ပင်လယ်က ဘာကြောင့် ငန်တာလဲ။
ရေအားလုံးမှာ ဆားပါတယ်။ အရသာဟာ သူတို့ပျော်ဝင်ခံရတဲ့ ရေနဲ့ ပမာဏပေါ်မှာ မူတည်တယ်။ ပင်လယ်ထဲမှာ ဆားပါဝင်မှုဟာ အပူချိန်ရယ် သူ့ထဲ စီးဝင်လာတဲ့မြစ်တွေနဲ့ ရေစီးကြောင်းတွေပေါ်မူတည်တယ်။ အပူချိန်မြင့်ရင် ရေငွေ့ပျံပြီး ဆားဓာတ်ဟာ အရမ်းကို ပြင်းလာတယ်။ မြစ်တွေက ကြည်လင်တဲ့ရေကို သယ်လာတယ်။ ဒါကြောင့်စီးဝင်တဲ့ပင်လယ်ထက် ဆား ပိုနည်းတယ်။ ရေစီးကြောင်းတွေက ရေတွေကို ရောနှောစေတယ်။ ဒါကြောင့် ဆား ပမာဏကို ပျော့စေတယ်။
နှင်း ဘာကြောင့်ကျတာလဲ။
တိမ်တွေမှာ ရေငွေ့တွေနဲ့ သေးငယ်တဲ့ ရေခဲမှုန်လေးတွေရှိတယ်။ အရမ်းအေးလာတဲ့အခါမှာ ရေခဲမှုန်လေးတွေနားမှာရှိတဲ့ ရေငွေ့တွေဟာ အေးခဲသွားတယ်။ ရေခဲမှုန်လေးတွေဟာ ပိုပြီး လေးလံသွားတဲ့ အတွက်ကြောင့် အောက်ကိုစပြီး ကျလာတယ်။ သူကျလာတဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ လေက နွေးနေရင် အဲ့ဒီ ရေခဲမှုန်လေးတွေဟာ အရည်ပျော်ပြီး မိုးရေအဖြစ်ကို ပြောင်းလဲသွားတယ်။ လေက အေးနေရင်တော့ သူတို့ဟာ အရည်မပျော်တော့ဘဲ နှင်းအဖြစ်ကျလာတယ်။ အေးတဲ့ဆောင်း ရာသီရှိတဲ့ နိုင်ငံတွေမှာ နှင်းကျ လေ့ရှိတယ်။
အနီရောင် (နေလုံး) နေဝင်ခြင်းဟာ ရာသီဥတုသာယာတဲ့ လက္ခဏာဖြစ်တယ်
မိုးကို သယ်လာတဲ့ တိမ်တွေ၊ ဒါမှမဟုတ် နေကိုကွယ်ထားတဲ့ တိမ်တွေဟာ နေဝင်တဲ့ဘက်က လာတာဖြစ်တယ်။ နေဝင်တဲ့ဘက်မှာ တိမ်တွေမရှိရင် ဝင်တော့မယ့်နေလုံးဟာ တောက်ပတဲ့အနီရောင်ရှိလိမ့်မယ်။ ဒါကြောင့် အနီရောင်တောက်ပတဲ့ နေလုံး နေဝင်ခြင်းကို မင်း မြင်ရင် နောက်တစ်နေ့မှာ ရာသီဥတု သာယာမယ်ဆိုတာ သိနိုင်တယ်။
လိပ်ပြာတွေဟာ သူတို့ရဲ့ဘဝကို ဘယ်လိုစတင်တာလဲ။
လိပ်ပြာတွေဟာ သစ်ရွက်ပေါ်က ဥလေးကနေ ဘဝကိုစတင်တယ်။ ဥထဲကနေ သေးငယ်တဲ့ ခူကောင်လေး ထွက်လာပြီး သူဟာ သစ်ရွက်စားပြီး လျင်မြန်စွာ ကြီးလာတယ်။ခူကောင်ဟာ အခွံမာဖြစ်လာပြီး ပိုးတုံးလုံး ဘဝကို ပြောင်းလဲသွားတယ်။ ရက်အတန်ကြာပြီးတဲ့အခါ ပိုးတုံးလုံးအိမ်ဟာ ပွင့်ထွက်သွားပြီး လိပ်ပြာလေးတွားသွားထွက်လာတယ်။ သူ့ရဲ့ အတောင်တွေ ခြောက်တာနဲ့ သူအဝေးကို ပျံနိုင်ပြီ။
ဇီးကွက်တွေဟာ အမှောင်ထဲမှာ ဘယ်လို အစာရှာနိုင်သလဲ။
ဇီးကွက်တွေဟာ ကြွက်တွေနဲ့ ကြွက်စုတ်တွေရဲ့အသံကို နားထောင်တယ်။ သူတို့ရဲ့ နားနှစ်ဖက်လုံးမှာ အသံတွေအတူတူကျယ်လောင်လာတဲ့ အထိတိုင်အောင် သူ့ရဲ့ဦးခေါင်းလည်နေတယ်။ ဇီးကွက်တွေဟာ အသံလာတဲ့နေရာကို အတိအကျ ရှာဖွေသိရှိနိုင်တယ်။
ပင်ဂွင်းငှက်တွေဟာ သူတို့ရဲ့ဥတွေကို နွေးအောင်ဘယ်လိုထားသလဲ။
ပင်ဂွင်းငှက်တွေဟာ အေးတဲ့ တောင်ဝင်ရိုးစွန်းမှာနေတယ်။ အမတွေက ဆောင်းလလယ်ရောက်ရင် ရေခဲပေါ်မှာ ဥတစ်လုံးစီ အုတယ်။ ပင်ဂွင်းအထီးတွေက သူ့ရဲ့ခြေနဲ့ ပူဖောင်းနေတဲ့ ဗိုက်ကြားမှာ ဥတွေကို နွေးစေဖို့ ၂ လကြာပြီး အကောင်ပေါက်တဲ့အထိတိုင်အောင် ထည့်ပြီး သိပ်ထားတယ်။
မိကျောင်းခေါင်းတို(alligator) နဲ့ မိကျောင်းခေါင်းရှည်(crocodile) တို့ရဲ့ ခြားနားချက်ကို ဘယ်လိုပြောနိုင်မလဲ။
မိကျောင်းခေါင်းရှည်က သူ့ပါးစပ်ကို ပိတ်လိုက်တဲ့အခါအောက်မေးရိုးရဲ့ လေးခုမြောက်သွားက အပေါ်မေးရိုး အပြင်ဘက်ကို ထိုးထွက်နေတယ်။ မိကျောင်းခေါင်းတိုက သူ့ပါးစပ်ပိတ်လိုက်ရင် သွားတွေကို ဖုံးသွားတယ်။
ကြက်တူရွေးတွေ ဘာကြောင့် စကားပြောကြသလဲ။
တောထဲမှာဆိုရင် ကြက်တူရွေးတွေဟာ ဖော်ရွေတဲ့ငှက်တွေဖြစ်ပြီး တစ်ကောင်နဲ့တစ်ကောင် တကျွိကျွိ၊တကြွက်ကြွက်အော်ဟစ်နေကြတယ်။ သူတို့ကို နေရာတစ်ခုမှာ မွေးထားရင် တစ်ခါတစ်ရံ မှာ လူတွေလို စကားပြောနိုင်တယ်။ ဒါပေမယ့် ကြက်တူရွေးဟာ စကားကို တကယ်သိလို့ ပြောတာမဟုတ်ပါဘူး။ သူတို့က လူတွေရဲ့ အသံကို အတုခိုးပြီး လိုက်ပြောခြင်းသာ ဖြစ်ပါတယ်။
ဘာကြောင့် ဒိုင်နိုဆောတွေမှာ ဒီလောက်ရှည်လျားတဲ့ နာမည်တွေ ရှိတာလဲ။
ဒိုင်နိုဆောတွေရဲ့ နာမည်တွေဟာ ရှုပ်ထွေးသယောင်ပဲ။ ဒါပေမယ့် တစ်ခုစီက သူတို့ရဲ့ ပိုင်ရှင်နဲ့ပတ်သက်ပြီး တစ်စုံတစ်ခုကို ဖော်ပြနေတယ်။ နာမည်တွေကို ဂရိနဲ့ လက်တင်အသုံးအနှုန်းတွေနဲ့ ပေးထားတယ်။ ဒိုင်နိုဆောဆိုတဲ့ စာလုံးကိုယ်၌ကိုက အိမ်မြှောင်ဆိုး ဆိုပြီး အဓိပ္ပာယ်ရတယ်။ ကိုရီသိုစောရပ်စ်က သံခမောက်ပါတဲ့ တွားသွားကောင်လို့ အဓိပ္ပာယ်ရတယ်။ အလာမို စောရပ်စ်က အလာမိုက အိမ်မြှောင်ကိုခေါ်တယ်။ ထရိုင်ဆာရာတော့ပ်စ်ကို ချိုသုံးခုနဲ့ မျက်နှာလို့ အဓိပ္ပာယ်ရတယ်။ သိုင်ရန်နိုစောရပ်စ်ကို နိုင်လိုမင်းထက်လုပ်တဲ့ တွားသွားကောင်လို့ ခေါ်တယ်။ ပခိုင်ဆီဖလိုစောရပ်စ်ကတော့ ခေါင်းထူကြီးနဲ့ တွားသွားကောင်လို့ အဓိပ္ပာယ်ရတယ်။
နေသာနေပေမယ့် မိုးဘာကြောင့်ရွာတာလဲ။
တစ်ခါတစ်ရံမှာ နေသာနေတာတောင်မှ ပတ်ဝန်းကျင်မှာ မိုးတိမ်မရှိတာတောင်မှ မိုးရွာတယ်။ ဒါကို နေရောင်ရေပန်း နေပူမိုးရွာလို့ ခေါ်တယ်။ လေပြင်းတွေက အဝေးမှာရှိတဲ့ တိမ်တွေကတစ်ဆင့် မိုးကို သယ်လာတယ်။ တစ်ခါတစ်ရံမှာတော့ နေရောင်ရေပန်းဟာ အလွန်မြင့်တဲ့ တိမ်တွေထဲကနေ ရွာချလာတဲ့ မိုး ဖြစ်တယ်။ မိုးက မြေပြင်ပေါ်မရောက်ခင်မှာပဲ အဲဒီတိမ်တွေက ကွယ်ပျောက်သွားတယ်။
တောင်ထိပ်ဟာ နေရောင်နဲ့ ပိုနီးပေမယ့် ဘာကြောင့် ပိုအေးတာလဲ။
နေရောင်ဟာ ပထမဦးစွာ ကမ္ဘာ့မြေမျက်နှာပြင်ကို ပူနွေးစေတယ်။ ပြီးမှသာ မြေမျက်နှာပြင်နားက လေထုကို နွေးစေတယ်။ နွေးတဲ့လေဟာ ပွပြီး ပိုကြီးမားလာတယ်။ အဲ့ဒီအခါ အေးနေသေးတဲ့ ကောင်းကင်ထက်ကို မြင့်တက်သွားတယ်။ ဒါကြောင့်မို့ အနိမ့်ပိုင်းက ကုန်းမြေက ပူနွေးနေစဉ်မှာတောင် အမြင့်မှာတော့ အေးနေသေးတာ ဖြစ်တယ်။
ရှေးဦးလူသားတွေဟာ ဘာနဲ့တူသလဲ။
ပထမဆုံး လူသားမျိုးနွယ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သန်းလောက်က အရှေ့အာဖရိကမှာ နေခဲ့တာဖြစ်ကောင်းဖြစ်မယ်။ သူတို့ရဲ့ မျက်နှာတွေဟာ လူဝံနဲ့တူပြီး ခန္ဓာကိုယ်မှာ အမွေးတွေနဲ့ ဖုံးအုပ်ထားတယ်။ သူတို့ဟာ တည့်မတ်စွာ လမ်းလျှောက်ကြပြီး တုတ်ချောင်းတွေ၊ ကျောက်တုံးတွေနဲ့ အရိုးတွေကို လက်နက်ကိရိယာအနေနဲ့ အသုံးပြုခဲ့ကြတယ်။
တိရစ္ဆာန်တွေဟာ ကုန်းပေါ်မှာ ဘယ်လို စတင်နေထိုင် ခဲ့ကြသလဲ။
အစောဆုံးသတ္တဝါတွေဟာ ရေထဲမှာ နေထိုင်ခဲ့ကြတယ်။ အဲ့ဒီနောက် အပင်တွေက ကုန်းပေါ်မှာစပြီး ပေါက်ရောက်ခဲ့တယ်။ အပင်တွေဟာ အစာအရင်းအမြစ်ကို ပေးတဲ့အတွက် တချို့တိရစ္ဆာန်တွေက ရေထဲကထွက်လာခဲ့တယ်။ သူတို့ဟာ အသက်ရှူဖို့အတွက် ပါးဟက်တွေအစား အဆုတ်တွေကို ဖွံ့ဖြိုးစေခဲ့တယ်။ သူတို့ရဲ့ ဆူးတောင်တွေဟာ ကုန်းမှာရွေ့လျားတဲ့အခါ ကူညီပေးမယ့် ခြေထောက်တွေအဖြစ် ဖွံ့ဖြိုးလာခဲ့တယ်။
ပထမဆုံး ကုန်းပေါ်ကို ရောက်လာခဲ့တာကတော့ အစ်ချ်သိုင်ယိုစတီးဂါးလို့ ခေါ်တဲ့ ကုန်းနေရေနေ သတ္တဝါတွေပဲ ဖြစ်တယ်။ သူတို့မှာ ငါးလို ခေါင်းနဲ့ အမြီးတွေရှိပေမယ့် သန်မာတဲ့ကျောရိုးတွေနဲ့ တုတ်တဲ့ ခြေထောက်တွေလည်း ပါရှိတယ်။
ပင်လယ်လှိုင်းမူးတာကို ငါတို့ ဘယ်လိုရှောင်မလဲ။
နေမကောင်းဖြစ်ခြင်း၊ မူးဝေခြင်းတွေနဲ့ ချွေးထွက် ခေါင်းကိုက်ခြင်းတွေဟာ လှိုင်းမူးတာရဲ့ လက္ခဏာရပ်တွေပဲ။ အဲ့ဒါဟာ လောင်ဂျီကျူဒ် ဝင်ရိုးစွန်းတစ်ဝိုက်မှာဆိုရင် ကျယ်တဲ့တစ်ဖက်ကနေ တစ်ဖက်ကို ဆိပ်ကမ်းကနေ သင်္ဘောလက်ယာဘက်ကို အလျားလိုက် ဝင်ရိုးစွန်းတစ်ဝိုက်မှာ ဆိုရင်သင်္ဘောရှေ့ပိုင်းကနေ ပဲ့ပိုင်းဘက်ကို လှေလူးလှိမ့်တဲ့ အခါမှာ လှိုင်းမူးတာဖြစ်တယ်။ လှိုင်းမူးတာကို ရှောင်ဖို့ အဖတ်တွေရယ်၊ ပူးပြီးစပ်တဲ့ အစာတွေရယ်သာ စားပြီးလေရတဲ့ လှေရဲ့ဗဟိုမှာ နေရမယ်။ လှုပ်နေတဲ့ အရာတွေကို မကြည့်မိအောင် မျက်စိမှိတ်ထားရမယ်။
ပင်လယ်ရေသရဲကောင်တွေ ရှိသလား။
ပင်လယ်ရေသရဲကောင် ရာပေါင်းများစွာဟာ အရွယ်အစားအမျိုးမျိုး၊ ဖော်ပြချက်အမျိုးမျိုးနဲ့ မှတ်တမ်းတင်ခြင်းခံခဲ့ရတယ်။ ဒါပေမယ့် တစ်ခါမှ တစ်ကောင်တောင်မှ အဖမ်းမခံရဘူး။ ငါတို့ သတိရသင့်တာက သင်္ဘောသားတွေက ပင်လယ်ပြင်မှာ လပေါင်းများစွာနေတဲ့အခါ သမုဒ္ဒရာရဲ့ ရေပြင်ကျယ်ကို ကြည့်ဖို့ အချိန်ရတယ်။
အဲ့ဒီအခါ စိတ်ကူးယဉ်မှုတွေက ထူးဆန်းတဲ့ လှည့်စားမှုတွေကို ဖြစ်စေတယ်။ သိပ္ပံနဲ့ နည်းပညာက ရှင်းလင်းချက် မပေးနိုင်တဲ့အခါ သာမန်အမြင်ကနေ ကျော်လွန်မှုဟာ ပင်လယ် ရေသရဲကောင်တွေ ဒဏ္ဍာရီတွေကို ဖြစ်စေတယ်။
နက်တဲ့ ပင်လယ်ကငါးတွေ ဘယ်လို အသက်ရှင်နေထိုင် သလဲ။
နက်တဲ့ ပင်လယ်ထဲက ငါးတွေဟာ အပင်စိမ်းတွေ မပေါက်ရောက်နိုင်တဲ့ အမှောင်ထဲမှာ လုံး၀ အသက်ရှင် နေထိုင်ကြတယ်။ သူတို့ဟာ အားကောင်းတဲ့ ရေဖိအားနဲ့ ပြင်းတဲ့အအေးဒဏ်တွေကို ခံနိုင်ရတယ်။ ဒါ့ကြောင့် ငါးအများစုမှာ သူတို့ခန္ဓာကိုယ်မှာ အမှောင်ထဲမှာ လင်းနေတဲ့ အပိုင်းတွေပါတယ်။
အသေးငယ်ဆုံးတောက်ပမှုနဲ့ အလင်းမှုန်တွေကို ရယူနိုင်ဖို့ လေ့ကျင့်ထားတဲ့ မျက်လုံးတွေရှိတယ်။ တချို့အကောင်တွေက မျက်စိကွယ်နေပြီး သူတို့ရဲ့ ထိတွေ့နိုင်တဲ့ စွမ်းအားအပေါ်ပဲမှီခိုနေရတယ်။ ပြီးတော့ အများစုမှာ အရေပြားအထူတွေရှိတယ်။ အားလုံးဟာ ရေမျက်နှာပြင်က နေ နစ်ကျလာတဲ့ အကြွင်းအကျန်တွေနဲ့ တခြားရေသတ္တဝါတွေကို စားကြတယ်။
ပင်လယ်က ဘာအရောင်ရှိသလဲ။
ပင်လယ်ရေက ကြည်လင်တယ်။ ဒါပေမယ့် အပေါ်ယံအရောင်က ကောင်းကင်ရဲ့ ရောင်ပြန်ဟပ်မှုပေါ်မှာ မူတည်တယ်။ ဒါ့ကြောင့် မီးခိုးရောင်ကောင်းကင်နဲ့အတူ ပင်လယ်က မီးခိုးရောင်ဖြစ်နေမယ်။ ရာသီဥတုဆိုးရင် ပင်လယ်က ခဲရောင်ဖြစ်မယ်။ ဒါပေမယ့် ရေနက်လေ ပင်လယ်က အရောင်တွေက ပိုရင့်လေ၊ အပြာရောင် ဖြစ်လာရာကနေ တဖြည်းဖြည်း ခရမ်းရောင်ဘက်ကို ရင့်သွားတယ်။
ဒါဟာ ဘာကြောင့်လဲဆိုတော့နေရောင်ခြည်တန်းရဲ့ အလင်းရောင်ဟာ အရောင်တွေ အဆင့်ဆင့်ကွဲပြားဖြစ်ပေါ်ခြင်း သို့မဟုတ် ဖြည်းညှင်းစွာ ပြောင်းလဲမှုတွေနဲ့ ဖွဲ့စည်းထားတယ်။ အလင်းရောင်ဟာ ရေကိုဖြတ်လာတာနဲ့အမျှ အဲ့ဒီ အဆင့်ဆင့်ကွဲပြားဖြစ်ပေါ်ခြင်းတွေ တစ်ခုပြီးတစ်ခု ပျောက်သွားတယ်။
Discussion about this post