Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မျိုးဆက်လေးဆက်တိုင် ဆယ်တန်း မြန်မာနိုင်ငံလုံးပထမနေရာကို သိမ်းပိုက်ခဲ့ကြသူများ

by Thutamm
August 8, 2020
Reading Time: 1min read
0
မျိုးဆက်လေးဆက်တိုင် ဆယ်တန်း မြန်မာနိုင်ငံလုံးပထမနေရာကို သိမ်းပိုက်ခဲ့ကြသူများ
Share on FacebookShare on Twitter

တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ကြိုးစားသူများအတွက် အောင်မြင်ဖို့ သိပ်မခက်လှသော စာမေးပွဲဖြစ်သော်လည်း ဂုဏ်ထူးများပါဖို့ တော့ခက်ခဲလှသည်။ ထိုထက်ပို၍ တစ်နိုင်ငံလုံး အဆင့် ၁ မှ ၁၀ အထိ ဝင်ရန်မှာ အလွန်ပင်ခက်ခဲလှပြီး အဆင့် ၁ နေရာကိုရရန်အတွက်မှု မည်မျှခက်ခဲကြောင်း ပြော၍ မလိုတော့ပါ။ သို့သော် ထို နိုင်ငံလုံး အဆင့် ၁ နေရာကို မျိုးဆက်လေးဆက်တိုင်တိုင် (၅) ကြိမ် ဆက် ရရှိခဲ့သူများ ရှိခဲ့ဖူးသည်ဟု ဆိုလျှင် အလွန်အမင်းအံသြသွားနိုင်ပါသည်။ မသိသေးသူများအတွက် ထိုမိသားစု အကြောင်းကို ဗဟုသုတ အဖြစ်ဖော်ပြလိုပါသည်။

ဦးဟုတ်စိန်

ယခင်က ဘင်္ဂလားစာမေးပွဲ (ခေါ်) ဆယ်တန်းစာမေးပွဲကို ၁၉၀၉ ခုနှစ်၌ စိန်ပေါလ်ကျောင်းမှ မောင်ဟုတ်စိန်က မြန်မာနိုင်ငံလုံး ပထမ အဆင့်ဖြင့်အောင်မြင်ခဲ့သည်။ ထိုအချိန်က စိန်ပေါလ်ကျောင်း နှင့် စိန်ဂျွန်းကျောင်းတို့မှာ အဓိကပြိုင်ဘက်များဖြစ်ခဲ့သည်။ မောင်ဟုတ်စိန် သည် ငယ်စဉ်ကတည်းက အလွန်တော်ပြီး နှစ်စဉ် ထူးချွန်ဆုများ ရရှိခဲ့သူ ဖြစ်သည်။ နိုင်ငံလုံး ပထမ အဆင့်ရချိန်တွင် မောင်ဟုတ်စိန်မှာ အသက်(၁၉) နှစ် သာ ရှိသေးသည်။ ရန်ကုန်ကောလိပ်နှင့် ကာလကတ္တားတို့၌ ပညာသင်ဆု ရခဲ့ပြီး တက်ရောက်သင်ယူခဲ့သည်။

၁၉၁၃ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်မှ ဘီအေဘွဲ့ရရှိခဲ့သည်။ ထို့နောက် ပါဠိ၊ မြန်မာစာဆရာ ၊ စာရင်းကိုင် ၊ လက်ထောက်အတွင်းဝန် ၊ အတွင်းဝန် ၊ တရားလွှတ်တော်ရှေ့နေကြီး စသည်ဖြင့် ရာထူးများကို ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ မှစတင်ကာ ၁၉၇၇ ခုနှစ်အထိ ပါဠိ-မြန်မာ-အဘိဓာန် ကျမ်းကိုပြုစုခဲ့သည်။ ယနေ့တိုင် ရဟန်းရှင်လူတို့ အားကိုးအားထားပြုရသည့် အဘိဓာန်ကျမ်းများကို အသက်ထက်ဆုံးပြုစုသွားခဲ့ပြီး အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

သား မောင်စောလှိုင်

ဦးဟုတ်စိန် နှင့် ဇနီးဒေါ်မြမေတို့မှ သား မောင်စောလှိုင်ကို ဖွားမြင်ခဲ့သည်။ မောင်စောလှိုင်သည် ဒုတိယ မျိုးဆက် အဖြစ် ဖခင်ခြေရာကို နင်းနိုင်ခဲ့သည်။ ၁၉၃၆ ခုနှစ်ဆယ်တန်းစာမေးပွဲကို မြန်မာနိုင်ငံလုံး ပထမ ဖြင့်အောင်မြင်ခဲ့သည်။ ဦးစောလှိုင်မှာ နောင်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဝင်ရောက် အမှုထမ်းခဲ့ရာ စပိန်နိုင်ငံ၏ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဖြစ်လာခဲ့သည်။

မြေး ချယ်ရီသန်းသန်းတင်

ဦးစောလှိုင်နှင့် ဇနီး ဒေါ်ညွန့်ရီတို့မှ သမီး သန်းသန်းတင်(ချယ်ရီ) ကို ဖွားမြင်ပါသည်။ သန်းသန်းတင်သည် စိန်ဂွန်းကွန်ဗင့်(ယခု လသာ ထ-၂) ကျောင်း၌ ပညာဆည်းပူးခဲ့သည်။ ဒေါ်သန်းသန်းတင်မှာလည်း ဖခင် နှင့် အဘိုးတို့၏ ခြေရာကို ဆက်နင်းနိုင်ခဲ့သူ ဖြစ်သည်။ ၁၉၆၄ ခုနှစ် ဆယ်တန်းစာမေးပွဲတွင် မြန်မာနိုင်ငံလုံး ပထမ အဆင့်နေရာကို St Mary Diocesan အမျိုးသမီးအထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ နောင်တွင် မီးယပ် နှင့်သားဖွားပါရဂူ ဆေးပညာရှင်ပါမောက္ခ ဒေါက်တာ ဒေါ်ချယ်ရီသန်းသန်းတင် အဖြစ် ထင်ရှားခဲ့သည်။

မြစ် စောဝင်းမြင့်

ဒေါက်တာ ဒေါ်ချယ်ရီသန်းသန်းတင်သည် အထူးကု ဆရာဝန်ကြီး ဦးအောင်မွန် နှင့် လက်ဆက်ကာ သားစောဝင်းမြင့် ၊ သမီး စမ်းယုမွန် နှင့် သားမောင်ဖြိုးသန့်ထူးတို့ကိုမွေးဖွားခဲ့သည်။ ဦးဟုတ်စိန်၏ စတုတ္ထမျိုးဆက်ဖြစ်သူ မောင်စောဝင်းမြင့်က အဘေး၊ အဘိုး ၊ မိခင် တို့၏ ခြေရာကို ထပ်မံနင်းနိုင်ခဲ့ပြန်သည်။ စောဝင်းမြင့်သည် ဒသမတန်းစာမေးပွဲကို အထက၂ ကမာရွတ် မှ ဝင်ရောက်ဖြေဆိုခဲ့ပြီး တစ်နိုင်ငံလုံး ပထမ ရခဲ့သည့်အပြင် ထိုခေတ်ကာလက မြန်မာနိုင်ငံ၏ အမြင့်ဆုံးစံချိန်ဖြစ်သော အမှတ်ပေါင်း ၅၅၇ မှတ် ကို စံချိန်တင်နိုင်ခဲ့သည်။

မြစ် စမ်းယုမွန်

စောဝင်းမြင့် ဆယ်တန်း အောင်မြင်စဉ်က ညီမဖြစ်သူ စမ်းယုမွန်မှာ သတ္တမတန်းသာ ရှိသေးသည်။ စမ်းယုမွန်သည်လည်း ဦးဟုတ်စိန်၏ မျိုးဆက်ဖြစ်သဖြင့် ဆွေမျိုးများ၏ အားထား ခြင်းကိုခံရသည်။ ၁၉၉၆ ခုနှစ်တွင် စမ်းယုမွန်သည် ဒသမတန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သည်။ အဘေး၊ အဘိုး ၊ မိခင် ၊ အစ်ကို တို့၏ ခြေရာကို နင်းမှနင်းနိုင်ပါ့မလား ဟူ၍ စမ်းယုမွန်၏ စာမေးပွဲအောင်စာရင်းကို ရင်တမမ နှင့် တဆွေမျိုးလုံး စောင့်ကြည့်ခဲ့သည်။ ထင်သည့်အတိုင်းပင် စမ်းယုမွန်သည်လည်း မြန်မာတစ်နိုင်ငံလုံး ဆယ်တန်းစာမေးပွဲတွင် အဆင့် ၁ ဖြင့် ဗိုလ်စွဲ ခဲ့ပြန်ပါသည်။

အလွန်တရာ ခက်ခဲလှသော နိုင်ငံလုံး အဆင့် ၁ နေရာကို မျိုးဆက်လေးဆက် တိုင်တိုင် (၅) ကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့သော ဦးဟုတ်စိန်၏ မိသားစုမျိုးဆက်များမှာ အလွန်ပင်ထူးခြားလှပါတော့သည်။ (အငယ်ဆုံး ဖြိုးသန့်ထူးကလည်း ၂၀၀၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး တတိယ ရရှိခဲ့ပါတယ်။)

ကိုးကား
ပုဂ္ဂိုလ်ထူးတို့ရဲ့ဘဝတစ်ကွေ့ – တင်နိုင်တိုး

——- —– ——-

(Zawgyi)

မ်ိဳးဆက္ေလးဆက္တိုင္ ဆယ္တန္း ျမန္မာႏိုင္ငံလုံးပထမေနရာကို သိမ္းပိုက္ခဲ့ၾကသူမ်ား

တကၠသိုလ္ဝင္တန္း စာေမးပြဲသည္ ႀကိဳးစားသူမ်ားအတြက္ ေအာင္ျမင္ဖို႔ သိပ္မခက္လွေသာ စာေမးပြဲျဖစ္ေသာ္လည္း ဂုဏ္ထူးမ်ားပါဖို႔ ေတာ့ခက္ခဲလွသည္။ ထိုထက္ပို၍ တစ္ႏိုင္ငံလုံး အဆင့္ ၁ မွ ၁၀ အထိ ဝင္ရန္မွာ အလြန္ပင္ခက္ခဲလွၿပီး အဆင့္ ၁ ေနရာကိုရရန္အတြက္မႈ မည္မွ်ခက္ခဲေၾကာင္း ေျပာ၍ မလိုေတာ့ပါ။ သို႔ေသာ္ ထို ႏိုင္ငံလုံး အဆင့္ ၁ ေနရာကို မ်ိဳးဆက္ေလးဆက္တိုင္တိုင္ (၅) ႀကိမ္ ဆက္ ရရွိခဲ့သူမ်ား ရွိခဲ့ဖူးသည္ဟု ဆိုလွ်င္ အလြန္အမင္းအံၾသသြားႏိုင္ပါသည္။ မသိေသးသူမ်ားအတြက္ ထိုမိသားစု အေၾကာင္းကို ဗဟုသုတ အျဖစ္ေဖာ္ျပလိုပါသည္။

ဦးဟုတ္စိန္

ယခင္က ဘဂၤလားစာေမးပြဲ (ေခၚ) ဆယ္တန္းစာေမးပြဲကို ၁၉၀၉ ခုႏွစ္၌ စိန္ေပါလ္ေက်ာင္းမွ ေမာင္ဟုတ္စိန္က ျမန္မာႏိုင္ငံလုံး ပထမ အဆင့္ျဖင့္ေအာင္ျမင္ခဲ့သည္။ ထိုအခ်ိန္က စိန္ေပါလ္ေက်ာင္း ႏွင့္ စိန္ဂြၽန္းေက်ာင္းတို႔မွာ အဓိကၿပိဳင္ဘက္မ်ားျဖစ္ခဲ့သည္။ ေမာင္ဟုတ္စိန္ သည္ ငယ္စဥ္ကတည္းက အလြန္ေတာ္ၿပီး ႏွစ္စဥ္ ထူးခြၽန္ဆုမ်ား ရရွိခဲ့သူ ျဖစ္သည္။ ႏိုင္ငံလုံး ပထမ အဆင့္ရခ်ိန္တြင္ ေမာင္ဟုတ္စိန္မွာ အသက္(၁၉) ႏွစ္ သာ ရွိေသးသည္။ ရန္ကုန္ေကာလိပ္ႏွင့္ ကာလကတၱားတို႔၌ ပညာသင္ဆု ရခဲ့ၿပီး တက္ေရာက္သင္ယူခဲ့သည္။

၁၉၁၃ ခုႏွစ္တြင္ ကာလကတၱား တကၠသိုလ္မွ ဘီေအဘြဲ႕ရရွိခဲ့သည္။ ထို႔ေနာက္ ပါဠိ၊ ျမန္မာစာဆရာ ၊ စာရင္းကိုင္ ၊ လက္ေထာက္အတြင္းဝန္ ၊ အတြင္းဝန္ ၊ တရားလႊတ္ေတာ္ေရွ႕ေနႀကီး စသည္ျဖင့္ ရာထူးမ်ားကို ထမ္းေဆာင္ခဲ့သည္။ ၁၉၄၇ မွစတင္ကာ ၁၉၇၇ ခုႏွစ္အထိ ပါဠိ-ျမန္မာ-အဘိဓာန္ က်မ္းကိုျပဳစုခဲ့သည္။ ယေန႔တိုင္ ရဟန္းရွင္လူတို႔ အားကိုးအားထားျပဳရသည့္ အဘိဓာန္က်မ္းမ်ားကို အသက္ထက္ဆုံးျပဳစုသြားခဲ့ၿပီး အသက္ ၉၄ ႏွစ္ အ႐ြယ္တြင္ ကြယ္လြန္ခဲ့သည္။

သား ေမာင္ေစာလႈိင္

ဦးဟုတ္စိန္ ႏွင့္ ဇနီးေဒၚျမေမတို႔မွ သား ေမာင္ေစာလႈိင္ကို ဖြားျမင္ခဲ့သည္။ ေမာင္ေစာလႈိင္သည္ ဒုတိယ မ်ိဳးဆက္ အျဖစ္ ဖခင္ေျခရာကို နင္းႏိုင္ခဲ့သည္။ ၁၉၃၆ ခုႏွစ္ဆယ္တန္းစာေမးပြဲကို ျမန္မာႏိုင္ငံလုံး ပထမ ျဖင့္ေအာင္ျမင္ခဲ့သည္။ ဦးေစာလႈိင္မွာ ေနာင္တြင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ဝင္ေရာက္ အမႈထမ္းခဲ့ရာ စပိန္ႏိုင္ငံ၏ ျမန္မာႏိုင္ငံေတာ္ဆိုင္ရာ ဂုဏ္ထူးေဆာင္ေကာင္စစ္ဝန္ ျဖစ္လာခဲ့သည္။

ေျမး ခ်ယ္ရီသန္းသန္းတင္

ဦးေစာလႈိင္ႏွင့္ ဇနီး ေဒၚၫြန႔္ရီတို႔မွ သမီး သန္းသန္းတင္(ခ်ယ္ရီ) ကို ဖြားျမင္ပါသည္။ သန္းသန္းတင္သည္ စိန္ဂြန္းကြန္ဗင့္(ယခု လသာ ထ-၂) ေက်ာင္း၌ ပညာဆည္းပူးခဲ့သည္။ ေဒၚသန္းသန္းတင္မွာလည္း ဖခင္ ႏွင့္ အဘိုးတို႔၏ ေျခရာကို ဆက္နင္းႏိုင္ခဲ့သူ ျဖစ္သည္။ ၁၉၆၄ ခုႏွစ္ ဆယ္တန္းစာေမးပြဲတြင္ ျမန္မာႏိုင္ငံလုံး ပထမ အဆင့္ေနရာကို St Mary Diocesan အမ်ိဳးသမီးအထက္တန္းေက်ာင္းမွ ေအာင္ျမင္ခဲ့ၿပီး ေဆးတကၠသိုလ္သို႔ တက္ေရာက္ခဲ့သည္။ ေနာင္တြင္ မီးယပ္ ႏွင့္သားဖြားပါရဂူ ေဆးပညာရွင္ပါေမာကၡ ေဒါက္တာ ေဒၚခ်ယ္ရီသန္းသန္းတင္ အျဖစ္ ထင္ရွားခဲ့သည္။

ျမစ္ ေစာဝင္းျမင့္

ေဒါက္တာ ေဒၚခ်ယ္ရီသန္းသန္းတင္သည္ အထူးကု ဆရာဝန္ႀကီး ဦးေအာင္မြန္ ႏွင့္ လက္ဆက္ကာ သားေစာဝင္းျမင့္ ၊ သမီး စမ္းယုမြန္ ႏွင့္ သားေမာင္ၿဖိဳးသန႔္ထူးတို႔ကိုေမြးဖြားခဲ့သည္။ ဦးဟုတ္စိန္၏ စတုတၳမ်ိဳးဆက္ျဖစ္သူ ေမာင္ေစာဝင္းျမင့္က အေဘး၊ အဘိုး ၊ မိခင္ တို႔၏ ေျခရာကို ထပ္မံနင္းႏိုင္ခဲ့ျပန္သည္။ ေစာဝင္းျမင့္သည္ ဒသမတန္းစာေမးပြဲကို အထက၂ ကမာ႐ြတ္ မွ ဝင္ေရာက္ေျဖဆိုခဲ့ၿပီး တစ္ႏိုင္ငံလုံး ပထမ ရခဲ့သည့္အျပင္ ထိုေခတ္ကာလက ျမန္မာႏိုင္ငံ၏ အျမင့္ဆုံးစံခ်ိန္ျဖစ္ေသာ အမွတ္ေပါင္း ၅၅၇ မွတ္ ကို စံခ်ိန္တင္ႏိုင္ခဲ့သည္။

ျမစ္ စမ္းယုမြန္

ေစာဝင္းျမင့္ ဆယ္တန္း ေအာင္ျမင္စဥ္က ညီမျဖစ္သူ စမ္းယုမြန္မွာ သတၱမတန္းသာ ရွိေသးသည္။ စမ္းယုမြန္သည္လည္း ဦးဟုတ္စိန္၏ မ်ိဳးဆက္ျဖစ္သျဖင့္ ေဆြမ်ိဳးမ်ား၏ အားထား ျခင္းကိုခံရသည္။ ၁၉၉၆ ခုႏွစ္တြင္ စမ္းယုမြန္သည္ ဒသမတန္း စာေမးပြဲကို ဝင္ေရာက္ေျဖဆိုခဲ့သည္။ အေဘး၊ အဘိုး ၊ မိခင္ ၊ အစ္ကို တို႔၏ ေျခရာကို နင္းမွနင္းႏိုင္ပါ့မလား ဟူ၍ စမ္းယုမြန္၏ စာေမးပြဲေအာင္စာရင္းကို ရင္တမမ ႏွင့္ တေဆြမ်ိဳးလုံး ေစာင့္ၾကည့္ခဲ့သည္။ ထင္သည့္အတိုင္းပင္ စမ္းယုမြန္သည္လည္း ျမန္မာတစ္ႏိုင္ငံလုံး ဆယ္တန္းစာေမးပြဲတြင္ အဆင့္ ၁ ျဖင့္ ဗိုလ္စြဲ ခဲ့ျပန္ပါသည္။

အလြန္တရာ ခက္ခဲလွေသာ ႏိုင္ငံလုံး အဆင့္ ၁ ေနရာကို မ်ိဳးဆက္ေလးဆက္ တိုင္တိုင္ (၅) ႀကိမ္ဆက္တိုက္ ဗိုလ္စြဲခဲ့ေသာ ဦးဟုတ္စိန္၏ မိသားစုမ်ိဳးဆက္မ်ားမွာ အလြန္ပင္ထူးျခားလွပါေတာ့သည္။ (အငယ္ဆုံး ၿဖိဳးသန႔္ထူးကလည္း ၂၀၀၀ ျပည့္ႏွစ္မွာ တစ္ႏိုင္ငံလုံး တတိယ ရရွိခဲ့ပါတယ္။)

ကိုးကား
ပုဂၢိဳလ္ထူးတို႔ရဲ႕ဘဝတစ္ေကြ႕ – တင္ႏိုင္တိုး

Tags: myanmar people
Next Post
ဘာမြူဒါ တြိဂံ ဆိုသည်မှာ

ဘာမြူဒါ တြိဂံ ဆိုသည်မှာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!