Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မိကျောင်းတို့ရဲ့ စိတ်ဝင်စားဖွယ် အချက် ၁၆ ချက်

by Thutamm
June 24, 2020
Reading Time: 1min read
0
မိကျောင်းတို့ရဲ့ စိတ်ဝင်စားဖွယ် အချက် ၁၆ ချက်
Share on FacebookShare on Twitter

၁။ မိကျောင်းတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၄၀လောက်ကတည်းက ဒိုင်နိုဆောများနှင့် အတူတူရှိနှင့်နေခဲ့ပါတယ်။ သူတို့ရဲ့ အနီးဆုံးဆွေမျိုးတွေကတော့ ငှက်တွေနဲ့ ဒိုင်နိုဆောတွေပါတဲ့။

၂။ တွားသွားသတ္တဝါတွေထဲမှာ မိကျောင်းတွေဟာ အကြီးဆုံးတိရစ္ဆာန်တွေဖြစ်ပါတယ်။ သူတို့ဟာ ပေ ၂၀ ဝန်းကျင်အထိရှည်တတ်သလို ၁ တန်ထက်ပိုပြီးအလေးချိန်ရှိနိုင်ပါတယ်။

၃။ မိကျောင်းတွေထဲမှာ အသေးဆုံး မိကျောင်းတွေကိုတော့ မိကျောင်းပု(Dwarf Crocodile) လို့ခေါ်ပါတယ်။ Dwarf Crocodile တွေဟာ ပျမ်းမျှအားဖြင့် ခန္ဓာကိုယ်အလျား ၄.၉ပေ သာရှိပြီး အကြီးဆုံးမှတ်တမ်းတင်ထားတဲ့ Dwarf Crocodile ရဲ့အရှည်ကတော့ ၆.၂ပေ ဖြစ်ပါတယ်။

၄။ မိကျောင်းတွေမှာ အများအားဖြင့် မိကျောင်းခေါင်းတို နဲ့ မိကျောင်းခေါင်းရှည် ဆိုပြီးနှစ်မျိုးရှိပါတယ်။  မိကျောင်းခေါင်းရှည် ကို crocodile ဟုခေါ်ပြီး မိကျောင်းခေါင်းတိုကိုတော့  Alligator လို့ခေါ်ပါတယ်။ သူတို့ရဲ့ခြားနားချက်ကတော့ မိကျောင်းခေါင်းတိုရဲ့ ဦးခေါင်းဟာ ကျယ်ပြန့်လျက် တို၍ဝိုင်းသော U ပုံသဏ္ဍာန် နှာတံရှိပြီး မိကျောင်းခေါင်းရှည်မှာတော့ ရှည်လျားတဲ့ V ပုံသဏ္ဍာန် ဦးခေါင်းကိုပိုင်ဆိုင်ပါတယ်။ မိကျောင်းခေါင်းရှည်က သူ့ပါးစပ်ကို ပိတ်လိုက်တဲ့အခါအောက်မေးရိုးရဲ့ လေးခုမြောက်သွားက အပေါ်မေးရိုး အပြင်ဘက်ကို ထိုးထွက်နေတယ်။ မိကျောင်းခေါင်းတိုက သူ့ပါးစပ်ပိတ်လိုက်ရင် သွားတွေကို ဖုံးသွားတယ်။

၅။ မိကျောင်းတွေဟာ သူတို့ရဲ့ပါးစပ်ကို အကျယ်ကြီးဖွင့်လိုက်ခြင်းဟာ ရန်လိုခြင်းကြောင့်မဟုတ်ပဲ သူတို့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်း ပူလောင်မှုကို အေးသွားအောင်လို့ ပါးစပ်ကိုဖွင့်ခြင်းဖြစ်ပါတယ်။

၆။ ကမ္ဘာပေါ်က ဖမ်းမိသမျှမိကျောင်းတွေထဲမှာ အကြီးဆုံးအဖြစ်စံချိန်တင်ထားတာကတော့ ဖိလစ်ပိုင်က မိကျောင်းကြီး Lolong ဖြစ်ပြီး သူဟာ ၂၀ပေ ၃လက်မ ရှိကာ အလေးချိန် ၁.၂တန်လေးပါတယ်။ သမိုင်းတလျှောက်အကြီးမားဆုံးမိကျောင်းမျိုးနွယ်တွေကတော့ လွန်ခဲ့တဲ့ နှစ်သန်း ၁၁၀ ဝန်းကျင်မှာ ရှင်သန်ခဲ့တဲ့ SARCOSUCHUS IMPERATOR မိကျောင်းကြီးတွေဖြစ်ပါတယ်။ ဒီမိကျောင်းကြီးတွေဟာ အရှည်ပေ ၄၀ ခန့်ရှိပြီး အလေးချိန် ၈တန် ခန့်ရှိပါတယ်။ ဒီမိကျောင်းကြီးတွေရဲ့ ရုပ်ကြွင်းကို ပြင်သစ်နိုင်ငံ သဘာ၀ အမျိုးသားပြတိုက်မှာ ပြသထားပါတယ်။

၇။ အခြား တွားသွားကောင်တွေလိုပဲ မိကျောင်းခေါင်းရှည် အမဟာ ကြက်ဥသာသာကြီးသော ဥပေါင်း ၃ဝ မှ ၆ဝ အထိ ဥလေ့ရှိပါတယ်။ အချို့က ဥများကို ချုံများကြား၌ သစ်ရွက်သစ်ကိုင်းများဖြင့် လုပ်သော အသိုက်များတွင် ထားတတ်၍၊ အချို့က ကမ်းစပ်သဲ သောင်များ၌ တွင်းတူး၍ မြုပ်နှံထားတတ်ပါတယ်။ အချို့သော မိကျောင်းမျိုးတွင် အမသည် ဥများကို ပေါက်လာသည်အထိ အနား တွင်နေ၍ စောင့်ရှောက်တတ်ပါတယ်။ ဥများသည် နေရောင်နှင့် အထက်မှဖုံးအုပ်လျက်ရှိသော ဆွေးမြည့်နေသည့် သစ်ရွက်သစ်ကိုင်း များ၏ အပူရှိန်ကြောင့် ၂ လမျှအကြာတွင် မိကျောင်းငယ်များ ပေါက်လာပါတယ်။

၈။ လူတွေလိုပဲ မိကျောင်းတွေဟာလည်း မျက်ရည်ကျတတ်ပါတယ်။ ဒါပေမယ့် ခံစားမှုကြောင့်တော့မဟုတ်ပဲ စားစရာတစ်ခုခုကို စားရတဲ့အခါ ကျတဲ့မျက်ရည်မျိုးဖြစ်တာကြောင့် မျက်ရည်အတု Fake Tears လို့ခေါ်ပါတယ်။ ဒါကြောင့်လည်း အတုအယောက်မျက်ရည်ကျပြတတ်တဲ့သူကို မိကျောင်းမျက်ရည်လို့ တင်စားကြခြင်းပါ။

၉။ မိကျောင်းအများစုရဲ့ ပျမ်းမျှသက်တမ်းဟာ နှစ် ၃၀ ကနေ ၄၀ အတွင်းသာရှိတတ်ပေမယ့် မိကျောင်းခေါင်းရှည်တွေရဲ့သက်တမ်းကတော့ နှစ် ၇၀ အထက်မှာရှိပါတယ်။ အသက်အရှည်ဆုံးအဖြစ် စံချိန်တင်ထားတဲ့ မိကျောင်းကတော့ သြစတြေးလျက Mr. Freshie ဆိုတဲ့ မိကျောင်းကြီးဖြစ်ပြီး ၂၀၁၀ခုနှစ်မှာ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ သေဆုံးချိန်မှာ သူ့ရဲ့အသက်ဟာ နှစ်ပေါင်း ၁၄၀ ရှိပြီလို့ သိရပါတယ်။

၁၀။ မိကျောင်းတွေဟာ အင်အားကြီးမားတယ်ဆိုပေမယ့် သူတို့မွေးကင်းစမှာတော့ ငါးနဲ့ ဖွတ်လို တိရစ္ဆာန်တွေရဲ့စားသုံးခြင်းကို ခံရပါတယ်။ ဒါကြောင့် မိကျောင်းအကောင်ပေါက်တွေဟာ ၁၀၀% မှာ ၁% လောက်ပဲ ရှင်သန်ကျန်ရစ်နိုင်ပါတယ်။

၁၁။ မိကျောင်း၏ လျှာဟာ အခြားတိရစ္ဆာန်များ၏ လျှာများကဲ့သို့ အပြင်သို့ မထုတ်နိုင်၊ လှုပ်ရှားမှုလည်း မပြုနိုင်ဘဲ ပါးစပ်အောက်ခြေတွင် အသေကပ်လျက်ရှိပါတယ်။ မိကျောင်းတွေမှာ ကတိုးရည်စိမ့်ထွက်သော ဂလင်းနှစ်စုံရှိပြီး ထိုကတိုး ဂလင်းများကို ရေမွှေး ပြုလုပ်ရာ၌ အသုံးပြုလေ့ရှိပါတယ်။

၁၂။ ဆင်တွေမုန်ယိုသလိုပဲ မိကျောင်းတွေ ရန်လိုနေတတ်တဲ့ ရာသီရှိပါတယ်။ အဲဒါကတော့ မုတ်သုန်ဝင်စရာသီဖြစ်ပြီး အဲဒီအချိန်မျိုးမှာ မြင်မြင်သမျှ သတ္တဝါတွေကို ရန်ပြုတိုက်ခိုက်လိုစိတ်ရှိနေတတ်ပါတယ်။

၁၃။ မိကျောင်းတွေဟာ ၁နာရီကို ၁၅မိုင် အမြန်နှုန်းလောက်နှုန်းနဲ့ ရေကူးနိုင်ကြပါတယ်။ သူတို့ဟာ ဘယ်လောက်ဝေးတဲ့နေရာရောက်ရောက် သူတို့ရဲ့ဇာတိကို မှတ်မိနေတတ်ပါတယ်။ ဒါကိုစမ်းသပ်တဲ့အနေနဲ့ သြစတြေးလျမြောက်ပိုင်းက ရေငန်မိကျောင်း ၃ကောင်ကို မိုင် ၂၅၀ အကွာအဝေးကို ဟယ်လီကော်ပတာနဲ့ ပို့ပစ်ခဲ့ပါတယ်။ ဒါပေမယ့် ၃ပတ် အကြာမှတော့ မိကျောင်းတွေဟာ သူတို့ရဲ့မူရင်းနေရာကို ပြန်ရောက်လာခဲ့ပါတယ်။

၁၄။ မိကျောင်းများတွင် gharial ဟူခေါ်သော နှုတ်သီးသေးသေးရှည်ရှည် ရှားပါး မိကျောင်းတစ်မျိုးလည်း ရှိပါသေးတယ်။ ဒီမိကျောင်းတွေကိုတော့ အိန္ဒိယမြောက်ပိုင်းတွင်သာ တွေ့ရများတတ်ပြီး အရှည် ၁၀ပေ ကနေ ၁၅ပေ ခန့်အထိ ရှိတဲ့မိကျောင်းတွေဖြစ်ပါတယ်။

၁၅။ မိကျောင်းတွေရဲ့ နှလုံးဟာ အခန်း ၄ခန်းနဲ့ ဖွဲ့စည်းထားပါတယ်။ အသက်ရှင်လှုပ်ရှားလည်ပတ်ဖို့အတွက် အခန်း ၃ခန်းက အလုပ်လုပ်ပြီး ကျန် ၁ခန်းကတော့ လေမရှိပဲ အချိန်အတော်ကြာ နေနိုင်စေဖို့ အလုပ်လုပ်ပါတယ်။

၁၆။ မိကျောင်းတွေဟာ သစ်ပင်တက်တတ်ပါတယ်။ အရမ်းမတ်လွန်းတဲ့ သစ်ပင်တွေတော့ မဟုတ်ပဲ ရေနားနီးစပ်က အပင်တွေပေါ်က သားကောင်တွေကို တက်ဖမ်းလေ့ရှိပါတယ်။

———— ——- ————-

(Zawgyi)

မိေက်ာင္းတို႔ရဲ႕ စိတ္ဝင္စားဖြယ္ အခ်က္ ၁၆ ခ်က္

၁။ မိေက်ာင္းေတြဟာ လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း ၂၄၀ေလာက္ကတည္းက ဒိုင္ႏိုေဆာမ်ားႏွင့္ အတူတူရွိႏွင့္ေနခဲ့ပါတယ္။ သူတို႔ရဲ႕ အနီးဆုံးေဆြမ်ိဳးေတြကေတာ့ ငွက္ေတြနဲ႔ ဒိုင္ႏိုေဆာေတြပါတဲ့။

၂။ တြားသြားသတၱဝါေတြထဲမွာ မိေက်ာင္းေတြဟာ အႀကီးဆုံးတိရစာၦန္ေတြျဖစ္ပါတယ္။ သူတို႔ဟာ ေပ ၂၀ ဝန္းက်င္အထိရွည္တတ္သလို ၁ တန္ထက္ပိုၿပီးအေလးခ်ိန္ရွိႏိုင္ပါတယ္။

၃။ မိေက်ာင္းေတြထဲမွာ အေသးဆုံး မိေက်ာင္းေတြကိုေတာ့ မိေက်ာင္းပု(Dwarf Crocodile) လို႔ေခၚပါတယ္။ Dwarf Crocodile ေတြဟာ ပ်မ္းမွ်အားျဖင့္ ခႏၶာကိုယ္အလ်ား ၄.၉ေပ သာရွိၿပီး အႀကီးဆုံးမွတ္တမ္းတင္ထားတဲ့ Dwarf Crocodile ရဲ႕အရွည္ကေတာ့ ၆.၂ေပ ျဖစ္ပါတယ္။

၄။ မိေက်ာင္းေတြမွာ အမ်ားအားျဖင့္ မိေက်ာင္းေခါင္းတို နဲ႔ မိေက်ာင္းေခါင္းရွည္ ဆိုၿပီးႏွစ္မ်ိဳးရွိပါတယ္။  မိေက်ာင္းေခါင္းရွည္ ကို crocodile ဟုေခၚၿပီး မိေက်ာင္းေခါင္းတိုကိုေတာ့  Alligator လို႔ေခၚပါတယ္။ သူတို႔ရဲ႕ျခားနားခ်က္ကေတာ့ မိေက်ာင္းေခါင္းတိုရဲ႕ ဦးေခါင္းဟာ က်ယ္ျပန႔္လ်က္ တို၍ဝိုင္းေသာ U ပုံသ႑ာန္ ႏွာတံရွိၿပီး မိေက်ာင္းေခါင္းရွည္မွာေတာ့ ရွည္လ်ားတဲ့ V ပုံသ႑ာန္ ဦးေခါင္းကိုပိုင္ဆိုင္ပါတယ္။ မိေက်ာင္းေခါင္းရွည္က သူ႔ပါးစပ္ကို ပိတ္လိုက္တဲ့အခါေအာက္ေမး႐ိုးရဲ႕ ေလးခုေျမာက္သြားက အေပၚေမး႐ိုး အျပင္ဘက္ကို ထိုးထြက္ေနတယ္။ မိေက်ာင္းေခါင္းတိုက သူ႔ပါးစပ္ပိတ္လိုက္ရင္ သြားေတြကို ဖုံးသြားတယ္။

၅။ မိေက်ာင္းေတြဟာ သူတို႔ရဲ႕ပါးစပ္ကို အက်ယ္ႀကီးဖြင့္လိုက္ျခင္းဟာ ရန္လိုျခင္းေၾကာင့္မဟုတ္ပဲ သူတို႔ရဲ႕ခႏၶာကိုယ္အတြင္းပိုင္း ပူေလာင္မႈကို ေအးသြားေအာင္လို႔ ပါးစပ္ကိုဖြင့္ျခင္းျဖစ္ပါတယ္။

၆။ ကမာၻေပၚက ဖမ္းမိသမွ်မိေက်ာင္းေတြထဲမွာ အႀကီးဆုံးအျဖစ္စံခ်ိန္တင္ထားတာကေတာ့ ဖိလစ္ပိုင္က မိေက်ာင္းႀကီး Lolong ျဖစ္ၿပီး သူဟာ ၂၀ေပ ၃လက္မ ရွိကာ အေလးခ်ိန္ ၁.၂တန္ေလးပါတယ္။ သမိုင္းတေလွ်ာက္အႀကီးမားဆုံးမိေက်ာင္းမ်ိဳးႏြယ္ေတြကေတာ့ လြန္ခဲ့တဲ့ ႏွစ္သန္း ၁၁၀ ဝန္းက်င္မွာ ရွင္သန္ခဲ့တဲ့ SARCOSUCHUS IMPERATOR မိေက်ာင္းႀကီးေတြျဖစ္ပါတယ္။ ဒီမိေက်ာင္းႀကီးေတြဟာ အရွည္ေပ ၄၀ ခန႔္ရွိၿပီး အေလးခ်ိန္ ၈တန္ ခန႔္ရွိပါတယ္။ ဒီမိေက်ာင္းႀကီးေတြရဲ႕ ႐ုပ္ႂကြင္းကို ျပင္သစ္ႏိုင္ငံ သဘာ၀ အမ်ိဳးသားျပတိုက္မွာ ျပသထားပါတယ္။

၇။ အျခား တြားသြားေကာင္ေတြလိုပဲ မိေက်ာင္းေခါင္းရွည္ အမဟာ ၾကက္ဥသာသာႀကီးေသာ ဥေပါင္း ၃ဝ မွ ၆ဝ အထိ ဥေလ့ရွိပါတယ္။ အခ်ိဳ႕က ဥမ်ားကို ခ်ဳံမ်ားၾကား၌ သစ္႐ြက္သစ္ကိုင္းမ်ားျဖင့္ လုပ္ေသာ အသိုက္မ်ားတြင္ ထားတတ္၍၊ အခ်ိဳ႕က ကမ္းစပ္သဲ ေသာင္မ်ား၌ တြင္းတူး၍ ျမဳပ္ႏွံထားတတ္ပါတယ္။ အခ်ိဳ႕ေသာ မိေက်ာင္းမ်ိဳးတြင္ အမသည္ ဥမ်ားကို ေပါက္လာသည္အထိ အနား တြင္ေန၍ ေစာင့္ေရွာက္တတ္ပါတယ္။ ဥမ်ားသည္ ေနေရာင္ႏွင့္ အထက္မွဖုံးအုပ္လ်က္ရွိေသာ ေဆြးျမည့္ေနသည့္ သစ္႐ြက္သစ္ကိုင္း မ်ား၏ အပူရွိန္ေၾကာင့္ ၂ လမွ်အၾကာတြင္ မိေက်ာင္းငယ္မ်ား ေပါက္လာပါတယ္။

၈။ လူေတြလိုပဲ မိေက်ာင္းေတြဟာလည္း မ်က္ရည္က်တတ္ပါတယ္။ ဒါေပမယ့္ ခံစားမႈေၾကာင့္ေတာ့မဟုတ္ပဲ စားစရာတစ္ခုခုကို စားရတဲ့အခါ က်တဲ့မ်က္ရည္မ်ိဳးျဖစ္တာေၾကာင့္ မ်က္ရည္အတု Fake Tears လို႔ေခၚပါတယ္။ ဒါေၾကာင့္လည္း အတုအေယာက္မ်က္ရည္က်ျပတတ္တဲ့သူကို မိေက်ာင္းမ်က္ရည္လို႔ တင္စားၾကျခင္းပါ။

၉။ မိေက်ာင္းအမ်ားစုရဲ႕ ပ်မ္းမွ်သက္တမ္းဟာ ႏွစ္ ၃၀ ကေန ၄၀ အတြင္းသာရွိတတ္ေပမယ့္ မိေက်ာင္းေခါင္းရွည္ေတြရဲ႕သက္တမ္းကေတာ့ ႏွစ္ ၇၀ အထက္မွာရွိပါတယ္။ အသက္အရွည္ဆုံးအျဖစ္ စံခ်ိန္တင္ထားတဲ့ မိေက်ာင္းကေတာ့ ၾသစေၾတးလ်က Mr. Freshie ဆိုတဲ့ မိေက်ာင္းႀကီးျဖစ္ၿပီး ၂၀၁၀ခုႏွစ္မွာ ေသဆုံးသြားခဲ့ၿပီျဖစ္ပါတယ္။ ေသဆုံးခ်ိန္မွာ သူ႔ရဲ႕အသက္ဟာ ႏွစ္ေပါင္း ၁၄၀ ရွိၿပီလို႔ သိရပါတယ္။

၁၀။ မိေက်ာင္းေတြဟာ အင္အားႀကီးမားတယ္ဆိုေပမယ့္ သူတို႔ေမြးကင္းစမွာေတာ့ ငါးနဲ႔ ဖြတ္လို တိရစာၦန္ေတြရဲ႕စားသုံးျခင္းကို ခံရပါတယ္။ ဒါေၾကာင့္ မိေက်ာင္းအေကာင္ေပါက္ေတြဟာ ၁၀၀% မွာ ၁% ေလာက္ပဲ ရွင္သန္က်န္ရစ္ႏိုင္ပါတယ္။

၁၁။ မိေက်ာင္း၏ လွ်ာဟာ အျခားတိရစာၦန္မ်ား၏ လွ်ာမ်ားကဲ့သို႔ အျပင္သို႔ မထုတ္ႏိုင္၊ လႈပ္ရွားမႈလည္း မျပဳႏိုင္ဘဲ ပါးစပ္ေအာက္ေျခတြင္ အေသကပ္လ်က္ရွိပါတယ္။ မိေက်ာင္းေတြမွာ ကတိုးရည္စိမ့္ထြက္ေသာ ဂလင္းႏွစ္စုံရွိၿပီး ထိုကတိုး ဂလင္းမ်ားကို ေရေမႊး ျပဳလုပ္ရာ၌ အသုံးျပဳေလ့ရွိပါတယ္။

၁၂။ ဆင္ေတြမုန္ယိုသလိုပဲ မိေက်ာင္းေတြ ရန္လိုေနတတ္တဲ့ ရာသီရွိပါတယ္။ အဲဒါကေတာ့ မုတ္သုန္ဝင္စရာသီျဖစ္ၿပီး အဲဒီအခ်ိန္မ်ိဳးမွာ ျမင္ျမင္သမွ် သတၱဝါေတြကို ရန္ျပဳတိုက္ခိုက္လိုစိတ္ရွိေနတတ္ပါတယ္။

၁၃။ မိေက်ာင္းေတြဟာ ၁နာရီကို ၁၅မိုင္ အျမန္ႏႈန္းေလာက္ႏႈန္းနဲ႔ ေရကူးႏိုင္ၾကပါတယ္။ သူတို႔ဟာ ဘယ္ေလာက္ေဝးတဲ့ေနရာေရာက္ေရာက္ သူတို႔ရဲ႕ဇာတိကို မွတ္မိေနတတ္ပါတယ္။ ဒါကိုစမ္းသပ္တဲ့အေနနဲ႔ ၾသစေၾတးလ်ေျမာက္ပိုင္းက ေရငန္မိေက်ာင္း ၃ေကာင္ကို မိုင္ ၂၅၀ အကြာအေဝးကို ဟယ္လီေကာ္ပတာနဲ႔ ပို႔ပစ္ခဲ့ပါတယ္။ ဒါေပမယ့္ ၃ပတ္ အၾကာမွေတာ့ မိေက်ာင္းေတြဟာ သူတို႔ရဲ႕မူရင္းေနရာကို ျပန္ေရာက္လာခဲ့ပါတယ္။

၁၄။ မိေက်ာင္းမ်ားတြင္ gharial ဟူေခၚေသာ ႏႈတ္သီးေသးေသးရွည္ရွည္ ရွားပါး မိေက်ာင္းတစ္မ်ိဳးလည္း ရွိပါေသးတယ္။ ဒီမိေက်ာင္းေတြကိုေတာ့ အိႏၵိယေျမာက္ပိုင္းတြင္သာ ေတြ႕ရမ်ားတတ္ၿပီး အရွည္ ၁၀ေပ ကေန ၁၅ေပ ခန႔္အထိ ရွိတဲ့မိေက်ာင္းေတြျဖစ္ပါတယ္။

၁၅။ မိေက်ာင္းေတြရဲ႕ ႏွလုံးဟာ အခန္း ၄ခန္းနဲ႔ ဖြဲ႕စည္းထားပါတယ္။ အသက္ရွင္လႈပ္ရွားလည္ပတ္ဖို႔အတြက္ အခန္း ၃ခန္းက အလုပ္လုပ္ၿပီး က်န္ ၁ခန္းကေတာ့ ေလမရွိပဲ အခ်ိန္အေတာ္ၾကာ ေနႏိုင္ေစဖို႔ အလုပ္လုပ္ပါတယ္။

၁၆။ မိေက်ာင္းေတြဟာ သစ္ပင္တက္တတ္ပါတယ္။ အရမ္းမတ္လြန္းတဲ့ သစ္ပင္ေတြေတာ့ မဟုတ္ပဲ ေရနားနီးစပ္က အပင္ေတြေပၚက သားေကာင္ေတြကို တက္ဖမ္းေလ့ရွိပါတယ္။

သုတဇုန္

Tags: animalsknowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ဆန်းပြားတဲ့ ကြယ်ပုံစံဒီဇိုင်းနဲ့ ကမ္ဘာကျော်ခံတပ်

ဆန်းပြားတဲ့ ကြယ်ပုံစံဒီဇိုင်းနဲ့ ကမ္ဘာကျော်ခံတပ်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!