တိုင်လှည့်လည် သွားရောက်ကာ လေ့လာဆည်းပူးခဲ့သည်။ ထိုအတွေ့အကြုံများက သူ၏ လမ်းပြုပြင်ရေးလုပ်ငန်းကို အထူးအောင်မြင်စေခဲ့သည်။ သွားလာမှု လုံခြုံချောမွေ့အောင် ဆောင်ရွက်ခဲ့သူဖြစ်ခြင်းကြောင့် စာဆိုတော်တွမ်မိုးက-ချောမွတ်သော မက္ကဒမ်-ဟု မှည့်ခေါ်ဖူးလေသည်။


မက္ကဒမ်သည် လမ်းပြုပြင်ရေးနှင့်ဆိုင်သော စာအုပ်စာတမ်းများကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ သူ့အသက် ၇၁-နှစ်တွင် နေပြည်တော်လမ်းပန်းဆိုင်ရာ မင်းကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့အပြင် တီထွင်သူ၏ အမည်စွဲဖြင့် လိပ်ကျောက်ကုန်းကတ္တရာလမ်းခင်းခြင်းကို မက္ကဒမိုက်ဇင်း-(Macadamizing) ဟု ခေါ်ဆိုခဲ့သည်။ ၁၈၁၈-ခုနှစ်တွင် ဗြိတိန်အောက်လွှတ်တော်က သူ့အား ပေါင်တစ်သောင်း ဂုဏ်ပြုဆုပေးခဲ့သည်။

မက္ကဒမ် တီထွင်ခဲ့သော လမ်းခင်းနည်းစနစ်သည် အချိန်တိုအတွင်း တကမ္ဘာလုံးကို ပျံနှံ့သွားခဲ့သည်။ မြောက်အမေရိကတွင် မက္ကဒမ်နည်းလမ်းကို အသုံးပြုကာ ခင်းခဲ့သော ပထမဆုံးလမ်းမှာ အမေရိကန်ရှိ National လမ်းမကြီးဖြစ်သည်။ ၁၉ရာစုအတွင်း ဥရောပရှိလမ်းမကြီးများသည်လည်း မက္ကဒမ်နည်းလမ်းကိုသာ အသုံးပြုခဲ့ကြသည်။

မက္ကဒမ်သည် ၁၈၃၆-ခုနှစ် နိုဝင်ဘာ၂၆-ရက်နေ့တွင် ဒမ်ဖရီးရှိုင်းနယ်၊ မော့ဖတ်မြို့၌ ကွယ်လွန်သည်။ စကော့တလန်သို့ နွေရာသီခရီးထွက်ပြီး သူ၏နေအိမ်ရှိရာ မော့ဖတ်မြို့သို့ ပြန်လာချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် သူ့အသက် ၈၀-နှစ် ရှိပြီဖြစ်သည်။

Myanmar Wikipedia
Eng Wikipedia

——- —– ———-

(Zawgyi)

 ကတၱရာလမ္းခင္းနည္းသစ္ ကို တီထြင္ေပးခဲ့သူ

ကတၱရာလမ္းခင္းနည္းသစ္ တီထြင္ခဲ့သူမွာ စေကာ့တလန္လူမ်ဳိး ၿမဳိ႕ျပအင္ဂ်င္နီယာတစ္ဦးျဖစ္သူ ဂြၽန္၊ လူဒြန္ မကၠဒမ္ျဖစ္သည္။ ဂြၽန္၊ လူဒြန္ မကၠဒမ္အား စေကာ့တလန္၊ အဲယားၿမိဳ႕၌ ၁၇၅၆-ခုႏွစ္၊ စက္တင္ဘာလ ၂၁-ရက္ေန႔တြင္ ေမြးဖြားသည္။ ေမြးခ်င္း ၁၀ ေယာက္အနက္ အငယ္ဆုံးျဖစ္သည္။

သူ႔အသက္ ၁၄-ႏွစ္တြင္ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕ရွိ သူ၏ ဦးရီးေတာ္သူ ကုန္သည္ႀကီးထံ သြားေရာက္၍ အလုပ္မ်ား ကူညီလုပ္ကိုင္သည္။ သူသည္ နယူးေယာက္ၿမိဳ႕တြင္ ၁၃-ႏွစ္ခန႔္ ေနထိုင္ခဲ့သည္။ ထိုသို႔ ေနထိုင္စဥ္အတြင္း ေငြေၾကးအေတာ္အတန္ စုေဆာင္းမိသည္။ ထို႔ေနာက္ သူသည္ စေကာ့တလန္ျပည္သို႔ ျပန္လာကာ အဲယားၿမိဳ႕တြင္ ေျမကြက္မ်ားဝယ္၍ အေျခခ်ေနထိုင္သည္။

မကၠဒမ္သည္ ၁၇၈၃ခုႏွစ္တြင္ အဲယားၿမိဳ႕တြင္ တရားသူႀကီးႏွင့္ လမ္းေဖာက္ေရးဆိုင္ရာ တာဝန္ခံအဖြဲ႕ဝင္တဦး ျဖစ္လာသည္။ ထိုစဥ္က ၿဗိတိန္ႏိုင္ငံတႏိုင္ငံလုံး၏ လမ္းမ်ားမွာ အလြန္ညံ့ဖ်င္းေနသည္ကို ေတြ႕ရွိၿပီး ထိုလမ္းမ်ားကို ျပဳျပင္ရန္ စိတ္ကူးခဲ့သည္။ လမ္းမ်ားျပင္ရန္အတြက္ ေကာင္းမြန္ေသာ အႀကံဉာဏ္မ်ားကို သက္ဆိုင္ရာ တာဝန္ခံတို႔ႏွင့္ ညႇိႏႈိင္းတိုင္ပင္ေသာအခါ မည္သူမွ် သေဘာမေပါက္ၾကေခ်။

ထို႔ေၾကာင့္ မကၠဒမ္သည္ လမ္းတလမ္းကို ေ႐ြးခ်ယ္ကာ သူ႔စိတ္ကူး၊ သူ႔စရိတ္ျဖင့္ စမ္းသပ္ျပင္ဆင္ၾကည့္သည္။ ေအာင္ျမင္သည္။ သူသည္ လမ္းကိုေက်ာက္ခဲမ်ားခင္း၍ မ်က္ႏွာျပင္ေခ်ာမြတ္ေအာင္ လုပ္သည္။ လမ္းေပၚ၌ ေရမတင္ေစရန္ႏွင့္ လမ္းေဘးေရေျမာင္းမ်ား ေဖာက္လုပ္ျခင္းတို႔ကို ျပဳလုပ္သည္။ ယင္းကဲ့သို႔ ျပဳလုပ္သျဖင့္ သြားလာမႈ အထူးေကာင္းမြန္သည္။

ဤကဲ့သို႔ တီထြင္လိုက္ရာ မ်ားမၾကာမီ တိုင္းျပည္က သူ႔ကို အသိအမွတ္ျပဳလာေလသည္။ ၁၈၁၅-ခုႏွစ္ သူ႔အသက္ ၅၉-ႏွစ္တြင္ ဗရစၥတိုလမ္းမ်ားအတြက္ သူ႔ကို ေျမတိုင္းမင္းႀကီးအျဖစ္ ခန႔္ထားျခင္းခံရသည္။ သူသည္ လမ္းျပဳျပင္ေရးကို စိတ္ကူးႏွင့္သာမက ႏိုင္ငံတကာသို႔ ကိုယ္တိုင္လွည့္လည္ သြားေရာက္ကာ ေလ့လာဆည္းပူးခဲ့သည္။ ထိုအေတြ႕အႀကဳံမ်ားက သူ၏ လမ္းျပဳျပင္ေရးလုပ္ငန္းကို အထူးေအာင္ျမင္ေစခဲ့သည္။ သြားလာမႈ လုံၿခဳံေခ်ာေမြ႕ေအာင္ ေဆာင္႐ြက္ခဲ့သူျဖစ္ျခင္းေၾကာင့္ စာဆိုေတာ္တြမ္မိုးက-ေခ်ာမြတ္ေသာ မကၠဒမ္-ဟု မွည့္ေခၚဖူးေလသည္။

မကၠဒမ္သည္ လမ္းျပဳျပင္ေရးႏွင့္ဆိုင္ေသာ စာအုပ္စာတမ္းမ်ားကိုလည္း ေရးသားထုတ္ေဝခဲ့သည္။ သူ႔အသက္ ၇၁-ႏွစ္တြင္ ေနျပည္ေတာ္လမ္းပန္းဆိုင္ရာ မင္းႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ျခင္းခံရသည္။ ထို႔အျပင္ တီထြင္သူ၏ အမည္စြဲျဖင့္ လိပ္ေက်ာက္ကုန္းကတၱရာလမ္းခင္းျခင္းကို မကၠဒမိုက္ဇင္း-(Macadamizing) ဟု ေခၚဆိုခဲ့သည္။ ၁၈၁၈-ခုႏွစ္တြင္ ၿဗိတိန္ေအာက္လႊတ္ေတာ္က သူ႔အား ေပါင္တစ္ေသာင္း ဂုဏ္ျပဳဆုေပးခဲ့သည္။

မကၠဒမ္ တီထြင္ခဲ့ေသာ လမ္းခင္းနည္းစနစ္သည္ အခ်ိန္တုိအတြင္း တကမာၻလုံးကို ပ်ံႏွံ႔သြားခဲ့သည္။ ေျမာက္အေမရိကတြင္ မကၠဒမ္နည္းလမ္းကို အသုံးျပဳကာ ခင္းခဲ့ေသာ ပထမဆုံးလမ္းမွာ အေမရိကန္ရွိ National လမ္းမႀကီးျဖစ္သည္။ ၁၉ရာစုအတြင္း ဥေရာပရွိလမ္းမႀကီးမ်ားသည္လည္း မကၠဒမ္နည္းလမ္းကိုသာ အသုံးျပဳခဲ့ၾကသည္။

မကၠဒမ္သည္ ၁၈၃၆-ခုႏွစ္ ႏိုဝင္ဘာ၂၆-ရက္ေန႔တြင္ ဒမ္ဖရီးရႈိင္းနယ္၊ ေမာ့ဖတ္ၿမိဳ႕၌ ကြယ္လြန္သည္။ စေကာ့တလန္သုိ႔ ေႏြရာသီခရီးထြက္ၿပီး သူ၏ေနအိမ္ရွိရာ ေမာ့ဖတ္ၿမဳိ႕သုိ႔ ျပန္လာခ်ိန္တြင္ ကြယ္လြန္ခဲ့ျခင္းျဖစ္သည္။ ကြယ္လြန္ခ်ိန္တြင္ သူ႔အသက္ ၈၀-ႏွစ္ ရွိၿပီျဖစ္သည္။

Myanmar Wikipedia
Eng Wikipedia

Tags: inventionsworld people
Next Post
ဒုတိယကမ္ဘာစစ်ရဲ့အကြီးဆုံး နဲ့ စွမ်းအားအမြင့်ဆုံး စစ်သင်္ဘောကြီး ရာမာတို

ဒုတိယကမ္ဘာစစ်ရဲ့အကြီးဆုံး နဲ့ စွမ်းအားအမြင့်ဆုံး စစ်သင်္ဘောကြီး ရာမာတို

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!