Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မျက်စိပါဝါဘယ်လိုချမလဲ (သို့) မျက်စိအားကောင်းအောင် အလွယ်ဆုံးလုပ်နည်း

by Thutamm
July 25, 2019
Reading Time: 1min read
0
မျက်စိပါဝါဘယ်လိုချမလဲ (သို့) မျက်စိအားကောင်းအောင် အလွယ်ဆုံးလုပ်နည်း
Share on FacebookShare on Twitter

ယနေခေတ်မှာ အီလက်ထရောနစ်ပစ္စည်းတွေ အရမ်းပေါများလာတဲ့အတွက် မျက်မှန်တပ်ရသူတွေ ပိုမိုများလာနေပါပြီ။ အရင်ကဆို မျက်မှန်တပ်တဲ့သူတွေဟာ ရှားပေမယ့် အခုတော့ အရမ်းများလာနေပါပြီ။ မူလဗီဇအရ အမြင်အာရုံနည်းသူဟာ အနည်းငယ်သာရှိပြီး အများစုကတော့ ဖုန်း ၊ တီဗီ နဲ့ ကွန်ပျူတာ စတာတွေရဲ့ screen ကို အချိန်ကြာမြင့်စွာ ကြည့်ခြင်းကြောင့် ဖြစ်ပါတယ်။ ယနေ့လူငယ်အများစုဟာ ဒီလိုအနီးကပ်ကြည့်ခြင်းအတွက် အဝေးမှုန်တွေဖြစ်နေကြပါတယ်။

ဒီတော့ အမြင်အာရုံတိုးတက်လာအောင် မျက်စိပါဝါကို ဘယ်လိုချမလဲ။ အလွယ်ဆုံးနည်းကတော့ လေဆာနဲ့ ပါဝါဖျောက်တာပါ။ ဒါပေမယ့်ဒီနည်းလမ်းဟာ အကုန်အကျများပြီး လူတိုင်းနဲ့လည်းအဆင်မပြေနိုင်သလို အကျင့်မပြင်ရင် မျက်စိပါဝါက အရင်အတိုင်းပဲ တိုးလာဦးမှာပါ။ မျက်စိပါဝါကျစေတယ်ဆိုတဲ့ ဆေးဝါးအများအပြားရှိပေမယ့် ဒါတွေကလည်း အကျင့်မပြင်လို့ကတော့ အသုံးဝင်မှာ မဟုတ်ပါဘူး ။ အဲဒီတော့ သဘာ၀ နည်းနဲ့ ဖျောက်နိုင်ရင် အဆင်အပြေဆုံးပါ။ နည်းလမ်းတွေကတော့ မလွယ်ပေမယ့် ခက်လည်းမခက်လှပါဘူး။ ကိုယ့်စိတ်ကို ကိုယ်နိုင်မယ်ဆိုရင်ပေါ့လေ။ မျက်စိအမြင်အာရုံကို ကောင်းလာစေဖို့ ၊ ပါဝါကျစေဖို့ အတွက်လုပ်သင့်တဲ့ အရာတွေကတော့-
၁။ ဖုန်း ၊ တီဗီ ၊ ကွန်ပျူတာ ကြည့်တာကိုနည်းနိုင်သမျှ နည်းစေခြင်း ၊
၂။ မျက်စိအားကောင်းစေမယ့် အစားအစာတွေကို ၊ ဆေးဝါးတွေကို စားပေးခြင်း နဲ့
၃။ မျက်စိလေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်း တို့ဖြစ်ပါတယ်။ ဒါတွေကိုပုံမှန်လုပ်ပေးခြင်းအားဖြင့် ရက်ပိုင်းအတွင်း မသိသာပေမယ့် လပိုင်းကြာတဲ့အခါ သိသာလာစေမှာပါ။ မပျင်းဖို့တော့ လိုတာပေါ့နော် 🙂

၁။ ဖုန်း ၊ တီဗီ ၊ ကွန်ပျူတာ ကြည့်တာကိုနည်းနိုင်သမျှ နည်းစေခြင်း

ယနေ့ ကျွန်တော်တို့ လူတိုင်းလိုလိုရဲ့ နေ့စဉ်အချိန်ကို အများဆုံးယူနေတာဟာ ဖုန်းလို့ပြောလို့ရပါတယ်။ ဖုန်း screen ကိုကြည့်ပါများလေ မျက်စိ screen ကို ထိခိုက်လေလေပါ။ အဲဒီတော့ ကိုယ့်အတွက်ထွေထွေထူးထူး အလုပ်မရှိရင် တတ်နိုင်သမျှ ဖုန်းသုံးခြင်းကိုလျှော့ချပစ်ပါ။ တစ်နေ့ကို ဘယ်နှခါ မိနစ်ဘယ်လောက်စီပဲ ကြည့်မယ်လို့ စိတ်ပိုင်းဖြတ်ပြီးလျှော့ချပစ်ပါ။

တကယ်လို့ အလုပ်ကြောင့် မကြည့်မနေရ ကြည့်နေတဲ့ အိုင်တီသမားတွေလည်း ရှိမှာပါ။ သူတို့ကတော့ မျက်စိစူးစိုက်မှုကိုပြေလျှော့စေမယ့် ၂၀နည်းလမ်းကို သုံးသင့်ပါတယ်။ ၂၀ နည်းလမ်းဆိုတာကတော့ တခုခုကို စူးစိုက်ကြည့်ချိန် ၂၀မိနစ်ကြာရင် ပေ၂၀က အကွာအဝေးကို စက္ကန့် ၂၀ ခန့်စူးစိုက်ကြည့်ပေးရတာဖြစ်ပါတယ်။ ကြည့်တဲ့အရာက သစ်ပင်တို့လို စိမ်းစိမ်းစိုစိုလေးတွေဆိုရင် မျက်စိအတွက် ပိုကောင်းပါတယ်။

၂။ မျက်စိအားကောင်းစေမယ့် အစားအစာ ၊ ဆေးဝါးတွေကိုစားပေးခြင်း

ကျန်းမာသော မျက်လုံးရှိရေး အတွက် ကျန်းမာအောင် စားတတ်ဖို့ လည်းလိုပါတယ်။ ဗီတာမင်ဓာတ်၊ သံဓာတ် ကြွယ်ဝသော ဟင်းသီးဟင်းရွက် အသားငါးများဟာ ဇရာကြောင့် မျက်စိအမြင် ေ၀ဝါးလာခြင်းမျိုးကိုပါ နှေးကွေး သွားစေသည်။ အိုမိဂါ-၃ ဓာတ်က မျက်ရည် ခမ်းခြောက်ခြင်းကို ကာကွယ်ပေးပြီး အသက် ကြီးလာသည် အထိ မျက်စိကို ကျန်းမာ အားကောင်းနေအောင် ကူပေးနိုင်ပါတယ်။

အဆီများသော ငါးများသည် အိုမီဂါ-၃ ဓာတ် ပေါကြွယ်ဝစွာ ပေးနိုင်ပြီး ချိစ်၊ နို့နှင့် ကြက်ဥ ဘဲဥများတွင် ပါသော သွပ်ဓာတ်သည်လည်း မျက်စိအမြင် ကြည်လင်အောင် အားပေးနိုင်ပါတယ်။ စိမ်းစားဥတို့ ၊ မုန်လာဥနီတို့ကလည်း မျက်စိကို အားကောင်းစေတဲ့ အစားအစာတွေဖြစ်ပါတယ်။ မျက်စိအားကောင်းစေမယ့် တရားဝင်ဆေးဝါး(Icare တို့လို) တွေကိုသုံးစွဲတာ မျက်စိအလွန်သုံးရသူများ မျက်စိအေးစေဖို့ မျက်စဉ်းခတ်ပေးတာတွေကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

၃။ မျက်စိလေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း

ဒီနေရာမှာ တစ်ခုပြောချင်ပါတယ်။ အဲဒါကတော့ မနက်အိပ်ယာနိုးတဲ့အခါ လုပ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အများစုဟာ အိပ်ယာထတဲ့အခါ မျက်နှာစသစ်လေ့ရှိပါတယ်။ ဒါဟာအလွန်မှားပါတယ်။ မျက်နှာကိုရေနဲ့စထိတဲ့အတွက် ကိုယ်ခန္ဓာက ရှိသမျှအပူတွေဟာ မျက်စိနေရာကို ကန်တက်လာနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် မနက်အိပ်ယာထတဲ့အခါ ရေကို ဒူးခေါင်းကနေ ၃ခွက်အရင်လောင်းပေးပါ။ ပြီးတဲ့အခါ ရေကိုငုံပြီးမှ မျက်နှာသစ်တာတွေ ရေချိုးတာတွေကို လုပ်ပေးပါ။ အချိန်နည်းနည်းကြာလို့ ငုံထားတဲ့ရေကို ထွေးလိုက်တဲ့အခါ ပူနေတာကို တွေ့ရပါလိမ့်မယ်။

မျက်စိအတွက် လေ့ကျင့်ခန်းလုပ်ခြင်းဟာ အလွန်အရေးပါတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ငါးမိနစ်တောင် မကြာမြင့်တဲ့အတွက် လုပ်ဖို့မပျင်းပါနဲ့။ လွယ်လွယ်ကူကူနည်းလမ်းလေးတွေဖြစ်ပြီး တစ်နေ့ကို မနက် နေ့လည် ညနေ ၃ခါလောက် လုပ်ပေးရုံနဲ့ မျက်စိကို အထောက်အကူူပြုတာကို တွေ့ရပါလိမ့်မယ်။ လေ့ကျင့်ခန်းဗီဒီယိုကိုတော့ အောက်မှာကြည့်နိုင်ပါတယ်။ လုပ်ပါများရင် အလွတ်ရသွားပါလိမ့်မယ်။ ဒီနည်းလမ်း ၃ခုကို ပုံမှန်လုပ်ပေးနိုင်ရင် မျက်စိအားကောင်းလာတာ ၊ မျက်စိနဲ့ပတ်သတ်တဲ့ အာရုံကြော ၊ ဇက်ကြောတက်တာတွေသက်သာစေတာ ၊ မျက်စိပါဝါကျတာ စတဲ့အကျိုးတွေကို ပိုင်ဆိုင်စေလိမ့်ပါမယ်။ ကြည်လင်အားကောင်းတဲ့ မျက်စိများကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ။

VIDEO –

Tags: health knowledge

Related Posts

အိမ်မှာနေမလား ဒါမှမဟုတ် အီတလီလို အဖြစ်ခံမလားလို့ ပြည်သူတွေကို သတိပေးလိုက်တဲ့ ထိုင်းဆရာဝန်ကြီး
Health

အိမ်မှာနေမလား ဒါမှမဟုတ် အီတလီလို အဖြစ်ခံမလားလို့ ပြည်သူတွေကို သတိပေးလိုက်တဲ့ ထိုင်းဆရာဝန်ကြီး

(ကျွန်တော်တို့တွေလည်း ဒီအချက်တွေကို တတ်နိုင်သမျှလိုက်နာသင့်တာကြောင့် BangkokPost က သတင်းကို သုတဇုန် မိတ်ဆွေများအတွက် ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်) "အခုအချိန်မှာ တတ်နိုင်သမျှ ဘယ်သူနဲ့ ထိတွေ့ ဆက်ဆံမှု မပြုပဲ အိမ်မှာနေကြပါ။ ဒါမှမဟုတ်ရင်တော့ အီတလီလို ရောဂါကူးစက်မှု အဆမတန်တိုးလာတာတွေ...

ကျွန်းနိုင်ငံလေး မော်လ်ဒိုက်မှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်သူ ၂ဦး စတင်တွေ့ရှိ
Health

ကျွန်းနိုင်ငံလေး မော်လ်ဒိုက်မှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်သူ ၂ဦး စတင်တွေ့ရှိ

မော်လ်ဒိုက်(မော်ဒိဗ်၊ Maldives) ဟာ ကျွန်းစုနိုင်ငံဖြစ်ပြီး တောင်အာရှမှာတည်ရှိပါတယ်။ အာရှတိုက်မကြီးနဲ့ မိုင်ပေါင်း ၆၂၀ အကွာအဝေးမှာ တသီးတခြားတည်ရှိနေတဲ့ နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့(မတ် ၇) မှာတော့ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်သူ ၂ဦးကို စတင်တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိမှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ ရောဂါပြန့်ပွားမှုကို...

လူသားတို့ကြုံတွေ့ခဲ့ကြတဲ့ အဆိုးဆုံးကပ်ရောဂါကြီး (၁၀)ခု
Health

လူသားတို့ကြုံတွေ့ခဲ့ကြတဲ့ အဆိုးဆုံးကပ်ရောဂါကြီး (၁၀)ခု

သိပ္ပံပညာရှင်တွေနဲ့ ဆေးဘက်ဆိုင်ရာသုသေသနပညာရှင်တွေအကြား ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့ရောဂါဆိုးကြီးတွေအပေါ်မှာ ရောဂါပြန့်ပွားတဲ့ဒေသ အပိုင်းအခြားကိုလိုက်ပြီး လူမျိုးစုတစ်စု၊အသိုင်းအဝိုင်းတစ်ခုအကြားမှာဖြစ်တဲ့ ကူးစက်ရောဂါ ကပ်ရောဂါ(Epidemic) နဲ့ နိုင်ငံနဲ့ချီပြီး ဝေးလံတဲ့ဒေသတွေအထိကူးစက်တဲ့ ကမ္ဘာနေရာအနံှ့တွင် ဖြစ်ပွားသော ရောဂါ ( Pandemic) ဆိုပြီးခွဲခြားခဲ့ကြတာဖြစ်ပါတယ်။ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ၊...

တရုတ်မှာ ဖြစ်နေတဲ့ ဝူဟန်ဗိုင်းရပ်စ် ရဲ့ လက်ရှိအခြေအနေ
Health

တရုတ်မှာ ဖြစ်နေတဲ့ ဝူဟန်ဗိုင်းရပ်စ် ရဲ့ လက်ရှိအခြေအနေ

ဝူဟန်ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က စတင်တွေ့ရှိခဲ့ရတာဖြစ်ပြီး အရင်မဖြစ်ဖူးသေးတဲ့ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆိုပါတယ်။ ဗိုင်းရပ်စ်ရဲ့အမည်ကိုတော့ Novel CoronaVirus (2019-nCoV)...

Next Post
မြန်မာ့ပထမဆုံး ဆရာဝန် (သို့) ဒေါက်တာရှောလူး

မြန်မာ့ပထမဆုံး ဆရာဝန် (သို့) ဒေါက်တာရှောလူး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!