Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မကြာခင်နစ်မြုပ်သွားတော့မယ့် ရုရှားနိုင်ငံက မြို့ကြီး

by Thutamm
August 17, 2019
Reading Time: 1min read
0
မကြာခင်နစ်မြုပ်သွားတော့မယ့် ရုရှားနိုင်ငံက မြို့ကြီး
Share on FacebookShare on Twitter

ရုရှားနိုင်ငံ Perm Krai ဒေသအတွင်းက Ural တောင်တန်းဒေသမှာတည်ရှိတဲ့ Berezniki မြို့ဟာ လူဦးရေ ၁သိန်းခွဲခန့် နေထိုင်တဲ့ မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ ၁၈၇၃ ခုနှစ်ခန့်ကတည်းက တည်ဆောက်ခဲ့တဲ့ဒီမြို့ဟာ Kama မြစ်ရဲ့နဖူးပေါ်မှာတည်ရှိနေတဲ့အပြင်ယင်းမြိုရဲ့အောက်ခြေမှာတော့ ဆားထုတ်လုပ်တဲ့ Potash(ဓာတ်ပြာ) ထွက်ရှိတဲ့မှိုင်းတွင်းကြီး တစ်ခုတည်ရှိလို့နေပါတယ်။

အဲဒီ Potash mine တွင်းကြီးကို ရာစုနှစ်တစ်စုနီးပါး ဓာတ်ပြာတူးဖော်ရေးလုပ်ငန်းတွေ ပြုလုပ်ပြီးချိန်မှာတော့၊မှားယွင်းတဲ့တူးဖော်မှုတွေနဲ့ရေတိုက်စားမှုတွေကြောင့် အောက်ခံ မြေသား ပြုန်းတီးသွားခြင်းနဲ့အတူ ကြီးမားတဲ့ တွင်းနက်ကြီးများစွာဟာ မြို့တော်ရဲ့နေရာအနှံ့အပြားမှာဖြစ်ပေါ်လာခဲ့ပြီး မြို့တော်ကြီးကိုတစ်စတစ်စဝါးမြိုပစ်ဖို့ အခြေအနေဖြစ်လာခဲ့ပါတယ်။အဲဒီကြီးမားတဲ့ တွင်းနက်ကြီးများစွာ ကိုတော့ ထုထည်ကြီးမားတဲ့ဆားနံရံကြီးတွေ၊ ဆားတိုင်ကြီးတွေက ထောက်ကန် ပေးထားပါတယ်။

(၂၀၀၆)ခုနှစ်ရောက်ချိန်မှာတော့ မိုးရွာသွန်းမှု၊မြေအောက်ရေအပါအဝင်အခြား အကြောင်းတွေကြောင့် ဒီတွင်းနက်တွေ အတွင်းကို ရေတွေဝင်ရောက်လာခဲ့ပါတယ်။ တွင်းအောက်ကြမ်းပြင်ကနေ ရေချိုတွေဝင်ရောက်လာချိန်မှာတော့ ထောက်ကန် ထားတဲ့ ဆားနံရံတွေ၊ဆားတိုင်ကြီးတွေဟာအရည်ပျော်သွားခဲ့ပြီး အပေါ်မြေသားကို ထိန်းသိမ်းထားနိုင်စွမ်းလျော့ကျလာခဲ့ပါပြန်ပါတယ်။ ဒါကြောင့် Berezniki မြို့ဟာလည်း ရေအောက်ကို တစ်ဖြည်းဖြည်း နစ်မြုပ်လာဖို့ဖြစ်လာပါတယ်။

ယခု Bereznikiမြို့ရဲ့အရေးပါတဲ့ လူနေရပ်ကွက်တွေနဲ့ စီမံကိန်းလုပ်ငန်းအများအပြားဟာ တွင်းနက်ကြီးတွေကတစ်ဆင့် မြေပြင်အောက်ကိုနစ်မြုပ်သွားခဲ့ပြီးဖြစ်ပါတယ်။ မြို့ကြီး တစ်မြို့လုံးကို ဝါးမြိုနေတဲ့တွင်းနက်ကြီးတွေကိုတော့ ဒေသခံတွေက Grandfather လို့ ခေါ်ဆိုကြပြီး တွင်းကြီးတွေရဲ့ အနက်ဟာမီတာ(၂၀၀)ကနေ (၄၀၀)အထိနက်ကြပါတယ်။

ဒါအပြင် ရေနစ်မြုပ်မှုကြောင့် Potash မိုင်းတွင်းတစ်နေရာကနေတစ်နေရာကို ဆက်သွယ်ထားရှိတဲ့ တစ်ခုတည်းသောမီးရထားလမ်းလည်း နစ်မြုပ်သွားခဲ့ရပြီး မြို့ရဲ့ အဓိက ကုန်သွယ်ရေးလုပ်ငန်းတွေကို ထိခိုက်စေခဲ့ပါတယ်။ Bereznikiမြို့ရဲ့မိုင်းတွင်း ကနေ ကမ္ဘာပေါ်မှာရှိတဲ့ Potash ဒြပ်စင်(၁၀)ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်ပေးနေတာဖြစ်ပြီး မြို့သူ/သားအားလုံးရဲ့ ဝင်ငွေဟာလည်း ဒီ Potas ထုတ်ဖော်ရေးလုပ်ငန်းတွေ အပေါ်မှီတည်နေပါတယ်။

ယခုလို မိုင်းတွင်းအားလုံးရေနစ်မြုပ်ပျက်စီးသွားတာကြောင့် ဒေသခံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်ဆိုးဆိုးရွားရွားထိခိုက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ၁၉၈၉ မှာ ဒီမြို့ရဲ့လူဦးရေဟာ ၂၀၁၂၁၃ဦး ရှိခဲ့ရာမှ ၂၀၀၂ခုနှစ်မှာ ၁၇၃၀၇၇ဦး ၊ ၂၀၁၀ခုနှစ်မှာ ၁၅၆၄၆၆ ဦး စသည်ဖြင့်ကျဆင်းခဲ့ပြီး ယခုဆိုရင်တော့ ၁သိန်းခွဲအောက်သာ ကျန်တော့ပါတယ်။

၂၀၁၈ခုနှစ်မှာတော့ ဒီမြို့မှာတွင်းနက်ကြီးစုစုပေါင်း ၁၀ ခုခန့်ရှိလာခဲ့ပါတယ်။ ရုရှားအစိုးရကတော့ Berezniki ရဲ့နစ်မြုပ်နေတဲ့လမ်း၊ အဆောက်အအုံတွေရဲ့ အခြေအနေကို video surveillance system(စောင့်ကြည့် ရေးစနစ်)၊ Seismuc sensors(ငလျင်ဒဏ်တိုင်းတာရေးကိရိယာ)၊နည်းပညာဂြိုလ်တုတွေကနေ အချိန်ပြည့်စောင့်ကြည့်ခြင်း၊ အနီးစပ်ဆုံးပင်လယ်ရေမျက်နှာပြင်ရဲ့ အနေ အထားအပေါ်စောင့်ကြည့်လေ့လာမှုစတာစတဲ့ နောက်ဆုံးနည်းပညာတွေကိုသုံးပြီး စောင့်ကြည့်မှုတွေကိုပြုလုပ်လျက်ရှိပါတယ်။

ဒါအပြင် Bereznikiရဲ့အောက်ခြေတွင်းနက်ကြီးတွေဟာ အခြားဆက်စပ် ဧရိယာတွေ အတွက် ဘေးကင်းမှုရှိမရှိကိုလည်း အထက်ဖော်ပြပါ နောက်ဆုံးပေါ်နည်းပညာတွေက အဖြေထုတ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။

အစိုးရရုံးတာဝန်ရှိသူတွေနဲ့ ပုဂ္ဂိုလိကကုမ္ပဏီအချို့ကတော့ Berezniki မြို့ရဲ့တည်နေရာ ကို မာကျောတဲ့မြေသားသွင်ပြင်ရှိတဲ့ Kamaမြစ်ရဲ့ အခြားတစ်ဖက်ကမ်းကို ရွေ့ပြောင်း လိုပါတယ်။ အစိုးရအင်ဂျင်နီယာနဲ့ဘူမိဗေဒပညာရှင်တွေကလည်း Berezniki မှာဖြစ် ပေါ်နေတဲ့ တွင်းနက်ကြီးတွေရဲ့ဖွဲ့စည်းတည်ဆောက်မှုမျိုးဟာ အခြားနေရာတွေမှာဖြစ် ပေါ်ဖို့မလွယ်ကူကြောင်းနဲ့ Berezniki မှာကဲ့သို့သော တွင်းနက်ကြီးတွေကနေ ရေကြီး၊ ရေလျှံမှုတွေဟာလည်း ရုရှားနိုင်ငံအတွင်းက အခြားသော potash မိုင်းတွင်းတွေမှာ ဖြစ်လာဖို့ မရှိကြောင်းအခိုင်အမာဆိုထားကြပါတယ်။

Berezniki မြို့ရဲ့ နစ်မြုပ်မှုဖြစ်စဉ်အတောအတွင်းမှာတော့ မြို့နေပြည်သူတွေသေဆုံး၊ ပျောက်ဆုံးခြင်းတော့မရှိခဲ့ပါဘူး။ ယနေ့အချိန်ထိ ရေဘေးဒုက္ခသည်(၁၂၀၀၀)လောက် ကိုသာ ဘေးလွတ်ရာနေရာကို ရွေ့ပြောင်းပေးနိုင်ခဲ့ပြီး ကျန်ရှိတဲ့ Berezniki မြို့သူ/ သားအများစုကတော့ သူတို့ရဲ့နေအိမ်ကိုနောက်ဆုံးရေနစ်မြုပ်ချိန်အထိ စောင့်ကြည့်ကြမယ့် အနေအထားမှာရှိနေပါတယ်။

VIDEO

Tags: citiesworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Next Post
ဂလာပါဂိုစ့်ကျွန်းစုက မျက်ရည်များရဲ့နံရံ

ဂလာပါဂိုစ့်ကျွန်းစုက မျက်ရည်များရဲ့နံရံ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!