(Unicode)
အများစု သိကြတာကတော့ နိုင်ငံတစ်ခုမှာ မြို့တော်တစ်ခုတော့ ရှိကြတယ် ဆိုတာပါ။ ဒါပေမယ့် တချို့နိုင်ငံတွေကတော့ မြို့တော် ၁ခုမက ရှိနေတတ်ပါတယ်။ တောင်အာဖရိက ဆိုရင်နိုင်ငံတစ်ခုတည်းပေမယ့် မြို့တော် ၃ခုတောင် ရှိနေပြီး တခြားနိုင်ငံ ၁၂နိုင်ငံမှာလည်း မြို့တော် ၂ခုစီ ရှိနေပါတယ်။ ထူးထူးခြားခြား မြို့တော် တစ်ခုမှ မရှိတဲ့နိုင်ငံလည်း ကမ္ဘာပေါ်မှာ ရှိနေပြန်ပါတယ်။ အဲဒါကတော့ ကမ္ဘာ့တတိယအသေးဆုံးနိုင်ငံ တဖြစ်လဲ ကျွန်းနိုင်ငံလေးဖြစ်တဲ့ နော်ရူး Nauru နိုင်ငံ ဖြစ်ပါတယ်။
တရားဝင်အမည် နော်ရူးသမ္မတ ကျွန်းစုနိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာအလယ်က Pleasant Island ကျွန်းမှာ တည်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ သူ့ရဲ့အနီးဆုံး အိမ်နီးချင်းနိုင်ငံကတော့ အရှေ့ဘက် မိုင် ၁၉၀ အကွာမှာရှိနေတဲ့ Kiribati သမ္မတနိုင်ငံဖြစ်ပါတယ်။ အရှေ့တောင်ဘက်မှာရှိတဲ့ တူဗာလူးနိုင်ငံနဲ့တော့ ၈၆၆မိုင် ၊ အနောက်တောင်ဘက်မှာရှိတဲ့ ပါပူအာနယူးဂီနီနိုင်ငံ နဲ့တော့ ၁၆၃၂မိုင် ကွာဝေးပါတယ်။ အကျယ်အဝန်းအားဖြင့် ၈.၁ စတုရန်းမိုင်သာ ရှိတဲ့ ဒီနိုင်ငံဟာ ဗာတီကန်စီးတီး နဲ့ မိုနာကိုတို့ပြီးရင် ကမ္ဘာပေါ်မှာ တတိယ အသေးဆုံးနိုင်ငံ ဖြစ်ပါတယ်။
ယနေ့နော်ရူးနိုင်ငံရှိရာနေရာကို လူသားတွေဟာ ဘီစီ ၁ထောင်ခန့်ကတည်းက အခြေချနေထိုင်ခဲ့ကြပါတယ်။ နှစ်ထောင်နဲ့ချီ တသီးတသန့်နေခဲ့ကြပေမယ့် ၁၉ရာစုနှောင်းပိုင်းမှာတော့ ဂျာမန်တွေရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး ဂျာမန်အင်ပါယာရဲ့ ကိုလိုနီနယ်မြေတစ်ခု ဖြစ်ခဲ့ရပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာတော့ သြစတြေးလျ ၊ နယူးဇီလန် နဲ့ ဗြိတိန်တို့ရဲ့ခွဲဝေအုပ်ချုပ်ခြင်းကို ခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဂျပန်တွေရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရသလို ကမ္ဘာစစ်အပြီးမှာတော့ United Nations trusteeship ရဲ့ထိန်းချုပ်မှုအောက် ရောက်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှာတော့ လွတ်လပ်ရေးရခဲ့ပြီး ၁၈၆၉ ခုနှစ်မှာတော့ ကျွန်းစုနိုင်ငံ နဲ့ နယ်မြေအဖွဲ့အစည်းဖြစ်တဲ့ Pacific Community အဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်လာခဲ့ပါတယ်။
၂၀၁၈ ခုနှစ်စာရင်းအရ နော်ရူးနိုင်ငံရဲ့ လူဦးရေစုစုပေါင်းဟာ ၁၁၂၀၀ ရှိပြီး ဗာတီကန်စီးတီး နဲ့ တူဗာလူးနိုင်ငံတို့ပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက် လူဦးရေအနည်းဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့် လူဦးရေသိပ်သည်းမှုအနေနဲ့ကတော့ ၁မိုင်ပတ်လည်မှာ ၁၂၄၃ယောက် နေထိုင်တာကြောင့် ၂၅ခုမြောက် လူဦးရေ အထူထပ်ဆုံးနိုင်ငံ ဖြစ်ပါတယ်။ လူဦးရေစုစုပေါင်းမှာ မူရင်း နာရူးဒေသခံလူမျိုး Nauruan တွေက ၅၈% ၊ ပစိဖိတ်ကျွန်းသားတွေက ၂၆% ၊ လူဖြူ ၈% နဲ့ တရုတ်လူမျိုး ၈% နေထိုင်ကြပါတယ်။
နာရူးနိုင်ငံရဲ့ ရုံးသုံးဘာသာစကားကတော့ နာရူးဘာသာစကား Nauruan ဖြစ်ပါတယ်။ နာရူးနိုင်ငံကို ရပ်ကွက် ၁၄ ခု နဲ့ ပိုင်းခြားထားပြီး မြို့တော်ဆိုတာ မရှိပါဘူး။ အကြီးဆုံးရပ်ကွက်က Denigomodu ဖြစ်ပြီး လူဦးရေ ၂ထောင်ခန့် နေထိုင်ပါတယ်။ အစိုးရရုံးစိုက်တဲ့ရပ်ကွက်ကတော့ Yaren ဖြစ်ပြီး လူဦးရေ ၁ထောင်ခန့်သာ ရှိပါတယ်။ အစိုးရအနေနဲ့ကတော့ တပြည်ထောင်ပါလီမန်သမ္မတစနစ်ကို ကျင့်သုံးပြီး လက်ရှိသမ္မတကတော့ နော်ရူးလူမျိုး ရှေ့နေနဲ့ နိုင်ငံရေးသမား Lionel Aingimea ဖြစ်ပါတယ်။
နေထိုင်သူအားလုံးနီးပါး ခရစ်ယာန်ဘာသာကိုကိုးကွယ်ကြပြီး ခရစ်ယာန်ဘာသာထဲမှာမှ Nauru Congregational Church က ၃၆% ၊ ရိုမန်ကတ်သလစ်က ၃၃% ၊ Assemblies of God က ၁၃% ၊ Nauru Independent Church က ၉% ၊ ပရိုတက်စတင့်ခရစ်ယာန်ဂိုဏ်းခွဲဖြစ်တဲ့ Baptist က ၁.၅% နဲ့ အခြားဘာသာကိုးကွယ်သူ ၇.၅% ခန့်ရှိပါတယ်။ တရုတ်လူမျိုးတွေကတော့ ကွန်ဖြူးရှပ် ၊ ဗုဒ္ဓဘာသာ နဲ့ တာအိုဘာသာတွေကို ကိုးကွယ်ကြပါတယ်။
၈မိုင်ပတ်လည်ခန့်သာရှိတဲ့ ကျွန်းတစ်ခုလုံးကို သန္တာကျောက်တန်းတွေက ဝန်းရံထားပါတယ်။ ဒီသန္တာကျောက်တန်းများကြောင့် သင်္ဘောကြီးများကပ်ဖို့ အခက်အခဲရှိပြီး သင်္ဘောငယ် နဲ့ မော်တော်ဘုတ်များဖြင့်သာ ကျွန်းကို သွားရောက်နိုင်ပါတယ်။ ပင်လယ်ကမ်းခြေတလျှောက်မှာတော့ အုန်းပင်များကို စိုက်ပျိုးလေ့ရှိပြီး ၊ Buada အိုင် ဒေသတဝိုက်မှာတော့ ငှက်ပျော ၊ နာနတ် နဲ့ အခြားသီးပင်စားပင်များ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ ဒီနိုင်ငံရဲ့အမြင့်ဆုံးနေရာကတော့ Command Ridge လို့ခေါ်တဲ့ ကုန်းမြင့်ဒေသဖြစ်ပြီး အဲဒီနေရာဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၁၃ပေ မြင့်ပါတယ်။
Nauru ဟာဖော့စဖိတ် အလွန်ကြွယ်ဝတဲ့ ကျွန်းနိုင်ငံပြီး ကမ္ဘာ့ ဖော့စဖိတ်အထွက်ဆုံးကျွန်း ၃ကျွန်းထဲမှာ တစ်ကျွန်းအပါအဝင်ဖြစ်ပါတယ်။ ဖော့စဖိတ်ကြောင့်ပဲ ၁၉၇၀ နဲ့ ၁၉၈၀ ကြားကာလဟာ နော်ရူးနိုင်ငံရဲ့ စီးပွားရေးအကောင်းဆုံးအချိန်ဖြစ်ခဲ့ပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ ဒေါ်လာ ၅၀၀၀၀ ခန့်အထိရှိခဲ့ပါတယ်။ ဒါပေမယ့် ဖော့စဖိတ်အလွန်အမင်း ထုတ်ယူမှုကြောင့် လက်ရှိအချိန်မှာတော့ ကုန်သလောက်နီးပါးဖြစ်နေပြီး သဘာဝပတ်ဝန်းကျင်ပြသနာများလည်း ရင်ဆိုင်နေရပါတယ်။ အခြားစီးပွားရေး အနေနဲ့ကတော့ သတ္တုတူးဖော်ရေး ၊ တံငါလုပ်ငန်း နဲ့ စိုက်ပျိုးရေးလုပ်ငန်းများ ၊ အုန်းသီးနဲ့ဆိုင်တဲ့ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ ကိုသာ လုပ်ကိုင်ကြပါတယ်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းအရ Nauru နိုင်ငံသားတစ်ဦးချင်းစီရဲ့နှစ်စဉ် ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၂၃၂၆ ဖြစ်ပါတယ်။ ငွေကြေးစနစ်အနေနဲ့ကတော့ သြစတြေးလျဒေါ်လာ AUD ကို သုံးစွဲပါတယ်။
နော်ရူးနိုင်ငံရဲ့ အရွယ်ရောက်ပြီးသူစုစုပေါင်းရဲ့ ၉၆% ဟာ စာတတ်မြောက်ကြပါတယ်။ ပညာရေးအနေနဲ့ အခြေခံပညာကျောင်း ၃ ခု ၊ secondary ကျောင်း ၂ ခု ၊ နော်ရူးကောလိပ် ၊ တောင်ပစိဖိတ်တက္ကသိုလ် Nauru campus တို့ ရှိနေပါတယ်။ သြစတြေးလျ နယူးအင်္ဂလန်တက္ကသိုလ်ကလည်း ဆရာ ဆရာမ အယောက် ၃၀ ခန့်နဲ့အတူ နော်ရူးကျောင်းသူ ကျောင်းသားတွေ ပညာရေးပြီးဆုံးသည်အထိ သင်ကြားနိုင်စေရန် ထောက်ပံ့ပေးထားပါတယ်။ နော်ရူးနိုင်ငံသားတွေရဲ့ ပျမ်းမျှ လူ့သက်တမ်းကတော့ ၆၄နှစ်ခန့်သာ ရှိပါတယ်။ ကမ္ဘာပေါ်က အဝလွန်သူအများဆုံးနေထိုင်ရာ နိုင်ငံဖြစ်ပြီး လူ ၁၀ ယောက်တိုင်းမှာ ၉ယောက်က အဝလွန်သူတွေဖြစ်ပါတယ်။
နိုင်ငံသေးငယ်ပေမယ့်လို့ နော်ရူးနိုင်ငံတကာ လေဆိပ်ရှိနေပြီး ဒီလေဆိပ်ရဲ့လေယာဉ်ပြေးလမ်းတွေကိုတော့ ကျွန်းကို ဂျပန်တွေသိမ်းပိုက်ထားချိန်က ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလေဆိပ်မှာ နောရူးလေကြောင်းလိုင်း နဲ့ Pacific Air Express လေကြောင်းလိုင်းတို့ရှိနေပြီး သြစတြေးလျ ၊ ဆော်လမွန်ကျွန်းစု ၊ ဖီဂျီ ၊ မာရှယ်ကျွန်းစု စတာတွေကို သွားရောက်နိုင်ပါတယ်။
နော်ရူးကျွန်းစုနိုင်ငံရဲ့ စိတ်ဝင်စားဖွယ် အချက်များ
၁။ နော်ရူးနိုင်ငံဟာ ကျွန်းစုနိုင်ငံတွေထဲမှာတော့ ဧရိယာအားဖြင့် အသေးငယ်ဆုံး ဖြစ်ပါတယ်။
၂။ နော်ရူးနိုင်ငံမှာ မြစ်တစင်းမှ မရှိသလို ၊ ယူနက်စကိုအမွေအနှစ်စာရင်းဝင် နေရာလည်း တစ်ခုမှ မရှိပါ။ ဒါပေမယ့် ၂.၄မိုင် ရှည်လျားတဲ့ ရထားလမ်းတော့ ရှိပါတယ်။ ဒီရထားလမ်းကိုတော့ ဖော့စဖိတ်သယ်ယူပို့ဆောင်ရေးအတွက် အစိုးရက ၁၉၀၇ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
၃။ နော်ရူးဟာ တချိန်က အလွန်လှပတဲ့ ကျွန်းဖြစ်ခဲ့ပါတယ်။ နော်ရူးကို ဥရောပသားအနေနဲ့ ၁၇၉၈ ခုနှစ်မှာ ဗြိတိသျှလူမျိုး John Fearn က ပထမဆုံး တွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက သန္တာကျောက်တန်းများဝန်းရံထားပြီး လှပတဲ့ သဘာ၀ ပတ်ဝန်းကျင်တွေရှိတဲ့ ကျွန်းဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဖော့စဖိတ်ထုတ်ယူမှုကြောင့် သဘာဝနေရာအများစု ပျက်စီးခဲ့ရပြီဖြစ်ပါတယ်။ ဒီနိုင်ငံကို နှစ်စဉ် လာရောက်လည်ပတ်သူ ၂၀၀ တောင်မပြည့်ပဲ ကမ္ဘာလှည့်ခရီးသွားလာရောက်မှု အနည်းဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။
၄။ နော်ရူးနိုင်ငံရဲ့ အဓိကအားကစားက အလေးမအားကစား နဲ့ ဂျူဒို ဖြစ်ပါတယ်။ ဒီအားကစားတွေနဲ့ ဓနသဟာယနိုင်ငံများ ပြိုင်ပွဲတွေမှာ ဆုတံဆိပ်ပေါင်းများစွာ ရခဲ့ပေမယ့် အိုလံပစ်ပြိုင်ပွဲမှာတော့ ဆုတစ်ခုတောင် ရခဲ့ခြင်း မရှိပါဘူး။
၅။ နော်ရူးနိုင်ငံမှာ ဒေါ်လာ ၂၅၀၀၀ ရှိတဲ့ နိုင်ငံသားတွေဟာ လိုင်စင်ရဘဏ်တွေ ဖွင့်ခွင့်ရှိပါတယ်။ ဒါကြောင့်လည်း အပြင်မှာမရှိပေမယ့် စာရွက်ပေါ်မှာတော့ နော်ရူးနိုင်ငံဟာ ဘဏ်ပေါင်း ၄၀၀ ခန့်ရှိနေတာ ဖြစ်ပါတယ်။
၆။ ကျွန်းစုနိုင်ငံဖြစ်တာကြောင့် သူတို့ရဲ့မူရင်း ကျွန်းသူကျွန်းသားစကားကိုပဲ ပြောတတ်လိမ့်မယ်လို့ မထင်ပါနဲ့။ နေထိုင်သူအများစုဟာ အင်္ဂလိပ်စကားကိုကောင်းမွန်စွာ ပြောဆိုနိုင်ကြပါတယ်။ အကြောင်းကတော့ ဗြိတိန် ၊ သြစတြေးလျ ၊ နယူးဇီလန်တို့နဲ့ နှစ်ပေါင်းများစွာ ဆက်ဆံနေထိုင်ခဲ့လို့ဖြစ်ပါတယ်။ စီးပွားရေး နဲ့ အစိုးရဆိုင်ရာ လုပ်ငန်းတွေမှာတော့ အင်္ဂလိပ်ဘာသာစကားကိုပဲ သုံးစွဲပါတယ်။
၇။ နော်ရူးနိုင်ငံမှာ စစ်တပ်မရှိပါဘူး။ နိုင်ငံတွင်းလုံခြုံရေးနဲ့ ပြသနာတွေကိုဖြေရှင်းဖို့အတွက်တော့ လုံလောက်တဲ့အင်အားနဲ့ ရဲတပ်ဖွဲ့ရှိပါတယ်။ နိုင်ငံကာကွယ်ရေးကိုတော့ နှစ်နိုင်ငံသဘောတူညီချက်နဲ့ သြစတြေးလျစစ်တပ်က ကာကွယ်ပေးထားပါတယ်။
(Zawgyi)
ၿမဳိ႕ေတာ္မရွိေသာႏုိင္ငံ (သုိ႔) ကမာၻ႔တတိယအေသးဆုံးႏုိင္ငံ
အမ်ားစု သိၾကတာကေတာ့ ႏုိင္ငံတစ္ခုမွာ ၿမဳိ႕ေတာ္တစ္ခုေတာ့ ရွိၾကတယ္ ဆုိတာပါ။ ဒါေပမယ့္ တခ်ဳိ႕ႏုိင္ငံေတြကေတာ့ ၿမဳိ႕ေတာ္ ၁ခုမက ရွိေနတတ္ပါတယ္။ ေတာင္အာဖရိက ဆုိရင္ႏုိင္ငံတစ္ခုတည္းေပမယ့္ ၿမဳိ႕ေတာ္ ၃ခုေတာင္ ရွိေနၿပီး တျခားႏုိင္ငံ ၁၂ႏုိင္ငံမွာလည္း ၿမုိ႕ေတာ္ ၂ခုစီ ရွိေနပါတယ္။ ထူးထူးျခားျခား ၿမဳိ႕ေတာ္ တစ္ခုမွ မရွိတဲ့ႏုိင္ငံလည္း ကမာၻေပၚမွာ ရွိေနျပန္ပါတယ္။ အဲဒါကေတာ့ ကမာၻ႔တတိယအေသးဆုံးႏုိင္ငံ တျဖစ္လဲ ကြ်န္းႏုိင္ငံေလးျဖစ္တဲ့ ေနာ္ရူး Nauru ႏုိင္ငံ ျဖစ္ပါတယ္။
တရား၀င္အမည္ ေနာ္ရူးသမၼတ ကြ်န္းစုႏုိင္ငံဟာ ပစိဖိတ္သမုဒၵရာအလယ္က Pleasant Island ကြ်န္းမွာ တည္ရွိတဲ့ႏုိင္ငံျဖစ္ပါတယ္။ သူ႔ရဲ႕အနီးဆုံး အိမ္နီးခ်င္းႏုိင္ငံကေတာ့ အေရွ႕ဘက္ မုိင္ ၁၉၀ အကြာမွာရွိေနတဲ့ Kiribati သမၼတႏုိင္ငံျဖစ္ပါတယ္။ အေရွ႕ေတာင္ဘက္မွာရွိတဲ့ တူဗာလူးႏုိင္ငံနဲ႔ေတာ့ ၈၆၆မုိင္ ၊ အေနာက္ေတာင္ဘက္မွာရွိတဲ့ ပါပူအာနယူးဂီနီႏုိင္ငံ နဲ႔ေတာ့ ၁၆၃၂မုိင္ ကြာေ၀းပါတယ္။ အက်ယ္အ၀န္းအားျဖင့္ ၈.၁ စတုရန္းမုိင္သာ ရွိတဲ့ ဒီႏုိင္ငံဟာ ဗာတီကန္စီးတီး နဲ႔ မုိနာကိုတုိ႔ၿပီးရင္ ကမာၻေပၚမွာ တတိယ အေသးဆုံးႏုိင္ငံ ျဖစ္ပါတယ္။
ယေန႔ေနာ္ရူးႏုိင္ငံရွိရာေနရာကို လူသားေတြဟာ ဘီစီ ၁ေထာင္ခန္႔ကတည္းက အေျခခ်ေနထုိင္ခဲ့ၾကပါတယ္။ ႏွစ္ေထာင္နဲ႔ခ်ီ တသီးတသန္႔ေနခဲ့ၾကေပမယ့္ ၁၉ရာစုေႏွာင္းပိုင္းမွာေတာ့ ဂ်ာမန္ေတြရဲ႕သိမ္းပုိက္ျခင္းကိုခံခဲ့ရၿပီး ဂ်ာမန္အင္ပါယာရဲ႕ ကုိလုိနီနယ္ေျမတစ္ခု ျဖစ္ခဲ့ရပါတယ္။ ပထမကမာၻစစ္အၿပီးမွာေတာ့ ၾသစေၾတးလ် ၊ နယူးဇီလန္ နဲ႔ ၿဗိတိန္တုိ႔ရဲ႕ခြဲေ၀အုပ္ခ်ဳပ္ျခင္းကို ခံခဲ့ရပါတယ္။ ဒုတိယကမာၻစစ္အတြင္းမွာေတာ့ ဂ်ပန္ေတြရဲ႕သိမ္းပုိက္ျခင္းကိုခံခဲ့ရသလုိ ကမာၻစစ္အၿပီးမွာေတာ့ United Nations trusteeship ရဲ႕ထိန္းခ်ဳပ္မႈေအာက္ ေရာက္ခဲ့ပါတယ္။ ၁၉၆၈ ခုႏွစ္မွာေတာ့ လြတ္လပ္ေရးရခဲ့ၿပီး ၁၈၆၉ ခုႏွစ္မွာေတာ့ ကြ်န္းစုႏုိင္ငံ နဲ႔ နယ္ေျမအဖြဲ႔အစည္းျဖစ္တဲ့ Pacific Community အဖြဲ႔၀င္ႏုိင္ငံ တစ္ခုျဖစ္လာခဲ့ပါတယ္။
၂၀၁၈ ခုႏွစ္စာရင္းအရ ေနာ္ရူးႏုိင္ငံရဲ႕ လူဦးေရစုစုေပါင္းဟာ ၁၁၂၀၀ ရွိၿပီး ဗာတီကန္စီးတီး နဲ႔ တူဗာလူးႏုိင္ငံတုိ႔ၿပီးရင္ ကမာၻေပၚမွာ တတိယေျမာက္ လူဦးေရအနည္းဆုံးႏုိင္ငံလည္းျဖစ္ပါတယ္။ ဒါေပမယ့္ လူဦးေရသိပ္သည္းမႈအေနနဲ႔ကေတာ့ ၁မုိင္ပတ္လည္မွာ ၁၂၄၃ေယာက္ ေနထုိင္တာေၾကာင့္ ၂၅ခုေျမာက္ လူဦးေရ အထူထပ္ဆုံးႏုိင္ငံ ျဖစ္ပါတယ္။ လူဦးေရစုစုေပါင္းမွာ မူရင္း နာရူးေဒသခံလူမ်ဳိး Nauruan ေတြက ၅၈% ၊ ပစိဖိတ္ကြ်န္းသားေတြက ၂၆% ၊ လူျဖဴ ၈% နဲ႔ တရုတ္လူမ်ဳိး ၈% ေနထုိင္ၾကပါတယ္။
နာရူးႏုိင္ငံရဲ႕ ရုံးသုံးဘာသာစကားကေတာ့ နာရူးဘာသာစကား Nauruan ျဖစ္ပါတယ္။ နာရူးႏုိင္ငံကို ရပ္ကြက္ ၁၄ ခု နဲ႔ ပိုင္းျခားထားၿပီး ၿမဳိ႕ေတာ္ဆုိတာ မရွိပါဘူး။ အႀကီးဆုံးရပ္ကြက္က Denigomodu ျဖစ္ၿပီး လူဦးေရ ၂ေထာင္ခန္႔ ေနထုိင္ပါတယ္။ အစုိးရရုံးစုိက္တဲ့ရပ္ကြက္ကေတာ့ Yaren ျဖစ္ၿပီး လူဦးေရ ၁ေထာင္ခန္႔သာ ရွိပါတယ္။ အစုိးရအေနနဲ႔ကေတာ့ တျပည္ေထာင္ပါလီမန္သမၼတစနစ္ကို က်င့္သုံးၿပီး လက္ရွိသမၼတကေတာ့ ေနာ္ရူးလူမ်ဳိး ေရွ႕ေနနဲ႔ ႏုိင္ငံေရးသမား Lionel Aingimea ျဖစ္ပါတယ္။
ေနထုိင္သူအားလုံးနီးပါး ခရစ္ယာန္ဘာသာကိုကုိးကြယ္ၾကၿပီး ခရစ္ယာန္ဘာသာထဲမွာမွ Nauru Congregational Church က ၃၆% ၊ ရုိမန္ကတ္သလစ္က ၃၃% ၊ Assemblies of God က ၁၃% ၊ Nauru Independent Church က ၉% ၊ ပရုိတက္စတင့္ခရစ္ယာန္ဂုိဏ္းခြဲျဖစ္တဲ့ Baptist က ၁.၅% နဲ႔ အျခားဘာသာကုိးကြယ္သူ ၇.၅% ခန္႔ရွိပါတယ္။ တရုတ္လူမ်ဳိးေတြကေတာ့ ကြန္ျဖဴးရွပ္ ၊ ဗုဒၶဘာသာ နဲ႔ တာအုိဘာသာေတြကို ကိုးကြယ္ၾကပါတယ္။
၈မုိင္ပတ္လည္ခန္႔သာရွိတဲ့ ကြ်န္းတစ္ခုလုံးကို သႏၱာေက်ာက္တန္းေတြက ၀န္းရံထားပါတယ္။ ဒီသႏၱာေက်ာက္တန္းမ်ားေၾကာင့္ သေဘၤာႀကီးမ်ားကပ္ဖုိ႔ အခက္အခဲရွိၿပီး သေဘၤာငယ္ နဲ႔ ေမာ္ေတာ္ဘုတ္မ်ားျဖင့္သာ ကြ်န္းကို သြားေရာက္ႏုိင္ပါတယ္။ ပင္လယ္ကမ္းေျခတေလွ်ာက္မွာေတာ့ အုန္းပင္မ်ားကို စုိက္ပ်ဳိးေလ့ရွိၿပီး ၊ Buada အုိင္ ေဒသတ၀ုိက္မွာေတာ့ ငွက္ေပ်ာ ၊ နာနတ္ နဲ႔ အျခားသီးပင္စားပင္မ်ား စိုက္ပ်ဳိးျဖစ္ထြန္းပါတယ္။ ဒီႏုိင္ငံရဲ႕အျမင့္ဆုံးေနရာကေတာ့ Command Ridge လုိ႔ေခၚတဲ့ ကုန္းျမင့္ေဒသျဖစ္ၿပီး အဲဒီေနရာဟာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၂၁၃ေပ ျမင့္ပါတယ္။
Nauru ဟာေဖာ့့စဖိတ္ အလြန္ႂကြယ္ဝတဲ့ ကြၽန္းႏိုင္ငံၿပီး ကမာၻ႔ ေဖာ့စဖိတ္အထြက္ဆုံးကြ်န္း ၃ကြ်န္းထဲမွာ တစ္ကြ်န္းအပါအ၀င္ျဖစ္ပါတယ္။ ေဖာ့စဖိတ္ေၾကာင့္ပဲ ၁၉၇၀ နဲ႔ ၁၉၈၀ ၾကားကာလဟာ ေနာ္ရူးႏုိင္ငံရဲ႕ စီးပြားေရးအေကာင္းဆုံးအခ်ိန္ျဖစ္ခဲ့ၿပီး ႏုိင္ငံသားတစ္ဦးခ်င္းစီရဲ႕ ႏွစ္စဥ္ပ်မ္းမွ်၀င္ေငြဟာ ေဒၚလာ ၅၀၀၀၀ ခန္႔အထိရွိခဲ့ပါတယ္။ ဒါေပမယ့္ ေဖာ့စဖိတ္အလြန္အမင္း ထုတ္ယူမႈေၾကာင့္ လက္ရွိအခ်ိန္မွာေတာ့ ကုန္သေလာက္နီးပါးျဖစ္ေနၿပီး သဘာ၀ပတ္၀န္းက်င္ျပသနာမ်ားလည္း ရင္ဆုိင္ေနရပါတယ္။ အျခားစီးပြားေရး အေနနဲ႔ကေတာ့ သတၱဳတူးေဖာ္ေရး ၊ တံငါလုပ္ငန္း နဲ႔ စုိက္ပ်ဳိးေရးလုပ္ငန္းမ်ား ၊ အုန္းသီးနဲ႔ဆုိင္တဲ့ပစၥည္းထုတ္လုပ္ေရးလုပ္ငန္းမ်ား ကိုသာ လုပ္ကုိင္ၾကပါတယ္။ ၂၀၁၈ ခုႏွစ္ ကမာၻ႔ေငြေၾကးအဖြဲ႔အစည္းရဲ႕ စာရင္းအရ Nauru ႏုိင္ငံသားတစ္ဦးခ်င္းစီရဲ႕ႏွစ္စဥ္ ပ်မ္းမွ်၀င္ေငြဟာ အေမရိကန္ေဒၚလာ ၁၂၃၂၆ ျဖစ္ပါတယ္။ ေငြေၾကးစနစ္အေနနဲ႔ကေတာ့ ၾသစေၾတးလ်ေဒၚလာ AUD ကို သုံးစြဲပါတယ္။
ေနာ္ရူးႏုိင္ငံရဲ႕ အရြယ္ေရာက္ၿပီးသူစုစုေပါင္းရဲ႕ ၉၆% ဟာ စာတတ္ေျမာက္ၾကပါတယ္။ ပညာေရးအေနနဲ႔ အေျခခံပညာေက်ာင္း ၃ ခု ၊ secondary ေက်ာင္း ၂ ခု ၊ ေနာ္ရူးေကာလိပ္ ၊ ေတာင္ပစိဖိတ္တကၠသုိလ္ Nauru campus တုိ႔ ရွိေနပါတယ္။ ၾသစေၾတးလ် နယူးအဂၤလန္တကၠသုိလ္ကလည္း ဆရာ ဆရာမ အေယာက္ ၃၀ ခန္႔နဲ႔အတူ ေနာ္ရူးေက်ာင္းသူ ေက်ာင္းသားေတြ ပညာေရးၿပီးဆုံးသည္အထိ သင္ၾကားႏုိင္ေစရန္ ေထာက္ပံ့ေပးထားပါတယ္။ ေနာ္ရူးႏုိင္ငံသားေတြရဲ႕ ပ်မ္းမွ် လူ႔သက္တမ္းကေတာ့ ၆၄ႏွစ္ခန္႔သာ ရွိပါတယ္။ ကမာၻေပၚက အ၀လြန္သူအမ်ားဆုံးေနထုိင္ရာ ႏုိင္ငံျဖစ္ၿပီး လူ ၁၀ ေယာက္တုိင္းမွာ ၉ေယာက္က အ၀လြန္သူေတြျဖစ္ပါတယ္။
ႏုိင္ငံေသးငယ္ေပမယ့္လုိ႔ ေနာ္ရူးႏုိင္ငံတကာ ေလဆိပ္ရွိေနၿပီး ဒီေလဆိပ္ရဲ႕ေလယာဥ္ေျပးလမ္းေတြကိုေတာ့ ကြ်န္းကို ဂ်ပန္ေတြသိမ္းပုိက္ထားခ်ိန္က ေဖာက္လုပ္ခဲ့တာျဖစ္ပါတယ္။ ဒီေလဆိပ္မွာ ေနာရူးေလေၾကာင္းလုိင္း နဲ႔ Pacific Air Express ေလေၾကာင္းလုိင္းတုိ႔ရွိေနၿပီး ၾသစေၾတးလ် ၊ ေဆာ္လမြန္ကြ်န္းစု ၊ ဖီဂ်ီ ၊ မာရွယ္ကြ်န္းစု စတာေတြကို သြားေရာက္ႏုိင္ပါတယ္။
ေနာ္ရူးကြ်န္းစုႏုိင္ငံရဲ႕ စိတ္၀င္စားဖြယ္ အခ်က္မ်ား
၁။ ေနာ္ရူးႏုိင္ငံဟာ ကြ်န္းစုႏုိင္ငံေတြထဲမွာေတာ့ ဧရိယာအားျဖင့္ အေသးငယ္ဆုံး ျဖစ္ပါတယ္။
၂။ ေနာ္ရူးႏုိင္ငံမွာ ျမစ္တစင္းမွ မရွိသလုိ ၊ ယူနက္စကုိအေမြအႏွစ္စာရင္း၀င္ ေနရာလည္း တစ္ခုမွ မရွိပါ။ ဒါေပမယ့္ ၂.၄မုိင္ ရွည္လ်ားတဲ့ ရထားလမ္းေတာ့ ရွိပါတယ္။ ဒီရထားလမ္းကိုေတာ့ ေဖာ့စဖိတ္သယ္ယူပုိ႔ေဆာင္ေရးအတြက္ အစုိးရက ၁၉၀၇ခုႏွစ္မွာ တည္ေဆာက္ခဲ့တာ ျဖစ္ပါတယ္။
၃။ ေနာ္ရူးဟာ တခ်ိန္က အလြန္လွပတဲ့ ကြ်န္းျဖစ္ခဲ့ပါတယ္။ ေနာ္ရူးကို ဥေရာပသားအေနနဲ႔ ၁၇၉၈ ခုႏွစ္မွာ ၿဗိတိသွ်လူမ်ဳိး John Fearn က ပထမဆုံး ေတြ႔ရွိခဲ့ပါတယ္။ အဲဒီတုန္းက သႏၱာေက်ာက္တန္းမ်ား၀န္းရံထားၿပီး လွပတဲ့ သဘာ၀ ပတ္၀န္းက်င္ေတြရွိတဲ့ ကြ်န္းျဖစ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ေဖာ့စဖိတ္ထုတ္ယူမႈေၾကာင့္ သဘာ၀ေနရာအမ်ားစု ပ်က္စီးခဲ့ရၿပီျဖစ္ပါတယ္။ ဒီႏုိင္ငံကို ႏွစ္စဥ္ လာေရာက္လည္ပတ္သူ ၂၀၀ ေတာင္မျပည့္ပဲ ကမာၻလွည့္ခရီးသြားလာေရာက္မႈ အနည္းဆုံးႏုိင္ငံလည္း ျဖစ္ပါတယ္။
၄။ ေနာ္ရူးႏုိင္ငံရဲ႕ အဓိကအားကစားက အေလးမအားကစား နဲ႔ ဂ်ဴဒုိ ျဖစ္ပါတယ္။ ဒီအားကစားေတြနဲ႔ ဓနသဟာယႏုိင္ငံမ်ား ၿပဳိင္ပြဲေတြမွာ ဆုတံဆိပ္ေပါင္းမ်ားစြာ ရခဲ့ေပမယ့္ အုိလံပစ္ၿပဳိင္ပြဲမွာေတာ့ ဆုတစ္ခုေတာင္ ရခဲ့ျခင္း မရွိပါဘူး။
၅။ ေနာ္ရူးႏုိင္ငံမွာ ေဒၚလာ ၂၅၀၀၀ ရွိတဲ့ ႏုိင္ငံသားေတြဟာ လုိင္စင္ရဘဏ္ေတြ ဖြင့္ခြင့္ရွိပါတယ္။ ဒါေၾကာင့္လည္း အျပင္မွာမရွိေပမယ့္ စာရြက္ေပၚမွာေတာ့ ေနာ္ရူးႏုိင္ငံဟာ ဘဏ္ေပါင္း ၄၀၀ ခန္႔ရွိေနတာ ျဖစ္ပါတယ္။
၆။ ကြ်န္းစုႏုိင္ငံျဖစ္တာေၾကာင့္ သူတုိ႔ရဲ႕မူရင္း ကြ်န္းသူကြ်န္းသားစကားကိုပဲ ေျပာတတ္လိမ့္မယ္လုိ႔ မထင္ပါနဲ႔။ ေနထုိင္သူအမ်ားစုဟာ အဂၤလိပ္စကားကိုေကာင္းမြန္စြာ ေျပာဆုိႏုိင္ၾကပါတယ္။ အေၾကာင္းကေတာ့ ၿဗိတိန္ ၊ ၾသစေၾတးလ် ၊ နယူးဇီလန္တုိ႔နဲ႔ ႏွစ္ေပါင္းမ်ားစြာ ဆက္ဆံေနထုိင္ခဲ့လုိ႔ျဖစ္ပါတယ္။ စီးပြားေရး နဲ႔ အစုိးရဆုိင္ရာ လုပ္ငန္းေတြမွာေတာ့ အဂၤလိပ္ဘာသာစကားကိုပဲ သုံးစြဲပါတယ္။
၇။ ေနာ္ရူးႏုိင္ငံမွာ စစ္တပ္မရွိပါဘူး။ ႏုိင္ငံတြင္းလုံၿခဳံေရးနဲ႔ ျပသနာေတြကိုေျဖရွင္းဖုိ႔အတြက္ေတာ့ လုံေလာက္တဲ့အင္အားနဲ႔ ရဲတပ္ဖြဲ႔ရွိပါတယ္။ ႏုိင္ငံကာကြယ္ေရးကိုေတာ့ ႏွစ္ႏုိင္ငံသေဘာတူညီခ်က္နဲ႔ ၾသစေၾတးလ်စစ္တပ္က ကာကြယ္ေပးထားပါတယ္။
Discussion about this post