• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မိမိကလေးလိုမဖြစ်စေဖို့ ကလေးတွေကိုဂရုစိုက်ဖို့လိုကြောင်းပြောသွားတဲ့ မိခင်တစ်ဦးရဲ့ဖြစ်ရပ်

by Thutamm
July 26, 2019
Reading Time: 1min read
0
မိမိကလေးလိုမဖြစ်စေဖို့ ကလေးတွေကိုဂရုစိုက်ဖို့လိုကြောင်းပြောသွားတဲ့ မိခင်တစ်ဦးရဲ့ဖြစ်ရပ်
Share on FacebookShare on Twitter

ပြီးခဲ့တဲ့ အပတ်တုန်းက ဖိလစ်ပိုင်က မိခင်တစ်ဦးဖြစ်တဲ့ Riza Canunayan က သူမကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်တစ်ခုကို သတိပေးတဲ့အနေနဲ့ သူမရဲ့စာမျက်နှာမှာ တင်ခဲ့တာပဲဖြစ်ပါတယ်။ သူမမှာ ၂နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။ ဒီသမီးလေးဟာပုံမှန်မဟုတ်ပဲ အသက်ရှုမဝသလိုဖြစ်နေတာလေးရက်လောက်ရှိပြီ လို့ သူမသတိထားမိခဲ့ပါတယ်။

ဒါပေမယ့် ဒါဟာ ပုံမှန်နေမကောင်းဖြစ်တဲ့လက္ခဏာလို့ပဲ သူမ ထင်ခဲ့ပြီး အမှတ်တမဲ့နေမိခဲ့ပါတယ်။ အဲဒီနောက်တော့ သမီးလေးရဲ့နှာခေါင်းတစ်ဖက်က လေမထွက်ပဲ တစ်ဖက်တည်းနဲ့အသက်ရှုနေတာကို သတိထားမိပြန်ပါတယ်။ ပုံမှန်နှာခေါင်းပိတ်နေတယ်လို့ပဲ ထင်မိပြန်ပါတယ်။

ဒါပေမယ့် အဲဒီညမှာတော့ သူမအိပ်ရာက တရေးနိုးတော့ သမီးရဲ့နှာခေါင်းထဲကို ဓာတ်မီးနဲ့ထိုးကြည့်မိပါတယ်။ အဲဒီလိုကြည့်ရင်း နှာခေါင်းအရင်းနားမှာ ငွေရောင်အရာဝထ္ထုလေးတစ်ခုကို သွားတွေ့မိတော့ သူမလန့်ဖြန့်သွားပါတယ်။

ဆွဲထုတ်ကြည့်ဖို့ကြိုးစားပေမယ့် လန့်ပြီးလက်တွေတုန်နေတာကြောင့် အဆင်မပြေခဲ့ပါဘူး။ အချိန်ကလည်း ည ၁နာရီဖြစ်နေပါပြီ။ သမီးလေးအတွက် အစိုးရိမ်လွန်သွားပြီး ၂၄နာရီဖွင့်တဲ့ ဆေးရုံကိုပြေးပြီးဆရာဝန်ထံပြခဲ့ပါတယ်။

ဆရာဝန်က အထဲကအရာဝထ္ထုကို ဆွဲထုတ်ပြီးတဲ့အခါ သမီးလေးနှာခေါင်းထဲက သွေးတွေထွက်လာတဲ့အတွက် စိုးရိမ်မိပြန်ပါတယ်။ ဒါဟာ နှာခေါင်းထဲက အရာဝထ္ထုကိုဆွဲထုတ်ရင်းထိခိုက်မိတာလို့ ဆရာဝန်ကရှင်းပြီပြီး သူမရဲ့လက်ထဲကို ငွေရောင်ချိတ်ကလေးတစ်ခုကို ထည့်ပေးခဲ့ပါတယ်။ သမီးလေးနှာခေါင်းထဲကို ဝင်ခဲ့တဲ့အရာဟာ လက်သည်းညှပ်က ချိတ်ကလေးပဲဖြစ်ပါတယ်။

အဲဒီနောက်တော့ သမီးဖြစ်သူကို ဆေးရုံကနေ အိမ်ပြန်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ကလေးက ပုံမမှန်သလိုဖြစ်နေပါသေးပြီး နှာခေါင်းတစ်ဖက်ကလည်း အလုပ်မလုပ်သေးပါဘူး။ သေချာကြည့်လိုက်တော့ ကလေးရဲ့နှာခေါင်းထဲမှာ အဝါရောင်သန်းနေတဲ့အရာကိုထပ်တွေ့ပြန်ပါတယ်။ သူမကြိုးစားပြီးဆွဲထုတ်တဲ့အခါမှာတော့ အပ်ချည်မျင်ကြိုးတွေဟာ နှပ်တွေနဲ့လုံးပြီး နှာခေါင်းကိုပိတ်နေတာကို သိလိုက်ရပါတယ်။

ဒါဟာ သူမရဲ့ကလေးကိုသေသေချာချာဂရုမစိုက်မိတဲ့အပြစ်ဖြစ်ကြောင်း ၊ ဘာမှမဖြစ်တဲ့အတွက်ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ၊ ဒီအရွယ်ဟာငယ်သေးတဲ့အတွက် ဘာဖြစ်တယ်ဆိုတာ ခံစားရသမျှကိုမပြောနိုင်သေးကြောင်း ၊ မိဘတွေဟာ ကလေးငယ်တွေရဲ့အနီးအနားမှာ အလွယ်တကူယူငင်နိုင်တဲ့ ပစ္စည်းသေးသေးလေးတွေကို မထားသင့်ကြောင်း သတိပေးသွားပါတယ်။

အခုအချိန်မှာတော့ ကလေးငယ်ဟာ ပြန်လည်ကျန်းမာလာပြီဖြစ်ပါတယ်။ ဒီလိုမျိုးကလေးရဲ့နှာခေါင်းထဲကို အရာဝထ္ထုတွေဝင်ဖို့ဆိုတာ မလွယ်ကူပေမယ့် ကြိုတင်သတိထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သူမကြုံတွေတဲ့ဖြစ်ရပ်အား ရေးသားရင်း မိဘတွေကို သတိပေးထားတဲ့ပိုစ့်ကို လူပေါင်း ၃သောင်းနီးပါးက မျှဝေသွားကြပါတယ်။

Tags: amazinghealth knowledge
Next Post
လေးကြိမ်ဆက်အရွေးခံရတဲ့ တစ်ဦးတည်းသော အမေရိကန် သမ္မတ (သို့) ဖရန်ကလင်ဒီရူစဗဲ့

လေးကြိမ်ဆက်အရွေးခံရတဲ့ တစ်ဦးတည်းသော အမေရိကန် သမ္မတ (သို့) ဖရန်ကလင်ဒီရူစဗဲ့

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!