Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မွန်ဘိုင်းမြို့က အံသြဖွယ်လက်ရာမြောက်တည်ဆောက်ထားတဲ့ ရွှေတိဂုံပုံစံတူစေတီ

by Thutamm
October 9, 2019
Reading Time: 1min read
0
မွန်ဘိုင်းမြို့က အံသြဖွယ်လက်ရာမြောက်တည်ဆောက်ထားတဲ့ ရွှေတိဂုံပုံစံတူစေတီ
Share on FacebookShare on Twitter

ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီ ရဲ့အကြောင်းကို သိပြီးတဲ့ မိတ်ဆွေများတော့ သိပြီးလောက်ပါပြီ။ ဒီစေတီကို အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ အနောက်မြောက်ဘက်က Gorai ဆိုတဲ့ ရွာလေးအနီးမှာတည်ထားတာပါ။ Gorai ချောင်းနဲ့ အာရေးဘီးယန်းပင်လယ်ကြားက ၁၁ဧက ကျယ်ဝန်းတဲ့ လှူဒါန်းမြေပေါ်မှာ တည်ထားခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို ကမ္ဘာကိုပြန့်ပွားစေခဲ့တဲ့ ဆရာကြီး ဦးဂိုအင်ကာ ဦးဆောင်တည်ထားခဲ့တဲ့စေတီဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး အမိုးခုံးဘုရားဖြစ်ပြီး တည်ဆောက်ရာမှာ အထောက်အကန်တွေကို မသုံးပဲ ကျောက်တုံးအချင်းချင်း ချိတ်ဆက်တဲ့နည်းပညာကို သုံးပြီးတည်ထားတယ်လို့ သိရပါတယ်။ အလယ်မှာ တိုင်တစ်လုံးမှ မပါတဲ့ပုံစံနဲ့ဆောက်ထားတာပါ။ ပုံမှန်သံကူကွန်ကရစ်နဲ့ မတည်ဆောက်ရခြင်းအကြောင်းကတော့ စေတီတော်ကြီးကို နှစ်ထောင်ချီ တည်တန့်စေချင်လို့ ဖြစ်ပါတယ်။

အင်ဂျင်နီယာ  ကျောက်တုံးတွေကို နည်းပညာတွေသုံးကာ  အရွယ်အစား အတိအကျ ဖြတ်တောက်ပြီး inter-locking ချိတ်ဆက်တည်ဆောက်ထားခြင်းဖြစ်ပါတယ်။

ရွှေတိဂုံပုံစံတူယူထားပြီး ဉာဏ်တော်ကို ရွှေတိဂုံစေတီထက် ၁ပေနှိမ့်ကာ ၃၂၅ပေ ထားရှိပါတယ်။ အချင်းကတော့ ၂၈၀ပေ ရှိပါတယ်။ ၁၉၉၇ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၈ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ တည်ဆောက်ချိန် ၁၁နှစ်ကြာမြင့်ခဲ့ပြီး စုစုပေါင်း ကျောက်တုံးအရေအတွက် ၂.၅သန်းကို အသုံးပြုတည်ဆောက်ခဲ့ရပါတယ်။

မြတ်စွာဘုရားရဲ့ စွယ်တော်ကို လှိုဏ်ဂူအတွင်း အလယ်ခေါင်၌ ဌာပနာထားတယ်လို့ သိရပါတယ်။ အဝင်ကြမ်းပြင်ကိုတော့ ကျွန်းသစ်တွေနဲ့ ခင်းထားပါတယ်။ ၃၆ပေကျယ်ပြီး ၂၄ပေ မြင့်တဲ့ ကျွန်းတံခါးကြီးမှာ ပန်းကနှုတ်တွေနဲ့ ရေးခြယ်ထားပြီး ဒီတံခါးဟာ ကမ္ဘာပေါ်က ရွှေ့လျားနိုင်တဲ့ ဒုတိယအကြီးဆုံး သစ်သားတံခါးကြီးလည်း ဖြစ်ပါတယ်။

လိုဏ်ဂူအလယ်တည့်တည့်မှာတော့ လှည့်ပတ်နိုင်တဲ့ စတိတ်ဆင်မြင့်ကိုထားရှိပြီး ၊ လေဝင်လေထွက်စနစ် နဲ့ ပဲ့တင်သံလျှော့ချခြင်း နည်းပညာတွေကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။

ဒီဘုရားမှာ တရားထိုင်တဲ့ခန်းမတွေ ၊ ဗုဒ္ဓဝင်ပြခန်း ၊ စာကြည့်တိုက် ၊ စတုရန်းပေ ၆၅၀၀၀ ကျယ်ဝန်းပြီး လူရှစ်ထောင် တစ်ပြိုင်နက် တရားရှုမှတ်နိုင်တဲ့ လှိုဏ်ဂူ နဲ့ ဓမ္မစာပေသင်ကြားတဲ့အခန်း တွေပါဝင်ပြီး တောင်ဘက် နဲ့ မြောက်ဘက်မှာလည်း နောင်တော်ကြီးဘုရားအရွယ်အစား စေတီငယ်နှစ်ဆူကို တည်ထားတယ်လို့ သိရပါတယ်။

နောက်ထပ်ထူးခြားတာတွေကတော့ ဗောဓိပင် ၊ ဗုဒ္ဓရဲ့ဘဝဖြစ်တော်စဉ်ကို ပန်းချီကားပေါင်း ၁၃၀ နဲ့ရေးဆွဲကာ အသံနဲ့ရှင်းပြထားတဲ့ ခန်းမ ၊ စကျင်ကျောက်တုံးကြီးကို ထွင်းထုထားတဲ့ ၂၁.၅ပေ မြင့်ကာ အလေးချိန် ၈၇.၅တန် လေးတဲ့ ဗုဒ္ဓဆင်းတုတော်တွေပဲ ဖြစ်ပါတယ်။

VIDEO

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Next Post
ခရစ်ယာန် ဝတ်ကျောင်းတော်ရဲ့ နိုက်သူရဲကောင်းအဖွဲ့

ခရစ်ယာန် ဝတ်ကျောင်းတော်ရဲ့ နိုက်သူရဲကောင်းအဖွဲ့

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!