Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မန္တလေးမှာ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ခဲ့ဖူးတဲ့ အမေရိကန်သမ္မတကြီး

by Thutamm
December 14, 2019
Reading Time: 1min read
0
မန္တလေးမှာ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ခဲ့ဖူးတဲ့ အမေရိကန်သမ္မတကြီး
Share on FacebookShare on Twitter

ဦးမြင့်ဝေ (ကြို့ပင်ကောက်)၏ ဆောင်းပါးကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်။

မြန်မာပြည်တွင် ထင်ရှားကျော်ကြားပြီး အမေရိကန်ပြည်ထောင်စုတွင် သမ္မတကြီး ဖြစ်လာသူမှာ အမေရိကန်ပြည်ထောင်စု၏ (၃၁)ယောက်မြောက် သမ္မတကြီး Herbert C. Hoover ဖြစ်ပါသည်။

သမ္မတကြီး Herbert C. Hoover အား အိုင်အိုဝါပြည်နယ်၊ ဝတ်စ်ဘရန့်ခ်ျမြို့တွင် ၁၈၇၄ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က မွေးဖွားခဲ့သည်။ အစ်ကိုကြီးတစ်ယောက်နှင့် ညီမငယ်တစ်ယောက် ရှိသည်။ ငယ်စဉ်ကပင် မိဘများ ကွယ်လွန်သွားသောကြောင့် ဆွေမျိုးများနှင့် ကြီးပြင်းခဲ့ရသူ ဖြစ်သည်။

ဆန်ဖရန်စစ္စကို (San Francisco)မြို့ တောင်ဘက်မိုင် ၃၀ ခန့်အကွာရှိ Standford University စတင် ဖွင့်လှစ်စဉ် ပထမဆုံး ကျောင်းသားအဖြစ် တက်ရောက်ခဲ့သည်။ ဘူမိဗေဒနှင့် အင်ဂျင်နီယာဘာသာရပ်ဖြင့် ၁၈၉၅ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ သူနှင့် Standford University ကျောင်းနေဘက် Lau Hemy နှင့် ၁၈၉၉ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ထိုနောက် အမေရိကန် ဘူမိဗေဒအသင်းတွင် ခဏဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဩစတျေးလျ၊အာရှနှင့် ဥရောပတိုက်များတွင် လှည့်လည်ပြီး မိုင်းတွင်းအင်ဂျင်နီယာအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။ ထိုသို့ တာဝန်ထမ်းဆောင်ရင်း တရုတ်ရာဇဝင်တွင် ဖော်ပြထားသော ယနေ့ မြန်မာနိုင်ငံ နမ္မတူမြို့အနီးရှိ ဘော်တွင်း (ငွေတွင်း) အကြောင်းကို သိရှိလာခဲ့သည်ဟု ဆိုပါသည်။

၁၉၀၈ ခုနှစ်တွင် အင်္ဂလိပ်တို့ အုပ်ချုပ်ထားသော မြန်မာနိုင်ငံ ရန်ကုန်မှတစ်ဆင့် မန္တလေးသို့လည်းကောင်း၊ မန္တလေးမှ နမ္မတူမြို့သို့လည်းကောင်း မြင်းများဖြင့် သွားရောက်ခဲ့သည်။ မန္တလေးတွင် ရုံးဖွင့်ခဲ့သည်။ ဘော်တွင်းတွင် ရှေးယခင်က တရုတ်တို့ စွန့်ပစ်ထားခဲ့သော ဘော်တွင်းဟောင်းများကို မြင်တွေ့ခဲ့ရသည် ဆိုသည်။

တရုတ်တို့သည် အဆိုပါ ဘော်တွင်းများအား စွန့်ပစ်သွားရခြင်း အကြောင်းမှာ ပန်းသေး တရုတ်တို့ ဆူပူပုန်ကန်ခြင်း၊ တရုတ်တို့၏ သတ္တုတူးဖော်ရေးနှင့် သန့်စင်မှုနည်းပညာ ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ သို့ရာတွင် Standford University ဖြင့် ကျောင်းဆင်းလာသော Herbert C. Hoover အတွက်မှာကား စီးပွားဖြစ် လုပ်ကိုင် ဆောင်ရွက်ရန်အတွက် အခွင့်ကောင်း၊ အခြေအနေကောင်းများပင် ဖြစ်သည်။

သူပထမဆုံး ရင်ဆိုင်ရသော ပြဿနာမှာ သတ္တုတွင်းဟောင်းများထဲတွင် သားပေါက်နေသော ကျားမိသားစုများကို ရှင်းလင်းရေး ဖြစ်သည်။ သူသည် သတ္တုတွင်းဟောင်း အဦး သစ်ပင်ပေါ်တွင် လင့်စင်ထိုးပြီး ရက်အနည်းငယ်ကြာ စောင့်နေခဲ့ရသည်။ တစ်နေ့ ကျားထွက်လာသောအခါ ရိုင်ဖယ်သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး သတ္တုတွင်းဟောင်းများအား ခေတ်မီစေရန် စနစ်တကျ ပြုပြင်ခဲ့ရာ အရှုံးပေါ်နေသော လုပ်ငန်းမှသည် ကမ္ဘာ့အကြီးဆုံး ငွေတွင်းကြီး ဖြစ်လာခဲ့သည်။ Hoover သည်လည်း သန်းကြွယ်သူဌေး ဖြစ်လာခဲ့သည်။ မြန်မာပြည်တွင်းသာမက ကမ္ဘာကျော်ကြားသူတစ်ဦး ဖြစ်လာသည်။ မန္တလေးတွင် နေထိုင်စဉ် Herbert C. Hoover အား ဒေသနေ မြန်မာများက “ဦးကျော်ကြီး” ဟု ခေါ်ခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံတွင် မိုင်းတွင်းအင်ဂျင်နီယာချုပ်အဖြစ် ရောက်ရှိစဉ်ကလည်း လက်သီးသူပုန်ထမှုကြီးဖြင့်လည်း ဆုံတွေ့ရဖူးသည်။ ထိုအရေးအခင်းတွင် ဒုက္ခသည်များအတွက် ရိက္ခာနှင့်ဆေးဝါးအသုံးအဆောင်များကို သယ်ယူရေးတွင်ပါဝင်ကူညီပေးခဲ့ဖူးသည်။

ထိုသို့ဖြင့် ထူးချွန်သည့် အင်ဂျင်နီယာအဖြစ်သာမက တက်ကြွသော လူသားချင်းစာနာသော လူမှုဝန်ထမ်းတစ်ဦးအဖြစ် လူသိများလာပြီးနောက် အမေရိကန်ကယ်ဆယ်ရေးကော်မတီ၏ လန်ဒန်အကြီးအကဲအဖြစ် (၁၉၁၄-၁၉၁၅)အတွင်းလည်းကောင်း၊ ဘယ်လ်ဂျီယမ်ရှိ အမေရိကန်ကယ်ဆယ်ရေးကော်မရှင်၏ အကြီးအကဲ (၁၉၁၅-၁၉၁၉)အဖြစ်လည်းကောင်း၊ အမေရိကန်စားနပ်ရိက္ခာအဖွဲ့အုပ်ချုပ်ရေးမှူး(၁၉၁၇-၁၉၁၉)အဖြစ်လည်းကောင်း၊ အမေရိကန်ကယ်ဆယ်ရေးဌာန အုပ်ချုပ်ရေးမှူး(၁၉၁၈-၁၉၂၃)အဖြစ်လည်းကောင်း တာဝန်များပေးအပ် ခြင်းခံရသည်။

Herbert C. Hoover သည် နေရာမျိုးစုံ၊ ဘဝမျိုးစုံ ကြုံတွေ့ခဲ့ရပြီး Standford University မှ သင်ယူခဲ့သော ပညာ၊ မြန်မာပြည်တွင် ရှာဖွေခဲ့သော ဥစ္စာနှင့် လုပ်ငန်း အသီးသီးမှ ရခဲ့သော အတွေ့အကြုံတို့ကို အခြေခံပြီး နိုင်ငံရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်ခဲ့ရာ ၁၉၂၉-၁၉၃၃ တွင် အမေရိကန်ပြည်ထောင်စု၏ ၃၁ ယောက်မြောက် သမ္မတ ဖြစ်လာခဲ့သည်။

သမ္မတကြီး Hoover အုပ်ချုပ်စဉ် အမေရိကန်ပြည်ထောင်စုသည် ကြီးစွာသော အခက်အခဲ ကြုံခဲ့ရသည်။ ယင်းအခက်အခဲမှ လွန်မြောက်ရန် Hoover သည် စီမံကိန်းများစွာ ချမှတ်လုပ်ဆောင်ခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ရေကာတာကြီးလည်း ပါဝင်ခဲ့သည်။ အဆိုပါ ရေကာတာကြီးလည်း ပါဝင်ခဲ့သည်။ အဆိုပါ ရေကာတာကြီးကို သမ္မတကြီး Hoover အား ဂုဏ်ပြုသောအားဖြင့် Hoover Dam ဟု ယနေ့တိုင် ခေါ်ဆိုနေကြဆဲဖြစ်သည်။

နေစကြာဝဠာထဲရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှား (Asteroid) တစ်ခုကိုလည်း သမ္မတကြီးအား ဂုဏ်ပြုသောအားဖြင့် Hoover အမည်ကို ပေးခဲ့သည်။ သမ္မတကြီး Hoover သည် စီးပွားရေး အခက်အခဲမှ လွတ်မြောက်စေရန်နှင့် အစားအစာ မပြတ်လပ်စေရန် အစားအစာများကို သိုမှီးထိန်းချုပ် ဖြန့်ချိပေးခဲ့ရသည်။ နောင်အခါတွင် အစားအသောက်များအား ထိန်းချုပ်သိုမှီးသည် ဟူသော စကားကို Hoover လုပ်သည်ဟု ဗန်းစကားအဖြစ် ပြောလာကြသည်။

သမ္မတရာထူးမှ နုတ်ထွက်သည့်နောက်ပိုင်းတွင်လည်း ဟူးဗားအနေဖြင့် နိုင်ငံရေးလောကတွင် တက်ကြွစွာဆက်လက် လှုပ်ရှားခဲ့သည်။ ၁၉၄၆ခုနှစ် သမ်မတထရူးမင်းလက်ထက်တွင်လည်း ဥရောပစားနပ်ရိက္ခာအစီအစဉ်အတွက် ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ၁၉၄၇-၁၉၄၉တွင် တစ်ကြိမ်၊ ၁၉၅၃-၁၉၅၅ခုနှစ်တွင် တစ်ကြိမ် Organization of the Executive Branch ကော်မရှင်၏ ဥက္ကဋ္ဌဖြစ်ခဲ့သေးသည်။ သမ္မတကြီး Hoover သည် တက္ကသိုလ်ပေါင်းများစွာမှ ဂုဏ်ထူးဆောင်ဘွဲ့ပေါင်း ၇၅ ခုကို ရရှိခဲ့ပြီး ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် နယူးယောက်မြို့၌ ကွယ်လွန်ခဲ့သည်။

ဦးမြင့်ဝေ (ကြို့ပင်ကောက်)၏ ဆောင်းပါးကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်။

Tags: world people
Next Post
နော်ဝေနိုင်ငံ အကြောင်း သိကောင်းစရာ

နော်ဝေနိုင်ငံ အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!