(Unicode)
မြန်မာအမျိုးသားတို့အပေါ် သန့်ရှင်းစင်ကြယ်သော စေတနာမေတ္တာဖြင့် တကယ်ချစ်ခင်သော လူမျိုးခြားတစ်ဦးကား ဒေါက်တာ ဂျွန်ဆစ်ဒင် ဟမ်ဖာနီဗယ် ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ မိတ်ကောင်းဆွေစစ်တစ်ဦးပီသစွာ မြန်မာနိုင်ငံ၏ အကျိုးကို လိုလိုလားလား သယ်ပိုးဆောင်ရွက်ခဲ့ရာ မြန်မာအမျိုးသားများထဲကပင် သူ၏စေတနာ သူ၏လုပ်ရည်ကိုင်ရည်ကို မှီသူရှာမှရှားပေလိမ့်မည်။
မြန်မာနိုင်ငံသို့ လာရောက်စိုးမိုးခဲ့ကြသော ဗြိတိသျှအထက်တန်းအရာရှိကြီးများထဲတွင် သာမန်မြန်မာချစ်အင်္ဂလိပ်လူမျိုးများ အနည်းအကျဉ်းပါခဲ့ရာ ဒေါက်တာဖာနီဗယ်သည် မြန်မာအမျိုးသားတို့ကို အမှန်တကယ် ချစ်ခင်၍ အမှန်တကယ်အကျိုးဆောင်ခဲ့သော မြန်မာနိုင်ငံ၏ ကျေးဇူးရှင်ပုဂ္ဂိုလ်ကြီးတစ်ဦးပေတည်း။
မစ္စတာဖာနီဗယ်ကို ၁၈၇၈ ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့တွင် အင်္ဂလန်ပြည် Great Bentley ကျေးရွာတွင်ဖွားမြင်ခဲ့သည်။ ဖခင်ကဲ့သို့ ဆေးပညာရှင်တစ်ဦးဖြစ်ရန် ရည်မှန်းချက်ဖြင့် ၊ အက်ပဆမ်မြို့ ရွိုင်ရယ်ဗဲနီဗိုလင့် ဆေးကောလိပ်တွင် ၁၈၉၂ ခုနှစ်မှ စ၍ ၁၈၉၇ခုနှစ်အထိ ပညာဆည်းပူးခဲ့သည်။ သို့သော် ဆေးဆရာဝန်တစ်ဦးအဖြစ်ထက် နိုင်ငံခြားသို့ စွန့်စားသွားရောက်အမှုထမ်းနိုင်သည့် အဖြစ်ကို ပို၍နှစ်သက်လာသည့်အပြင် စာပေအနုပညာကိုလည်း ဝါသနာထုံသူ ဖြစ်ရကား ၊ ကိန်းဗရစ်တက္ကသိုလ်သို့ ပြောင်းရွှေ့ပြီးလျှင် ထရင်နီတီကောလိပ်တွင် ၁၈၉၇ခုနှစ်မှ ၁၉၀၀ ပြည့်နှစ်အထိ ပညာဆည်းပူးခဲ့သည်။
ယင်းကောလိပ်မှ ဝိဇ္ဇာဘွဲ့ရခဲ့ပြီးနောက်တွင် အိန္ဒိယပဋိညာဉ်ခံ ဝန်ထမ်း(အိုင်စီအက်) အဖွဲ့သို့ ဝင်ရောက်ကာ မြန်မာပြည်တွင် အမှုထမ်းရန် ရွေးချယ်ခဲ့လေသည်။ ၁၉၀၂ ခုနှစ်တွင် မြန်မာပြည်သို့ရောက်ရှိလာ၍ များမကြာမီ မြန်မာပြည်နှင့် မြန်မာအမျိုးသားတို့က ချစ်ခင်မြတ်နိုးသူတစ်ဦးဖြစ်လာသည်။ ထို့ကြောင့် ရှမ်းတိုင်းရင်းသူ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်၍ သမီးနှစ်ဦးထွန်းကားခဲ့သည်။
မစ္စတာဖာနီဗယ်သည် ရခိုင်ပြည်နယ်မှလွဲ၍ မြန်မာပြည်တစ်ပြည်လုံး နေရာအနှံ့အပြားတွင် အမှုထမ်းခဲ့သည်။ ကြေးတိုင်းမင်းကြီးအဖြစ် ဆောင်ရွက်စဉ် မစ္စတာဖာနီဗယ်သည် ပြုပြင်ရေးလုပ်ငန်းများကို အများဆုံးလုပ်ကိုင်ခဲ့သည်။ ဗြိတိသျှအမှုတော်ကိုထမ်းရွက်ရင်း မြန်မာအမျိုးသားတို့ အဆင့်အတန်းမြင့်လာစေရန် ရည်သန်လျက်မြန်မာပြည်အတွက် အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ လုပ်ဖော်ကိုင်ဖက်မျက်နှာဖြူအရာရှိများထံမှ အကူအညီကိုကား မရရှိခဲ့ပေ။
မစ္စတာဖာနီဗယ်သည် မြန်မာ့သမိုင်း ၊ မြန်မာ့စီးပွားရေး တို့ကိုလည်း လေ့လာသုတေသနပြုခဲ့သည်။ ဗြိတိသျှတို့စိုးမိုးမှုအောက်တွင် မြန်မာတို့၏ ပညာရေးကျဆုံးနေပြီး စီးပွားရေးဖက်တွင်တွင်လည်း လူမျိုးခြားတို့ခြယ်လှယ်သမျှ ခံရကာ လုံးပါးပါးနေသည်ကို မြင်သည်။ ထို့ကြောင့် ခေတ်မီပညာရေးရှိမှသာ စီးပွားရေးနင်းပြားဘဝမှ ကင်းလွတ်နိုင်မည်ကို သိမြင်သဖြင့် ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဦးမေအောင်နှင့်အတူ ၁၉၁၀ပြည့်နှစ်ခန့်က မြန်မာနိုင်ငံ သုတေသနအသင်းကို တည်ထောင်ခဲ့သည်။ ထိုအသင်းသည် အုပ်ချုပ်သူဗြိတိသျှများနှင့် အုပ်ချုပ်ခံ မြန်မာအမျိုးသားများ တစ်ဦးနှင့်တစ်ဦး သိကျွမ်းနားလည်မှုရရန် ပြေပြစ်မှု ပေါင်းကူးတံတားသဖွယ် ဖြစ်စေခဲ့သည်။
မြန်မာတို့သည် ကိုယ်ပိုင်အုပ်ချုပ်ရေး ၊ လွတ်လပ်ရေးတို့ကိုတောင်းဆိုလာသောအခါ ဗြိတိသျှအစိုးရက မြန်မာတို့သည် လွတ်လပ်ရေးပေးဖို့ဝေးစွ ၊ ဟုမ္မရူးနှင့်ပင် မတန်သေးဟု တင်းတင်းမာမာဆိုနေစဉ် မစ္စတာဖာနီဗယ်သည် မိမိလူမျိုးအားဆန့်ကျင်ကာ မြန်မာတို့သည် လွတ်လပ်ရေးနှင့်ပင် ထိုက်တန်ပြီဟု ရဲရဲဝံ့ဝံ့ဆိုခဲ့သည်။
ဗြိတိသျှအစိုးရသည် မြန်မာတို့အား ကိုယ်ပိုင်အုပ်ချုပ်ရေးစခန်းနှင့် ဝေးသည်ထက်ဝေးအောင် ကြံဆောင်နေသည်ကို မြင်တွေ့ရသော မစ္စတာဖာနီဗယ်သည် ထိုအမှုမျိုးကို စက်ဆုပ်သဖြင့် အမှုထမ်းသက် နှစ် ၂၀ကျော် ၁၉၂၃ ခုနှစ်တွင် အိုင်စီအက် အမှုထမ်းအဖြစ်မှ နုတ်ထွက်လိုက်လေသည်။ ရာထူးမှ နုတ်ထွက်ပြီးနောက်တွင် မြန်မာပြည်၌ပင် ဆက်လက်နေထိုင်ကာ မြန်မာလူငယ်များ၏ ပညာဗဟုသုတ အဆင့်အတန်းတိုးတက်ရေး နိုင်ငံလွတ်လပ်မှုကြိုးပမ်းရေးတို့တွင် သွန်သင်ညွှန်ပြ ကူညီစောင့်ရှောက်နေခဲ့လေသည်။ ၁၉၂၄ ခုနှစ်တွင် မြန်မာပြည်စာအုပ်ဆိုင် ဟူသောအမည်ဖြင့် စာအုပ်ဆိုင်တစ်ဆိုင်ဖွင့်လှစ်ကာ မြန်မာအမျိုးသားလူငယ်များ တိုင်းပြည်လွတ်လပ်မှုကြိုးပမ်းရာ၌ စာများများဖတ်၍ ဗဟုသုတ စုဆောင်းရမည်ဟူသော ဆုံးမချက်ကို လက်တွေ့ပေးလေသည်။
စာအုပ်ဆိုင်မှ စာအုပ်စာရင်းများကို ကတ်တလောက်အဖြစ် ထုတ်ဝေရမည့်အစား စာပေမဂ္ဂဇင်းအဖြစ် ထုတ်ဝေလျှင်ပိုကောင်းမည်ဟု သဘောပိုက်မိ၍ စာအုပ်ကတ်တလောက်ဆန်ဆန် ‘စာအုပ်လောက’ မဂ္ဂဇင်းကို ထုတ်ဝေသည်။ ယင်းမဂ္ဂဇင်းကို ‘မြေအုတ်များပြိုလေရာ ကျောက်အုတ်များဖြင့်တည်ဆောက်အံ့’ ဟူသော ကြွေးကြော်သံဖြင့် ထုတ်ဝေခဲ့လေသည်။ မကြာမီ တပည့်တစ်ဦးဖြစ်သူ သခင်ဘသောင်းအား ‘ဂန္ထလောက’ အမည်တပ်စေပြီးလျှင် အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေစေသည်။
‘ဂန္ထလောကမဂ္ဂဇင်း’ သည် မျက်မှောက်ခေတ်စာပေအား ထူးကဲသော ကျေးဇူးပြုခဲ့သည်။ မြန်မာလူငယ် ပညာတတ်များအား ဘာသာပြန်မှု နှင့် ကိုယ်ပိုင်စာပေရေးသားမှုတို့အား အခါအခွင့်နှင့် နေရာပေးသည်။ ထိုအခါ ဂန္ထလောကမဂ္ဂဇင်းကို အကြောင်းပြု၍ မြန်မာစာပေလောကတွင် ‘ခေတ်စမ်းစာပေခေတ်’ ပေါ်ထွန်းခဲ့လေသည်။
မစ္စတာဖာနီဗယ်သည် ဂန္ထလောကမဂ္ဂဇင်းကို ထိန်းသိမ်းစောင့်ရှောက်ရန် တစ်နည်းဆိုသော် ခေတ်စမ်းစာပေအရေးအသားနှင့် အနောက်တိုင်းသားတို့၏ ခေတ်မီပညာရပ်များ မြန်မာအမျိုးသားတို့၌ ပျံံ့နှံ့လာစေရန် ပေါင်းကူးတံတားသဖွယ်ဖြစ်သော ဘာသာပြန်လုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်လာအောင် မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းကို ၁၉၂၈ခုနှစ်တွင် တည်ထောင်ပေးခဲ့ပြန်သည်။
၁၉၃၀-၁၉၄၀ နှစ်များအကြားတွင် မစ္စတာဖာနီဗယ် မြန်မာပြည်တွင် မရှိပေ။ မြန်မာပြည်တွင် သူမရှိသော်လည်း သူ၏နှလုံအိမ်တွင် မြန်မာပြည်သည် အစဉ်ကိန်းဝပ်လျှက်ရှိသည်။ အထူးသဖြင့် မြန်မာ့စီးပွားရေးစနစ် အခြေအမြစ်များကို သူစိတ်ဝင်စားလျက်ရှိသည်။ ထို့ကြောင့် အခြားကိုလိုနီနိုင်ငံ စီးပွားရေးစနစ်များနှင့် နှိုင်းယှဉ်ရန် ၁၉၃၃-၁၉၃၆ ခုနှစ်များတွင် ဟော်လန် နှင့် ဂျာဗားကျွန်းတို့တွင် စီးပွားရေးစနစ်များကို လေ့လာဆည်းပူးခဲ့သည်။ ၁၉၃၆ခုနှစ်မှ ၁၉၄၂ခုနှစ်အထိ အင်္ဂလန် ကိန်းဗရစ်တက္ကသိုလ်၌ မြန်မာစာပေကထိကအဖြစ် ဆောင်ရွက်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် မြန်မာပြည်သည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု အဖြစ်သို့ ကူးပြောင်းမည့်ဆဲဆဲကာလတွင် ထိုစဉ်က မြန်မာပြည်အစိုးရကို ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်သောနိုင်ငံဖြစ်လာစေရန် အားသွန်ခွန်စိုက်ကြိုးစားပေးခဲ့သော မစ္စတာဖာနီဗယ်အား စီမံကိန်းအကြံပေးပါရဂူအဖြစ် ဆောင်ရွက်ပေးပါရန်ဖိတ်ကြားခဲ့သည်။ သူချစ်သော မြန်မာပြည်၏ အကျိုးကိုဆောင်ရွက်ရန် အမြဲအဆင်သင့်ဖြစ်နေသော မစ္စတာဖာနီဗယ်က ထိုကမ်းလှမ်းချက်ကို ဝမ်းမြောက်ရွှင်လန်းစွာဖြင့် လက်ခံခဲ့လေသည်။
ယင်းသို့ဖြင့် လွတ်လပ်သောမြန်မာနိုင်ငံအစိုးရ၏ စီမံကိန်းအကြံပေးပါရဂူအဖြစ် ၁၉၄၈ ခုနှစ်မှ ၁၉၅၈ခုနှစ်တိုင်အောင် ၁၀နှစ်ကြာ ထမ်းဆောင်ပေးခဲ့ပြီး မြန်မာပြည်အစိုးရ၏ သတိုးသီရိသုဓမ္မဘွဲ့ချီးမြှင့်ခြင်းကို ခံခဲ့ရသည်။ ၁၉၅၇ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ဒီလစ်ခေါ် ဒေါက်တာဘွဲ့အား ချီးမြှင့်ခဲ့ပြန်သည်။ ၁၉၅၉ ခုနှစ်တွင် မြန်မာနိုင်ငံ အိမ်စောင့်အစိုးရသည် နိုင်ငံခြားသား အကြံပေးအရာရှိအားလုံးတို့အား အလုပ်ရပ်စဲစေပြီး မူရင်းနိုင်ငံများသို့ ပြန်စေရာ ဒေါက်တာဖာနီဗယ်လည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။
သို့သော် မြန်မာနိုင်ငံမှ ထွက်ခွာချိန်ကို ရက်တိုးပေးခဲ့သဖြင့် ဝန်ကြီးချုပ်ဦးနု တိုက်တွန်းတောင်းပန်သဖြင့် ပြုစုရေးသားလျက်ရှိသော ‘၁၈၆၂ခုနှစ်မှ ၁၉၄၁ခုနှစ် ၊ ခေတ်သစ်မြန်မာပြည်၏ လူမှုရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်မှုစစ်တမ်း’ အမည်ရှိကျမ်းကြီးကို အပြီးသတ်ပြုစုပေးခဲ့သည်။ ထို့နောက် ၁၉၆၀ ပြည့်နှစ် ဧပြီလ ၂ရက်နေ့တွင် အင်္ဂလန်သို့ ပြန်သွားခဲ့လေသည်။
ထိုသို့မပြန်ခင်ကလေးတွင် ရန်ကုန်တက္ကသိုလ်က ဒေါက်တာဖာနီဗယ်အား တက္ကသိုလ်ကျောင်းဖွင့်ချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လာပြီးလျှင် စီးပွားရေးပညာဌာနတွင် အထူးပါမောက္ခအဖြစ် ဆောင်ရွက်ရန်စီစဉ်ထားခဲ့သည်။ သို့သော်ဒေါက်တာဖာနီဗယ်သည် သူချစ်သော မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ်ပြန်လာခွင့်မရတော့ပေ။ အင်္ဂလန်ရောက်ပြီး ၃လအကြာ ဇူလိုင်လ ၉ ရက်နေ့တွင် လေဖြတ်သည့်ရောဂါခံစားပြီးနောက် ကွယ်လွန်သွားခဲ့သောကြောင့်ဖြစ်သည်။
ဒေါက်တာဖာနီဗယ်သည် အင်္ဂလိပ်လူမျိုးတစ်ဦးဖြစ်၍ အင်္ဂလိပ်လူမျိုးအသွေးအမွေး ရုပ်ဆင်းသဏ္ဍာန်ရှိသော်လည်း သူ၏စိတ်ဓာတ်မှာ မြန်မာတစ်ယောက်အသွင် ထင်ဟပ်လျက်ရှိသည်။ မြန်မာစကားကိုရေလည်ပီသစွာ ပြောဆိုနိုင်၍ ၊ ခင်မင်ရင်းနှီးသူများက သူ့ကို ‘ဦးကြီး’ ဟုခေါ်လျှင် အလွန်နှစ်ခြိုက်သည်။ တကိုယ်ကောင်းစိတ်ကင်းသည်။ သူ့တွင် ပညာမာန ၊ လူမျိုးမာန ၊ ရာထူးဂုဏ်သိမ်၏မာန မရှိချေ။ အတွေးအခေါ်နှင့် အသိဉာဏ်ပညာထက်မြက်သူတစ်ဦးဖြစ်ရကား အသက် ၈၀ကျော် ဘဝဆုံးခန်းတိုင်အောင် သူ၏ အသိပညာကို မြန်မာနိုင်ငံအတွက် အသုံးချခဲ့သည်။ စကားပြောဆိုရာတွင် အမှန်အတိုင်း မထောက်မညှာပြောတတ်လေ့ရှိသော်လည်း အလွန်ကြင်နာတတ်သူဖြစ်သည်။
အစိုးရလောက ၊ ကုန်သည်လောက ၊ သတင်းစာလောက ၊ နိုင်ငံရေးလောက မည်သည့်လောကတွင်မူ မဟုတ်မမှန်သည်ကိုတွေ့လျှင် ပြစ်တင်ရှုံချရန်ဝန်မလေးပေ။ အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးရာ လူမှုရေးရာတို့တွင် ကဝိကြီးတစ်ဆူဖြစ်၍ ယင်းတို့နှင့်စပ်လျဉ်းသော ကျမ်းအစောင်စောင်ကို ပြုစုခဲ့သည်။ မြန်မာနိုင်ငံအတွက် သုတေသနဆောင်းပါးများစွာရေးပြီး သုတေသနအသင်းကြီး တိုးတက်လာအောင် စိတ်ရောကိုယ်ပါ အားပေးကူညီခဲ့သည်။ ထိုအချိန်က ထုတ်ဝေသော သူ့တေသနဂျာနယ်တွင် သူ့ဆောင်းပါး ၊ သူ့လက်ရာချည်းသာဖြစ်သည်။
သူအကျိုးဆောင်ခဲ့သော သုတေသနအသင်းကြီးကြောင့် တိမ်မြုပ်ပျောက်ကွယ်နေသော မြန်မာပညာရပ်များ ၊ သမိုင်းများကို ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ဂန္ထလောကမဂ္ဂဇင်း၏ ကျေးဇူးကြောင့် မြန်မာ့စာပေလောကတိုးတက်ခဲ့သည်။ မြန်မာပြည် စာအုပ်အသင်း၏ကျေးဇူးကြောင့် စာဖတ်ဝါသနာပါသူ မြန်မာများ ဒီရေအလားတိုးတက်ခဲ့သည်။ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်း၏ ကျေးဇူးကြောင့် မြန်မာဘာသာပြန် ကမ္ဘာ့စာပေ နှင့် သိပ္ပံပညာရပ်များကို မြန်မာလူငယ်တို့လေ့လာနိုင်ခဲ့ကြသည်။
ထိုစဉ်က မြန်မာပြည်သည် ဒေါက်တာဖာနီဗယ် မြင်တွေ့လိုသည့်အတိုင်း အရှေ့တောင်အာရှတွင် အိမ်တစ်ဆောင်မီးတပြောင်နှင့် လူတစ်လုံး သူတစ်လုံးနေနိုင်ခဲ့လေသည်။ ဒေါက်တာဖာနီဗယ်၏ ကျေးဇူးသည် မြန်မာနိုင်ငံအပေါ်၍ အလွန်ကြီးမားလှလေသည်။ မြန်မာနိုင်ငံ၏ အကျိုးကို ဤမျှဆောင်ရွက်ခဲ့သော ဒေါက်တာဖာနီဗယ်ကား ဗြိတိသျှနိုင်ငံသားတို့အတွက်လည်း လူမျိုး၏ဂုဏ်သိမ်မညှိုးရအောင် ဆောက်ရွက်ခဲ့သူတစ်ဦးဖြစ်သဖြင့် ဂုဏ်ယူဖွယ်ရာကောင်းသော ယောင်္ကျားထူး ယောင်္ကျားမြတ် တစ်ယောက်ဖြစ်ပေသတည်း။
( ဒေါက်တာဖာနီဗယ်အကြောင်း မဖတ်ဖူးသေးတဲ့ သုတဇုန်မိတ်ဆွေများအတွက် မြန်မာစွယ်စုံကျမ်း အတွဲ ၇ ပါဆောင်းပါးကို စာစီ၍ ပြန်လည်ဝေမျှခြင်း ဖြစ်ပါတယ်)
——— ——– ———–
(Zawgyi)
ျမန္မာႏိုင္ငံ၏ ေက်းဇူးရွင္ ပုဂၢိဳလ္ႀကီးတစ္ဦး (သို႔) ေဒါက္တာဖာနီဗယ္
ျမန္မာအမ်ိဳးသားတို႔အေပၚ သန႔္ရွင္းစင္ၾကယ္ေသာ ေစတနာေမတၱာျဖင့္ တကယ္ခ်စ္ခင္ေသာ လူမ်ိဳးျခားတစ္ဦးကား ေဒါက္တာ ဂြၽန္ဆစ္ဒင္ ဟမ္ဖာနီဗယ္ ျဖစ္ေပသည္။ ျမန္မာႏိုင္ငံ၏ မိတ္ေကာင္းေဆြစစ္တစ္ဦးပီသစြာ ျမန္မာႏိုင္ငံ၏ အက်ိဳးကို လိုလိုလားလား သယ္ပိုးေဆာင္႐ြက္ခဲ့ရာ ျမန္မာအမ်ိဳးသားမ်ားထဲကပင္ သူ၏ေစတနာ သူ၏လုပ္ရည္ကိုင္ရည္ကို မွီသူရွာမွရွားေပလိမ့္မည္။
ျမန္မာႏိုင္ငံသို႔ လာေရာက္စိုးမိုးခဲ့ၾကေသာ ၿဗိတိသွ်အထက္တန္းအရာရွိႀကီးမ်ားထဲတြင္ သာမန္ျမန္မာခ်စ္အဂၤလိပ္လူမ်ိဳးမ်ား အနည္းအက်ဥ္းပါခဲ့ရာ ေဒါက္တာဖာနီဗယ္သည္ ျမန္မာအမ်ိဳးသားတို႔ကို အမွန္တကယ္ ခ်စ္ခင္၍ အမွန္တကယ္အက်ိဳးေဆာင္ခဲ့ေသာ ျမန္မာႏိုင္ငံ၏ ေက်းဇူးရွင္ပုဂၢိဳလ္ႀကီးတစ္ဦးေပတည္း။
မစၥတာဖာနီဗယ္ကို ၁၈၇၈ ခုႏွစ္ ေဖေဖာ္ဝါရီလ ၄ရက္ေန႔တြင္ အဂၤလန္ျပည္ Great Bentley ေက်း႐ြာတြင္ဖြားျမင္ခဲ့သည္။ ဖခင္ကဲ့သို႔ ေဆးပညာရွင္တစ္ဦးျဖစ္ရန္ ရည္မွန္းခ်က္ျဖင့္ ၊ အက္ပဆမ္ၿမိဳ႕ ႐ြိဳင္ရယ္ဗဲနီဗိုလင့္ ေဆးေကာလိပ္တြင္ ၁၈၉၂ ခုႏွစ္မွ စ၍ ၁၈၉၇ခုႏွစ္အထိ ပညာဆည္းပူးခဲ့သည္။ သို႔ေသာ္ ေဆးဆရာဝန္တစ္ဦးအျဖစ္ထက္ ႏိုင္ငံျခားသို႔ စြန႔္စားသြားေရာက္အမႈထမ္းႏိုင္သည့္ အျဖစ္ကို ပို၍ႏွစ္သက္လာသည့္အျပင္ စာေပအႏုပညာကိုလည္း ဝါသနာထုံသူ ျဖစ္ရကား ၊ ကိန္းဗရစ္တကၠသိုလ္သို႔ ေျပာင္းေ႐ႊ႕ၿပီးလွ်င္ ထရင္နီတီေကာလိပ္တြင္ ၁၈၉၇ခုႏွစ္မွ ၁၉၀၀ ျပည့္ႏွစ္အထိ ပညာဆည္းပူးခဲ့သည္။
ယင္းေကာလိပ္မွ ဝိဇၨာဘြဲ႕ရခဲ့ၿပီးေနာက္တြင္ အိႏၵိယပဋိညာဥ္ခံ ဝန္ထမ္း(အိုင္စီအက္) အဖြဲ႕သို႔ ဝင္ေရာက္ကာ ျမန္မာျပည္တြင္ အမႈထမ္းရန္ ေ႐ြးခ်ယ္ခဲ့ေလသည္။ ၁၉၀၂ ခုႏွစ္တြင္ ျမန္မာျပည္သို႔ေရာက္ရွိလာ၍ မ်ားမၾကာမီ ျမန္မာျပည္ႏွင့္ ျမန္မာအမ်ိဳးသားတို႔က ခ်စ္ခင္ျမတ္ႏိုးသူတစ္ဦးျဖစ္လာသည္။ ထို႔ေၾကာင့္ ရွမ္းတိုင္းရင္းသူ အမ်ိဳးသမီးတစ္ဦးႏွင့္ လက္ထပ္၍ သမီးႏွစ္ဦးထြန္းကားခဲ့သည္။
မစၥတာဖာနီဗယ္သည္ ရခိုင္ျပည္နယ္မွလြဲ၍ ျမန္မာျပည္တစ္ျပည္လုံး ေနရာအႏွံ႔အျပားတြင္ အမႈထမ္းခဲ့သည္။ ေၾကးတိုင္းမင္းႀကီးအျဖစ္ ေဆာင္႐ြက္စဥ္ မစၥတာဖာနီဗယ္သည္ ျပဳျပင္ေရးလုပ္ငန္းမ်ားကို အမ်ားဆုံးလုပ္ကိုင္ခဲ့သည္။ ၿဗိတိသွ်အမႈေတာ္ကိုထမ္း႐ြက္ရင္း ျမန္မာအမ်ိဳးသားတို႔ အဆင့္အတန္းျမင့္လာေစရန္ ရည္သန္လ်က္ျမန္မာျပည္အတြက္ အက်ိဳးျပဳလုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ရာ လုပ္ေဖာ္ကိုင္ဖက္မ်က္ႏွာျဖဴအရာရွိမ်ားထံမွ အကူအညီကိုကား မရရွိခဲ့ေပ။
မစၥတာဖာနီဗယ္သည္ ျမန္မာ့သမိုင္း ၊ ျမန္မာ့စီးပြားေရး တို႔ကိုလည္း ေလ့လာသုေတသနျပဳခဲ့သည္။ ၿဗိတိသွ်တို႔စိုးမိုးမႈေအာက္တြင္ ျမန္မာတို႔၏ ပညာေရးက်ဆုံးေနၿပီး စီးပြားေရးဖက္တြင္တြင္လည္း လူမ်ိဳးျခားတို႔ျခယ္လွယ္သမွ် ခံရကာ လုံးပါးပါးေနသည္ကို ျမင္သည္။ ထို႔ေၾကာင့္ ေခတ္မီပညာေရးရွိမွသာ စီးပြားေရးနင္းျပားဘဝမွ ကင္းလြတ္ႏိုင္မည္ကို သိျမင္သျဖင့္ ထိုစဥ္က ျပည္ထဲေရးဝန္ႀကီးျဖစ္သူ ဦးေမေအာင္ႏွင့္အတူ ၁၉၁၀ျပည့္ႏွစ္ခန႔္က ျမန္မာႏိုင္ငံ သုေတသနအသင္းကို တည္ေထာင္ခဲ့သည္။ ထိုအသင္းသည္ အုပ္ခ်ဳပ္သူၿဗိတိသွ်မ်ားႏွင့္ အုပ္ခ်ဳပ္ခံ ျမန္မာအမ်ိဳးသားမ်ား တစ္ဦးႏွင့္တစ္ဦး သိကြၽမ္းနားလည္မႈရရန္ ေျပျပစ္မႈ ေပါင္းကူးတံတားသဖြယ္ ျဖစ္ေစခဲ့သည္။
ျမန္မာတို႔သည္ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ၊ လြတ္လပ္ေရးတို႔ကိုေတာင္းဆိုလာေသာအခါ ၿဗိတိသွ်အစိုးရက ျမန္မာတို႔သည္ လြတ္လပ္ေရးေပးဖို႔ေဝးစြ ၊ ဟုမၼ႐ူးႏွင့္ပင္ မတန္ေသးဟု တင္းတင္းမာမာဆိုေနစဥ္ မစၥတာဖာနီဗယ္သည္ မိမိလူမ်ိဳးအားဆန႔္က်င္ကာ ျမန္မာတို႔သည္ လြတ္လပ္ေရးႏွင့္ပင္ ထိုက္တန္ၿပီဟု ရဲရဲဝံ့ဝံ့ဆိုခဲ့သည္။
ၿဗိတိသွ်အစိုးရသည္ ျမန္မာတို႔အား ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးစခန္းႏွင့္ ေဝးသည္ထက္ေဝးေအာင္ ႀကံေဆာင္ေနသည္ကို ျမင္ေတြ႕ရေသာ မစၥတာဖာနီဗယ္သည္ ထိုအမႈမ်ိဳးကို စက္ဆုပ္သျဖင့္ အမႈထမ္းသက္ ႏွစ္ ၂၀ေက်ာ္ ၁၉၂၃ ခုႏွစ္တြင္ အိုင္စီအက္ အမႈထမ္းအျဖစ္မွ ႏုတ္ထြက္လိုက္ေလသည္။ ရာထူးမွ ႏုတ္ထြက္ၿပီးေနာက္တြင္ ျမန္မာျပည္၌ပင္ ဆက္လက္ေနထိုင္ကာ ျမန္မာလူငယ္မ်ား၏ ပညာဗဟုသုတ အဆင့္အတန္းတိုးတက္ေရး ႏိုင္ငံလြတ္လပ္မႈႀကိဳးပမ္းေရးတို႔တြင္ သြန္သင္ၫႊန္ျပ ကူညီေစာင့္ေရွာက္ေနခဲ့ေလသည္။ ၁၉၂၄ ခုႏွစ္တြင္ ျမန္မာျပည္စာအုပ္ဆိုင္ ဟူေသာအမည္ျဖင့္ စာအုပ္ဆိုင္တစ္ဆိုင္ဖြင့္လွစ္ကာ ျမန္မာအမ်ိဳးသားလူငယ္မ်ား တိုင္းျပည္လြတ္လပ္မႈႀကိဳးပမ္းရာ၌ စာမ်ားမ်ားဖတ္၍ ဗဟုသုတ စုေဆာင္းရမည္ဟူေသာ ဆုံးမခ်က္ကို လက္ေတြ႕ေပးေလသည္။
စာအုပ္ဆိုင္မွ စာအုပ္စာရင္းမ်ားကို ကတ္တေလာက္အျဖစ္ ထုတ္ေဝရမည့္အစား စာေပမဂၢဇင္းအျဖစ္ ထုတ္ေဝလွ်င္ပိုေကာင္းမည္ဟု သေဘာပိုက္မိ၍ စာအုပ္ကတ္တေလာက္ဆန္ဆန္ ‘စာအုပ္ေလာက’ မဂၢဇင္းကို ထုတ္ေဝသည္။ ယင္းမဂၢဇင္းကို ‘ေျမအုတ္မ်ားၿပိဳေလရာ ေက်ာက္အုတ္မ်ားျဖင့္တည္ေဆာက္အံ့’ ဟူေသာ ေႂကြးေၾကာ္သံျဖင့္ ထုတ္ေဝခဲ့ေလသည္။ မၾကာမီ တပည့္တစ္ဦးျဖစ္သူ သခင္ဘေသာင္းအား ‘ဂႏၴေလာက’ အမည္တပ္ေစၿပီးလွ်င္ အဂၤလိပ္ျမန္မာ ႏွစ္ဘာသာျဖင့္ ထုတ္ေဝေစသည္။
‘ဂႏၴေလာကမဂၢဇင္း’ သည္ မ်က္ေမွာက္ေခတ္စာေပအား ထူးကဲေသာ ေက်းဇူးျပဳခဲ့သည္။ ျမန္မာလူငယ္ ပညာတတ္မ်ားအား ဘာသာျပန္မႈ ႏွင့္ ကိုယ္ပိုင္စာေပေရးသားမႈတို႔အား အခါအခြင့္ႏွင့္ ေနရာေပးသည္။ ထိုအခါ ဂႏၴေလာကမဂၢဇင္းကို အေၾကာင္းျပဳ၍ ျမန္မာစာေပေလာကတြင္ ‘ေခတ္စမ္းစာေပေခတ္’ ေပၚထြန္းခဲ့ေလသည္။
မစၥတာဖာနီဗယ္သည္ ဂႏၴေလာကမဂၢဇင္းကို ထိန္းသိမ္းေစာင့္ေရွာက္ရန္ တစ္နည္းဆိုေသာ္ ေခတ္စမ္းစာေပအေရးအသားႏွင့္ အေနာက္တိုင္းသားတို႔၏ ေခတ္မီပညာရပ္မ်ား ျမန္မာအမ်ိဳးသားတို႔၌ ပ်ံံ့ႏွံ႔လာေစရန္ ေပါင္းကူးတံတားသဖြယ္ျဖစ္ေသာ ဘာသာျပန္လုပ္ငန္းအား ဖြံ႕ၿဖိဳးတိုးတက္လာေအာင္ ျမန္မာႏိုင္ငံပညာျပန႔္ပြားေရးအသင္းကို ၁၉၂၈ခုႏွစ္တြင္ တည္ေထာင္ေပးခဲ့ျပန္သည္။
၁၉၃၀-၁၉၄၀ ႏွစ္မ်ားအၾကားတြင္ မစၥတာဖာနီဗယ္ ျမန္မာျပည္တြင္ မရွိေပ။ ျမန္မာျပည္တြင္ သူမရွိေသာ္လည္း သူ၏ႏွလုံအိမ္တြင္ ျမန္မာျပည္သည္ အစဥ္ကိန္းဝပ္လွ်က္ရွိသည္။ အထူးသျဖင့္ ျမန္မာ့စီးပြားေရးစနစ္ အေျခအျမစ္မ်ားကို သူစိတ္ဝင္စားလ်က္ရွိသည္။ ထို႔ေၾကာင့္ အျခားကိုလိုနီႏိုင္ငံ စီးပြားေရးစနစ္မ်ားႏွင့္ ႏႈိင္းယွဥ္ရန္ ၁၉၃၃-၁၉၃၆ ခုႏွစ္မ်ားတြင္ ေဟာ္လန္ ႏွင့္ ဂ်ာဗားကြၽန္းတို႔တြင္ စီးပြားေရးစနစ္မ်ားကို ေလ့လာဆည္းပူးခဲ့သည္။ ၁၉၃၆ခုႏွစ္မွ ၁၉၄၂ခုႏွစ္အထိ အဂၤလန္ ကိန္းဗရစ္တကၠသိုလ္၌ ျမန္မာစာေပကထိကအျဖစ္ ေဆာင္႐ြက္ခဲ့သည္။
ဒုတိယကမာၻစစ္ႀကီး ၿပီးသည့္ေနာက္ ျမန္မာျပည္သည္ လြတ္လပ္ေသာ အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံတစ္ခု အျဖစ္သို႔ ကူးေျပာင္းမည့္ဆဲဆဲကာလတြင္ ထိုစဥ္က ျမန္မာျပည္အစိုးရကို ေခါင္းေဆာင္ျဖစ္ေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက လြတ္လပ္ေသာႏိုင္ငံျဖစ္လာေစရန္ အားသြန္ခြန္စိုက္ႀကိဳးစားေပးခဲ့ေသာ မစၥတာဖာနီဗယ္အား စီမံကိန္းအႀကံေပးပါရဂူအျဖစ္ ေဆာင္႐ြက္ေပးပါရန္ဖိတ္ၾကားခဲ့သည္။ သူခ်စ္ေသာ ျမန္မာျပည္၏ အက်ိဳးကိုေဆာင္႐ြက္ရန္ အၿမဲအဆင္သင့္ျဖစ္ေနေသာ မစၥတာဖာနီဗယ္က ထိုကမ္းလွမ္းခ်က္ကို ဝမ္းေျမာက္႐ႊင္လန္းစြာျဖင့္ လက္ခံခဲ့ေလသည္။
ယင္းသို႔ျဖင့္ လြတ္လပ္ေသာျမန္မာႏိုင္ငံအစိုးရ၏ စီမံကိန္းအႀကံေပးပါရဂူအျဖစ္ ၁၉၄၈ ခုႏွစ္မွ ၁၉၅၈ခုႏွစ္တိုင္ေအာင္ ၁၀ႏွစ္ၾကာ ထမ္းေဆာင္ေပးခဲ့ၿပီး ျမန္မာျပည္အစိုးရ၏ သတိုးသီရိသုဓမၼဘြဲ႕ခ်ီးျမႇင့္ျခင္းကို ခံခဲ့ရသည္။ ၁၉၅၇ခုႏွစ္တြင္ ရန္ကုန္တကၠသိုလ္က ဒီလစ္ေခၚ ေဒါက္တာဘြဲ႕အား ခ်ီးျမႇင့္ခဲ့ျပန္သည္။ ၁၉၅၉ ခုႏွစ္တြင္ ျမန္မာႏိုင္ငံ အိမ္ေစာင့္အစိုးရသည္ ႏိုင္ငံျခားသား အႀကံေပးအရာရွိအားလုံးတို႔အား အလုပ္ရပ္စဲေစၿပီး မူရင္းႏိုင္ငံမ်ားသို႔ ျပန္ေစရာ ေဒါက္တာဖာနီဗယ္လည္း တစ္ေယာက္အပါအဝင္ျဖစ္ခဲ့သည္။
သို႔ေသာ္ ျမန္မာႏိုင္ငံမွ ထြက္ခြာခ်ိန္ကို ရက္တိုးေပးခဲ့သျဖင့္ ဝန္ႀကီးခ်ဳပ္ဦးႏု တိုက္တြန္းေတာင္းပန္သျဖင့္ ျပဳစုေရးသားလ်က္ရွိေသာ ‘၁၈၆၂ခုႏွစ္မွ ၁၉၄၁ခုႏွစ္ ၊ ေခတ္သစ္ျမန္မာျပည္၏ လူမႈေရးႏွင့္ စီးပြားဖြံ႕ၿဖိဳးတိုးတက္မႈစစ္တမ္း’ အမည္ရွိက်မ္းႀကီးကို အၿပီးသတ္ျပဳစုေပးခဲ့သည္။ ထို႔ေနာက္ ၁၉၆၀ ျပည့္ႏွစ္ ဧၿပီလ ၂ရက္ေန႔တြင္ အဂၤလန္သို႔ ျပန္သြားခဲ့ေလသည္။
ထိုသို႔မျပန္ခင္ကေလးတြင္ ရန္ကုန္တကၠသိုလ္က ေဒါက္တာဖာနီဗယ္အား တကၠသိုလ္ေက်ာင္းဖြင့္ခ်ိန္တြင္ ျမန္မာႏိုင္ငံသို႔ ျပန္လာၿပီးလွ်င္ စီးပြားေရးပညာဌာနတြင္ အထူးပါေမာကၡအျဖစ္ ေဆာင္႐ြက္ရန္စီစဥ္ထားခဲ့သည္။ သို႔ေသာ္ေဒါက္တာဖာနီဗယ္သည္ သူခ်စ္ေသာ ျမန္မာႏိုင္ငံသို႔ ေနာက္တစ္ႀကိမ္ျပန္လာခြင့္မရေတာ့ေပ။ အဂၤလန္ေရာက္ၿပီး ၃လအၾကာ ဇူလိုင္လ ၉ ရက္ေန႔တြင္ ေလျဖတ္သည့္ေရာဂါခံစားၿပီးေနာက္ ကြယ္လြန္သြားခဲ့ေသာေၾကာင့္ျဖစ္သည္။
ေဒါက္တာဖာနီဗယ္သည္ အဂၤလိပ္လူမ်ိဳးတစ္ဦးျဖစ္၍ အဂၤလိပ္လူမ်ိဳးအေသြးအေမြး ႐ုပ္ဆင္းသ႑ာန္ရွိေသာ္လည္း သူ၏စိတ္ဓာတ္မွာ ျမန္မာတစ္ေယာက္အသြင္ ထင္ဟပ္လ်က္ရွိသည္။ ျမန္မာစကားကိုေရလည္ပီသစြာ ေျပာဆိုႏိုင္၍ ၊ ခင္မင္ရင္းႏွီးသူမ်ားက သူ႔ကို ‘ဦးႀကီး’ ဟုေခၚလွ်င္ အလြန္ႏွစ္ၿခိဳက္သည္။ တကိုယ္ေကာင္းစိတ္ကင္းသည္။ သူ႔တြင္ ပညာမာန ၊ လူမ်ိဳးမာန ၊ ရာထူးဂုဏ္သိမ္၏မာန မရွိေခ်။ အေတြးအေခၚႏွင့္ အသိဉာဏ္ပညာထက္ျမက္သူတစ္ဦးျဖစ္ရကား အသက္ ၈၀ေက်ာ္ ဘဝဆုံးခန္းတိုင္ေအာင္ သူ၏ အသိပညာကို ျမန္မာႏိုင္ငံအတြက္ အသုံးခ်ခဲ့သည္။ စကားေျပာဆိုရာတြင္ အမွန္အတိုင္း မေထာက္မညႇာေျပာတတ္ေလ့ရွိေသာ္လည္း အလြန္ၾကင္နာတတ္သူျဖစ္သည္။
အစိုးရေလာက ၊ ကုန္သည္ေလာက ၊ သတင္းစာေလာက ၊ ႏိုင္ငံေရးေလာက မည္သည့္ေလာကတြင္မူ မဟုတ္မမွန္သည္ကိုေတြ႕လွ်င္ ျပစ္တင္ရႈံခ်ရန္ဝန္မေလးေပ။ အေရွ႕ေတာင္အာရွႏိုင္ငံမ်ား၏ စီးပြားေရးရာ လူမႈေရးရာတို႔တြင္ ကဝိႀကီးတစ္ဆူျဖစ္၍ ယင္းတို႔ႏွင့္စပ္လ်ဥ္းေသာ က်မ္းအေစာင္ေစာင္ကို ျပဳစုခဲ့သည္။ ျမန္မာႏိုင္ငံအတြက္ သုေတသနေဆာင္းပါးမ်ားစြာေရးၿပီး သုေတသနအသင္းႀကီး တိုးတက္လာေအာင္ စိတ္ေရာကိုယ္ပါ အားေပးကူညီခဲ့သည္။ ထိုအခ်ိန္က ထုတ္ေဝေသာ သူ႔ေတသနဂ်ာနယ္တြင္ သူ႔ေဆာင္းပါး ၊ သူ႔လက္ရာခ်ည္းသာျဖစ္သည္။
သူအက်ိဳးေဆာင္ခဲ့ေသာ သုေတသနအသင္းႀကီးေၾကာင့္ တိမ္ျမဳပ္ေပ်ာက္ကြယ္ေနေသာ ျမန္မာပညာရပ္မ်ား ၊ သမိုင္းမ်ားကို ျပန္လည္ေပၚေပါက္လာခဲ့သည္။ ဂႏၴေလာကမဂၢဇင္း၏ ေက်းဇူးေၾကာင့္ ျမန္မာ့စာေပေလာကတိုးတက္ခဲ့သည္။ ျမန္မာျပည္ စာအုပ္အသင္း၏ေက်းဇူးေၾကာင့္ စာဖတ္ဝါသနာပါသူ ျမန္မာမ်ား ဒီေရအလားတိုးတက္ခဲ့သည္။ ျမန္မာႏိုင္ငံ ပညာျပန႔္ပြားေရးအသင္း၏ ေက်းဇူးေၾကာင့္ ျမန္မာဘာသာျပန္ ကမာၻ႔စာေပ ႏွင့္ သိပၸံပညာရပ္မ်ားကို ျမန္မာလူငယ္တို႔ေလ့လာႏိုင္ခဲ့ၾကသည္။
ထိုစဥ္က ျမန္မာျပည္သည္ ေဒါက္တာဖာနီဗယ္ ျမင္ေတြ႕လိုသည့္အတိုင္း အေရွ႕ေတာင္အာရွတြင္ အိမ္တစ္ေဆာင္မီးတေျပာင္ႏွင့္ လူတစ္လုံး သူတစ္လုံးေနႏိုင္ခဲ့ေလသည္။ ေဒါက္တာဖာနီဗယ္၏ ေက်းဇူးသည္ ျမန္မာႏိုင္ငံအေပၚ၍ အလြန္ႀကီးမားလွေလသည္။ ျမန္မာႏိုင္ငံ၏ အက်ိဳးကို ဤမွ်ေဆာင္႐ြက္ခဲ့ေသာ ေဒါက္တာဖာနီဗယ္ကား ၿဗိတိသွ်ႏိုင္ငံသားတို႔အတြက္လည္း လူမ်ိဳး၏ဂုဏ္သိမ္မညႇိဳးရေအာင္ ေဆာက္႐ြက္ခဲ့သူတစ္ဦးျဖစ္သျဖင့္ ဂုဏ္ယူဖြယ္ရာေကာင္းေသာ ေယာက်ၤားထူး ေယာက်ၤားျမတ္ တစ္ေယာက္ျဖစ္ေပသတည္း။
( ေဒါက္တာဖာနီဗယ္အေၾကာင္း မဖတ္ဖူးေသးတဲ့ သုတဇုန္မိတ္ေဆြမ်ားအတြက္ ျမန္မာစြယ္စုံက်မ္း အတြဲ ၇ ပါေဆာင္းပါးကို စာစီ၍ ျပန္လည္ေဝမွ်ျခင္း ျဖစ္ပါတယ္)
Discussion about this post