ပွန်ပေ ဆိုတာနဲ့ ဗစ်ဆူးဗီးယပ်စ် မီးတောင်ကြီးပေါက်ကွဲမှုကြောင့် တမြို့လုံးပျက်စီးသွားတဲ့ အီတလီရှေးဟောင်းမြို့ကိုပြောတာမှန်း သိပြီးဖြစ်ကြမှာပါ။ ဒါပေမယ့် ဗစ်ဆူးဗီးယပ်စ် မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးတာ ပွန်ပေတစ်မြို့တည်းမဟုတ်ပါဘူး။ အေဒီ ၇၉ ခုနှစ် တုန်းက ဗစ်ဆူးဗီးယပ်စ်မီးတောင်ကြီး ပေါက်ကွဲမှုကြောင့် ချော်ရည်တွေ ဖုံးလွှမ်းသွားပြီးတော့ ဒေသခံ ၂သောင်းထက်မနည်း သေဆုံးခဲ့ရတဲ့တောင်ခြေ မြို့ ၄မြို့ကတော့ ပွန်ပေ ၊ ဟာကျူလီယန် ၊ အော့လန်တစ် နဲ့ စတေးဘီအေးမြို့တို့ ဖြစ်ပါတယ်။
ဗစ်ဆူးဗီးယပ်စ်မီးတောင်ကြီး ၇၉အေဒီ တုန်းက ပေါက်ကွဲခဲ့မှုဟာ အဲဒီအချိန်တုန်းကတော့ အဆိုးရွားဆုံး သဘာဝဘေးဒဏ်ကျရောက်မှုတခုဖြစ်ခဲ့ပါတယ်။ မီးတောင် တောင်ခြေမှာရှိတဲ့ မြို့၄မြို့စလုံး နာရီပိုင်းအတွင်းမှာတင် ချော်ရည်တွေ ဖုံးလွှမ်းသွားခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြကြပါတယ်။
မီးတောင်ကြောင့်ပျက်စီးခဲ့တဲ့မြိုကတွေအထဲမှာ ပွန်ပေပြီးရင် ဟာကျူလီယန် က အဆိုးဆုံးပါ။ လက်ရှိအချိန်မှာတော့ ဟာကျူလီယန်ရဲ့တည်နေရာက အီတလီနိုင်ငံတောင်ပိုင်း ကမ်ပါးနီးယားဒေသ အိုကိုလာနိုမြို့မှာ တည်ရှိပါတယ်။ ဒီမြို့ကို ဘီစီ ၇ရာစုကာလကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး မြို့ရဲ့နာမည်ဟာ ဂရိဒဏ္ဍာရီလာ သူရဲကောင်း ဟာကျူလီ နဲ့ ဆက်စပ်ပြီးပေးထားခြင်းဖြစ်ပါတယ်။ ဂရိမြို့အဖြစ်တည်ထောင်ခဲ့ပေမယ့် ဘီစီ ၄ ရာစုမှာ ဆမ်းနိုက်စ်လူမျိုးတွေရဲ့လက်အောက်ကို ရောက်ခဲ့သလို ဘီစီ ၈၉မှာတော့ ရောမတို့ရဲ့လက်ကို ကျရောက်ခဲ့ပါတယ်။
နေပယ်လ် ပင်လယ်အော်မှာ ရှိတဲ့တာကြောင့် ကြွယ်ဝချမ်းသာတဲ့ သင်္ဘောဆိပ်ကမ်းမြို့တမြို့လည်းဖြစ်ခဲ့ပါတယ်။ ပြည်လည်တူးဖော်တွေ့ရှိခဲ့တဲ့ စကျင်ကျောက်အလှဆင်ကာ နံရံပန်းချီတွေရေးဆွဲထားသော အဆောက်အအုံတွေကို ကြည့်တာနဲ့တင် ဒီမြို့မှာနေထိုင်သူတွေရဲ့ ချမ်းသာကြွယ်ဝမှု ကို သိနိုင်ပါတယ်။ ဟာကျူလီယန်ဟာ မီးတောင်ချော်မြေဆီလွှာကြောင့် စိုက်ပျိုးရေးအလွန်ဖြစ်ထွန်းပြီး ပွန်ပေထက်ပို ချမ်းသာခဲ့တဲ့မြို့ဖြစ်ပါတယ်။ အေဒီ ၇၉ ခုရဲ့ မနက် ၁နာရီအချိန်မှာတော့ ဗစ်ဆူးဗီးယပ်စ်မီးတောင်ကြီး ပေါက်ကွဲဖို့ စတင်ပါတယ်။ (ခန့်မှန်းမှုတွေအရတော့ မီးတောင်ပေါက်ကွဲတဲ့နေ့ဟာ အေဒီ ၇၉ ၊ အောက်တိုဘာ ၁၇ ရက်နေ့ လို့ ဆိုကြပါတယ်)
မီးတောင် ဟာ ဟာကျူလီယန်မြို့နဲ့ပိုနီးပေမယ့် ပွန်ပေလောက် မပျက်စီးခဲ့ရတာကတော့ မီးတောင်ပေါက်ကွဲပြီး မီးကျောက်များလွင့်စင်ထွက်တဲ့အချိန်မှာ လေဟာ ဟာကျူလီယန်ရဲ့ ဆန့်ကျင်ရာဘက်ကို တိုက်နေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ လေကြောင့် အချိန်အနည်းငယ်ရပြီး မြို့သူမြို့သား အများစု ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ မကြာခင်မှာတော့ ဟာကျူလီယန်မြို့လည်း မီးတောင်ချော်ရည်ပြာများရဲ့အောက်ကို ရောက်ရှိသွားပါတယ်။
ချော်ရည်တွေရဲ့အပူချိန်ဟာ ၃၀၀ဒီဂရီဆဲစီးယပ်စ်လောက်ကို ရှိတဲ့ အတွက် အချို့ အမိုးအကာအောက်မှာ ပုန်းတဲ့သူတွေလည်း မလွတ်ခဲ့ပါဘူး။ လှေဆိပ်မှာ ထွက်ပြေးဖို့ စောင့်နေရင်းနဲ့ လူပေါင်း ၃၀၀ ခန့်ဟာလည်း သေဆုံးခဲ့ရပါတယ်။ စိတ်ဝင်စားစရာ တခုကတော့ ဒီမြို့မှာ နေထိုင်သူတွေဟာ အဲဒီလိုအချိန်မျိုးမှာတောင် ဝတ်ကောင်းစားလှတွေ အဆောင်အယောင်တွေကို ဝတ်ဆင်ထားခဲ့ခြင်းပါ။
နှစ်ပေါင်း ၁၆၀၀ကျော် မြေအောက်ရောက်နေရာက ၁၇၀၉ ခုနှစ်မှာ လယ်သမား တယောက် ရေတွင်းတူးရင်းနဲ့ မတော်တဆ ဒီမြို့ဟောင်းကို ပြန်လည်တွေ့ရှိခဲ့ကြတာပါ။ ဟာကျူလီယန်ကဇာတ်ရုံဆောက်ထားတဲ့ စကျင်ကျောက် တချို့ကို တွေ့ခဲ့ရာကနေ ရှေးဟောင်းသုတေသနတူးဖော်မှုတွေကို ၁၇၃၈ခုနှစ်မှာ စတင်ခဲ့ပါတယ်။ စနစ်တကျတတူးဖော်မှုတွေကိုတော့ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်းမှ ပြုလုပ်နိုင်ခဲ့ကြပါတယ်။
မီးတောင်ပေါက်ကွဲတုန်းက ဖုံးလွှမ်းသွားတဲ့ ချော်ရည်တွေနဲ့ ကျောက်တုံးကျောက်ခဲတွေရဲ့ အထူက ပွန်ပေမြို့ထက်ကို ဟာကျူလီယန်မြို့ပေါ်မှာ ပိုများပါတယ်။ ပွန်ပေမြို့ပေါ်မှာ ပေ ၃၀လောက်သာရှိပေမယ့် ဟာကျူလီယန်မြို့ပေါ်မှာတော့ ပေ ၅၀လောက်ကနေ ပေ ၈၀လောက်အထိ ရှိပါတယ်။ ဒါပေမယ့် ဟာကျူလီယန်ဟာ ပွန်ပေလောက် အပျက်အစီးမများပါဘူး။ ပြန်လည်တူးဖော်တဲ့အခါမှာ အဲဒီခေတ်က အဆောက်အဦးအားလုံးရဲ့ ၇၅% ဟာ အကောင်းပကတိ ကျန်ရှိနေတာကို တွေ့ကြရပါတယ်။
လူဦးရေ ၄၀၀၀ ကနေ ၅၀၀၀ ကြားနေထိုင်ခဲ့တဲ့ ရှေးဟောင်းဟာကျူလီယန်မြို့က ရှေးဟောင်းသုတေသနပညာရှင်တွေအတွက် အလွန်အရေးပါခဲ့တယ်လို့ ဆိုကြပါတယ်။ ပြောရမယ်ဆိုရင် အခုလုပ်နေကြတဲ့ ရှေးဟောင်းသုတေသနဆိုတာ ဟာကျူလီယန်မြို့ကနေ ပေါ်ပေါက်လာခဲ့တာပါ။အဲဒီကနေပြီးတော့ ရှေ့ဟောင်းမြို့မှာ လူတွေ ဘယ်လိုနေထိုင် စားသောက်ခဲ့ကြသလဲဆိုတာ သိရှိနားလည်နိုင်မယ့် လေ့လာမှုတွေကို လုပ်ခဲ့တာပါ။ ဟာကျူလီယန်မြို့ကနေ တူးဖော်တွေ့ရှိခဲ့တဲ့ ပစ္စည်းတွေကို ပုံဆွဲထားတဲ့စာအုပ်တွေ ၁၇၀၀ ပြည့်နှစ်ပိုင်းတွေကတည်းက ရှိပါတယ်။
ဟာကျူလီယန် သုတေသန ညွန်ကြားရေးမှူး ဒေါက်တာ ဖရန်ဆစ်စကိုဆီရားနိုး ကတော့”အဲဒီခေတ်က ဝတ်စားဆင်ယင်တာကိုကြည့်ပြီးတော့ သူကတော့ ဘယ်လောက်ချမ်းသာတဲ့ လူတန်းစားအလွှာကဖြစ်တယ်ဆိုတာကို ခွဲခြားလို့ရပါတယ်။ လူမှုအသိုင်းအဝိုင်းထဲမှာ သူတို့ရဲ့အနေအထားကို သိသာနိုင်တဲ့ အဝတ်အစား အဆောင်အယောင်မပါပဲ ဘယ်သူမှ အပြင်ကို မသွားကြပါဘူး။
မီးတောင်ပေါက်လို့ ထွက်ပြေးကြတာတောင်မှ အဆောင်အယောင်အပြည့်အစုံဝတ်စားပြီးတော့ သွားခဲ့ကြတယ်ဆိုတာကို ကျွန်တော်တို့ တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဒါဟာ သိပ်ကို အရေးကြီးပါတယ်။ လှေဆိပ်မှာ ထွက်ပြေးဖို့စောင့်နေရင်းနဲ့ ချော်ရည်ဘေးက ပြေးမလွတ်ပဲနဲ့ သေဆုံးသွားခဲ့ကြတဲ့ လူ ၃၀၀လောက်မှာ တန်ဖိုးကြီးတဲ့ ပိုင်ဆိုင်မှုတွေတင်မကပါဘူး။ သူတို့ရဲ့ကြွယ်ဝမှု လူတန်းစားအလွှာကို ပေါ်လွင်စေတဲ့ အဝတ်အစားတွေ ဝတ်ထားတာကို တွေ့ရပါတယ်။” လို့ ရှင်းပြပါတယ်။
ရှေးဟောင်းသုတေသနပညာရှင်တွေ ပြန်လည်တူးဖော်နိုင်ခဲ့တဲ့ လက်ဝတ်လက်စား အမျိုး ၁၀၀ လောက်ကိုတော့ ရှေးဟောင်းသုတေသန သမိုင်းပြတိုက်မှာ တွေ့ရနိုင်ပါတယ်။ နေပယ်လ် ပယ်လယ်အော်နားမှာ တည်ရှိတဲ့ ဟာကျူလီယန်မြို့ကလေးက အဲဒီအချိန်က ဘယ်လောက် သာယာဝပြောချမ်းသာခဲ့သလဲ ဆိုတာကို ပြန်လည်တူးဖော်တွေ့ရှိခဲ့တဲ့ လက်ဝတ်လက်စားတွေကနေ တဆင့် သိနိုင်ပါတယ်။
သူ့ရဲ့အိမ်နီးချင်း ပွန်ပေမြို့ကတော့ လူသိပိုများပါတယ်။ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ပွန်ပေမြို့ဟောင်း နဲ့ ဟာကျူလီယန်မြို့ဟောင်းမှာ ပွန်ပေမြို့ကတော့ ပိုလည်းကြီးပါတယ်။ မြို့ဟောင်းကြီးတွေကို တနှစ်တနှစ်လာကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေက ၂သန်းထက် မနည်းပါဘူး။ မီးတောင်ပြာတွေကြောင့် အဲဒီအချိန်ကအတိုင်း ရပ်တန့်တည်ရှိနေတဲ့ ဟာကျူလီယန်မြို့ဟောင်းမှာ ရှေးဟောင်းပစ္စည်းတွေကို ယခုအချိန်ထိ တူးဖော်တွေ့ရှိနေဆဲ ဖြစ်ပါတယ်။
——– —— ————
(Zawgyi)
မီးေတာင္ေၾကာင့္ ပ်က္စီးခဲ့ရတဲ့ ေရွးေဟာင္းၿမိဳ႕ေတာ္ ဟာက်ဴလီယန္
ပြန္ေပ ဆိုတာနဲ႔ ဗစ္ဆူးဗီးယပ္စ္ မီးေတာင္ႀကီးေပါက္ကြဲမႈေၾကာင့္ တၿမိဳ႕လုံးပ်က္စီးသြားတဲ့ အီတလီေရွးေဟာင္းၿမိဳ႕ကိုေျပာတာမွန္း သိၿပီးျဖစ္ၾကမွာပါ။ ဒါေပမယ့္ ဗစ္ဆူးဗီးယပ္စ္ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ပ်က္စီးတာ ပြန္ေပတစ္ၿမိဳ႕တည္းမဟုတ္ပါဘူး။ ေအဒီ ၇၉ ခုႏွစ္ တုန္းက ဗစ္ဆူးဗီးယပ္စ္မီးေတာင္ႀကီး ေပါက္ကြဲမႈေၾကာင့္ ေခ်ာ္ရည္ေတြ ဖုံးလႊမ္းသြားၿပီးေတာ့ ေဒသခံ ၂ေသာင္းထက္မနည္း ေသဆုံးခဲ့ရတဲ့ေတာင္ေျခ ၿမိဳ႕ ၄ၿမိဳ႕ကေတာ့ ပြန္ေပ ၊ ဟာက်ဴလီယန္ ၊ ေအာ့လန္တစ္ နဲ႔ စေတးဘီေအးၿမိဳ႕တို႔ ျဖစ္ပါတယ္။
ဗစ္ဆူးဗီးယပ္စ္မီးေတာင္ႀကီး ၇၉ေအဒီ တုန္းက ေပါက္ကြဲခဲ့မႈဟာ အဲဒီအခ်ိန္တုန္းကေတာ့ အဆိုး႐ြားဆုံး သဘာဝေဘးဒဏ္က်ေရာက္မႈတခုျဖစ္ခဲ့ပါတယ္။ မီးေတာင္ ေတာင္ေျခမွာရွိတဲ့ ၿမိဳ႕၄ၿမိဳ႕စလုံး နာရီပိုင္းအတြင္းမွာတင္ ေခ်ာ္ရည္ေတြ ဖုံးလႊမ္းသြားခဲ့တယ္လို႔ သမိုင္းမွတ္တမ္းေတြမွာ ေဖာ္ျပၾကပါတယ္။
မီးေတာင္ေၾကာင့္ပ်က္စီးခဲ့တဲ့ၿမိဳကေတြအထဲမွာ ပြန္ေပၿပီးရင္ ဟာက်ဴလီယန္ က အဆိုးဆုံးပါ။ လက္ရွိအခ်ိန္မွာေတာ့ ဟာက်ဴလီယန္ရဲ႕တည္ေနရာက အီတလီႏိုင္ငံေတာင္ပိုင္း ကမ္ပါးနီးယားေဒသ အိုကိုလာႏိုၿမိဳ႕မွာ တည္ရွိပါတယ္။ ဒီၿမိဳ႕ကို ဘီစီ ၇ရာစုကာလကတည္းက တည္ေထာင္ခဲ့တာျဖစ္ၿပီး ၿမိဳ႕ရဲ႕နာမည္ဟာ ဂရိဒ႑ာရီလာ သူရဲေကာင္း ဟာက်ဴလီ နဲ႔ ဆက္စပ္ၿပီးေပးထားျခင္းျဖစ္ပါတယ္။ ဂရိၿမိဳ႕အျဖစ္တည္ေထာင္ခဲ့ေပမယ့္ ဘီစီ ၄ ရာစုမွာ ဆမ္းႏိုက္စ္လူမ်ိဳးေတြရဲ႕လက္ေအာက္ကို ေရာက္ခဲ့သလို ဘီစီ ၈၉မွာေတာ့ ေရာမတို႔ရဲ႕လက္ကို က်ေရာက္ခဲ့ပါတယ္။
ေနပယ္လ္ ပင္လယ္ေအာ္မွာ ရွိတဲ့တာေၾကာင့္ ႂကြယ္ဝခ်မ္းသာတဲ့ သေဘၤာဆိပ္ကမ္းၿမိဳ႕တၿမိဳ႕လည္းျဖစ္ခဲ့ပါတယ္။ ျပည္လည္တူးေဖာ္ေတြ႕ရွိခဲ့တဲ့ စက်င္ေက်ာက္အလွဆင္ကာ နံရံပန္းခ်ီေတြေရးဆြဲထားေသာ အေဆာက္အအုံေတြကို ၾကည့္တာနဲ႔တင္ ဒီၿမိဳ႕မွာေနထိုင္သူေတြရဲ႕ ခ်မ္းသာႂကြယ္ဝမႈ ကို သိႏိုင္ပါတယ္။ ဟာက်ဴလီယန္ဟာ မီးေတာင္ေခ်ာ္ေျမဆီလႊာေၾကာင့္ စိုက္ပ်ိဳးေရးအလြန္ျဖစ္ထြန္းၿပီး ပြန္ေပထက္ပို ခ်မ္းသာခဲ့တဲ့ၿမိဳ႕ျဖစ္ပါတယ္။ ေအဒီ ၇၉ ခုရဲ႕ မနက္ ၁နာရီအခ်ိန္မွာေတာ့ ဗစ္ဆူးဗီးယပ္စ္မီးေတာင္ႀကီး ေပါက္ကြဲဖို႔ စတင္ပါတယ္။ (ခန႔္မွန္းမႈေတြအရေတာ့ မီးေတာင္ေပါက္ကြဲတဲ့ေန႔ဟာ ေအဒီ ၇၉ ၊ ေအာက္တိုဘာ ၁၇ ရက္ေန႔ လို႔ ဆိုၾကပါတယ္)
မီးေတာင္ ဟာ ဟာက်ဴလီယန္ၿမိဳ႕နဲ႔ပိုနီးေပမယ့္ ပြန္ေပေလာက္ မပ်က္စီးခဲ့ရတာကေတာ့ မီးေတာင္ေပါက္ကြဲၿပီး မီးေက်ာက္မ်ားလြင့္စင္ထြက္တဲ့အခ်ိန္မွာ ေလဟာ ဟာက်ဴလီယန္ရဲ႕ ဆန႔္က်င္ရာဘက္ကို တိုက္ေနတဲ့ အတြက္ေၾကာင့္ျဖစ္ပါတယ္။ ေလေၾကာင့္ အခ်ိန္အနည္းငယ္ရၿပီး ၿမိဳ႕သူၿမိဳ႕သား အမ်ားစု ထြက္ေျပးလြတ္ေျမာက္ခဲ့ပါတယ္။ မၾကာခင္မွာေတာ့ ဟာက်ဴလီယန္ၿမိဳ႕လည္း မီးေတာင္ေခ်ာ္ရည္ျပာမ်ားရဲ႕ေအာက္ကို ေရာက္ရွိသြားပါတယ္။
ေခ်ာ္ရည္ေတြရဲ႕အပူခ်ိန္ဟာ ၃၀၀ဒီဂရီဆဲစီးယပ္စ္ေလာက္ကို ရွိတဲ့ အတြက္ အခ်ိဳ႕ အမိုးအကာေအာက္မွာ ပုန္းတဲ့သူေတြလည္း မလြတ္ခဲ့ပါဘူး။ ေလွဆိပ္မွာ ထြက္ေျပးဖို႔ ေစာင့္ေနရင္းနဲ႔ လူေပါင္း ၃၀၀ ခန႔္ဟာလည္း ေသဆုံးခဲ့ရပါတယ္။ စိတ္ဝင္စားစရာ တခုကေတာ့ ဒီၿမိဳ႕မွာ ေနထိုင္သူေတြဟာ အဲဒီလိုအခ်ိန္မ်ိဳးမွာေတာင္ ဝတ္ေကာင္းစားလွေတြ အေဆာင္အေယာင္ေတြကို ဝတ္ဆင္ထားခဲ့ျခင္းပါ။
ႏွစ္ေပါင္း ၁၆၀၀ေက်ာ္ ေျမေအာက္ေရာက္ေနရာက ၁၇၀၉ ခုႏွစ္မွာ လယ္သမား တေယာက္ ေရတြင္းတူးရင္းနဲ႔ မေတာ္တဆ ဒီၿမိဳ႕ေဟာင္းကို ျပန္လည္ေတြ႕ရွိခဲ့ၾကတာပါ။ ဟာက်ဴလီယန္ကဇာတ္႐ုံေဆာက္ထားတဲ့ စက်င္ေက်ာက္ တခ်ိဳ႕ကို ေတြ႕ခဲ့ရာကေန ေရွးေဟာင္းသုေတသနတူးေဖာ္မႈေတြကို ၁၇၃၈ခုႏွစ္မွာ စတင္ခဲ့ပါတယ္။ စနစ္တက်တတူးေဖာ္မႈေတြကိုေတာ့ ၁၉၀၀ ျပည့္ႏွစ္ေနာက္ပိုင္းမွ ျပဳလုပ္ႏိုင္ခဲ့ၾကပါတယ္။
မီးေတာင္ေပါက္ကြဲတုန္းက ဖုံးလႊမ္းသြားတဲ့ ေခ်ာ္ရည္ေတြနဲ႔ ေက်ာက္တုံးေက်ာက္ခဲေတြရဲ႕ အထူက ပြန္ေပၿမိဳ႕ထက္ကို ဟာက်ဴလီယန္ၿမိဳ႕ေပၚမွာ ပိုမ်ားပါတယ္။ ပြန္ေပၿမိဳ႕ေပၚမွာ ေပ ၃၀ေလာက္သာရွိေပမယ့္ ဟာက်ဴလီယန္ၿမိဳ႕ေပၚမွာေတာ့ ေပ ၅၀ေလာက္ကေန ေပ ၈၀ေလာက္အထိ ရွိပါတယ္။ ဒါေပမယ့္ ဟာက်ဴလီယန္ဟာ ပြန္ေပေလာက္ အပ်က္အစီးမမ်ားပါဘူး။ ျပန္လည္တူးေဖာ္တဲ့အခါမွာ အဲဒီေခတ္က အေဆာက္အဦးအားလုံးရဲ႕ ၇၅% ဟာ အေကာင္းပကတိ က်န္ရွိေနတာကို ေတြ႕ၾကရပါတယ္။
လူဦးေရ ၄၀၀၀ ကေန ၅၀၀၀ ၾကားေနထိုင္ခဲ့တဲ့ ေရွးေဟာင္းဟာက်ဴလီယန္ၿမိဳ႕က ေရွးေဟာင္းသုေတသနပညာရွင္ေတြအတြက္ အလြန္အေရးပါခဲ့တယ္လို႔ ဆိုၾကပါတယ္။ ေျပာရမယ္ဆိုရင္ အခုလုပ္ေနၾကတဲ့ ေရွးေဟာင္းသုေတသနဆိုတာ ဟာက်ဴလီယန္ၿမိဳ႕ကေန ေပၚေပါက္လာခဲ့တာပါ။အဲဒီကေနၿပီးေတာ့ ေရွ႕ေဟာင္းၿမိဳ႕မွာ လူေတြ ဘယ္လိုေနထိုင္ စားေသာက္ခဲ့ၾကသလဲဆိုတာ သိရွိနားလည္ႏိုင္မယ့္ ေလ့လာမႈေတြကို လုပ္ခဲ့တာပါ။ ဟာက်ဴလီယန္ၿမိဳ႕ကေန တူးေဖာ္ေတြ႕ရွိခဲ့တဲ့ ပစၥည္းေတြကို ပုံဆြဲထားတဲ့စာအုပ္ေတြ ၁၇၀၀ ျပည့္ႏွစ္ပိုင္းေတြကတည္းက ရွိပါတယ္။
ဟာက်ဴလီယန္ သုေတသန ၫြန္ၾကားေရးမႉး ေဒါက္တာ ဖရန္ဆစ္စကိုဆီရားႏိုး ကေတာ့”အဲဒီေခတ္က ဝတ္စားဆင္ယင္တာကိုၾကည့္ၿပီးေတာ့ သူကေတာ့ ဘယ္ေလာက္ခ်မ္းသာတဲ့ လူတန္းစားအလႊာကျဖစ္တယ္ဆိုတာကို ခြဲျခားလို႔ရပါတယ္။ လူမႈအသိုင္းအဝိုင္းထဲမွာ သူတို႔ရဲ႕အေနအထားကို သိသာႏိုင္တဲ့ အဝတ္အစား အေဆာင္အေယာင္မပါပဲ ဘယ္သူမွ အျပင္ကို မသြားၾကပါဘူး။
မီးေတာင္ေပါက္လို႔ ထြက္ေျပးၾကတာေတာင္မွ အေဆာင္အေယာင္အျပည့္အစုံဝတ္စားၿပီးေတာ့ သြားခဲ့ၾကတယ္ဆိုတာကို ကြၽန္ေတာ္တို႔ တူးေဖာ္ေတြ႕ရွိခဲ့ပါတယ္။ ဒါဟာ သိပ္ကို အေရးႀကီးပါတယ္။ ေလွဆိပ္မွာ ထြက္ေျပးဖို႔ေစာင့္ေနရင္းနဲ႔ ေခ်ာ္ရည္ေဘးက ေျပးမလြတ္ပဲနဲ႔ ေသဆုံးသြားခဲ့ၾကတဲ့ လူ ၃၀၀ေလာက္မွာ တန္ဖိုးႀကီးတဲ့ ပိုင္ဆိုင္မႈေတြတင္မကပါဘူး။ သူတို႔ရဲ႕ႂကြယ္ဝမႈ လူတန္းစားအလႊာကို ေပၚလြင္ေစတဲ့ အဝတ္အစားေတြ ဝတ္ထားတာကို ေတြ႕ရပါတယ္။” လို႔ ရွင္းျပပါတယ္။
ေရွးေဟာင္းသုေတသနပညာရွင္ေတြ ျပန္လည္တူးေဖာ္ႏိုင္ခဲ့တဲ့ လက္ဝတ္လက္စား အမ်ိဳး ၁၀၀ ေလာက္ကိုေတာ့ ေရွးေဟာင္းသုေတသန သမိုင္းျပတိုက္မွာ ေတြ႕ရႏိုင္ပါတယ္။ ေနပယ္လ္ ပယ္လယ္ေအာ္နားမွာ တည္ရွိတဲ့ ဟာက်ဴလီယန္ၿမိဳ႕ကေလးက အဲဒီအခ်ိန္က ဘယ္ေလာက္ သာယာဝေျပာခ်မ္းသာခဲ့သလဲ ဆိုတာကို ျပန္လည္တူးေဖာ္ေတြ႕ရွိခဲ့တဲ့ လက္ဝတ္လက္စားေတြကေန တဆင့္ သိႏိုင္ပါတယ္။
သူ႔ရဲ႕အိမ္နီးခ်င္း ပြန္ေပၿမိဳ႕ကေတာ့ လူသိပိုမ်ားပါတယ္။ ယူနက္စကိုက ကမာၻ႔အေမြအႏွစ္အျဖစ္ သတ္မွတ္ခံထားရတဲ့ ပြန္ေပၿမိဳ႕ေဟာင္း နဲ႔ ဟာက်ဴလီယန္ၿမိဳ႕ေဟာင္းမွာ ပြန္ေပၿမိဳ႕ကေတာ့ ပိုလည္းႀကီးပါတယ္။ ၿမိဳ႕ေဟာင္းႀကီးေတြကို တႏွစ္တႏွစ္လာၾကတဲ့ ကမာၻလွည့္ခရီးသည္ေတြက ၂သန္းထက္ မနည္းပါဘူး။ မီးေတာင္ျပာေတြေၾကာင့္ အဲဒီအခ်ိန္ကအတိုင္း ရပ္တန႔္တည္ရွိေနတဲ့ ဟာက်ဴလီယန္ၿမိဳ႕ေဟာင္းမွာ ေရွးေဟာင္းပစၥည္းေတြကို ယခုအခ်ိန္ထိ တူးေဖာ္ေတြ႕ရွိေနဆဲ ျဖစ္ပါတယ္။
Discussion about this post