(Unicode)
အာဖရိကတိုက် အနောက်မြောက်ပိုင်း အကျဆုံးနေရာမှာတည်ရှိတဲ့ မော်ရိုကိုနိုင်ငံရဲ့ တရားဝင်အမည်က မော်ရိုကိုဘုရင့်နိုင်ငံဖြစ်ပါတယ်။ မြေထဲပင်လယ်ရဲ့တောင်ဘက် အတ္တလန္တိတ်သမုဒ္ဒရာရဲ့အရှေ့ဘက်မှာတည်ရှိပြီး အယ်လ်ဂျီးရီးယား ၊ အနောက်ဆာဟာရ တို့နဲ့ နယ်နိမိတ်ခြင်းထိစပ်နေပါတယ်။ မော်ရိုကို ဆိုတဲ့ အဓိပ္ပါယ်ကတော့ နေဝင်ရာအရပ် ၊ အနောက်အရပ် ဖြစ်သလို ဘာဘာတို့ရဲ့ဘာသာစကားနဲ့ဆိုရင်တော့ နတ်ဘုရားနယ်မြေ Land of God နဲ့ ဆင်တူပါတယ်။ မော်ရိုကို ကို အနောက်ဘုရင့်နိုင်ငံလို့လည်း ခေါ်ပါတယ်။
မော်ရိုကိုရဲ့ ရုံးသုံးဘာသာစကားတွေကတော့ အာရေဗျ နဲ့ ဘာဘာ ဘာသာစကားတို့ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်စာရင်းအရ မော်ရိုကိုနိုင်ငံရဲ့လူဦးရေဟာ (36,472,000) ဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ (၃၉) နိုင်ငံမြောက် လူဦးရေအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါတယ်။ လူဦးရေ စုစုပေါင်းရဲ့ ၉၉% က အာရပ်-ဘာဘာ လူမျိုးတွေဖြစ်ကာ ကိုးကွယ်မှုအနေနဲ့တော့ ၉၉% က အစ္စလာမ်ဘာသာကို ကိုးကွယ်ကြပါတယ်။ ကျန်တဲ့ ၁%ခန့်ကတော့ ခရစ်ယာန် နဲ့ ဂျူးဘာသာတွေကို ကိုးကွယ်ကြပါတယ်။
ဧရိယာစတုရန်းမိုင် (၂၇၄၄၆၀)စတုရန်းမိုင်ကျယ်ဝန်းပြီး ကမ္ဘာပေါ်မှာတော့ (၃၇) ခုမြောက် ဧရိယာအကျယ်ဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါတယ်။ မော်ရိုကိုရဲ့ အကြီးဆုံးမြို့ကတော့ လူဦးရေ ၃သန်းကျော်နေထိုင်တဲ့ ကာဆာဘလန်ကာမြို့ဖြစ်ပြီး မြို့တော်ကတော့ ရာဘတ်မြို့ဖြစ်ပါတယ်။ ရာဘတ်မြို့ဟာ လူဦးရေ ၆သိန်းနီးပါးသာနေထိုင်ပြီး နိုင်ငံရဲ့ ၇ ခုမြောက်အကြီးဆုံးမြို့ဖြစ်ပါတယ်။ လူဦးရေ ၆သိန်းအထက်နေထိုင်တဲ့ အခြားထင်ရှားတဲ့ မြို့ကြီးတွေကတော့ ဖက်ဇ် ၊ တန်ဂျီယား ၊ မာရာခက်ခ် ၊ ဆဲလီ နဲ့ မက်ကနက် စတဲ့မြို့တွေပဲ ဖြစ်ပါတယ်။
(မော်ရိုကို နိုင်ငံကို ၃၇ ခု မြောက် အကြီးဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်းမှာ အနောက်ဆာဟာရဒေသဧရိယာကိုပါ ထည့်သွင်းသတ်မှတ်ထား၍ ဖြစ်ပါတယ်။ အငြင်းပွားဖွယ်နယ်မြေဖြစ်နေတဲ့ အနောက်ဆာဟာရ ကို မော်ရိုကိုက သူ၏ပိုင်နက်အဖြစ် သတ်မှတ်ထားသော်လည်း Sahrawi အာရပ်သမ္မတနိုင်ငံကမူ လက်မခံပဲ သူတို့ကိုယ်ပိုင်နယ်မြေအဖြစ် ကြေငြာထိန်းချုပ်ထားပါတယ်။ အနောက်ဆာဟာရ နယ်မြေကို ထည့်သွင်းခြင်းမပြုပါက မော်ရိုကိုနိုင်ငံရဲ့ ဧရိယာဟာ စတုရန်းမိုင် ၁၇၂၄၁၄ သာ ရှိပြီး ကမ္ဘာ့သတ်မှတ်ချက်အရတော့ အဆင့် ၅၇ ဖြစ်သွားမှာပါ။)
အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ မော်ရိုကိုနိုင်ငံဟာ အလျား ၁၁၄၀မိုင် ရှည်လျားတဲ့ ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပါတယ်။ မော်ရိုကိုဟာ တောင်ကုန်းတောင်တန်း အလွန်ထူထပ်ပြီး ဆာဟာရဒေသဖြစ်တာကြောင့် မိုးနည်းခြောက်သွေ့တဲ့ဒေသလို့ ဆိုရမှာဖြစ်ပါတယ်။ နိုင်ငံရဲ့အမြင့်ဆုံးနေရာကတော့ နိုင်ငံရဲ့ အနောက်တောင်ပိုင်းမှာတည်ရှိတဲ့ တူကားလ်တောင်ဖြစ်ပြီး ဒီတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၃၆၇၁ ပေ မြင့်ပါတယ်။ အနိမ့်ဆုံးနေရာကတော့ ပင်လယ်ရေမျက်နှာပြင်အောက် ၁၉၃ပေ နိမ့်တဲ့ ဆက်ဘ်ခါထား ဖြစ်ပါတယ်။
ထင်ရှားတဲ့နေရာတွေ
မြန်မာနိုင်ငံထက် ဧရိယာစတုရန်းမိုင် ၁သောင်းကျော်သာ ကျယ်ဝန်းတဲ့ မော်ရိုကိုနိုင်ငံဟာ ယဉ်ကျေးမှုအမွေအနှစ် အလွန်ကြွယ်ဝတဲ့ နိုင်ငံ ဖြစ်ပြီး ယူနက်စကိုစာရင်းဝင် ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခံထားရတဲ့နေရာ ၉ ခုတောင်ရှိပါတယ်။
ဒါတွေကတော့ အေဒီ ၈ရာစု အဆုံးမှာ တည်ထောင်ခဲ့တဲ့ Fes el Bali မြို့ဟောင်း ၊ အေဒီ ၁၁ရာစုမှာ တည်ဆောက်ခဲ့တဲ့ ဘာဘာတို့ရဲ့မြို့တော် Medina of Marrakesh ၊ ရွှံစေး ဗိသုကာလက်ရာမြောက်တည်ဆောက်ထားတဲ့ Aït Benhaddou ခံတပ်ကျေးရွာဟောင်း ၊ ၁၁ရာစု သမိုင်းဝင်မြို့တော် Meknes ၊ ဘီစီ ၃ရာစုက တည်ထောင်ခဲ့တဲ့ ဘာဘာတို့ရဲ့ မြို့ဟောင်း Volubilis ၊ သမိုင်းဝင်ဆိပ်ကမ်းမြို့ Tétouan ၊ မြောက်အာဖရိက နဲ့ ဥရောပလက်ရာ ဗိသုကာတွေ ရောနှောရှိနေပြီး ၁၈ရာစုကတည်းက ဆာဟာရနဲ့ ဥရောပတို့ကြား အဓိက ကုန်သွယ်ရေးမြို့ဖြစ်ခဲ့တဲ့ Essaouira ၊ ပေါ်တူဂီ သင်္ဘောဆိပ်ကမ်းမြို့ El Jadida နဲ့ ခေတ်သစ်ခေတ်ဟောင်း ယဉ်ကျေးမှုတွေ ရောယှက်နေတဲ့ မြို့တော် ရာဘတ်တို့ပဲ ဖြစ်ကြပါတယ်။
မော်ရိုကိုမှာ မြစ်ကြီးမြစ်ငယ်အသွယ်သွယ်ရှိတဲ့အနက် အရှည်မိုင် ၃၀၀ အထက်မြစ်ကြီး ၄ စင်းရှိပါတယ်။ အရှည်ဆုံးမြစ်ကတော့ ဒရားမြစ်ဖြစ်ပြီး မိုင်ပေါင်း ၆၈၄မိုင် ရှည်လျားပါတယ်။ မော်ရိုကိုမှာ အမျိုးသားဥယျာဉ်ကြီးပေါင်း ၁၁ ခုရှိပြီး အကြီးဆုံးကတော့ စတုရန်းမိုင်ပေါ်ငး ၇၁၀ ကျယ်ဝန်းတဲ့ Khenifiss အမျိုးသားဥယျာဉ်ကြီးဖြစ်ပါတယ်။ တန်တန် နဲ့ တာဖာရာမြို့အနီးမှာတည်ရှိတဲ့ ဒီဥယျာဉ်နယ်မြေဟာ အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းရိုးတန်းကနေ အနောက်ဆာဟာရအထိ ကျယ်ပြန့်ပါတယ်။
မော်ရိုကိုမှာ စိတ်ဝင်စရာနေရာများစွာ ရှိတဲ့အနက် Erg Chebbi ဟာလည်းထင်ရှားတဲ့နေရာတခုဖြစ်ပါတယ်။ ဆာဟာရသဲကန္တာရထဲမှာပါဝင်တဲ့ ဒီနေရာဟာ အလွန်ကြီးမားကျယ်ပြန့်သော အဝါရောင်သဲသောင်ပို့ကြီးတွေ ရှိတဲ့နေရာဖြစ်ပါတယ်။ လေတိုက်ခတ်မှုကြောင့် ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲနေတတ်တဲ့ သဲသောင်ပို့ကြီးတွေဟာ အမြင့်ပေ ၂၄၀၀ လောက်အထိတောင် ကြီးမားမြင့်မားပါတယ်။ မော်ရိုကိုမှာ အလှဆုံး နဲ့ ခရီးသွားအလာဆုံး သဲသောင်ပို့ကြီးလည်းဖြစ်ပါတယ်။
အတ်လတ်စ်တောင်တန်း နဲ့ ဂျက်ဘယ်ဆားရိုးတောင်တန်းတွေကြားမှာ ရှိနေတဲ့ ဒဒေ့စ်တောင်ကြားဟာလည်း အာဖရိကမြောက်ပိုင်းရဲ့ အလှဆုံးတောင်ကြားအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒဒေ့စ်တောင်ကြားက မြွေလိမ်မြွေကောက် တောင်ပတ်လမ်းဟာလည်း မော်ရိုကိုရဲ့ အကျော်ကြားဆုံး လမ်းဖြစ်ပါတယ်။
မော်ရိုကိုအကြောင်းပြောရင် မပါမဖြစ်ကတော့ အဖြူရောင်မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကာဆာဘလန်ကာမြို့ပါ။ ဒီမြို့ဖြစ်လာမယ့်နေရာဟာ ၇ရာစုထဲက လူတွေစတင်အခြေချနေထိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။ နိုင်ငံရဲ့အကြီးဆုံးမြို့တော်လည်းဖြစ်တဲ့ ကာဆာဘလန်ကာမြို့ဟာ အာရပ် ၊ ပေါ်တူဂီ ၊ စပိန် ၊ ပြင်သစ် တို့ရဲ့သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး သမိုင်းအစဉ်အဆက်များစွာကို ဖြတ်သန်းခဲ့ရတဲ့မြို့ဖြစ်ပါတယ်။ ပြင်သစ်ကိုလိုနီဖြစ်ခဲ့ဖူးတာကြောင့် ပြင်သစ် ယဉ်ကျေးမှု ၊ အာဖရိကရိုးရာအစဉ်အလာတွေနဲ့ အာရပ်ယဉ်ကျေးမှုတွေဟာ ဒီမြို့မှာ ရောယှက်နေပါတယ်။ အဆောက်အအုံတွေဟာလည်း ပြင်သစ်စတိုင် တွေနဲ့ မော်ရိုကို စတိုင်တွေ ဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ကာဆာဘလန်ကာ ရုပ်ရှင်နဲ့အတူ ကမ္ဘာကျော်ခဲ့တဲ့ ဒီမြို့ဟာ နာမည်ကျော် ရုပ်ရှင်ကားပေါင်းများစွာ လာရောက်ရိုက်ကူးခြင်းခံရတဲ့မြို့လည်းဖြစ်ပါတယ်။
ရေတံခွန်ပေါင်းများစွာလည်းရှိတဲ့ မော်ရိုကိုမှာ အလှဆုံးရေတံခွန်အဖြစ် ကျော်ကြားတာကတော့ အူးဇုဒ်ရေတံခွန်ဖြစ်ပါတယ်။ ဒီရေတံခွန်ဟာ အမြင့် ၃၃၀ ပေမြင့်မားပြီး အဆင့် ၃ဆင့် နဲ့ စီးကျလျက်ရှိပါတယ်။ အနောက်မြောက်အာဖရိကရဲ့ နတ်သမီးရေတံခွန်အဖြစ် ကျော်ကြားတဲ့ ရေတံခွန်လည်းဖြစ်ပါတယ်။
မော်ရိုကိုရဲ့ Marrakech မြို့ဟာလည်း ကမ္ဘာ့စိတ်ကူးယဉ်အဆန်ဆုံးမြို့တွေထဲက တမြို့အဖြစ် သတ်မှတ်ခံထားရပါတယ်။ နိုင်ငံရဲ့စတုတ္ထအကြီးဆုံးမြို့လည်းဖြစ်တဲ့ဒီမြို့ရဲ့ တဖက်ခြမ်းမှာတော့ ဆာဟာရသဲကန္တာရကြီးရှိနေပြီး ကျန်တဖက်မှာတော့ အဲလတ်စ်တောင်တန်းတွေက ဝန်းရံထားပါတယ်။ အေဒီ ၁၁ရာစုကတည်းက တည်ခဲ့တဲ့မြို့ဖြစ်တာကြောင့် ရှေးဟောင်းဗိသုကာလက်ရာ အဆောက်အဦးတွေကိုလည်း ဒီမြို့မှာတွေ့နိုင်ပါတယ်။
ဗော်လုဗလစ်မြို့ကတော့ ရောမသမိုင်းဝင် မြို့အဖြစ် ထင်ရှားပါတယ်။ ဘီစီ ၃ရာစုလောက်ကတည်းက ဘာဘာတို့ တည်ထောင်ခဲ့တဲ့ ဒီမြို့ဟာ ရောမတို့လက်ထဲရောက်ရှိခဲ့ချိန်မှာတော့ ရောမ ဗိသုကာလက်ရာ အဆောက်အအုံပေါင်းများစွာ ဆောက်လုပ်ခြင်းခံခဲ့ရပါတယ်။ ရောမလက်ရာ အဆောက်အအုံပျက်တွေကို ယခုတိုင် ဒီမြို့မှာ အထင်အရှားတွေ့နိုင်ပါသေးတယ်။
သမိုင်းကြောင်း
လက်ရှိမော်ရိုကိုနိုင်ငံတည်ရှိရာနေရာတွင် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ နီးပါးကတည်းက ဘာဘာလူမျိုးစုများ အခြေချနေထိုင်ခဲ့ကြပါတယ်။ ဒီနယ်မြေတွေဟာ ဘီစီ ၈ရာစုကနေ ဘီစီ ၆ရာစု ကြားကာလမှာတော့ ဖီးနစ်ရှန်းတွေရဲ့သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဘီစီ ၅ ရာစုမှာတော့ ကာသေ့ချ်တို့ သိမ်းပိုက်လိုက်ပြီးနောက် ဒီနေရာမှာ မြို့ပြနိုင်ငံများ စတင်ထွန်းကားလာခဲ့ပါပြီ။ ကာသေ့ချ်တို့ဟာ ဒီနယ်မြေကို ရာစုနှစ် ၂ခုကြာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက်မှာတော့ ဘာဘာတွေရဲ့လက်ထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဘာဘာမင်းဆက်တွေဟာ ဘီစီ ၃ရာစုကနေ အေဒီ ၄၀ အထိ အုပ်ချုပ်ခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ရောမအင်ပါယာရဲ့သိမ်းပိုက်ခြင်းကိုခံရပြီး မော်ရီတေးနီးယားမှာ ပါဝင်တဲ့နယ်ဖြစ်ခဲ့ပြန်ပါတယ်။ အဲဒီနောက်တော့ ဘိုင်ဇန်တိုင်း အင်ပါယာနဲ့ အာရပ်တွေရဲ့ လက်အောက်ကို ထပ်မံကျရောက်ခဲ့ကာ ဘာဘာတို့ တော်လှန်မှုအပြီးမှာတော့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဘာဘာမင်းဆက်တွေဟာ အေဒီ ၁၁ ရာစုကနေ ၁၅ ရာစုလယ်ထိ တိုင်အောင် ဒီနယ်မြေတွေကို အုပ်ချုပ်ခဲ့ကြပါတယ်။ အဲဒီနောက်တော့ အာရပ် Saadi မင်းဆက်အုပ်စိုးကာ ၁၆၆၆ ခုနှစ်ကတည်းက လက်ရှိတော်ဝင်မျိုးနွယ်ဖြစ်တဲ့ Alaouite မင်းဆက်က အုပ်ချုပ်ခဲ့ပါတယ်။
၁၉ ရာစု အစောပိုင်းမှာတော့ ဥရောပသားတွေဟာ ဒီနယ်မြေတွေကိုရောက်ရှိလာခဲ့ပြီးနောက် ဒီနယ်မြေတွေဟာ ပေါ်တူဂီ ၊ စပိန် နဲ့ ပြင်သစ် တို့ရဲ့ကိုလိုနီနယ်မြေတွေ ဖြစ်သွားပြန်ပါတယ်။ ၁၉၅၆ ခုနှစ်မှာတော့ ပြင်သစ် – မော်ရိုကန် သဘောတူညီချက်ကိုရေးထိုးပြီးတဲ့နောက် လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်မှာတော့ ပဉ္စမမိုဟာမက် ဟာ ဘုရင်ဖြစ်လာခဲ့ပြီး မော်ရိုကိုနိုင်ငံကို ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းခံဘုရင်စနစ် နဲ့ စတင်အုပ်ချုပ်ခဲ့ပါတယ်။ လက်ရှိ မော်ရိုကိုရဲ့ အုပ်ချုပ်ရေးစနစ်ကတော့ တပြည်ထောင် ပါတီစုံ စည်းမျဉ်းခံ ဘုရင်စနစ်ဖြစ်ပါတယ်။ လက်ရှိဘုရင်က ဆဌမမိုဟာမက်ဖြစ်ပြီး နိုင်ငံအရေးကို အဓိကဆောင်ရွက်တဲ့ ဝန်ကြီးချုပ်ကတော့ Saadeddine Othmani ဖြစ်ပါတယ်။
စီးပွားရေး
မော်ရိုကိုရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ စိုက်ပျိုးရေး ၊ ဖော့စဖိတ်ထုတ်လုပ်ရေး ၊ သတ္တုတူးဖော်ရေး ၊ စားသောက်ကုန်များ ၊ လည်သာကုန်ပစ္စည်းများ ၊ ချည်မျှင်နှင့် အထည် ၊ ဆောက်လုပ်ရေး ၊ စွမ်းအင်ထုတ်လုပ်ရေး ၊ ခရီးသွားလာရေး နှင့် မော်တော်ယာဉ်ထုတ်လုပ်ရေး စတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ မော်ရိုကိုနိုင်ငံသားတွေရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၃၃၄၅ ခန့်ရှိပြီး ကမ္ဘာ့အဆင့် ၁၂၁ ဖြစ်ပါတယ်။ ငွေကြေးစနစ်အနေနဲ့ မော်ရိုကန် dirham (MAD) ကို သုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ ၉.၆၇ MAD နဲ့ တန်ဖိုး ညီမျှပါတယ်။
ပညာရေး
၂၀၁၈ ခုနှစ်စာရင်းအရ မော်ရိုကိုနိုင်ငံသား အရွယ်ရောက်ပြီးသူတိုင်းရဲ့ ၇၄% ဟာ စာတတ်မြောက်ကြပါတယ်။ အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးတဲ့ မော်ရိုကိုနိုင်ငံမှာ အစိုးရတက္ကသိုလ်ကြီး ၁၃ ခု ၊ ပုဂ္ဂလိကတက္ကသိုလ် ၈ ခု နဲ့ ပုဂ္ဂလိက သင်တန်းကျောင်းပေါင်း ၂၀၀ ကျော် ရှိနေပါတယ်။ မော်ရိုကိုရဲ့ တက္ကသိုလ်တွေအနက်မှာတော့ Mohammed V တက္ကသိုလ်ဟာ အထင်ရှားဆုံးဖြစ်ပါတယ်။ မော်ရိုကိုရဲ့ပထမဘုရင် ပဉ္စမမိုဟာမက်ကို ဂုဏ်ပြုထားတဲ့ ဒီတက္ကသိုလ်မှာ ကျောင်းသား သူပေါင်း ၄၅၀၀၀ ခန့် တက်ရောက် ပညာသင်ကြားလျက်ရှိပါတယ်။
စစ်ရေး
၂၀၂၀ ခုနှစ်စာရင်းအရ မော်ရိုကိုနိုင်ငံဟာ ကမ္ဘာ့အဆင့် ၅၇ ရှိတဲ့ စစ်အင်အားကို ပိုင်ဆိုင်ထားပါတယ်။ အမြဲတမ်းစစ်သည်အင်အား ၃၁၀၀၀၀ နဲ့ အရံစစ်အင်အား ၂၀၀၀၀၀ ခန့်ကို ပိုင်ဆိုင်ထားပါတယ်။ ဖိုက်တာလေယာဉ် ၄၆စီးအပါအဝင် စုစုပေါင်း လေယာဉ်အင်အား ၂၁၆စီး ရှိပါတယ်။
မြေပြင်အင်အားအနေနဲ့ကတော့ သံချပ်ကာတင့်ကားပေါင်း ၁၄၄၃စီး ၊ ဒုံးပျံ Projector ပေါင်း ၁၄၄ နဲ့ အခြားစစ်ယာဉ်စီးရေပေါင်း ၃ထောင်ခန့်ကို ပိုင်ဆိုင်ထားပါတယ်။ ရေတပ်အင်အားအနေနဲ့လည်း စစ်ရေယာဉ်ပေါင်း ၁၂၁ စီးကို ပိုင်ဆိုင်ထားပါတယ်။ ဒီအထဲမှာ Frigate ၃ စီး နဲ့ corvette သင်္ဘော ၄စီးပါဝင်ပါတယ်။ ကာကွယ်ရေးဘတ်ဂျက်အနေနဲ့ကတော့ အမေရိကန်ဒေါ်လာ ၁၀ဘီလျံဖြစ်ပါတယ်။
မော်ရိုကိုနိုင်ငံရဲ့ စိတ်ဝင်စားစရာ အချက်တချို့
မော်ရိုကိုနိုင်ငံ ဖက်ဇ်မြို့မှာရှိတဲ့ Karueein တက္ကသိုလ်ဟာ ကမ္ဘာ့ရှေးအကျဆုံး တက္ကသိုလ်တခုအဖြစ် ကျော်ကြားပါတယ်။ ဒီတက္ကသိုလ်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁၀၀ကျော် အေဒီ ၈၅၉ ခုမှာ အာရပ်အမျိုးသမီးတဦးဖြစ်တဲ့ Fatima က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ယနေ့တိုင် ဖွင့်လှစ်နေဆဲတက္ကသိုလ်တွေထဲမှာတော့ ရှေးအကျဆုံးဖြစ်ပြီး ၁၉၆၃ ခုနှစ်မှာတော့ ခေတ်သစ်တက္ကသိုလ်တခုအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။
မော်ရိုကိုနိုင်ငံရဲ့ အလှဆုံးနေရာတခုအဖြစ် သတ်မှတ်ခံထားရတာကတော့ Chefchaouen မြို့ဖြစ်ပါတယ်။ မော်ရိုကိုရဲ့ အနောက်မြောက်ပိုင်းက ဒီမြို့ဟာ တောင်စောင်းမှာရှိနေပြီး တမြို့လုံးကအိမ်တွေကို အပြာနုရောင်ဆေးတွေ သုတ်ထားတာကြောင့် လာလည်သူတွေအတွက် ပုံပြင်ဆန်ဆန်နေရာတခုလို ဖြစ်စေပါတယ်။
မော်ရိုကိုနိုင်ငံမှာ ပေါ်ပြူလာအဖြစ်ဆုံး ဖျော်ရည်ကတော့ Green Tea နဲ့ ပူစီနံရွက်ကိုရောကာ ဖျော်ထားတဲ့ ဖျော်ရည်ဖြစ်ပါတယ်။ တနိုင်ငံလုံးနှစ်သက်ကြတဲ့ ဖျော်ရည်ဖြစ်ပြီး နာမည်ကိုတောင် Moroccan Whiskey လို့ ပေးထားပါသေးတယ်။
ဆံပင် နဲ့ အရေပြား ဆိုင်ရာ အလှကုန် ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိသော အာဂန်ဆီဟာ မော်ကိုရိုနိုင်ငံမှာ အများဆုံးပေါက်ရောက်တဲ့ အာဂန်ပင်ကနေ ထုတ်ယူရရှိတာဖြစ်ပါတယ်။
မော်ရိုကိုဟာ ကန္တာရဆန်တဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားပေမယ့် နှင်းလျောစီးနိုင်တယ်ဆိုရင် အနည်းငယ် အံသြမိမှာပါ။ အတ်လတ်စ်တောင်တန်းက Oukaïmeden အပန်းဖြေစခန်းမှာ နှင်းလျောစီးနိုင်ပြီး စီးလို့ အကောင်းဆုံးအချိန်ကတော့ ဇန်နဝါရီကနေ မတ်လအထိ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအများစုရဲ့ ယဉ်ကျေးမှုမှာ အချစ်ဟာ နှလုံးသားက လာတယ်လို့ တင်စားကြပေမယ့် မော်ရိုကိုတွေရဲ့ ယဉ်ကျေးမှုမှာတော့ အချစ်ဟာ အသည်းက လာပါသတဲ့။
မော်ရိုကိုဟာ ကမ္ဘာပေါ်မှာ ငါးသေတ္တာငါး တင်ပို့မှုအများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ တနှစ်ကို ဒီငါးတန်ချိန်ပေါင်း ၆သိန်းခန့် တင်ပို့နေရပါတယ်။
Fatima ဟာ မော်ရိုကိုက မိန်းကလေးအများစုနာမည်မှာ ထည့်သွင်းမှည့်တတ်လေ့ရှိတဲ့ စကားလုံးဖြစ်ပါတယ်။
မော်ရိုကိုမှာ ပေါ်ပြူလာဖြစ်တဲ့ အားကစားကတော့ ဘောလုံးဖြစ်ပါတယ်။
မော်ရိုကိုရဲ့ အမျိုးသားဝတ်စုံကိုတော့ Djellaba ဂျလားဘဲ လို့ခေါ်ပါတယ်။
မော်ရိုကို နိုင်ငံရဲ့ အထိန်းအမှတ်တိရစ္ဆာန်ကတော့ ဘာဘရီခြင်္သေ့ဖြစ်ပါတယ်။ ဒီခြင်္သေ့ကို မြောက်အာဖရိကခြင်္သေ့လို့ ခေါ်သလို အီဂျစ်ခြသေ့င်္လို့လည်း ခေါ်ကြပါတယ်။
မော်ရိုကိုဟာ အာဖရိကတိုက်က နိုင်ငံဖြစ်ပေမယ့် ဒီနိုင်ငံကနေ ၈မိုင်ကျော် ခရီးကိုဖြတ်သန်းလိုက်တာနဲ့ ဥရောပတိုက်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။
မော်ရိုကိုရဲ့ အလံကတော့ အနီရောင်နောက်ခံပေါ်မှာ အစိမ်းရောင်နဲ့ ရေးဆွဲထားတဲ့ ငါးထောင့်ကြယ်တလုံး ဖြစ်ပါတယ်။ အနီရောင်ဟာ လက်ရှိနိုင်ငံအုပ်ချုပ်သူ Alaouite မင်းဆက်ကို ကိုယ်စားပြုသလို ရဲရင့်ပြတ်သားခြင်း ဆိုတဲ့ အဓိပ္ပါယ်လည်း ရပါတယ်။ အစိမ်းရောင်ကတော့ ဉာဏ်ပညာ ၊ ချစ်ခြင်းတရား ၊ ငြိမ်းချမ်းခြင်းတို့ကို ကိုယ်စားပြုသလို အစ္စလာမ်ဘာသာရဲ့ အရောင်လည်းဖြစ်ပါတယ်။ ငါးထောင့်ကြယ်ကတော့ အစ္စလာမ်ဘာသာရဲ့ အခြေခံအချက် ၅ ခု (Five Pillars of Islam) ကို ကိုယ်စားပြုပါတယ်။
မော်ရိုကိုနိုင်ငံကို နှစ်စဉ်လာရောက်လည်ပတ်တဲ့ ကမ္ဘာ့ခရီးသွားဦးရေဟာ ပျမ်းမျှအားဖြင့် ၁၀ သန်းကျော်ရှိပါတယ်။
——— ——– ———–
(Zawgyi)
ေမာ္႐ိုကိုႏိုင္ငံအေၾကာင္း သိေကာင္းစရာ
အာဖရိကတိုက္ အေနာက္ေျမာက္ပိုင္း အက်ဆုံးေနရာမွာတည္ရွိတဲ့ ေမာ္႐ိုကိုႏိုင္ငံရဲ႕ တရားဝင္အမည္က ေမာ္႐ိုကိုဘုရင့္ႏိုင္ငံျဖစ္ပါတယ္။ ေျမထဲပင္လယ္ရဲ႕ေတာင္ဘက္ အတၱလႏၲိတ္သမုဒၵရာရဲ႕အေရွ႕ဘက္မွာတည္ရွိၿပီး အယ္လ္ဂ်ီးရီးယား ၊ အေနာက္ဆာဟာရ တို႔နဲ႔ နယ္နိမိတ္ျခင္းထိစပ္ေနပါတယ္။ ေမာ္႐ိုကို ဆိုတဲ့ အဓိပၸါယ္ကေတာ့ ေနဝင္ရာအရပ္ ၊ အေနာက္အရပ္ ျဖစ္သလို ဘာဘာတို႔ရဲ႕ဘာသာစကားနဲ႔ဆိုရင္ေတာ့ နတ္ဘုရားနယ္ေျမ Land of God နဲ႔ ဆင္တူပါတယ္။ ေမာ္႐ိုကို ကို အေနာက္ဘုရင့္ႏိုင္ငံလို႔လည္း ေခၚပါတယ္။
ေမာ္႐ိုကိုရဲ႕ ႐ုံးသုံးဘာသာစကားေတြကေတာ့ အာေရဗ် နဲ႔ ဘာဘာ ဘာသာစကားတို႔ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္စာရင္းအရ ေမာ္႐ိုကိုႏိုင္ငံရဲ႕လူဦးေရဟာ (36,472,000) ျဖစ္ၿပီး ကမာၻေပၚမွာေတာ့ (၃၉) ႏိုင္ငံေျမာက္ လူဦးေရအမ်ားဆုံးႏိုင္ငံအျဖစ္ရပ္တည္ေနပါတယ္။ လူဦးေရ စုစုေပါင္းရဲ႕ ၉၉% က အာရပ္-ဘာဘာ လူမ်ိဳးေတြျဖစ္ကာ ကိုးကြယ္မႈအေနနဲ႔ေတာ့ ၉၉% က အစၥလာမ္ဘာသာကို ကိုးကြယ္ၾကပါတယ္။ က်န္တဲ့ ၁%ခန႔္ကေတာ့ ခရစ္ယာန္ နဲ႔ ဂ်ဴးဘာသာေတြကို ကိုးကြယ္ၾကပါတယ္။
ဧရိယာစတုရန္းမိုင္ (၂၇၄၄၆၀)စတုရန္းမိုင္က်ယ္ဝန္းၿပီး ကမာၻေပၚမွာေတာ့ (၃၇) ခုေျမာက္ ဧရိယာအက်ယ္ဆုံးႏိုင္ငံအျဖစ္ရပ္တည္ေနပါတယ္။ ေမာ္႐ိုကိုရဲ႕ အႀကီးဆုံးၿမိဳ႕ကေတာ့ လူဦးေရ ၃သန္းေက်ာ္ေနထိုင္တဲ့ ကာဆာဘလန္ကာၿမိဳ႕ျဖစ္ၿပီး ၿမိဳ႕ေတာ္ကေတာ့ ရာဘတ္ၿမိဳ႕ျဖစ္ပါတယ္။ ရာဘတ္ၿမိဳ႕ဟာ လူဦးေရ ၆သိန္းနီးပါးသာေနထိုင္ၿပီး ႏိုင္ငံရဲ႕ ၇ ခုေျမာက္အႀကီးဆုံးၿမိဳ႕ျဖစ္ပါတယ္။ လူဦးေရ ၆သိန္းအထက္ေနထိုင္တဲ့ အျခားထင္ရွားတဲ့ ၿမိဳ႕ႀကီးေတြကေတာ့ ဖက္ဇ္ ၊ တန္ဂ်ီယား ၊ မာရာခက္ခ္ ၊ ဆဲလီ နဲ႔ မက္ကနက္ စတဲ့ၿမိဳ႕ေတြပဲ ျဖစ္ပါတယ္။
(ေမာ္ရုိကို ႏုိင္ငံကို ၃၇ ခု ေျမာက္ အႀကီးဆုံးႏုိင္ငံအျဖစ္ သတ္မွတ္ျခင္းမွာ အေနာက္ဆာဟာရေဒသဧရိယာကိုပါ ထည့္သြင္းသတ္မွတ္ထား၍ ျဖစ္ပါတယ္။ အျငင္းပြားဖြယ္နယ္ေျမျဖစ္ေနတဲ့ အေနာက္ဆာဟာရ ကို ေမာ္ရုိကုိက သူ၏ပုိင္နက္အျဖစ္ သတ္မွတ္ထားေသာ္လည္း Sahrawi အာရပ္သမၼတႏုိင္ငံကမူ လက္မခံပဲ သူတုိ႔ကုိယ္ပုိင္နယ္ေျမအျဖစ္ ေၾကျငာထိန္းခ်ဳပ္ထားပါတယ္။ အေနာက္ဆာဟာရ နယ္ေျမကို ထည့္သြင္းျခင္းမျပဳပါက ေမာ္ရုိကိုႏုိင္ငံရဲ႕ ဧရိယာဟာ စတုရန္းမုိင္ ၁၇၂၄၁၄ သာ ရွိၿပီး ကမာၻ႔သတ္မွတ္ခ်က္အရေတာ့ အဆင့္ ၅၇ ျဖစ္သြားမွာပါ။)
အတၱလႏၲိတ္သမုဒၵရာနဲ႔ ထိစပ္ေနတဲ့ ေမာ္႐ိုကိုႏိုင္ငံဟာ အလ်ား ၁၁၄၀မိုင္ ရွည္လ်ားတဲ့ ကမ္း႐ိုးတန္းကို ပိုင္ဆိုင္ထားပါတယ္။ ေမာ္႐ိုကိုဟာ ေတာင္ကုန္းေတာင္တန္း အလြန္ထူထပ္ၿပီး ဆာဟာရေဒသျဖစ္တာေၾကာင့္ မိုးနည္းေျခာက္ေသြ႕တဲ့ေဒသလို႔ ဆိုရမွာျဖစ္ပါတယ္။ ႏိုင္ငံရဲ႕အျမင့္ဆုံးေနရာကေတာ့ ႏိုင္ငံရဲ႕ အေနာက္ေတာင္ပိုင္းမွာတည္ရွိတဲ့ တူကားလ္ေတာင္ျဖစ္ၿပီး ဒီေတာင္ဟာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၁၃၆၇၁ ေပ ျမင့္ပါတယ္။ အနိမ့္ဆုံးေနရာကေတာ့ ပင္လယ္ေရမ်က္ႏွာျပင္ေအာက္ ၁၉၃ေပ နိမ့္တဲ့ ဆက္ဘ္ခါထား ျဖစ္ပါတယ္။
ထင္ရွားတဲ့ေနရာေတြ
ျမန္မာႏိုင္ငံထက္ ဧရိယာစတုရန္းမိုင္ ၁ေသာင္းေက်ာ္သာ က်ယ္ဝန္းတဲ့ ေမာ္႐ိုကိုႏိုင္ငံဟာ ယဥ္ေက်းမႈအေမြအႏွစ္ အလြန္ႂကြယ္ဝတဲ့ ႏိုင္ငံ ျဖစ္ၿပီး ယူနက္စကိုစာရင္းဝင္ ကမာၻ႔အေမြအႏွစ္အျဖစ္သတ္မွတ္ခံထားရတဲ့ေနရာ ၉ ခုေတာင္ရွိပါတယ္။ ဒါေတြကေတာ့ ေအဒီ ၈ရာစု အဆုံးမွာ တည္ေထာင္ခဲ့တဲ့ Fes el Bali ၿမိဳ႕ေဟာင္း ၊ ေအဒီ ၁၁ရာစုမွာ တည္ေဆာက္ခဲ့တဲ့ ဘာဘာတို႔ရဲ႕ၿမိဳ႕ေတာ္ Medina of Marrakesh ၊ ႐ႊံေစး ဗိသုကာလက္ရာေျမာက္တည္ေဆာက္ထားတဲ့ Aït Benhaddou ခံတပ္ေက်း႐ြာေဟာင္း ၊ ၁၁ရာစု သမိုင္းဝင္ၿမိဳ႕ေတာ္ Meknes ၊ ဘီစီ ၃ရာစုက တည္ေထာင္ခဲ့တဲ့ ဘာဘာတို႔ရဲ႕ ၿမိဳ႕ေဟာင္း Volubilis ၊ သမိုင္းဝင္ဆိပ္ကမ္းၿမိဳ႕ Tétouan ၊ ေျမာက္အာဖရိက နဲ႔ ဥေရာပလက္ရာ ဗိသုကာေတြ ေရာေႏွာရွိေနၿပီး ၁၈ရာစုကတည္းက ဆာဟာရနဲ႔ ဥေရာပတို႔ၾကား အဓိက ကုန္သြယ္ေရးၿမိဳ႕ျဖစ္ခဲ့တဲ့ Essaouira ၊ ေပၚတူဂီ သေဘၤာဆိပ္ကမ္းၿမိဳ႕ El Jadida နဲ႔ ေခတ္သစ္ေခတ္ေဟာင္း ယဥ္ေက်းမႈေတြ ေရာယွက္ေနတဲ့ ၿမိဳ႕ေတာ္ ရာဘတ္တို႔ပဲ ျဖစ္ၾကပါတယ္။
ေမာ္႐ိုကိုမွာ ျမစ္ႀကီးျမစ္ငယ္အသြယ္သြယ္ရွိတဲ့အနက္ အရွည္မိုင္ ၃၀၀ အထက္ျမစ္ႀကီး ၄ စင္းရွိပါတယ္။ အရွည္ဆုံးျမစ္ကေတာ့ ဒရားျမစ္ျဖစ္ၿပီး မိုင္ေပါင္း ၆၈၄မိုင္ ရွည္လ်ားပါတယ္။ ေမာ္႐ိုကိုမွာ အမ်ိဳးသားဥယ်ာဥ္ႀကီးေပါင္း ၁၁ ခုရွိၿပီး အႀကီးဆုံးကေတာ့ စတုရန္းမိုင္ေပၚငး ၇၁၀ က်ယ္ဝန္းတဲ့ Khenifiss အမ်ိဳးသားဥယ်ာဥ္ႀကီးျဖစ္ပါတယ္။ တန္တန္ နဲ႔ တာဖာရာၿမိဳ႕အနီးမွာတည္ရွိတဲ့ ဒီဥယ်ာဥ္နယ္ေျမဟာ အတၱလႏၲိတ္သမုဒၵရာ ကမ္း႐ိုးတန္းကေန အေနာက္ဆာဟာရအထိ က်ယ္ျပန႔္ပါတယ္။
ေမာ္႐ိုကိုမွာ စိတ္ဝင္စရာေနရာမ်ားစြာ ရွိတဲ့အနက္ Erg Chebbi ဟာလည္းထင္ရွားတဲ့ေနရာတခုျဖစ္ပါတယ္။ ဆာဟာရသဲကႏၲာရထဲမွာပါဝင္တဲ့ ဒီေနရာဟာ အလြန္ႀကီးမားက်ယ္ျပန႔္ေသာ အဝါေရာင္သဲေသာင္ပို႔ႀကီးေတြ ရွိတဲ့ေနရာျဖစ္ပါတယ္။ ေလတိုက္ခတ္မႈေၾကာင့္ ပုံသ႑ာန္အမ်ိဳးမ်ိဳးေျပာင္းလဲေနတတ္တဲ့ သဲေသာင္ပို႔ႀကီးေတြဟာ အျမင့္ေပ ၂၄၀၀ ေလာက္အထိေတာင္ ႀကီးမားျမင့္မားပါတယ္။ ေမာ္႐ိုကိုမွာ အလွဆုံး နဲ႔ ခရီးသြားအလာဆုံး သဲေသာင္ပို႔ႀကီးလည္းျဖစ္ပါတယ္။
အတ္လတ္စ္ေတာင္တန္း နဲ႔ ဂ်က္ဘယ္ဆား႐ိုးေတာင္တန္းေတြၾကားမွာ ရွိေနတဲ့ ဒေဒ့စ္ေတာင္ၾကားဟာလည္း အာဖရိကေျမာက္ပိုင္းရဲ႕ အလွဆုံးေတာင္ၾကားအျဖစ္ သတ္မွတ္ခံထားရပါတယ္။ ဒေဒ့စ္ေတာင္ၾကားက ေႁမြလိမ္ေႁမြေကာက္ ေတာင္ပတ္လမ္းဟာလည္း ေမာ္႐ိုကိုရဲ႕ အေက်ာ္ၾကားဆုံး လမ္းျဖစ္ပါတယ္။
ေမာ္႐ိုကိုအေၾကာင္းေျပာရင္ မပါမျဖစ္ကေတာ့ အျဖဴေရာင္ၿမိဳ႕ေတာ္လို႔ တင္စားေခၚေဝၚၾကတဲ့ ကာဆာဘလန္ကာၿမိဳ႕ပါ။ ဒီၿမိဳ႕ျဖစ္လာမယ့္ေနရာဟာ ၇ရာစုထဲက လူေတြစတင္အေျခခ်ေနထိုင္တဲ့ ေနရာလည္းျဖစ္ပါတယ္။ ႏိုင္ငံရဲ႕အႀကီးဆုံးၿမိဳ႕ေတာ္လည္းျဖစ္တဲ့ ကာဆာဘလန္ကာၿမိဳ႕ဟာ အာရပ္ ၊ ေပၚတူဂီ ၊ စပိန္ ၊ ျပင္သစ္ တို႔ရဲ႕သိမ္းပိုက္ျခင္းကို ခံခဲ့ရၿပီး သမိုင္းအစဥ္အဆက္မ်ားစြာကို ျဖတ္သန္းခဲ့ရတဲ့ၿမိဳ႕ျဖစ္ပါတယ္။ ျပင္သစ္ကိုလိုနီျဖစ္ခဲ့ဖူးတာေၾကာင့္ ျပင္သစ္ ယဥ္ေက်းမႈ ၊ အာဖရိက႐ိုးရာအစဥ္အလာေတြနဲ႔ အာရပ္ယဥ္ေက်းမႈေတြဟာ ဒီၿမိဳ႕မွာ ေရာယွက္ေနပါတယ္။ အေဆာက္အအုံေတြဟာလည္း ျပင္သစ္စတိုင္ ေတြနဲ႔ ေမာ္႐ိုကို စတိုင္ေတြ ျဖစ္ပါတယ္။ ၁၉၄၂ ခုႏွစ္က ႐ိုက္ကူးခဲ့တဲ့ ကာဆာဘလန္ကာ ႐ုပ္ရွင္နဲ႔အတူ ကမာၻေက်ာ္ခဲ့တဲ့ ဒီၿမိဳ႕ဟာ နာမည္ေက်ာ္ ႐ုပ္ရွင္ကားေပါင္းမ်ားစြာ လာေရာက္႐ိုက္ကူးျခင္းခံရတဲ့ၿမိဳ႕လည္းျဖစ္ပါတယ္။
ေရတံခြန္ေပါင္းမ်ားစြာလည္းရွိတဲ့ ေမာ္႐ိုကိုမွာ အလွဆုံးေရတံခြန္အျဖစ္ ေက်ာ္ၾကားတာကေတာ့ အူးဇုဒ္ေရတံခြန္ျဖစ္ပါတယ္။ ဒီေရတံခြန္ဟာ အျမင့္ ၃၃၀ ေပျမင့္မားၿပီး အဆင့္ ၃ဆင့္ နဲ႔ စီးက်လ်က္ရွိပါတယ္။ အေနာက္ေျမာက္အာဖရိကရဲ႕ နတ္သမီးေရတံခြန္အျဖစ္ ေက်ာ္ၾကားတဲ့ ေရတံခြန္လည္းျဖစ္ပါတယ္။
ေမာ္႐ိုကိုရဲ႕ Marrakech ၿမိဳ႕ဟာလည္း ကမာၻ႔စိတ္ကူးယဥ္အဆန္ဆုံးၿမိဳ႕ေတြထဲက တၿမိဳ႕အျဖစ္ သတ္မွတ္ခံထားရပါတယ္။ ႏိုင္ငံရဲ႕စတုတၳအႀကီးဆုံးၿမိဳ႕လည္းျဖစ္တဲ့ဒီၿမိဳ႕ရဲ႕ တဖက္ျခမ္းမွာေတာ့ ဆာဟာရသဲကႏၲာရႀကီးရွိေနၿပီး က်န္တဖက္မွာေတာ့ အဲလတ္စ္ေတာင္တန္းေတြက ဝန္းရံထားပါတယ္။ ေအဒီ ၁၁ရာစုကတည္းက တည္ခဲ့တဲ့ၿမိဳ႕ျဖစ္တာေၾကာင့္ ေရွးေဟာင္းဗိသုကာလက္ရာ အေဆာက္အဦးေတြကိုလည္း ဒီၿမိဳ႕မွာေတြ႕ႏိုင္ပါတယ္။
ေဗာ္လုဗလစ္ၿမိဳ႕ကေတာ့ ေရာမသမိုင္းဝင္ ၿမိဳ႕အျဖစ္ ထင္ရွားပါတယ္။ ဘီစီ ၃ရာစုေလာက္ကတည္းက ဘာဘာတို႔ တည္ေထာင္ခဲ့တဲ့ ဒီၿမိဳ႕ဟာ ေရာမတို႔လက္ထဲေရာက္ရွိခဲ့ခ်ိန္မွာေတာ့ ေရာမ ဗိသုကာလက္ရာ အေဆာက္အအုံေပါင္းမ်ားစြာ ေဆာက္လုပ္ျခင္းခံခဲ့ရပါတယ္။ ေရာမလက္ရာ အေဆာက္အအုံပ်က္ေတြကို ယခုတိုင္ ဒီၿမိဳ႕မွာ အထင္အရွားေတြ႕ႏိုင္ပါေသးတယ္။
သမိုင္းေၾကာင္း
လက္ရွိေမာ္႐ိုကိုႏိုင္ငံတည္ရွိရာေနရာတြင္ လြန္ခဲ့ေသာႏွစ္ေပါင္း ၅၀၀၀ နီးပါးကတည္းက ဘာဘာလူမ်ိဳးစုမ်ား အေျခခ်ေနထိုင္ခဲ့ၾကပါတယ္။ ဒီနယ္ေျမေတြဟာ ဘီစီ ၈ရာစုကေန ဘီစီ ၆ရာစု ၾကားကာလမွာေတာ့ ဖီးနစ္ရွန္းေတြရဲ႕သိမ္းပိုက္ျခင္းကို ခံခဲ့ရပါတယ္။ ဘီစီ ၅ ရာစုမွာေတာ့ ကာေသ့ခ်္တို႔ သိမ္းပိုက္လိုက္ၿပီးေနာက္ ဒီေနရာမွာ ၿမိဳ႕ျပႏိုင္ငံမ်ား စတင္ထြန္းကားလာခဲ့ပါၿပီ။ ကာေသ့ခ်္တို႔ဟာ ဒီနယ္ေျမကို ရာစုႏွစ္ ၂ခုၾကာ သိမ္းပိုက္ႏိုင္ခဲ့ၿပီးေနာက္မွာေတာ့ ဘာဘာေတြရဲ႕လက္ထဲကို ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။ ဘာဘာမင္းဆက္ေတြဟာ ဘီစီ ၃ရာစုကေန ေအဒီ ၄၀ အထိ အုပ္ခ်ဳပ္ခဲ့ၾကပါတယ္။
အဲဒီေနာက္မွာေတာ့ ေရာမအင္ပါယာရဲ႕သိမ္းပိုက္ျခင္းကိုခံရၿပီး ေမာ္ရီေတးနီးယားမွာ ပါဝင္တဲ့နယ္ျဖစ္ခဲ့ျပန္ပါတယ္။ အဲဒီေနာက္ေတာ့ ဘိုင္ဇန္တိုင္း အင္ပါယာနဲ႔ အာရပ္ေတြရဲ႕ လက္ေအာက္ကို ထပ္မံက်ေရာက္ခဲ့ကာ ဘာဘာတို႔ ေတာ္လွန္မႈအၿပီးမွာေတာ့ ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။ ဘာဘာမင္းဆက္ေတြဟာ ေအဒီ ၁၁ ရာစုကေန ၁၅ ရာစုလယ္ထိ တိုင္ေအာင္ ဒီနယ္ေျမေတြကို အုပ္ခ်ဳပ္ခဲ့ၾကပါတယ္။ အဲဒီေနာက္ေတာ့ အာရပ္ Saadi မင္းဆက္အုပ္စိုးကာ ၁၆၆၆ ခုႏွစ္ကတည္းက လက္ရွိေတာ္ဝင္မ်ိဳးႏြယ္ျဖစ္တဲ့ Alaouite မင္းဆက္က အုပ္ခ်ဳပ္ခဲ့ပါတယ္။
၁၉ ရာစု အေစာပိုင္းမွာေတာ့ ဥေရာပသားေတြဟာ ဒီနယ္ေျမေတြကိုေရာက္ရွိလာခဲ့ၿပီးေနာက္ ဒီနယ္ေျမေတြဟာ ေပၚတူဂီ ၊ စပိန္ နဲ႔ ျပင္သစ္ တို႔ရဲ႕ကိုလိုနီနယ္ေျမေတြ ျဖစ္သြားျပန္ပါတယ္။ ၁၉၅၆ ခုႏွစ္မွာေတာ့ ျပင္သစ္ – ေမာ္႐ိုကန္ သေဘာတူညီခ်က္ကိုေရးထိုးၿပီးတဲ့ေနာက္ လြတ္လပ္ေရး ရရွိခဲ့ပါတယ္။ လြတ္လပ္ေရးရၿပီးေနာက္မွာေတာ့ ပၪၥမမိုဟာမက္ ဟာ ဘုရင္ျဖစ္လာခဲ့ၿပီး ေမာ္႐ိုကိုႏိုင္ငံကို ဖြဲ႕စည္းပုံအေျခခံဥပေဒစည္းမ်ဥ္းခံဘုရင္စနစ္ နဲ႔ စတင္အုပ္ခ်ဳပ္ခဲ့ပါတယ္။ လက္ရွိ ေမာ္႐ိုကိုရဲ႕ အုပ္ခ်ဳပ္ေရးစနစ္ကေတာ့ တျပည္ေထာင္ ပါတီစုံ စည္းမ်ဥ္းခံ ဘုရင္စနစ္ျဖစ္ပါတယ္။ လက္ရွိဘုရင္က ဆဌမမိုဟာမက္ျဖစ္ၿပီး ႏိုင္ငံအေရးကို အဓိကေဆာင္႐ြက္တဲ့ ဝန္ႀကီးခ်ဳပ္ကေတာ့ Saadeddine Othmani ျဖစ္ပါတယ္။
စီးပြားေရး
ေမာ္႐ိုကိုရဲ႕ အဓိကစီးပြားေရးလုပ္ငန္းေတြကေတာ့ စိုက္ပ်ိဳးေရး ၊ ေဖာ့စဖိတ္ထုတ္လုပ္ေရး ၊ သတၱဳတူးေဖာ္ေရး ၊ စားေသာက္ကုန္မ်ား ၊ လည္သာကုန္ပစၥည္းမ်ား ၊ ခ်ည္မွ်င္ႏွင့္ အထည္ ၊ ေဆာက္လုပ္ေရး ၊ စြမ္းအင္ထုတ္လုပ္ေရး ၊ ခရီးသြားလာေရး ႏွင့္ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရး စတဲ့ လုပ္ငန္းေတြျဖစ္ပါတယ္။ ေမာ္႐ိုကိုႏိုင္ငံသားေတြရဲ႕ ႏွစ္စဥ္ပ်မ္းမွ်ဝင္ေငြကေတာ့ အေမရိကန္ေဒၚလာ ၃၃၄၅ ခန႔္ရွိၿပီး ကမာၻ႔အဆင့္ ၁၂၁ ျဖစ္ပါတယ္။ ေငြေၾကးစနစ္အေနနဲ႔ ေမာ္ရုိကန္ dirham (MAD) ကို သုံးစြဲၿပီး အေမရိကန္ ၁ေဒၚလာဟာ ၉.၆၇ MAD နဲ႔ တန္ဖုိး ညီမွ်ပါတယ္။
ပညာေရး
၂၀၁၈ ခုႏွစ္စာရင္းအရ ေမာ္႐ိုကိုႏိုင္ငံသား အ႐ြယ္ေရာက္ၿပီးသူတိုင္းရဲ႕ ၇၄% ဟာ စာတတ္ေျမာက္ၾကပါတယ္။ အခမဲ့ပညာေရးစနစ္ကို က်င့္သုံးတဲ့ ေမာ္႐ိုကိုႏိုင္ငံမွာ အစိုးရတကၠသိုလ္ႀကီး ၁၃ ခု ၊ ပုဂၢလိကတကၠသိုလ္ ၈ ခု နဲ႔ ပုဂၢလိက သင္တန္းေက်ာင္းေပါင္း ၂၀၀ ေက်ာ္ ရွိေနပါတယ္။ ေမာ္႐ိုကိုရဲ႕ တကၠသိုလ္ေတြအနက္မွာေတာ့ Mohammed V တကၠသိုလ္ဟာ အထင္ရွားဆုံးျဖစ္ပါတယ္။ ေမာ္႐ိုကိုရဲ႕ပထမဘုရင္ ပၪၥမမိုဟာမက္ကို ဂုဏ္ျပဳထားတဲ့ ဒီတကၠသိုလ္မွာ ေက်ာင္းသား သူေပါင္း ၄၅၀၀၀ ခန႔္ တက္ေရာက္ ပညာသင္ၾကားလ်က္ရွိပါတယ္။
စစ္ေရး
၂၀၂၀ ခုႏွစ္စာရင္းအရ ေမာ္႐ိုကိုႏိုင္ငံဟာ ကမာၻ႔အဆင့္ ၅၇ ရွိတဲ့ စစ္အင္အားကို ပိုင္ဆိုင္ထားပါတယ္။ အၿမဲတမ္းစစ္သည္အင္အား ၃၁၀၀၀၀ နဲ႔ အရံစစ္အင္အား ၂၀၀၀၀၀ ခန႔္ကို ပိုင္ဆိုင္ထားပါတယ္။ ဖိုက္တာေလယာဥ္ ၄၆စီးအပါအဝင္ စုစုေပါင္း ေလယာဥ္အင္အား ၂၁၆စီး ရွိပါတယ္။
ေျမျပင္အင္အားအေနနဲ႔ကေတာ့ သံခ်ပ္ကာတင့္ကားေပါင္း ၁၄၄၃စီး ၊ ဒုံးပ်ံ Projector ေပါင္း ၁၄၄ နဲ႔ အျခားစစ္ယာဥ္စီးေရေပါင္း ၃ေထာင္ခန႔္ကို ပိုင္ဆိုင္ထားပါတယ္။ ေရတပ္အင္အားအေနနဲ႔လည္း စစ္ေရယာဥ္ေပါင္း ၁၂၁ စီးကို ပိုင္ဆိုင္ထားပါတယ္။ ဒီအထဲမွာ Frigate ၃ စီး နဲ႔ corvette သေဘၤာ ၄စီးပါဝင္ပါတယ္။ ကာကြယ္ေရးဘတ္ဂ်က္အေနနဲ႔ကေတာ့ အေမရိကန္ေဒၚလာ ၁၀ဘီလ်ံျဖစ္ပါတယ္။
ေမာ္႐ိုကိုႏိုင္ငံရဲ႕ စိတ္ဝင္စားစရာ အခ်က္တခ်ိဳ႕
ေမာ္႐ိုကိုႏိုင္ငံ ဖက္ဇ္ၿမိဳ႕မွာရွိတဲ့ Karueein တကၠသိုလ္ဟာ ကမာၻ႔ေရွးအက်ဆုံး တကၠသိုလ္တခုအျဖစ္ ေက်ာ္ၾကားပါတယ္။ ဒီတကၠသိုလ္ကို လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၁၀၀ေက်ာ္ ေအဒီ ၈၅၉ ခုမွာ အာရပ္အမ်ိဳးသမီးတဦးျဖစ္တဲ့ Fatima က တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ယေန႔တိုင္ ဖြင့္လွစ္ေနဆဲတကၠသိုလ္ေတြထဲမွာေတာ့ ေရွးအက်ဆုံးျဖစ္ၿပီး ၁၉၆၃ ခုႏွစ္မွာေတာ့ ေခတ္သစ္တကၠသိုလ္တခုအျဖစ္ ေျပာင္းလဲဖြင့္လွစ္ခဲ့ပါတယ္။
ေမာ္႐ိုကိုႏိုင္ငံရဲ႕ အလွဆုံးေနရာတခုအျဖစ္ သတ္မွတ္ခံထားရတာကေတာ့ Chefchaouen ၿမိဳ႕ျဖစ္ပါတယ္။ ေမာ္႐ိုကိုရဲ႕ အေနာက္ေျမာက္ပိုင္းက ဒီၿမိဳ႕ဟာ ေတာင္ေစာင္းမွာရွိေနၿပီး တၿမိဳ႕လုံးကအိမ္ေတြကို အျပာႏုေရာင္ေဆးေတြ သုတ္ထားတာေၾကာင့္ လာလည္သူေတြအတြက္ ပုံျပင္ဆန္ဆန္ေနရာတခုလို ျဖစ္ေစပါတယ္။
ေမာ္႐ိုကိုႏိုင္ငံမွာ ေပၚျပဴလာအျဖစ္ဆုံး ေဖ်ာ္ရည္ကေတာ့ Green Tea နဲ႔ ပူစီနံ႐ြက္ကိုေရာကာ ေဖ်ာ္ထားတဲ့ ေဖ်ာ္ရည္ျဖစ္ပါတယ္။ တႏိုင္ငံလုံးႏွစ္သက္ၾကတဲ့ ေဖ်ာ္ရည္ျဖစ္ၿပီး နာမည္ကိုေတာင္ Moroccan Whiskey လို႔ ေပးထားပါေသးတယ္။
ဆံပင္ နဲ႔ အေရျပား ဆိုင္ရာ အလွကုန္ ပစၥည္းေတြမွာ ထည့္သြင္းအသုံးျပဳေလ့ရွိေသာ အာဂန္ဆီဟာ ေမာ္ကို႐ိုႏိုင္ငံမွာ အမ်ားဆုံးေပါက္ေရာက္တဲ့ အာဂန္ပင္ကေန ထုတ္ယူရရွိတာျဖစ္ပါတယ္။
ေမာ္႐ိုကိုဟာ ကႏၲာရဆန္တဲ့ ရာသီဥတုကို ပိုင္ဆိုင္ထားေပမယ့္ ႏွင္းေလ်ာစီးႏိုင္တယ္ဆိုရင္ အနည္းငယ္ အံၾသမိမွာပါ။ အတ္လတ္စ္ေတာင္တန္းက Oukaïmeden အပန္းေျဖစခန္းမွာ ႏွင္းေလ်ာစီးႏိုင္ၿပီး စီးလို႔ အေကာင္းဆုံးအခ်ိန္ကေတာ့ ဇန္နဝါရီကေန မတ္လအထိ ျဖစ္ပါတယ္။
ကမာၻ႔ႏိုင္ငံအမ်ားစုရဲ႕ ယဥ္ေက်းမႈမွာ အခ်စ္ဟာ ႏွလုံးသားက လာတယ္လို႔ တင္စားၾကေပမယ့္ ေမာ္႐ိုကိုေတြရဲ႕ ယဥ္ေက်းမႈမွာေတာ့ အခ်စ္ဟာ အသည္းက လာပါသတဲ့။
ေမာ္႐ိုကိုဟာ ကမာၻေပၚမွာ ငါးေသတၱာငါး တင္ပို႔မႈအမ်ားဆုံးႏိုင္ငံလည္းျဖစ္ပါတယ္။ တႏွစ္ကို ဒီငါးတန္ခ်ိန္ေပါင္း ၆သိန္းခန႔္ တင္ပို႔ေနရပါတယ္။
Fatima ဟာ ေမာ္႐ိုကိုက မိန္းကေလးအမ်ားစုနာမည္မွာ ထည့္သြင္းမွည့္တတ္ေလ့ရွိတဲ့ စကားလုံးျဖစ္ပါတယ္။
ေမာ္႐ိုကိုမွာ ေပၚျပဴလာျဖစ္တဲ့ အားကစားကေတာ့ ေဘာလုံးျဖစ္ပါတယ္။
ေမာ္႐ိုကိုရဲ႕ အမ်ိဳးသားဝတ္စုံကိုေတာ့ Djellaba ဂ်လားဘဲ လို႔ေခၚပါတယ္။
ေမာ္႐ိုကို ႏိုင္ငံရဲ႕ အထိန္းအမွတ္တိရစာၦန္ကေတာ့ ဘာဘရီျခေသၤ့ျဖစ္ပါတယ္။ ဒီျခေသၤ့ကို ေျမာက္အာဖရိကျခေသၤ့လို႔ ေခၚသလို အီဂ်စ္ျခေသ့လႋု႔လည္း ေခၚၾကပါတယ္။
ေမာ္႐ိုကိုဟာ အာဖရိကတိုက္က ႏိုင္ငံျဖစ္ေပမယ့္ ဒီႏိုင္ငံကေန ၈မိုင္ေက်ာ္ ခရီးကိုျဖတ္သန္းလိုက္တာနဲ႔ ဥေရာပတိုက္ကို ေရာက္ရွိသြားမွာျဖစ္ပါတယ္။
ေမာ္႐ိုကိုရဲ႕ အလံကေတာ့ အနီေရာင္ေနာက္ခံေပၚမွာ အစိမ္းေရာင္နဲ႔ ေရးဆြဲထားတဲ့ ငါးေထာင့္ၾကယ္တလုံး ျဖစ္ပါတယ္။ အနီေရာင္ဟာ လက္ရွိႏုိင္ငံအုပ္ခ်ဳပ္သူ Alaouite မင္းဆက္ကို ကုိယ္စားျပဳသလုိ ရဲရင့္ျပတ္သားျခင္း ဆုိတဲ့ အဓိပၸါယ္လည္း ရပါတယ္။ အစိမ္းေရာင္ကေတာ့ ဥာဏ္ပညာ ၊ ခ်စ္ျခင္းတရား ၊ ၿငိမ္းခ်မ္းျခင္းတုိ႔ကို ကုိယ္စားျပဳသလုိ အစၥလာမ္ဘာသာရဲ႕ အေရာင္လည္းျဖစ္ပါတယ္။ ငါးေထာင့္ၾကယ္ကေတာ့ အစၥလာမ္ဘာသာရဲ႕ အေျခခံအခ်က္ ၅ ခု (Five Pillars of Islam) ကို ကုိယ္စားျပဳပါတယ္။
ေမာ္႐ိုကိုႏိုင္ငံကို ႏွစ္စဥ္လာေရာက္လည္ပတ္တဲ့ ကမာၻ႔ခရီးသြားဦးေရဟာ ပ်မ္းမွ်အားျဖင့္ ၁၀ သန္းေက်ာ္ရွိပါတယ္။