• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မီးပြတိုက် ဆိုသည်မှာ

by Thutamm
August 8, 2019
Reading Time: 1min read
0
မီးပြတိုက် ဆိုသည်မှာ
Share on FacebookShare on Twitter

ရေလမ်းခရီးသွားလာရသည်မှာ ကုန်းလမ်းခရီးသွားရခြင်း ထက် ဘေးအန္တရာယ်ပိုမိုများလေသည်။ သင်္ဘောများသည် ကျောက် ဆောင်တို့ကို မကြာခဏ ဝင်ရောက်တိုက်ခိုက်မိ၍ ကွဲပျက်နစ်မြုပ်ခဲ့ ကြရသည်။ ရေလယ်၌သာမဟုတ် တစ်ခါတစ်ရံ ဆိပ်ကမ်းသို့ကပ် ရာတွင် ကျောက်ကမ်းပါးမျာကို ဆိုက်ကပ်မိကလည်း ကွဲပျက် သွားနိုင်သည်။

ရေမျက်နှာပြင်ပေါ်၌ အတန်ငယ် ပေါ်ထွက်နေ သော ကျောက်ဆောင်ကြီးများကိုပင် ညဉ့်အချိန်များ၌ မြင်ရန်ခက် လှသည်။ နေ့အချိန်၌ပင် အဝေးကမြင်ရမည် မဟုတ်သောကြောင့် ရှောင်ရှားသွားရန် လွယ်ကူမည်မဟုတ်ချေ။ သို့ဖြစ်ရကား ပင်လယ် ခရီးသွားတို့အား ထိုဘေးအန္တရာယ်တို့မှ ကင်းလွတ်စေရန် နေ့ရော ညဉ့်ပါ သတိပေးအချက်ပြဖို့ လိုလေသည်။ ထိုသို့ အချက်ပြ သတိ မပေးနိုင်ခြင်းကြောင့် ရှေးခေတ်နယ်သစ်ရှာ အာဇာနည်များ အသက် ဆုံးရှုံးခဲ့ရသည်မှာ မရေမတွက်နိုင်တော့ချေ။

ယင်းသို့လျှင် ကျောက် ဆောင်၊ ကျောက်တန်း၊ ကျောက်ကမ်းပါးများကို အဝေးမှနေ၍ သိရှိ ရှောင်ရှားနိုင်စေရန် စီမံဆောင်ရွက်ရာမှအစ မီးပြတိုက်များ ပေါ် ပေါက်လာခဲ့ပေသည်။ ညဉ့်အချိန်တွင် ကျောက်ဆောင် ကျောက် တန်းတို့ရှိရာကို အဝေးမှပင် သိရှိနိုင်စေရန် မီးရောင်ဖြင့်သာ အချက်ပြ သတိပေးနိုင်ရကား၊ ဘေးအန္တရာယ် ထူပြောရာ ကျောက် ဆောင်၊ ကျောက်ကမ်းပါးများပေါ်မှ မီးရောင်များထွန်းညှိ၍ ပြထား လေသည်။

ကမ္ဘာပေါ်တွင် ရှေးအကျဆုံး မီးပြတိုက်များမှာ ခရစ်မပေါ် မီ နှစ်ပေါင်း ၃ဝဝ လောက်က ရောမလူမျိုးတို့ တည်ခဲ့သော အယ်လက်ဇန္ဒြီးယား ပင်လယ်အော်ရှိ ဖာရိုမီးပြတိုက်နှင့် အော့စတီယာ မီးပြတိုက်၊ ရာဗန်နာ မီးပြတိုက်၊ ဗိုလုံးမီးပြတိုက်၊ ဒိုဗာမီးပြ တိုက်တို့ ဖြစ်ကြသည်။ အယ်လက်ဇန္ဒြီးယားရှိ ဖာရိုမီးပြတိုက်ကား ကမ္ဘာ့အံ့ဖွယ် ခုနှစ်သွယ်တွင် တစ်ခုအပါအဝင် ဖြစ်လေသည်။ ရှေးအခါက တည်ဆောက်ခဲ့သော မီးပြတိုက်များမှာ ကျောက်ဆောင်၊ ကျောက်ကမ်းပါး ထိပ်များ၌ တိုင်လုံးမျှော်စင်သဖွယ် အဆောက် အအုံမြင့်ကြီးများ ဖြစ်၍ ထိပ်၌ ကျောက်မီးသွေးမီး၊ ဆီမီးစသည်တို့ ထွန်းညှိ၍ အချက်ပြထားပေသည်။

အယ်လက်ဇန္ဒြီးယားရှိ ဖာရိုမီးပြတိုက်

သို့ရာတွင် ထိုမီးရောင်များသည် ဆီးနှင်းများ ပိတ်ဖုံးနေသည့် ရာသီတွင် ဘေးအန္တရာယ်ကို တိမ်း ရှောင်သာသော အကွာအဝေးမှ ထင်ထင်လင်းလင်း မမြင်နိုင်သဖြင့် သင်္ဘောများမှာ မကြာခဏ ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ကြရသည်။ ယခု ခေတ်၌မူကား ရေနံဆီမီး၊ ဓာတ်ဆီမီး၊ လျှပ်စစ်မီး စသည့် မီးအိမ် များကို သုံးရုံမက အဝေးကပင် မီးရောင်ကို မြင်နိုင်စေရန် မှန် ဘီလူးများ၊ မှန်ရောင်များဖြင့် ထိုးပြနိုင်အောင် စီမံထားသဖြင့် အထူး တိုးတက်လျက်ရှိလေသည်။

မီးပြတိုက်ကို စောင့်ရှောက်ရသော အလုပ်မှာလည်း ဘေး အန္တရာယ် အများဆုံး နေရာမှနေ၍ သင်္ဘောများ သတိပေးရသော ကြောင့် သင်္ဘောများကို တွေ့ရတတ်သည့် ဘေးအန္တရာယ်မျိုးကို မီး ပြတိုက်များ (ဝါ) မီးပြတိုက် အလုပ်သမားများ မကြာခဏ ခံခဲ့ရ လေသည်။ ကမ်းခြေမီးပြတိုက်များထက် ရေလယ်ကျောက်ဆောင်မှ မီးပြတိုက်များသည် ပို၍ အန္တရာယ်များသည်။ အင်္ဂလန်ပြည်ကမ်းခြေ၊ အင်္ဂလိပ်ရေလက် ကြားရှိ အက်ဒီစတုန်းမီးပြတိုက်ကို ၄ ကြိမ်တိတိ အသစ်ပြန်လည် တည်ဆောက်ခဲ့ရသည်ကို ထောက်ခြင်းဖြင့် သိသာနိုင်လေသည်။

၁၈၈၀ ဝန်းကျင်က မီးပြတိုက်တည်ဆောက်ပုံ အဆင့်ဆင့်

ကျောက်ဆောင်၊ ကျောက်တန်းများရှိရာ၌ ရေအရှိန် ပိုမို ပြင်းထန်သည်အလျောက် ရေထဲ၌ အုတ်မြစ်ချ၍ မီးပြတိုက်များ တည်ဆောက်ရန်မှာ အလွန် မလွယ်ကူလှသော အလုပ်ဖြစ်ရုံသာ မက၊ ဘေးအန္တရာယ်လည်း များလှသည့်အတွက် စွန့်စား၍ တည် ဆောက်ကြရသည်။ ပြင်းထန်စွာ ရိုက်ခတ်သော လှိုင်းလုံးကြီးများ၏ဒဏ်ကို တန်ရုံခိုင်သော မီးပြတိုက်သည် တာရှည်မခံနိုင်ချေ။ လှိုင်းလုံးခတ်၍ ပျက်စီးသွားရသော မီးပြတိုက်ပေါင်းလည်း များလှ လေပြီ။

ယခုခေတ်၌ကား မီးပြတိုက်များကို အံချ၍ အင်္ဂတေဖြင့် ဆက်သော ကျောက်တုံးများဖြင့် ခိုင်ခံ့စွာ ဆောက်လုပ်ကြပြီ ဖြစ်သဖြင့် ရှေးကလောက် အပျက်အစီးမများတော့ချေ။ ကမ်းခြေအတွင်းရှိ အလွန် ကြောက်မက်ဖွယ်ကောင်းသော ကျောက်ဆောင်ပေါ် ၌ မီးပြတိုက်များ ဆောက်လုပ်၍ မရနိုင်သောကြောင့် ခိုင်ခံ့သည့် သံမဏိမီးပြသင်္ဘောများကို ထားရပေသည်။

မီးပြသင်္ဘောများသည် မီးပြတိုက်ဆောက်၍မရသော ကမ်းခြေများ၊ ကျောက်ဆောင်များနှင့် မနီးမဝေးအရပ်မှနေ၍ မီးပြခြင်း၊ အချက်ပေးခြင်းတို့ဖြင့် သင်္ဘောများကို သတိပေးရသည်။ ယခုခေတ် မီးပြသင်္ဘောများ၊ မီးပြတိုက် များတွင် မီးအိမ်များသာမက အခြားသော နည်းများဖြင့် အချက်ပြ သတိပေးရန် နည်းအမျိုးမျိုး ကိရိယာအသွယ်သွယ် ထားရှိလေသည်။

အက်ဒီစတုန်းမီးပြတိုက်

ဗြိတိသျှကျွန်း၏ ကမ်းခြေသည် ကျောက်ဆောင်၊ ကျောက် ကမ်းပါး အထူထပ်ဆုံးဖြစ်၍ မီးပြတိုက် အများဆုံးရှိ၏။ ကမ္ဘာပေါ်တွင် အထင်ရှားဆုံး မီးပြတိုက်မှာ ပလင်းမတ်မြို့မှ အထွက် ၁၃ မိုင်ကွာတွင် တည်ရှိသော အက်ဒီစတုန်းမီးပြတိုက်ဖြစ်၏။ ထိုမှ တစ်ပါး အိုင်ယာလန်နိုင်ငံ အနောက်တောင်ကမ်းခြေရှိ ဖတ်စနက် မီးပြတိုက်၊ ကွန်းဝေါနယ် လစ်ဇတ် မီးပြတိုက်၊ ဆပ်ဆက်နယ် ကမ်းခြေရှိ ဗီချီဟက် မီးပြတိုက် စသည်တို့သည်လည်း ထင်ရှားပေသည်။ မီးပြတိုက်များမှာ ရေကြောင်းတွင်သာ မဟုတ်ဘဲ ယခု အလွန်ခေတ်စားလျက်ရှိသော လေကြောင်းခရီးအတွက်လည်း လို လေသည်။ လေယာဉ်ပျံကွင်းများ၌ ညဉ့်အချိန် လေယာဉ်ပျံအဆင်း တွင် ကွင်းကို မီးထိုး၍ပြရ၏။

မီးပြတိုက်များကို တည်ဆောက်ရာ တွင် ကြေးငွေများစွာ ကုန်ကျသော်လည်း ရေကြောင်းခရီးသည်များ အဖို့ အလွန်အကျိုးများလှလေသည်။ စင်စစ် မီးပြတိုက်နှင့် မီးပြသင်္ဘောများသည် အထူးအသုံး ဝင်သော်လည်း ယင်းတို့၌ အလုပ်လုပ်ရသော အလုပ်သမားများအဖို့ငြီးငွေ့ဖွယ် ကောင်းလှပေသည်။ အလုပ်သမားတို့မှာ လူသူနှင့် ဝေး သောနေရာတွင် လာရောက်လုပ်ကိုင်ကြရသည်ဖြစ်ရာ အဖော်ကင်းမဲ့ လျက် အနေမကျသည့် ဒုက္ခကို ခံစားကြရသည်။

မီးပြတိုက်ဝန်ထမ်းတစ်ဦး
ပင်လယ်ထဲက မီးပြတိုက်တစ်ခု

ထိုသို့ လူများ နှင့် ဝေးကွာသောအရပ်တွင် လုပ်ကိုင်ကြရသည့်အထဲ တစ်ခါတစ်ရံစားနပ်ရိက္ခာနှင့် ဖျော်ဖြေမှု လုံလောက်စွာ မရရှိသည်တို့နှင့် တွေ့ ကြုံရတတ်သေးရကား ပို၍ စိတ်မချမ်းမြေ့ဖွယ်ရာ ဒုက္ခကို ခံစားကြ ရသည်။ ထိုသို့ ဒုက္ခများမှ သက်သာမှုရစေရန်နှင့် သင်္ဘောမျာကို မီးပြရာတွင် လွယ်လင့်တကူ ဖြစ်စေရန် ရည်ရွယ်၍ ဒုတိယ ကမ္ဘာစစ်အတွင်းက မီးပြတိုက်နှင့် မီးပြသင်္ဘောများတွင် အီလက် ထရွန်းနစ်ကို အသုံးပြုခဲ့ကြသည်။

မီးပြတိုက်နှင့် မီးပြသင်္ဘောများတွင် ရေဒီယိုအချက်ပြစက် ကို တပ်ဆင်ထားခြင်းအားဖြင့် အလုပ်သမားများသည် မီးပြတိုက်နှင့်မီးပြသင်္ဘောများအပေါ်တွင် ထာဝစဉ် နေထိုင်ရန် မလိုတော့ချေ။ မြောက်အမေရိကတိုက် ကုန်းတွင်းအိုင်ကြီး တစ်ခုတွင် မီးပြသင်္ဘောတစ်စင်း၌ ရေဒီယို အချက်ပြ စက်တပ်ဆင်၍ အသုံးပြုစမ်းကြည့်ရာ အထူးပင် ကောင်းမွန်အသုံးဝင်ကြောင်း တွေ့ရ၏။ အလုပ်သမားများ သည် ယခင်ကဲ့သို့ ကုန်းပတ်ပေါ်တွင် အမြဲနေထိုင်ရန် မလိုတော့ သဖြင့် ငြီးငွေ့ဖွယ်ရာ၊ လူသူနှင့်ကင်းကွာ၍ နေရသည့်ဒုက္ခမှ သက် သာရာ ရကြလေသည်။

မီးပြတိုက်များတွင်သုံးလေ့ရှိသည့် အချက်ပြမီးလုံး
မီးပြသင်္ဘောတစ်စီး

မီးပြသင်္ဘောနှင့် မိုင်အနည်းငယ်ခန့်သာ ဝေးသော ကမ်းပေါ်တွင် ရေထဲ၌ သွားလာနေသော လှေသင်္ဘောများ အား အချက်ပြရန် အိမ်တစ်လုံး ဆောက်ထားလေသည်။ ထိုအိမ်မှ နေ၍ ခလုတ်နှိပ် လိုက်ရုံနှင့် မီးပြသင်္ဘောတွင် အလိုအလျောက် မီးလင်း၍ အန္တရာယ်ရှိကြောင်း အချက်ပြနိုင်လေသည်။ ထိုသို့ အလို အလျောက် မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်ခြင်းမှာ အီလက်ထရွန်း နစ်ကို အသုံးပြုထားခြင်းကြောင့် ဖြစ်လေသည်။

မီးပြတိုက်တွင် ရေဒီယိုအချက်ပြစက် တပ်ဆင်သောအခါ၌ လည်း မီးပြတိုက်အစောင့်သမားသည် ကမ်းခြေရှိ မိမိနေအိမ်မှာပင် နေလျက် ခလုတ်ကို နှိပ်လိုက်ရုံနှင့် မြူဆိုင်းချိန်၌ အချက်ပေးဥဩ ကို မြည်စေနိုင်ခြင်း၊ မီးပြတိုက်မှ မီးကိုလည်းဝင်းခနဲ လင်း၍သွား စေနိုင်ခြင်းစသော အကျိုးထူးများရရှိလေသည်။ သို့ဖြစ်ရကား ရေ လမ်းသွားလာရေး၌ အထူးအရေးပါ အရာရောက်သော မီးပြတိုက်နှင့် မီးပြသင်္ဘောများတွင် ရေဒီယိုအချက်ပြစက်များ တပ်ဆင်အသုံးပြု ခြင်းအားဖြင့် အနာဂတ်ကာလတွင် အသက်ဘေးမှလည်းကောင်း၊ လုပ်သား ကုန်ကျခြင်းမှ လည်းကောင်း များစွာ သက်သာလာမည် ဖြစ်ပေသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)

Tags: knowledge
Next Post
အီဂျစ်ပြည်မှ ပိရမစ်များအကြောင်း

အီဂျစ်ပြည်မှ ပိရမစ်များအကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!