• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

by Thutamm
January 5, 2021
Reading Time: 4min read
0
မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Share on FacebookShare on Twitter

ရေးသားသူ – Wai Lin
Photo – Sar Aung Marphang

မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀ လောက်နေထိုင်ပါတယ်။

Photo – Sar Aung Marphang

ရှိန်းခေါင်ရွာလေးဟာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်အုပ်စုမှာ တည် ရှိပါတယ်။ ခေါင်လန် ဆိုတာ ရဝမ်ဘာသာအရ ချိုင့်ဝှမ်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒါ့ကြောင့် ခေါင်လန်ဖူးကို တောင်ကုန်းများကြားကချိုင့်ဝှမ်းနေရာလို့ ဆိုနိုင်ပါတယ်။

Photo – Sar Aung Marphang

ခေါင်လန်ဖူးဟာ အရင်က ခေါ်ဘူဒဲ မြို့နယ်မှာ ပါဝင်ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အုပ်ချုပ်စဉ် ၁၉၉၅ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ ပူတာအိုခရိုင် ခရီးစဉ်မှာ ခေါင်လန်ဖူးကို အစိုးရရုံးတွေ ရွေ့ပြောင်းဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လမ်းညွှန်ခဲ့ပါတယ်။ ဒီဇင်ဘာလ (၂၀) ရက်မှာ စတင်ဆောင်ရွက်ရာ ၁၉၉၆ ခုနှစ်၊ မတ်လ (၃၁) ရက်မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။

Photo – Sar Aung Marphang

ရှိန်းခေါင်ဆိုတာက သွားရလာရခက်ခဲတဲ့ ဒေသထဲမှာ ပါပါတယ်။ စရိတ်စက တတ်နိုင်တဲ့ ပြည်မကလာသူတချို့ကတော့ ကန်ပိုက်တီမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ဝင်ပြီး ကားစီး၍လာကြပါတယ်။ ဒါကြောင့် ခေါင်လန်ဖူးမြို့လေးမှတစ်ဆင့် သွားမယ်ဆိုရင် လမ်းနှစ်သွယ် ရှိပါတယ်။ ခေါင်လန်ဖူးမှ ဆရမ်ဖာအထိ ၁၅ မိုင်ခန့်ကို တစ်ရက်လမ်းလျှောက် ရပါမယ်။ ဆက်ပြီး ဆရမ်ဖာမှ ညီဝါးအထိ ၁၂ မိုင် ခန့်ကို တစ်ရက်၊ ညီဝါးမှ လာဂါလော်ကိုလည်း တစ်ရက် ခရီးလမ်းလျှောက်ကြရပြီး လာဂါဟ် – ရှိန်းခေါင် ခရီးကိုတော့ ကားဖြင့်သွားနိုင်ပါတယ်။ ကားခယွမ် ၁၀၀ မြန်မာငွေကျပ် ၂၀၀၀၀ ဖြစ်ပါတယ်။

Photo – Sar Aung Marphang

နောက်လမ်းတစ်သွယ်ကမူ ခေါင်လန်ဖူးမှ ဇန်ဟေ့အထိ ဆိုင်ကယ်လမ်း ရှိပါတယ်။ ဈေးကြီးပြီး ဆိုင်ကယ်မစီးနိုင်သူများက ဇန်ဟေ့အထိ နှစ်ညအိပ် သုံးရက်ခန့် လမ်းလျှောက်ကြ ရပါမယ်။ ဇန်ဟော့မှ ချီလာဝါဒီသို့ တစ်ရက်၊ ချီလာဝါဒီမှ ရှိန်းခေါင်သို့ နောက်ထပ်တစ်ရက်ခရီး ခြေကျင် လျှောက်ရင် ရောက်ပါပြီ။ အကုန်အကျနည်းသော်လည်း လူပင်ပန်းသော လမ်းခရီးများဖြစ်ပါတယ်။ ပူတာအိုမှ လာသူအချို့ကတော့ ခေါင်လန်ဖူးအထိ သွားမနေတော့ပါ။ ထလားလော်ရွာလေးမှ ဆရမ်သို့ ဖြတ်ချလိုက်ရင် ၂၇ မိုင်ခန့် ခရီးတာတိုသွားမည် ဖြစ်ပါတယ်။ တောင်အတက်၊ အဆင်း မတ်သောနေရာများ ရှိနေပါတယ်။

Photo – Sar Aung Marphang

ရှိန်းခေါင်ကျေးရွာဟာ ခေါင်လန်ဖူးမြို့နယ်ထဲက ရွာတစ်ရွာဖြစ်ပြီး တရုတ်နိုင်ငံနယ်စပ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ဆီးနှင်းတွေဖုံးလွှမ်းပြီး သွားလာရ ခက်ခဲချိန်မှလွဲ၍ ကျန်အချိန်တွေမှာ တရုတ်နိုင်ငံဘက်က စားကုန် သောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဝင်ရောက်ရာ ဒေသလည်းဖြစ်ပါတယ်။ ရှိန်းခေါင်မှာ အထက်တန်းကျောင်းရှိပါတယ်။ သွားရေလာရေးခက်ခဲပြီး ရာသီဥတုဆိုးဝါးရင် နိုင်ငံတော်က ရိက္ခာတွေ ပို့ပေးရပါတယ်။

Photo – Sar Aung Marphang

ဆောင်းရာသီအလယ်လောက်ကနေ နွေဦးပေါက်အထိ ရေခဲနေတဲ့ ဒီလိုမြင်ကွင်းမျိုးကို မြင်တွေ့နိုင်မှာပါ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာဖြစ်တာကြောင့် သွားရောက်လည်ပတ်ဖို့ သိပ်မလွယ်သေးသလို ကိုယ့်မြန်မာပြည်ထဲကသူတွေတောင် ဒီလိုနေရာလေးရှိမှန်း တစ်ချို့မသိကြပါဘူး။ လမ်းပန်း ဆက်သွယ်ရေးကောင်းရင် ခရီးသွားလုပ်ငန်းက ဝင်ငွေများစွာ ရှာပေးနိုင်တဲ့ နေရာတခုဖြစ်ပါတယ်။

Photo – Sar Aung Marphang

Tags: myanmar places
Next Post
ဒေါ်လာ သန်း ၃၀ ကျော်တန် ကမ္ဘာ့ဈေးအကြီးဆုံးစာအုပ်

ဒေါ်လာ သန်း ၃၀ ကျော်တန် ကမ္ဘာ့ဈေးအကြီးဆုံးစာအုပ်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!