Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မာတင်လူသာကင်း ဆိုတဲ့လူ

by Thutamm
September 4, 2019
Reading Time: 1min read
0
မာတင်လူသာကင်း ဆိုတဲ့လူ
Share on FacebookShare on Twitter

မိမိကိုယ်ကျိုးကိုသာကြည့်တတ်သည့် ကျဉ်းမြောင်းလှသော အတ္တဥခွံလေးထဲမှ ထိုးထွက်ကာ ကျယ်ပြောလှသည့် လူ့လောက ကောင်းကျိုးအတွက် မဆောင်ရွက်နိုင်သေးသ၍ အကြင်သူ၏ ဘဝရှင်သန်မှု စတင်ပြီဟုမဆိုနိုင်ပါ။
မာတင်လူသာကင်း

မာတင်လူသာကင်း ဂျူနီယာ (Martin Luther King Jr) သည် အာဖရိကန်-အမေရိကန် သင်းအုပ်ဆရာ တစ်ယောက်ဖြစ်ပြီး အမေရိကန် လူ့အခွင့်ရေး လှုပ်ရှားသူများထဲတွင် တက်ကြွထင်ရှားသော သူတစ်ယောက်ဖြစ်သည်။ သူ၏ ထင်ရှားခဲ့သော ဂုဏ်ရည်မှာ အမေရိကန် လူ့အခွင့်အရေးကို ပိုမိုထိရောက်သော အဆင့်အဖြစ်သို့ ပို့ဆောင်ပေးနိုင် ခဲ့ခြင်းဖြစ်သည်။ မာတင်လူသာကင်းအား ယနေ့တိုင်ပင် လူ့အခွင့်အရေး သင်္ကေတ တစ်ခုအဖြစ် မကြာခဏ ရည်ညွှန်း ပြောဆိုလေ့ရှိကြသည်။

ကင်းသည် သင်းအုပ်ဆရာတော် ဖြစ်လာပြီးနောက် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက် လာလေသည်။ သူသည် မောင်ဂိုမာရီ ဘတ်(စ)ကားလိုင်းအား သပိတ်မှောက်မူ့တွင် ဦးဆောင်ခဲ့ပြီး၊ တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်မှု ညီလာခံနှင့် သားဖွားဆရာမ သင်တန်းသူများ၏ အကြမ်းမဖက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ စသည်တို့ကို ဖွဲ့စည်းပေးခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ကင်းသည် ဘာမင်ဟန်သို့ချီတက်ကာ I Have a Dream ဟူသော မိန့်ခွန်းကို ဟောပြောခဲ့သည်။ ထိုနေရာတွင် သူသည် လူထု၏ လူ့အခွင့်အရေး အမြင်များအား နိုးကြားစေခဲ့ကာ သူကိုယ်တိုင်သည်လည်း အမေရိကန် သမိုင်းတွင် စည်းရုံးဟောပြောခြင်း အကောင်းဆုံးသူများထဲမှ တစ်ယောက်ဖြစ်လာသည်။ သူ၏ အကြမ်းမဖက်ရေး လှုပ်ရှားမှုများကြောင့် ၁၉၆၄ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့သည်။ သူသေမည့် ၁၉၆၈ ခုနှစ်ထဲတွင် သူ၏ ဆင်းရဲမွဲတေမှု လျော့ချခြင်းနှင့် ဗီယက်နမ် စစ်ပွဲအား ဆန့်ကျင်သည့် အချက်အား ဘာသာရေး ရှုထောင့် မှနေ၍ ပြန်လည်သုံးသပ်ခဲ့သည်။

ကင်းသည် ၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် တန်နက်စီပြည်နယ်၊ မင်းဖစ်မြို့တွင် လုပ်ကြံခံခဲ့ရသည်။ သူသေဆုံးပြီးနောက်လည်း သူ့အားဂုဏ်ပြုကာ ဆုတံဆိပ်များစွာ ချီးမြှင့်ခဲ့ကြသည်။ ၁၉၇၇ တွင် Presidential Medal of Freedom ဆုကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် Congressional Gold Medal ဆုတံဆိပ်ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ၁၉၈၆ ခုနှစ်တွင် မာတင်လူသာကင်းနေ့ ဟူ၍ အမေရိကန်တစ်နိုင်ငံလုံး အားလပ်ရက်အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။

ငယ်စဉ်ဘဝ

မာတင်လူသာကင်းအား ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့တွင် ၁၉၂၉၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင်မွေးဖွားခဲ့သည်။ သူ၏ မိဘများမှာ မာတင်လူသာကင်း စီနီယာနှင့် အယ်လဘာတာဝီလျံကင်းတို့ဖြစ်ကြသည်။ သူ၏ ဖခင်မှာ သားနှစ်ယောက်အား မိုက်ကယ်ကင်းနှင့် မိုက်ကယ်ကင်း ဂျူနီယာဟု အမည်ပေးခဲ့သော်လည်း ၁၉၃၄ ခုနှစ်တွင် ဂျာမနီသို့သွားရောက် လည်ပတ်ပြီးသည်တွင် ခရစ်ယာန်ဝါဒပြုပြင်ရေး လုပ်ခဲ့သူ ပုဂ္ဂိုလ်ကြီးအားဂုဏ်ပြုသည့် အနေဖြင့် သားနှစ်ယောက်လုံးအား မာတင်ဟု နာမည်ပြောင်းခဲ့သည်။ မာတင်ဆိုသည့်နာမည်မှာ ထိုခရစ်ယာန်ဝါဒပြုပြင်ရေး လုပ်ခဲ့သူ ဂျာမနီပရိုတက်စတင့် ဂိုဏ်းဝင် မာတင်လူသာ ၏ အမည်ဖြစ်သည်။

အတ္တလန်တာ မြို့တွင် ကြီးပြင်းခဲ့စဉ်ကာလအတွင်း မာတင်လူသာကင်းသည် ဘွတ်ကာတီဝါရှင်တန် အထက်တန်းကျောင်း တွင် ပညာသင်ကြားခဲ့သည်။ သူသည် ကိုးတန်း နှင့် ဆယ့်နှစ် တန်းအဆင့်များအား အဆင့်ကျော်အောင်မြင်နိုင်ခဲ့ပြီး ၁၅ နှစ်သားအရွယ်တွင် အတ္တလန်တာရှိ မိုးဟောက်စ် လူမည်းကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့သည်။ မိုးဟောက်စ် ကျောင်းမှ လူမှုရေးဒဿန (sociology) ဘာသာဖြင့် ဘွဲ့ရခဲ့ပြီးနောက် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ချက်စတာမြို့ရှိ ခရိုဇာ သီအိုလိုဂျီကယ် ဆီမင်နရီ ကျောင်းတွင် ပညာဆက်သင်ခဲ့သည်။ ထိုကျောင်းမှ ဘာသာရေးဆိုင်ရာ ဘွဲ့ကိုရရှိခဲ့သည်။ ထို့နောက် ၁၉၅၅ ခုနှစ်တွင် ဘာသာရေးအတွေးအခေါ် ဖြင့် ဒေါက်တာဘွဲ့ကို ရယူခဲ့သည်။

ကင်းသည် ကော်ရက်တာစကော့ဆိုသူအမျိုးသမီးနှင့် ၁၉၅၃ ဂျွန်၊ ၁၈ ရက်နေ့တွင်လက်ထပ်ခဲ့သည်။ ကင်းနှင့် စကော့တို့သည် သားသမီး လေးယောက်ထွန်းကားခဲ့သည်။ ၁၉၅၄ ခုနှစ် ကင်း အသက် ၂၅ နှစ်အရွယ်တွင် အယ်လဘားမား ပြည်နယ်၊ မောင့်ဂိုမာရီမြို့တွင် သင်းအုပ်ဆရာတော်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့လေသည်။

မောင့်ဂိုမာရီ ဘတ်စ်လိုင်းအား သပိတ်မှောက်မှု

၁၉၅၅ ခုနှစ် မတ်လတွင် အသက် ၁၅ နှစ်အရွယ်ကျောင်းသူလေး တစ်ယောက်သည် သူ၏ အနီးရှိ လူဖြူအမျိုးသား တစ်ယောက်အား ထိုင်ခုံပေးရန် ငြင်းဆန်ခဲ့သောကြောင့် ဥပဒေအရ အရေးယူခံခဲ့ရလေသည်။ ဘာမင်ဂမ် အာဖရိကန်-အမေရိကန် ကော်မတီဝင်ဖြစ်သော ကင်းက ထိုကိစ္စကို အရေးယူဖြေရှင်းချင်သော်လည်း၊ အက်ဂါနစ်ဆန်(Edgar Nixon) နှင့် ကလစ်ဖို့ဂျား Clifford Durr တို့က ပိုမိုကောင်းမွန်သော အချက်ကြုံမှဖြေရှင်းရန် တားမြစ်ခဲ့ကြသည်။ ၁၉၅၅ ဒီဇင်ဘာ ၁ ရက်နေ့တွင် လူမည်းအမျိုးသမီး တစ်ယောက်ဖြစ်သော ရိုဆာပတ်(Rosa Parks) သည် လူဖြူအမျိုးသားတစ်ယောက်အား ထိုင်ခုံပေးရန်ငြင်းဆန်မှုဖြင့် အဖမ်းခံခဲ့ရလေသည်။

ထိုကိစ္စအား လူမည်းများက မကျေနပ်သောကြောင့် ဘတ်စ်ကားလိုင်းအား သပိတ်မှောက်ခဲ့ရာ နစ်ဆန်က အဓိက အကြံဉာဏ်နှင့် အစီအစဉ်များ ချမှတ်၍ ကင်း ကဦးဆောင်ခဲ့သည်။ ရက်ပေါင်း ၃၈၅ ရက်မျှ သပိတ်မှောက် ခဲ့ပြီး လူမည်းများက တရားရုံးချုပ်အထိ လျှောက်လဲခဲ့ကြသည်။ ဆန္ဒပြကာလအတွင်း တင်းမာမူ့များဖြစ်လာခဲ့ပြီး ကင်း၏ အိမ်သည်လည်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။

ထိုလှုပ်ရှားမှုအတွင်းတွင် ကင်း သည်လည်း ဖမ်းဆီးခံခဲ့ရသည်။ နောက်ဆုံးတွင် မောင်ဂိုမာရီသည် ဘတ်စ်ကားလိုင်းသည် နီဂရိုး အစည်းအရုံးကို အလျှော့ပေးခဲ့ရပြီး အမေရိကန်တရားရုံးချုပ်ကလည်း မောင်ဂိုမာရီရှိ လူထုဘတ်စ်ကားများပေါ်တွင် လူဖြူ၊ လူမည်းခွဲခြားခြင်းကို ပယ်ဖျက်ရန်ဆုံးဖြတ်ချက်ချခဲ့သည်။ မောင်ဂိုမာရီ အရေးတော်ပုံတွင် အောင်ပွဲ စတင်ရရှိလိုက်သောကြောင့် ကင်း၏ဒဿနကို မှတ်ကျောက်တင်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ထိုနှစ်ကာလများအတွင်းတွင် ကင်း၏ စည်းရုံးလှုံ့ဆော်မှုဖြင့် ထိုင်သပိတ်များ မှောက်ကြပြီး လူမည်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။

 

တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်မှု ညီလာခံ

ကင်း၊ Ralph Abernathy နှင့် အခြား လူမှုအခွင့်အရေး လှုပ်ရှားသူများသည် ၁၉၅၇ ခုနှစ်တွင် တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်မှု ညီလာခံ(Southern Christian Leadership Conference,SCLC) ကို တည်ထောင်ခဲ့သည်။ ထိုအုပ်စုသည် လူမည်းဘုရားကျောင်း များ၏ သာသနာရေးအာဏာကို စုစည်းအသုံးပြုကာ မြို့ပြလူမှုအခွင့်အရေး လှုပ်ရှားဆန္ဒပြသူများအတွက် အကြမ်းမဖက်ရေး လမ်းစဉ်ကို အသုံးပြုရန် ဖန်တီးလှုံ့ဆော်ခဲ့ကြသည်။ ကင်းသည် သူသေဆုံးသည်အထိ SCLC အဖွဲ့အား ဦးဆောင်မှုပေးခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် သူ၏ စာအုပ်ဖြစ်သော Strive Toward Freedom အား Harlem ကုန်တိုက်စတိုးတွင် လက်မှတ်ရေးထိုးပေးခိုက် စိတ်မနှံ့သူ လူမည်း အမျိုးသမီးတစ်ဦးမှ ဓားဖြင့်ထိုးခဲ့ရာ နှလုံးနှင့် အနီးဆုံးနေရာကို ထိသွားခဲ့ဖူးသည်။ အလွန်ကံကောင်း သောကြောင့် ကင်းသည် သေဘေးမှ လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။

ဂန္ဒီ၏ အကြမ်းမဖက်ရေး လှုပ်ရှားမူ့များသည် ကင်းအပေါ်တွင် များစွာလွှမ်းမိုးခဲ့ပြီး၊ ထိုနည်းလမ်းများသည် အယ်လဘားမား ပြည်နယ်ရှိ လူ့အခွင့်အရေး လှုပ်ရှားမှုများအား မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ SCLC မှ စုစည်းပေးသော ဆန္ဒပြသူများအား ကင်းသည် အကြမ်းမဖက်ရေးဝါဒများကို ဟောပြောပို့ချပေးခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် သူသည် The Measure of A Man ဆိုသည့်စာအုပ်ကို ရေးသားခဲ့ပြီး ထိုစာအုပ်အား What is Man ဟူသော စာအုပ်မှ ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းစာအုပ် The Measure of A Man တွင်လူ့အဖွဲ့အစည်း၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဆောက်အဦးများ၏ အခက်အခဲရုန်းကန်ရမှုများကို ခြယ်မှုန်းရေးသားခဲ့သည်။

ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရို(FBI) မှလည်း ကင်းအား ၁၉၆၃ ခုနှစ်မှစတင်ကာ တယ်လီဖုန်းကြားဖြတ် နားထောင်ကာ စုံစမ်းခဲ့သည်။ ညွှန်ကြားရေးမှူးချုပ် ဂျေအဂ္ဂါဟူးဗားသည် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် ကွန်မြူနစ်များက စိမ့်ဝင်ထိုးဖေါက်လာမည်ကို ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် စုံစမ်းမှုများလုပ်ခဲ့သော်လည်း မည်သည့်အထောက်အထားမှ မရှိခဲ့သဖြင့် တယ်လီဖုန်းလိုင်းတစ်ခုမှ မတော်တဆဖမ်းယူခဲ့သော ကင်း၏ ပုဂ္ဂလိက အကြောင်းအား တိပ်ဖြင့်ဖမ်းကာ ကင်းအား ထင်ရှားသော ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ရန် ဖိအားပေး ခြိမ်းခြောက်ခဲ့သည်။

ကင်းသည် လူမည်းများအား စုစည်းကာ ဦးဆောင်မှုပေးနိုင်ခဲ့ပြီး လူမည်းများမဲပေးခွင့်၊ လူဖြူလူမည်း တန်းတူအခွင့်အရေး ရရှိမှု၊ အလုပ်သမား အခွင့်အရေးနှင့် အခြားအခြေခံ လူ့အခွင့်အရေးများအား တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်များထဲမှ အများအပြားမှာ အောင်မြင်မှုများရရှိခဲ့ပြီး အမေရိကန် ပြည်ထောင်စု ဥပဒေများထဲတွင် ၁၉၆၄ လူမှုအခွင့်အရေး ဥပဒေနှင့် ၁၉၆၅ မဲပေးခွင့်ဥပဒေများအဖြစ် ထည့်သွင်းအသက်ဝင်စေခဲ့သည်။

ကင်းနှင့် SCLC တို့သည် အကြမ်းမဖက်ရေး ဆန္ဒပြမှု စည်းမျဉ်းများအား ချမှတ်နိုင်ခဲ့ပြီး ကြီးမားသော အောင်မြင်မှုများလည်း ရရှိခဲ့သည်။ အောင်မြင်ရသော အကြောင်းရင်းများတွင် ဆန္ဒပြမှု နည်းလမ်းများနှင့် ဆန္ဒပြရမည့် နေရာများအား မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့ခြင်းတို့ကြောင့်လည်းဖြစ်သည်။ အာဏာပိုင်များမှ မကြာခဏဆိုသလိုပင် ပုံမှန်နှိပ်ကွပ်မှုများနှင့်လည်း ဆန္ဒပြသူများ ကြုံခဲ့ရသည်။ တစ်ခါတစ်ရံတွင် ထိုနှိမ်နင်းမှုများသည် အကြမ်းဖက်ပွဲများဆီသို့ ဦးတည်သွားတတ်လေသည်။

ကရုဏာအလုပ်သည် တောင်းစားနေသူတစ်ဦးထံ ငွေဒင်္ဂါးတစ်ပြားပစ်ပေးလိုက်ရုံနဲ့မပြီး သူတောင်းစားများအား ထုက်လုပ်ပေးနေသည့်လူမှုအဆောက်အအုံကို ပြန်လည်ပြင်ဆင်နိုင်မှ ကိစ္စပြီးသည်
မာတင်လူသာကင်း

ဘာမင်ဟန် တိုက်ပွဲ

ဘာမင်ဟမ် ဆန္ဒပြပွဲသည် အာဖရိကန်-အမေရိကန် များ၏ လူမှုအခွင့်အရေးများ ပိုမိုရရှိစေရန်အတွက် SCLC ၏ မဟာဗျူဟာ မြောက်သော စီစဉ်မှုတစ်ရပ်လည်းဖြစ်သည်။ ထိုဆန္ဒပြပွဲသည် နှစ်လမျှကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်မှုရရှိခဲ့သည်။ ထိုစဉ်က အရေးအခင်းအား ပြည်သူ့လုံခြုံရေး ဌာန မင်းကြီး သီအိုဖီးလ်စ်(ဘူးလ်) ကွန်နာ က ကိုင်တွယ်ခဲ့သည်။ ဆန္ဒပြသူအများအပြားအားလည်း ထောင်သွင်း အကျဉ်းချခဲ့ကြသည်။ ထိုအထဲတွင် ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များပင် ပါဝင်လေသည်။

ရဲများသည် ဆန္ဒပြသူများအား တုတ်ဖြင့်ရိုက်ခြင်း၊ သံချပ်ကာ ကားဖြင့် ဝင်တိုက်ခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ ထိုအဖြစ်အပျက်များအား မြင်တွေ့ရသော လူဖြူများပင်လျင် လူမှုအခွင့်အရေး လှုပ်ရှားမူ့အတွင်း ပါဝင်လာကြသည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ အကျပ်အတည်း တစ်ရပ်အား မာတင်လူသာကင်းသည် ဖန်တီးနိုင်ခဲ့လေသည်။ ထိုအကျပ် အတည်းမှ တဆင့် လိုချင်သော ဆန္ဒများအား အကြမ်းမဖက်ရေး နည်းလမ်းကို အသုံးပြုကာ တောင်းယူခဲ့ကြသည်။ ဆန္ဒပြပွဲကြီး ပြီးဆုံးသွားပြီးနောက် ကွန်နာသည် အလုပ်ပြုတ်သွားပြီး ကင်းမှာ ပိုမိုနာမည်ကျော်ကြားလာလေသည်။ အကျိုးဆက်အားဖြင့် အများပြည်သူဆိုင်ရာနေရာ အများစုသည် လူမည်းများအတွက်လည်း အကျုံးဝင်လာလေသည်။

ဘာမင်ဂမ် ဆန္ဒပြပွဲမှာ အဖမ်းခံခဲ့ရတဲ့ကင်း

ကျွန်တော့်မှာ အိပ်မက်တခု ရှိတယ်

မာတင်လူသာကင်းရဲ့ ကမ္ဘာကေ်ျာလှုပ်ရှားမှုတခုကေတာ့ ၁၉၆၃ ခုနှစ်မှာ ဝါရှင်တန်ဒီစီကို ချီတက်တဲ့ပွဲ ွဖစ်ပါတယ်။ ဒီပွဲက အမေရိကန် တောင်ပိုင်းဒေသက လူမည်းတွေရဲ့ အခွင့်အရေးကို တောင်းဆိုဆန္ဒပြတဲ့ပွဲဖြစ်ပါတယ်။ စာသင်ကျောင်းတွေမှာ လူဖြူလူမည်းခွဲခြားမှု ရုပ်သိမ်းဖို့၊ အလုပ်အကိုင်မှာလည်း လူမျိုးခွဲခြားမှုကို တားဆီးတဲ့ ဥဒေပြဌာန်းပေးဖို့၊ လူ့အခွင့်အရေးတာင်းဆိုလှုပ်ရှားသူတွေကို ရဲတွေက အကြမ်းဖက်ဖြိုခွင်းတာမျိုး မလုပ်အောင် အကာအကွယ်ပေးဖို့ အလုပ်သမားတွေအတွက် အခြေခံအလုပ်သမားခကို စံချိန်စံညွှန်းမီအောင် ပေးဖို့ စတဲ့တောင်းဆိုချက်တွေ ပါဝင်ပါတယ်။ လူမည်း ၂၅၀,၀၀၀ ကေ်ျာ ပါဝင်ခဲ့တဲ့ အလွန်ကြီးကျယ်တဲ့ ဆန္ဒပြပွဲကြီး ဖြစ်ပါတယ်။

ဒီပွဲမှာ မာတင်လူသာကင်းဟာ “ကျွန်တော့်မှာ အိပ်မက်တခု ရှိတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပါတယ်။

“ကျွန်တော့်မှာ အိပ်မက်တခုရှိတယ်။ ဒီအိပ်မက်ကတော့ တနေ့ကျရင် ကျွန်တော်တို့ နိုင်ငံဟာ လူအားလုံး တန်းတူညီမျှဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်ကို အကာင်အထည် ဖော်လိမ့်မယ် ဆိုတဲ့ အိပ်မက်ဖြစ်ပါတယ်။”

“ကျွန်တော့်မှာ အိပ်မက်တခုရှိတယ်။ ဒီအိပ်မက်ကတော့ တနေ့ကျရင် ကျွန်တော့် ရင်သွေးလေးယောက်ကို အသားအရောင်နဲ့ လူဆိုးလူကောင်းသတ်မှတ်တာမဟုတ်ဘဲ သူ့အကျင့်စာရိတ္တနဲ့ သတ်မှတ်လိမ့်မယ်ဆိုတဲ့ အိပ်မက်ဖြစ်ပါတယ်။”

“ကျွန်တော့်မှာ အိပ်မက်တခုရှိတယ်။ ဒီအိပ်မက်ကေတာ့ တနေ့ကျရင် ဂေ်ျာဂျီယာပြည်နယ်က တောင်ကုန်းေတွေပါ်မှာ ကျွန်ဖြစ်ခဲ့သူတွေရဲ့ သားသမီးတွေနဲ့ ကျွန်ပိုင်ရှင်ဖြစ်ခဲ့သူ တွေရဲ့ သားသမီးတွေ ညီအစ်ကိုမောင်နှမေတွလို ချစ်ကြည်ရင်းနှီးစွာ အတူတူ နေထိုင်နိုင်ကြလိမ့်မယ်ဆိုတဲ့ အိပ်မက်ဖြစ်ပါတယ်။”

လူမည်းလည်းလူပဲ၊ လူဖြူလည်းလူပဲ၊ အသားအရောင်နဲ့ လူလူချင်း ခွဲခြား ဆက်ဆံတာဟာ မမှန်ကန်ဘူးဆိုတာကို အလွန်ထက်မြက်တဲ့ အေပြောအဆို အလွန်အားကောင်းတဲ့ စကားလုံးတွေနဲ့ ပြောခဲ့တာပါ။ မာတင်လူသာကင်းဟာ ဒီလို ဟောပြောမှုမျိုးနဲ့ လူတွေရဲ့ နှလုံးသားကို ဖမ်းစားခဲ့တာပါ။

လုပ်ကြံခံရခြင်း

၁၉၆၈ ခုနှစ်နွေဦးတွင် သာမာန်အလုပ်သမား ပြဿနာလေးတစ်ခုအား ဖြေရှင်းရန် မင်းဖစ်မြို့သို့ ကင်းရောက်ရှိခဲ့သည်။ မင်းဖစ်မြို့တွင် တံမြက်လှည်း၊ မြောင်းဖေါ်၊ အညစ်အကြေး ဆေးကြောသန့်ရှင်းရသည့် အလုပ်သမား ၁၃၀၀ ခန့်ရှိသည်။ ထိုအလုပ်သမားအားလုံးမှာ လူမည်းများဖြစ်ကြပြီး လုပ်ခလစာ အလွန်နည်းပါးသည့် အတွက် လစာတိုးပေးရန် သပိတ်မှောက်ကြသည်။ ပထမဆုံး ဆန္ဒပြချီတက်ပွဲမှာပင် လူမည်းများက အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ကင်းစိတ်ပျက်သွား ခဲ့သည်။ သူ၏ အကြမ်းမဖက်ရေး ဝါဒမှာ သဲထဲရေသွန်သကဲ့သို့ ဖြစ်သွားသည်ဟု ခံစားမိကာ မင်းဖစ်မြို့မှ ကင်းလှည့် ပြန်ခဲ့သည်။ သို့သော် လုပ်ဖေါ်ကိုင်ဖက်များက ဝိုင်း၍ တိုက်တွန်းကြသည့်အတွက် နောက်ဆုံတွင် မင်းဖစ်သို့ ပြန်သွားရန် သဘောတူခဲ့သည်။

လူမည်းတစ်ယောက်ပိုင်ဆိုင်သည့် လော်ရိန်းအမည်ရှိတည်းခိုခန်းတွင် တည်းခိုခဲ့သည်။ ဧပြီလ ၄ ရက်နေ့ညနေတွင် သူတည်းခိုသည့် အခန်း နံပါတ် ၃၀၆ မှနေ၍ အပြင်ဘက်ထွက်လာကာ လေညင်းခံရန်အတွက် လသာဆောင်တွင် ထွက်ရပ်သည်။ ထိုအချိန်တွင် လမ်းတစ်ဖက် မျက်နှာခြင်းဆိုင်အိမ်အပေါ်ထပ်မှ နေ၍ လူသတ်သမားက သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်လိုက်သည်။ ကျည်ဆံသည် ကင်း၏ လည်ပင်းကိုဖေါက်ထွက်သွားသည်။ သေနတ်ပစ်ခံရပြီး တစ်နာရီအကြာ ည ရ နာရီ ၅ မိနစ်တွင် စိန့်ဂျိုးဆက် ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ သူကွယ်လွန်ချိန်တွင် အသက် ၃၉ နှစ်သာ ရှိသေးသည်။

လုပ်ကြံခံလိုက်ရပြီးနောက်

မာတင်လူသာကင်းအား လုပ်ကြံသတ်ဖြတ်သူမှာ လူဖြူကြီးစိုးရေး ဝါဒီ အစွန်းရောက်တစ်ဦး ဖြစ်သည့် ဂျိမ်းစ်အားလ်ရေး ဆိုသူ ဖြစ်သည်။ သူ့ကို ဖမ်းဆီးမိပြီးနောက် ထောင်ဒဏ် ၉၉ နှစ်ချမှတ်ခဲ့သည်။ ကင်းလုပ်ကြံသတ်ဖြတ်ခံခဲ့ရသော လော်ရိန်း တည်းခိုခန်းအာ ယခုအခါ နိုင်ငံတော်လူမှုအခွင့်အရေး ပြတိုက်အဖြစ်ပြောင်း လဲထားသည်။

ကင်းအားလုပ်ကြံသတ်ဖြတ်ခဲ့သူ ဂျိမ်းစ်အားလ်ရေး
မာတင်လူသာကင်း ဈာပန
မာတင်လူသာကင်း ဈာပန
ဝါရှင်တန်ရှိ မာတင်လူသာကင်း အထိမ်းအမှတ်ရုပ်တု

အင်္ဂလိပ်ဝီကီ နှင့် ၂၀ ရာစုအကြီးကျယ်ဆုံးပုဂ္ဂိုလ်များ၊ ရာပြည့်စာတည်းအဖွဲ့၊
DVB Burmese TV
Myanmar Wikipedia

Tags: knowledgeworld people

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
စူပါ ပါဝါ အမေရိကန် အကြောင်း သိကောင်းစရာ

စူပါ ပါဝါ အမေရိကန် အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!