• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြန်မာပြည်က ထင်ရှားတဲ့ လိုဏ်ဂူကြီး ၁၀ ခု

by Thutamm
September 18, 2020
Reading Time: 5min read
0
မြန်မာပြည်က ထင်ရှားတဲ့ လိုဏ်ဂူကြီး ၁၀ ခု
Share on FacebookShare on Twitter

အရင်ကတော့ နိုင်ငံခြားက လိုဏ်ဂူတွေအကြောင်း တော်တော်များများ တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက လိုဏ်ဂူတွေအကြောင်းကို ဝေမျှသွားပါမယ်။ တောင်တန်း တောင်ကုန်းတွေပေါများတဲ့ ဒေသတွေမှာ လိုဏ်ဂူကြီးတွေရှိနေပြီး လိုဏ်ဂူအများစုဟာ ကရင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် ရွာငံ ဒေသတဝိုက်မှာ တည်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အရှည်ဆုံးလိုဏ်ဂူက ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့အနီးမှာရှိတဲ့ ဆွမ်ဟိမ်းဂူဖြစ်ပြီး ၂၀၂၀ ခုနှစ် လေ့လာမှုအရ ၇မိုင်ခန့် အရှည်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ လိုဏ်ဂူတွေအများကြီးရှိတဲ့အနက် ထင်ရှားတဲ့ လိုဏ်ဂူ ၁၀ ခုကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

၁။ ပင်းတယဂူ

ပင်းတယဂူကတော့ ရှမ်းပြည်နယ်တောင်ပိုင်းက ပင်းတယမြို့မှာ တည်ရှိပါတယ်။ ဒဏ္ဍာရီအရတော့ ပင်းတယ ဆိုတဲ့စကားဟာ ပင့်ကူရ ကနေ ပြောင်းလဲလာခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ လိုဏ်ဂူ ၃ ခုရှိပြီး တောင်ဘက်အကျဆုံးဂူဟာ ပင်းတယရွှေဥမင် လိုဏ်ဂူဘုရား ဆိုပြီး ကျော်ကြားပါတယ်။ ဒီဂူဟာ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၅၀၀၀ ခန့်မှာတည်ရှိနေပြီး ဂူရဲ့အလျားကတော့ ပေ ၅၀၀ ခန့်ဖြစ်ပါတယ်။ ဂူရဲ့အဝမှာတော့ အာသောကမင်းကြီးတည်ထားကာ အလောင်းစည်သူမင်းကြီး ပြုပြင်မွမ်းမံခဲ့တယ်ဆိုတဲ့ ရွှေဥမင်စေတီ ရှိနေပြီး ဂူအထဲမှာတော့ များပြားလှစွာသော ဗုဒ္ဓဆင်းတု ရုပ်ပွားတော်တွေကို ဖူးမျှော်ကြရမှာဖြစ်ပါတယ်။

၂။ ကော့ဂွန်းဂူ

ကော့ဂွန်းဂူကတော့ ကရင်ပြည်နယ် ဘားအံမြို့ ကော့ဂွန်းရွာမှာတည်ရှိတဲ့ ထုံးကျောက်လိုဏ်ဂူဖြစ်ပါတယ်။ ဒီဂူမှာတော့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များစွာ ရှိနေပြီး ဗုဒ္ဓရုပ်ပွားတော်များအပြင် ၊ ကျောက်ရုပ်ကြွများ ၊ ကျောက်စာများ ၊ မင်စာများနှင့် တန်ဆာဆင်ထားတာကို တွေ့နိုင်ပါတယ်။ ရုပ်ကြွတွေရဲ့ အနုပညာလက်ရာတွေအရ အေဒီ ၁၁ရာစုအချိန်ခန့်က ထုလုပ်ထားခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။ ဂူရဲ့အတိုင်းအတာကတော့ အလျား ပေ ၁၃၀ ၊ အကျယ် ပေ ၇၀ နဲ့ အမြင့် ၂၅ပေ ရှိပါတယ်။ ကော့ဂွန်းဂူကို ၁၉၅၇ ခုနှစ်ကစပြီး ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

၃။ ရသေ့ပျံဂူ

ရသေ့ပျံလိုဏ်ဂူကတော့ ကရင်ပြည်နယ် ဘားအံ့မြို့ ရသေ့ပျံကျေးရွာ ၊ သံလွင်မြစ်ရဲ့ အနောက်ဘက်မှာ တည်ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၁၁၆ပေ ခန့်တွင်တည်ရှိတဲ့ ဒီသဘာဝထုံးကျောက်လိုဏ်ဂူထဲမှာတော့ ရှေးဟောင်းလက်ရာ ဗုဒ္ဓရုပ်ပွားတော်တွေတည်ရှိနေပါတယ်။ ရုပ်ပွားတော်အချို့ကတော့ ၁၃ ရာစုလက်ရာဖြစ်ပြီး အများစုကတော့ ၁၇ ရာစု လက်ရာတွေဖြစ်တယ်လို့ သိရပါတယ်။ ဂူရဲ့အတွင်းတနေရာမှာတော့ ရသေ့ကြီးဈာန်ပျံတက်သွားတယ်လို့ အစဉ်အဆက်ပြောဆိုခဲ့တဲ့ ဂူပေါက်ကြီး တခုရှိနေတာကတော့ ဒီဂူရဲ့ ထူးခြားချက်ပါ။ ဂူရဲ့အရှည်ကိုတော့ သေချာစွာ မသိရပေမယ့် ဂူရဲ့အကျယ်ကတော့ ဂူအဝမှာ ၇၅ပေသာရှိပေမယ့် ဂူအတွင်းဘက်မှာတော့ ပေ ၁၅၀အထိ ကျယ်တယ်လို့ ဆိုပါတယ်။

၄။ ပိတ်ချင်းမြောင်ဂူ

ပိတ်ချင်းမြောင်လိုဏ်ဂူကတော့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နဲ့ ၁၅မိုင်ခန့်အကွာ ဝက်ဝံကျေးရွာအနီးမှာ တည်ရှိပါတယ်။ ပိတ်ချင်းမြောင် မဟာနန္ဒမူ လိုဏ်ဂူတော် လို့ လူသိများကျော်ကြားပါတယ်။ လိုဏ်ဂူအနီးမှာ ဆေးဖက်ဝင် ပိတ်ချင်းပင်များ ထူထပ်ပေါများစွာ ပေါက်ရောက်ခဲ့သောကြောင့် ပိတ်ချင်းမြောင် လို့ခေါ်ကြောင်းသိရပါတယ်။ ဂူရဲ့အရှည်ကတော့ ၁၆၀၀ပေရှိပြီး အနက်ကတော့ ၆၆ပေခန့်ရှိပါတယ်။ ဂူအတွင်းမှာတော့ ရေတံခွန်ငယ်လေးတွေနဲ့အတူ စမ်းချောင်းရှိနေပါတယ်။ စေတီနှင့်အတူ ရုပ်ပွားတော်များအပြင် ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်တုများရှိနေပြီး ပြင်တွင်းပြည်ပ ခရီးသွားများ အလာများတဲ့ နေရာတခုလည်းဖြစ်ပါတယ်။

၅။ ဘုရင့်ညီဂူ

ဘုရင့်ညီဂူကတော့ ကရင်ပြည်နယ် ဘားအံမြို့နဲ့ ၁၅မိုင်ခန့်အကွာ နောင်ကျန်ကျေးရွာအနီး သံလွင်မြစ် အရှေ့ဘက်ကမ်းပေါ်မှာ တည်ရှိပါတယ်။ ဒီဂူကိုသွားမယ်ဆိုရင် တာင်ဘေးလှေကားကနေ တက်ရတာဖြစ်ပြီး အမြင့်ပေ ၄၀၀ ခန့်ရှိတဲ့ တောင်ရဲ့အောက်ခြေက အနည်းငယ်မြင့်တဲ့ တောင်စောင်းမှာ တည်ရှိနေတာဖြစ်ပါတယ်။ ဂူရဲ့အရှည်က ၁ဖာလုံခန့်ရှိပြီး ဂူအတွင်းမှာတော့ ဂဝံကျောက်အုတ်၊ ရှေးခေတ်ဟောင်း လက်လုပ်မြေအုတ်တို့ဖြင့် ထွင်းထုထားသော ဘုရားဆင်းတုများစွာရှိနေပါတယ်။ ဘုရင့်ညီဂူရဲ့အခြေမှာတော့ တနှစ်ပတ်လုံးပူနွေးနေတဲ့ ရေပူအိုင် ရေကန်ရှိပြီး ဒီရေကန်မှာ ရေးချိုးပါက ရောဂါဘယကင်းစင်စေတယ် ဆိုတဲ့ အယူအဆလည်း ရှိနေပါတယ်။

၆။ ကော့ကသောင်ဂူ

ကော့ကသောင်ဂူကတော့ ကရင်ပြည်နယ် ဘားအံမြို့ရဲ့တောင်ဘက် ၇ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ ဂူအ၀ အမိုးပေါ်မှာတော့ ဘုရားရှင်အမှူးပြုတဲ့ သံဃာတော်တွေ ကြွချီလာဟန် ရုပ်တုတွေနဲ့ သရုပ်ဖော်ထားပါတယ်။ အရမ်းကြီးတဲ့ လိုဏ်ဂူတခုတော့ မဟုတ်ပဲ ဒီလိုဏ်ဂူရဲ့အရှည်ဟာ ပေ ၁၇၀ ဝန်းကျင်ခန့်သာ ရှိပါတယ်။ ဂူအတွင်းမှာလည်း ဗုဒ္ဓ ဆင်းတုတောင်ပေါင်းများစွာ ရှိနေပြီး ဂူနံရံမှာတော့ လက်ရာမြောက်လှတဲ့ အုတ်ခွက်ဘုရားတွေ ရှိနေပါတယ်။

၇။ ထမ့်စမ်းလိုဏ်ဂူ

ထမ့်စမ်းလိုဏ်ဂူကတော့ ရှမ်းပြည်နယ် ဟိုပုံးမြို့ရဲ့ ၁၀ မိုင်ခန့်အကွာမှာ တည်ရှိနေပါတယ်။ ဒီဂူကို ဆရာတော် ဦးပေါရိဿ (ဟိုပုံးကိုရင်လေး)သည် ၎င်း၏ အိပ်မက်အရ ရှာဖွေ တွေ့ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှစ၍ ဖွင့်နိုင်အောင် ကြိုးပမ်းခဲ့တယ် လို့ သိရပါတယ်။ ဂူရဲ့အမြင့်ဆုံးနေရာက ပေ ၆၀ ခန့်မြင့်ပြီး အကျယ်ဆုံးနေရာကတော့ ပေ ၂၀၀ ခန့် ရှိပါတယ်။ သက်ရင့်ထုံး ကျောက်ဂူ အတွင်း အလွန်လှပသော ကျောက်စက်ပန်းဆွဲ အမျိုးမျိုးကို တွေ့ရမှာဖြစ်ပါတယ်။ ဂူရဲ့ အရှည်ကိုတော့ အတိအကျမသိရသေးပဲ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပအိုဝ်း တိုင်းရင်းသားများက ပေ ၆၀၀၀ ခန့် အထိ ရှင်းလင်းပြီး ဖြစ်ကာ ဝင်ရောက်လေ့လာနိုင်သည့် ဂူအလျားမှာ ပေ ၃,ဝဝဝ ခန့် ဖြစ် ပါတယ်။

၈။ ဆဒ္ဒန်ဂူ

ဆဒ္ဒန်ဂူကတော့ ကရင်ပြည်နယ် ဇွဲကပင်တောင်တန်းရဲ့ တောင်ဘက်အကျဆုံးဖြစ်ပြီး သံလွင်မြစ် အရှေ့ဘက်ကမ်း ကော့ဝါးဆူးကျေးရွာအနီးမှာ တည်ရှိပါတယ်။ ဆဒ္ဒန်ဂူဟာ အခြားလိုဏ်ဂူများကဲ့သို့ တဖက်တည်းရှိတဲ့ ဂူမဟုတ်ပဲ နှစ်ဖက်ပွင့် တိုးလျိုပေါက် လိုဏ်ဂူဖြစ်ပြီး ကရင်ပြည်နယ်မှာတော့ အရှည်ဆုံးလိုဏ်ဂူဖြစ်ပါတယ်။ ဂူရဲ့အမြင့်ပေက ပေ ၃၀ ခန့်ရှိပြီး ဂူအရှည်ကတော့ ပေပေါင်း ၁၆၀၀ ကျော်ရှိကာ အဆုံးထိလျှောက်မယ်ဆိုရင်တော့ ၁၀မိနစ် ကနေ ၁၅မိနစ်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ ဂူထဲမှာတော့ လျှပ်စစ်မီးထွန်းထားတဲ့အတွက် အလင်းရောင် အသင့်အတင့်ရပြီး လျောင်းတော်မူ ရုပ်ပွားတော် အပါအဝင် ဗုဒ္ဓရုပ်ပွားတော်များ ရှိနေပါတယ်။ ကျောက်စက်ပန်းဆွဲ ၊ ကျောက်မိုးမျှော် စတဲ့ သဘာဝအလှအပများကို ဂူထဲမှာ တွေ့ရမှာဖြစ်ပါတယ်။ ဂူအဆုံးမှာတော့ လှေဆိပ်ရှိနေပြီး အဲဒီကနေ လှေစီးကာ ဂူအောက်မှတဆင့် အဝင်ပေါက်ဘက်ကို ပြန်ထွက်နိုင်တာကတော့ ဆဒ္ဒန်ဂူရဲ့ ထူးခြားချက်ဖြစ်ပါတယ်။

၉။ ပြဒါးလင်းဂူ

ပြဒါးလင်းဂူ ၊ ပဒလင်းဂူ ၊ ပဒတ်လိုဏ်ဂူ လို့ခေါ်တဲ့ ဒီဂူကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့မှာ တည်ရှိပါတယ်။ ပဒတ် ခေါင်းထောင် နေသလို ခပ်မော့မော့မှာ တည်ရှိ၍ ပဒတ်ဂူ ၊ ကျောက်စက်ပန်းဆွဲ နဲ့ ကျောက်စက်မိုးမျှော်များ မှာဖော့စဖောရပ်ဓာတ်ပါဝင်ပြီး တလက်လက်တောက်ပနေသဖြင့် ပြဒါးလင်းဂူဟုခေါ်ကြခြင်းဖြစ်ပါတယ်။ အမှတ် ၁ ၊ အမှတ် ၂ ဆိုပြီး လိုဏ်ဂူ ၂ ခုရှိနေပါတယ်။ ဂူ အမှတ် ၁ ကတော့ အရှည် ပေ ၈၀ ၊ အကျယ် ၂၀ပေ နဲ့ အမြင့် ၁၄ ပေ ခန့်ရှိပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀၀၀ နဲ့ ၁၀၀၀၀ အတွင်း လူသားတွေ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအချိန်က နေထိုင်သူတွေ ရေးဆွဲခဲ့တဲ့ ကျောက်ခေတ်ပန်းချီတွေဟာ ဂူနံရံမှာ ရှိနေပါတယ်။ ဂူအမှတ် ၂ ကတော့ ဂူ ၅ ခု တဆက်တည်းဖြစ်နေတဲ့ဂူဖြစ်ပြီး ပေ ၈၀၀ ခန့်ရှည်လျားကာ အကျယ်ဆုံးနေရာမှာ ပေ ၃၀၀ ခန့် ၊ အမြင့် ပေ ၉၀ ခန့် ရှိပါတယ်။ ဂူအတွင်းမှာတော့ ကျောက်လည်တိုင်၊ ကျောက်ဆက်မိုး မျှော်၊ကျောက်ဆက် ပန်းဆွဲ များဖြင့် ပြဒါးအလင်းရောင်တောက်နေသော ထုံးကျောက်ခရစ်စတယ်များဖြင့် လွန်စွာလှပလျက်ရှိပါတယ်။ မြန်မာပြည်မှာရှိတဲ့ ဂူများအနက် အကြီးဆုံး လိုဏ်ဂူတခုလည်းဖြစ်ပါတယ်။

၁၀။ ကြတ်ဂူ

ကြတ်ဂူ လို့ နာမည်ကြီးတဲ့ဂူကတော့ ကယားပြည်နယ် လွိုင်ကော်မြို့ရဲ့ ၁၀မိုင်ခန့်အကွာမှာ တည်ရှိတဲ့ သဘာဝထုံးကျောက် လိုဏ်ဂူတခုဖြစ်ပါတယ်။ ကြတ်ဂူကို ကယားဘာသာစကားနဲ့ ဖရယ်မီးကု ၊ ခီဒါ့ကိုးကု လို့လည်း ခေါ်ကြပါတယ်။ ကြတ်ဂူအတွင်းမှာတော့ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ အရှည်ဆုံး ၁၅ပေ အတိုဆုံး ၂ပေရှိတဲ့ သစ်လုံးထွင်းခေါင်းတလားတွေ ရှိနေပြီး တချို့ဆိုရင်တော့ ပေ ၂၀ ကနေ ပေ ၃၀ ခန့်အထိ မြင့်တဲ့ ဂူမျက်နှာကျက်တွေမှာ ရှိနေပါတယ်။ လိုဏ်ဂူရဲ့ အရှည်ကတော့ ပေ ၇၂၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ခရီးသွားတွေနဲ့ အမြဲမပြတ် လာလေ့ရှိတဲ့ဂူဖြစ်ပေမယ့် ဂူတဝက်အထိ ဝင်နိုင်သူတောင် အလွန်ရှားပါတယ်။

—– —– ———

(Zawgyi)

ျမန္မာျပည္က ထင္ရွားတဲ့ လိုဏ္ဂူႀကီး ၁၀ ခု

အရင္ကေတာ့ ႏိုင္ငံျခားက လိုဏ္ဂူေတြအေၾကာင္း ေတာ္ေတာ္မ်ားမ်ား တင္ခဲ့ၿပီးပါၿပီ။ ဒီတခါေတာ့ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံက လိုဏ္ဂူေတြအေၾကာင္းကို ေဝမွ်သြားပါမယ္။ ေတာင္တန္း ေတာင္ကုန္းေတြေပါမ်ားတဲ့ ေဒသေတြမွာ လိုဏ္ဂူႀကီးေတြရွိေနၿပီး လိုဏ္ဂူအမ်ားစုဟာ ကရင္ျပည္နယ္ နဲ႔ ရွမ္းျပည္နယ္ ႐ြာငံ ေဒသတဝိုက္မွာ တည္ရွိပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အရွည္ဆုံးလိုဏ္ဂူက ရွမ္းျပည္နယ္ အေရွ႕ပိုင္း မိုင္းျဖတ္ၿမိဳ႕အနီးမွာရွိတဲ့ ဆြမ္ဟိမ္းဂူျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ ေလ့လာမႈအရ ၇မိုင္ခန႔္ အရွည္ရွိတယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံမွာ လိုဏ္ဂူေတြအမ်ားႀကီးရွိတဲ့အနက္ ထင္ရွားတဲ့ လိုဏ္ဂူ ၁၀ ခုကို ဗဟုသုတ အေနနဲ႔ ေဝမွ်လိုက္ပါတယ္။

၁။ ပင္းတယဂူ

ပင္းတယဂူကေတာ့ ရွမ္းျပည္နယ္ေတာင္ပိုင္းက ပင္းတယၿမိဳ႕မွာ တည္ရွိပါတယ္။ ဒ႑ာရီအရေတာ့ ပင္းတယ ဆိုတဲ့စကားဟာ ပင့္ကူရ ကေန ေျပာင္းလဲလာခဲ့ျခင္းျဖစ္ပါတယ္။ ဒီေနရာမွာ လိုဏ္ဂူ ၃ ခုရွိၿပီး ေတာင္ဘက္အက်ဆုံးဂူဟာ ပင္းတယေ႐ႊဥမင္ လိုဏ္ဂူဘုရား ဆိုၿပီး ေက်ာ္ၾကားပါတယ္။ ဒီဂူဟာ ပင္လယ္ေရမ်က္ႏွာျပင္ထက္ အျမင့္ေပ ၅၀၀၀ ခန႔္မွာတည္ရွိေနၿပီး ဂူရဲ႕အလ်ားကေတာ့ ေပ ၅၀၀ ခန႔္ျဖစ္ပါတယ္။ ဂူရဲ႕အဝမွာေတာ့ အာေသာကမင္းႀကီးတည္ထားကာ အေလာင္းစည္သူမင္းႀကီး ျပဳျပင္မြမ္းမံခဲ့တယ္ဆိုတဲ့ ေ႐ႊဥမင္ေစတီ ရွိေနၿပီး ဂူအထဲမွာေတာ့ မ်ားျပားလွစြာေသာ ဗုဒၶဆင္းတု ႐ုပ္ပြားေတာ္ေတြကို ဖူးေမွ်ာ္ၾကရမွာျဖစ္ပါတယ္။

၂။ ေကာ့ဂြန္းဂူ

ေကာ့ဂြန္းဂူကေတာ့ ကရင္ျပည္နယ္ ဘားအံၿမိဳ႕ ေကာ့ဂြန္း႐ြာမွာတည္ရွိတဲ့ ထုံးေက်ာက္လိုဏ္ဂူျဖစ္ပါတယ္။ ဒီဂူမွာေတာ့ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္မ်ားစြာ ရွိေနၿပီး ဗုဒၶ႐ုပ္ပြားေတာ္မ်ားအျပင္ ၊ ေက်ာက္႐ုပ္ႂကြမ်ား ၊ ေက်ာက္စာမ်ား ၊ မင္စာမ်ားႏွင့္ တန္ဆာဆင္ထားတာကို ေတြ႕ႏိုင္ပါတယ္။ ႐ုပ္ႂကြေတြရဲ႕ အႏုပညာလက္ရာေတြအရ ေအဒီ ၁၁ရာစုအခ်ိန္ခန႔္က ထုလုပ္ထားျခင္းျဖစ္တယ္လို႔ ဆိုၾကပါတယ္။ ဂူရဲ႕အတိုင္းအတာကေတာ့ အလ်ား ေပ ၁၃၀ ၊ အက်ယ္ ေပ ၇၀ နဲ႔ အျမင့္ ၂၅ေပ ရွိပါတယ္။ ေကာ့ဂြန္းဂူကို ၁၉၅၇ ခုႏွစ္ကစၿပီး ယဥ္ေက်းမႈဝန္ႀကီးဌာန ေရွးေဟာင္းသုေတသန အမ်ိဳးသားျပတိုက္နဲ႔ စာၾကည့္တိုက္ဦးစီးဌာနက ထိန္းသိမ္းေစာင့္ေရွာက္ထားပါတယ္။

၃။ ရေသ့ပ်ံဂူ

ရေသ့ပ်ံလိုဏ္ဂူကေတာ့ ကရင္ျပည္နယ္ ဘားအံ့ၿမိဳ႕ ရေသ့ပ်ံေက်း႐ြာ ၊ သံလြင္ျမစ္ရဲ႕ အေနာက္ဘက္မွာ တည္ရွိပါတယ္။ ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ ၁၁၆ေပ ခန႔္တြင္တည္ရွိတဲ့ ဒီသဘာဝထုံးေက်ာက္လိုဏ္ဂူထဲမွာေတာ့ ေရွးေဟာင္းလက္ရာ ဗုဒၶ႐ုပ္ပြားေတာ္ေတြတည္ရွိေနပါတယ္။ ႐ုပ္ပြားေတာ္အခ်ိဳ႕ကေတာ့ ၁၃ ရာစုလက္ရာျဖစ္ၿပီး အမ်ားစုကေတာ့ ၁၇ ရာစု လက္ရာေတြျဖစ္တယ္လို႔ သိရပါတယ္။ ဂူရဲ႕အတြင္းတေနရာမွာေတာ့ ရေသ့ႀကီးဈာန္ပ်ံတက္သြားတယ္လို႔ အစဥ္အဆက္ေျပာဆိုခဲ့တဲ့ ဂူေပါက္ႀကီး တခုရွိေနတာကေတာ့ ဒီဂူရဲ႕ ထူးျခားခ်က္ပါ။ ဂူရဲ႕အရွည္ကိုေတာ့ ေသခ်ာစြာ မသိရေပမယ့္ ဂူရဲ႕အက်ယ္ကေတာ့ ဂူအဝမွာ ၇၅ေပသာရွိေပမယ့္ ဂူအတြင္းဘက္မွာေတာ့ ေပ ၁၅၀အထိ က်ယ္တယ္လို႔ ဆိုပါတယ္။

၄။ ပိတ္ခ်င္းေျမာင္ဂူ

ပိတ္ခ်င္းေျမာင္လိုဏ္ဂူကေတာ့ မႏၲေလးတိုင္း ျပင္ဦးလြင္ၿမိဳ႕နဲ႔ ၁၅မိုင္ခန႔္အကြာ ဝက္ဝံေက်း႐ြာအနီးမွာ တည္ရွိပါတယ္။ ပိတ္ခ်င္းေျမာင္ မဟာနႏၵမူ လိုဏ္ဂူေတာ္ လို႔ လူသိမ်ားေက်ာ္ၾကားပါတယ္။ လိုဏ္ဂူအနီးမွာ ေဆးဖက္ဝင္ ပိတ္ခ်င္းပင္မ်ား ထူထပ္ေပါမ်ားစြာ ေပါက္ေရာက္ခဲ့ေသာေၾကာင့္ ပိတ္ခ်င္းေျမာင္ လို႔ေခၚေၾကာင္းသိရပါတယ္။ ဂူရဲ႕အရွည္ကေတာ့ ၁၆၀၀ေပရွိၿပီး အနက္ကေတာ့ ၆၆ေပခန႔္ရွိပါတယ္။ ဂူအတြင္းမွာေတာ့ ေရတံခြန္ငယ္ေလးေတြနဲ႔အတူ စမ္းေခ်ာင္းရွိေနပါတယ္။ ေစတီႏွင့္အတူ ႐ုပ္ပြားေတာ္မ်ားအျပင္ ဗုဒၶဘာသာဆိုင္ရာ ႐ုပ္တုမ်ားရွိေနၿပီး ျပင္တြင္းျပည္ပ ခရီးသြားမ်ား အလာမ်ားတဲ့ ေနရာတခုလည္းျဖစ္ပါတယ္။

၅။ ဘုရင့္ညီဂူ

ဘုရင့္ညီဂူကေတာ့ ကရင္ျပည္နယ္ ဘားအံၿမိဳ႕နဲ႔ ၁၅မိုင္ခန႔္အကြာ ေနာင္က်န္ေက်း႐ြာအနီး သံလြင္ျမစ္ အေရွ႕ဘက္ကမ္းေပၚမွာ တည္ရွိပါတယ္။ ဒီဂူကိုသြားမယ္ဆိုရင္ တာင္ေဘးေလွကားကေန တက္ရတာျဖစ္ၿပီး အျမင့္ေပ ၄၀၀ ခန႔္ရွိတဲ့ ေတာင္ရဲ႕ေအာက္ေျခက အနည္းငယ္ျမင့္တဲ့ ေတာင္ေစာင္းမွာ တည္ရွိေနတာျဖစ္ပါတယ္။ ဂူရဲ႕အရွည္က ၁ဖာလုံခန႔္ရွိၿပီး ဂူအတြင္းမွာေတာ့ ဂဝံေက်ာက္အုတ္၊ ေရွးေခတ္ေဟာင္း လက္လုပ္ေျမအုတ္တို႔ျဖင့္ ထြင္းထုထားေသာ ဘုရားဆင္းတုမ်ားစြာရွိေနပါတယ္။ ဘုရင့္ညီဂူရဲ႕အေျခမွာေတာ့ တႏွစ္ပတ္လုံးပူေႏြးေနတဲ့ ေရပူအိုင္ ေရကန္ရွိၿပီး ဒီေရကန္မွာ ေရးခ်ိဳးပါက ေရာဂါဘယကင္းစင္ေစတယ္ ဆိုတဲ့ အယူအဆလည္း ရွိေနပါတယ္။

၆။ ေကာ့ကေသာင္ဂူ

ေကာ့ကေသာင္ဂူကေတာ့ ကရင္ျပည္နယ္ ဘားအံၿမိဳ႕ရဲ႕ေတာင္ဘက္ ၇ မိုင္ခန႔္အကြာမွာ တည္ရွိပါတယ္။ ဂူအ၀ အမိုးေပၚမွာေတာ့ ဘုရားရွင္အမႉးျပဳတဲ့ သံဃာေတာ္ေတြ ႂကြခ်ီလာဟန္ ႐ုပ္တုေတြနဲ႔ သ႐ုပ္ေဖာ္ထားပါတယ္။ အရမ္းႀကီးတဲ့ လိုဏ္ဂူတခုေတာ့ မဟုတ္ပဲ ဒီလိုဏ္ဂူရဲ႕အရွည္ဟာ ေပ ၁၇၀ ဝန္းက်င္ခန႔္သာ ရွိပါတယ္။ ဂူအတြင္းမွာလည္း ဗုဒၶ ဆင္းတုေတာင္ေပါင္းမ်ားစြာ ရွိေနၿပီး ဂူနံရံမွာေတာ့ လက္ရာေျမာက္လွတဲ့ အုတ္ခြက္ဘုရားေတြ ရွိေနပါတယ္။

၇။ ထမ့္စမ္းလိုဏ္ဂူ

ထမ့္စမ္းလိုဏ္ဂူကေတာ့ ရွမ္းျပည္နယ္ ဟိုပုံးၿမိဳ႕ရဲ႕ ၁၀ မိုင္ခန႔္အကြာမွာ တည္ရွိေနပါတယ္။ ဒီဂူကို ဆရာေတာ္ ဦးေပါရိႆ (ဟိုပုံးကိုရင္ေလး)သည္ ၎၏ အိပ္မက္အရ ရွာေဖြ ေတြ႕ရွိခဲ့ၿပီး ၂၀၀၉ ခုႏွစ္၊ ဇူလိုင္လ ၆ ရက္ေန႔မွစ၍ ဖြင့္ႏိုင္ေအာင္ ႀကိဳးပမ္းခဲ့တယ္ လို႔ သိရပါတယ္။ ဂူရဲ႕အျမင့္ဆုံးေနရာက ေပ ၆၀ ခန႔္ျမင့္ၿပီး အက်ယ္ဆုံးေနရာကေတာ့ ေပ ၂၀၀ ခန႔္ ရွိပါတယ္။ သက္ရင့္ထုံး ေက်ာက္ဂူ အတြင္း အလြန္လွပေသာ ေက်ာက္စက္ပန္းဆြဲ အမ်ိဳးမ်ိဳးကို ေတြ႕ရမွာျဖစ္ပါတယ္။ ဂူရဲ႕ အရွည္ကိုေတာ့ အတိအက်မသိရေသးပဲ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွ ပအိုဝ္း တိုင္းရင္းသားမ်ားက ေပ ၆၀၀၀ ခန႔္ အထိ ရွင္းလင္းၿပီး ျဖစ္ကာ ဝင္ေရာက္ေလ့လာႏိုင္သည့္ ဂူအလ်ားမွာ ေပ ၃,ဝဝဝ ခန႔္ ျဖစ္ ပါတယ္။

၈။ ဆဒၵန္ဂူ

ဆဒၵန္ဂူကေတာ့ ကရင္ျပည္နယ္ ဇြဲကပင္ေတာင္တန္းရဲ႕ ေတာင္ဘက္အက်ဆုံးျဖစ္ၿပီး သံလြင္ျမစ္ အေရွ႕ဘက္ကမ္း ေကာ့ဝါးဆူးေက်း႐ြာအနီးမွာ တည္ရွိပါတယ္။ ဆဒၵန္ဂူဟာ အျခားလိုဏ္ဂူမ်ားကဲ့သို႔ တဖက္တည္းရွိတဲ့ ဂူမဟုတ္ပဲ ႏွစ္ဖက္ပြင့္ တိုးလ်ိဳေပါက္ လိုဏ္ဂူျဖစ္ၿပီး ကရင္ျပည္နယ္မွာေတာ့ အရွည္ဆုံးလိုဏ္ဂူျဖစ္ပါတယ္။ ဂူရဲ႕အျမင့္ေပက ေပ ၃၀ ခန႔္ရွိၿပီး ဂူအရွည္ကေတာ့ ေပေပါင္း ၁၆၀၀ ေက်ာ္ရွိကာ အဆုံးထိေလွ်ာက္မယ္ဆိုရင္ေတာ့ ၁၀မိနစ္ ကေန ၁၅မိနစ္အထိ ၾကာျမင့္မွာျဖစ္ပါတယ္။ ဂူထဲမွာေတာ့ လွ်ပ္စစ္မီးထြန္းထားတဲ့အတြက္ အလင္းေရာင္ အသင့္အတင့္ရၿပီး ေလ်ာင္းေတာ္မူ ႐ုပ္ပြားေတာ္ အပါအဝင္ ဗုဒၶ႐ုပ္ပြားေတာ္မ်ား ရွိေနပါတယ္။ ေက်ာက္စက္ပန္းဆြဲ ၊ ေက်ာက္မိုးေမွ်ာ္ စတဲ့ သဘာဝအလွအပမ်ားကို ဂူထဲမွာ ေတြ႕ရမွာျဖစ္ပါတယ္။ ဂူအဆုံးမွာေတာ့ ေလွဆိပ္ရွိေနၿပီး အဲဒီကေန ေလွစီးကာ ဂူေအာက္မွတဆင့္ အဝင္ေပါက္ဘက္ကို ျပန္ထြက္ႏိုင္တာကေတာ့ ဆဒၵန္ဂူရဲ႕ ထူးျခားခ်က္ျဖစ္ပါတယ္။

၉။ ျပဒါးလင္းဂူ

ျပဒါးလင္းဂူ ၊ ပဒလင္းဂူ ၊ ပဒတ္လိုဏ္ဂူ လို႔ေခၚတဲ့ ဒီဂူကေတာ့ ရွမ္းျပည္နယ္ေတာင္ပိုင္း ႐ြာငံၿမိဳ႕မွာ တည္ရွိပါတယ္။ ပဒတ္ ေခါင္းေထာင္ ေနသလို ခပ္ေမာ့ေမာ့မွာ တည္ရွိ၍ ပဒတ္ဂူ ၊ ေက်ာက္စက္ပန္းဆြဲ နဲ႔ ေက်ာက္စက္မိုးေမွ်ာ္မ်ား မွာေဖာ့စေဖာရပ္ဓာတ္ပါဝင္ၿပီး တလက္လက္ေတာက္ပေနသျဖင့္ ျပဒါးလင္းဂူဟုေခၚၾကျခင္းျဖစ္ပါတယ္။ အမွတ္ ၁ ၊ အမွတ္ ၂ ဆိုၿပီး လိုဏ္ဂူ ၂ ခုရွိေနပါတယ္။ ဂူ အမွတ္ ၁ ကေတာ့ အရွည္ ေပ ၈၀ ၊ အက်ယ္ ၂၀ေပ နဲ႔ အျမင့္ ၁၄ ေပ ခန႔္ရွိၿပီး လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၂၀၀၀ နဲ႔ ၁၀၀၀၀ အတြင္း လူသားေတြ ေနထိုင္ခဲ့တယ္လို႔ သိရပါတယ္။

အဲဒီအခ်ိန္က ေနထိုင္သူေတြ ေရးဆြဲခဲ့တဲ့ ေက်ာက္ေခတ္ပန္းခ်ီေတြဟာ ဂူနံရံမွာ ရွိေနပါတယ္။ ဂူအမွတ္ ၂ ကေတာ့ ဂူ ၅ ခု တဆက္တည္းျဖစ္ေနတဲ့ဂူျဖစ္ၿပီး ေပ ၈၀၀ ခန႔္ရွည္လ်ားကာ အက်ယ္ဆုံးေနရာမွာ ေပ ၃၀၀ ခန႔္ ၊ အျမင့္ ေပ ၉၀ ခန႔္ ရွိပါတယ္။ ဂူအတြင္းမွာေတာ့ ေက်ာက္လည္တိုင္၊ ေက်ာက္ဆက္မိုး ေမွ်ာ္၊ေက်ာက္ဆက္ ပန္းဆြဲ မ်ားျဖင့္ ျပဒါးအလင္းေရာင္ေတာက္ေနေသာ ထုံးေက်ာက္ခရစ္စတယ္မ်ားျဖင့္ လြန္စြာလွပလ်က္ရွိပါတယ္။ ျမန္မာျပည္မွာရွိတဲ့ ဂူမ်ားအနက္ အႀကီးဆုံး လိုဏ္ဂူတခုလည္းျဖစ္ပါတယ္။

၁၀။ ၾကတ္ဂူ

ၾကတ္ဂူ လို႔ နာမည္ႀကီးတဲ့ဂူကေတာ့ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ရဲ႕ ၁၀မိုင္ခန႔္အကြာမွာ တည္ရွိတဲ့ သဘာဝထုံးေက်ာက္ လိုဏ္ဂူတခုျဖစ္ပါတယ္။ ၾကတ္ဂူကို ကယားဘာသာစကားနဲ႔ ဖရယ္မီးကု ၊ ခီဒါ့ကိုးကု လို႔လည္း ေခၚၾကပါတယ္။ ၾကတ္ဂူအတြင္းမွာေတာ့ ထူးဆန္းအံ့ၾသဖြယ္ေကာင္းတဲ့ အရွည္ဆုံး ၁၅ေပ အတိုဆုံး ၂ေပရွိတဲ့ သစ္လုံးထြင္းေခါင္းတလားေတြ ရွိေနၿပီး တခ်ိဳ႕ဆိုရင္ေတာ့ ေပ ၂၀ ကေန ေပ ၃၀ ခန႔္အထိ ျမင့္တဲ့ ဂူမ်က္ႏွာက်က္ေတြမွာ ရွိေနပါတယ္။ လိုဏ္ဂူရဲ႕ အရွည္ကေတာ့ ေပ ၇၂၀၀ ခန႔္ရွိတယ္လို႔ သိရပါတယ္။ ခရီးသြားေတြနဲ႔ အၿမဲမျပတ္ လာေလ့ရွိတဲ့ဂူျဖစ္ေပမယ့္ ဂူတဝက္အထိ ဝင္ႏိုင္သူေတာင္ အလြန္ရွားပါတယ္။

Tags: myanmar places
Next Post
အိန္ဒိယရဲ့ နာမည်ကျော် မူရူဂျန်ဂျီးယာခံတပ်

အိန္ဒိယရဲ့ နာမည်ကျော် မူရူဂျန်ဂျီးယာခံတပ်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!