• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မန်ချက်စတာယူနိုက်တက် ရဲ့ ဂန္ထဝင်ဖိုက်တာကြီး (သို့) အဲရစ်ကန်တိုနာ

by Thutamm
August 15, 2019
Reading Time: 1min read
0
မန်ချက်စတာယူနိုက်တက် ရဲ့ ဂန္ထဝင်ဖိုက်တာကြီး (သို့) အဲရစ်ကန်တိုနာ
Share on FacebookShare on Twitter

မန်ချက်စတာယူနိုက်တက်နဲ့အတူ တောက်ပခဲ့တဲ့ ပြင်သစ်တိုက်စစ်ကစားသမား အဲရစ်ကန်တိုနာဟာ (၁၉၉၀)ဝန်းကျင်ကာလတွေတုန်းကတော့ ကျော်ကြားခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး နောက်ပိုင်းမှာရုပ်ရှင်သရုပ်ဆောင်ဘဝကို ကူးပြောင်းခဲ့သူ ဖြစ်ပါတယ်။

သူရဲ့နာမည်အပြည့်အစုံကတော့ Eric Daniel Pierre Cantona ဖြစ်ပြီး (၁၉၆၆)ခုနှစ်မေလ(၂၄)ရက်နေ့မှာ ပြင်သစ်နိုင်ငံ မာဆေးမြို့မှာဖွားမြင်ပါတယ်။ သူရဲ့ဖခင် Albert Cantona ဟာ သူနာပြုနဲ့ပန်းချီပညာရှင်တစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူကတော့ အပ်ချုပ်သည်တစ်ယောက်ဖြစ်ပါတယ်။ ကန်တိုနာမှာအစ်ကိုတစ် ယောက်၊ညီတစ်ယောက်ရှိပြီး သူရဲ့ငယ်စဉ်ဘဝကိုတော့မာဆေးက Les Caillols ဧရိယာ အတွင်းမှာရှိတဲ့ လိုဏ်ဂူတစ်ခုအတွင်းမှာ မိသားစုနဲ့ချို့တဲ့စွာဖြတ်သန်းခဲ့ရပါတယ်။

ကန်တိုနာရဲ့ငယ်ဘဝကတော့ ကြမ်းတမ်းခက်ထန်မှုရှိပြီး သူရဲ့ကစားသမားဘဝကို တောင်အတော်လေးရိုတ်ခတ်မှုရှိခဲ့ကြောင်း သူကိုယ်တိုင်ဝန်ခံထားခဲ့ပါတယ်။ အဲရစ်ကန်တိုနာဟာ မာဆေးဒေသကလပ်တစ်ခုဖြစ်တဲ့ SO Caillolais ကနေဘောလုံးသမားဘဝကို စတင်ခဲ့ပြီး ပထမဆုံးသော ပရော်ဖက်ရှင်နယ်စာချုပ် ကိုတော့ ပြင်သစ်ကလပ် Auxerre နဲ့ချုပ်ဆိုခဲ့ပါတယ်။ သူ့ရဲ့ ငယ်စဉ်တည်းကအနှစ်သက်ဆုံးအသင်းကတော့ ပြင်သစ်ကလပ် မာဆေးအသင်းဖြစ်ပြီး ငယ်စဉ်ကတည်းက ဖခင်နဲ့အတူမာဆေးအသင်းရဲ့ ပွဲတိုင်းနီးပါးကိုကြည့်ဖြစ်တယ်လို့ ဆိုပါတယ်။

ကန်တိုနာဟာ Auxerre, Martigues, Marseille, Bordeaux,Montpellier ,Nimes, Leed United နဲ့ မန်ချက်စတာယူနိုက်တက်စတဲ့ ကလပ်အသင်းများစွာမှာကစားခဲ့ဖူးပြီး မန်ချက်စတာ ယူနိုက်တက်ကစားသမားဘဝ(၅)နှစ်အတွင်းမှာတော့ ပရီးမီးယားလိဂ်ချိန်ပီယံ(၄) ကြိမ် ၊FAဖလားနှစ်ကြိမ်၊လိဂ်ဖလား(၂)ကြိမ်အထိဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘောလုံးကွင်းအတွင်း မှာတော့ကန်တိုနာဟာ မိမိအသင်းသားတွေကိုလွှမ်းမိုးမှုရှိပြီး ဦးဆောင်ကစား နိုင်သူဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ ကစားခဲ့တဲ့ အကောင်းဆုံးကစားသမားတွေ အနက်ကတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရပြီး(၂၀၀၂)ခုနှစ်မှာတော့ English Football Hall of Fame မှာရုပ်ထုထားပြီးဖော်ပြဂုဏ်ပြုခြင်းကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဒါအပြင်(၂၀၀၃) ခုနှစ်ကရွေးချယ်ခဲ့တဲ့ နောက်ဆုံး(၁၀)နှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနိုင်ငံခြားကစားသမား အဖြစ်ရွေးချယ်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး (၂၀၀၄)ခုနှစ်က ပီလီရွေးချယ်ပေးခဲ့တဲ့ သက်ရှိထင်ရှားရှိနေသေးတဲ့ အကောင်းဆုံးကစားသမား အယောက်(၁၀၀)အတွင်းမှာ လည်းပါဝင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ကန်တိုနာဟာ (၁၉၈၈)ခုနှစ်မှာ ဥရောပဖလားရရှိခဲ့တဲ့ ပြင်သစ်ယူ(၂၁)လက်ရွေးစင်အသင်းမှာပါဝင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ ပါတယ်။ ပြင်သစ်လက်ရွေးစင် အသင်းကြီး မှာတော့ (၁၉၈၇)ခုနှစ်ကနေ (၁၉၉၅)ခုနစ်အထိ ပွဲပေါင်း(၄၆)ပွဲလောက်ပါဝင် ကစားပေးခဲ့ပြီး ဂိုး(၂၀)အထိသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့နိုင်ငံအသင်းနဲ့တော့အောင်မြင်မှုတော့ မယ်မယ်ရရ မရှိခဲ့ပဲ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်နဲ့ ကတောက်ကဆဖြစ်ကာ (၁၉၉၁)ခုနှစ်မှာ ဒီဇင်ဘာ(၁၆)ရက်နေ့မှာ နိုင်ငံလက်ရွေးစင်အဖြစ်ကနေ အနားယူခဲ့ပါတယ်။

ကန်တိုနာ ရဲ့ဘောလုံးသမားဘဝဟာ သူရဲ့ပြင်ပလူနေထိုင်မှုစရိုက်ကြောင့် အတော်လေးထိခိုက်ခဲ့ပြီး သူခြေစွမ်းနဲ့ထိုက်တန်တဲ့ အောင်မြင်မှုတွေကိုတော့ ရယူနိုင်ခြင်းတော့မရှိပါဘူး။ ကန်တိုနာဟာသူရဲ့ ပရော်ဖက်ရှင် နယ်ကစားသမားဘဝမှာ (၃၆၉)ပွဲလောက်ပါဝင်ကစားခဲ့ပြီး ဂိုးပေါင်း (၁၃၁)ဂိုးသွင်းယူနိုင် ခဲ့ပါတယ်။

ကစားသမားဘဝကအနားယူချိန်မှာလည်း ပြင်သစ်အမျိုးသား သဲသောင်ပြင် ဘောလုံးအသင်းကို (၁၉၉၇)ကနေ(၂၀၁၁)ခုနှစ်အထိ နည်းပြခဲ့ပြီး (၂၀၀၅)ခုနှစ် FIFA Beach Soccer World Cup ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယင်းနောက်မှာတော့ အမေရိကန်ပြည် ထောင်စု New Work Cosmos အသင်းရဲ့အားကစားဒါရိုက်တာ အဖြစ်တော့ (၂၀၁၁) ကနေ(၂၀၁၂)ခုနှစ်တာဝန်ယူခဲ့ပါတယ်။

ဘောလုံးကွင်းထဲမှာကြမ်းတမ်းခက်ထန်တဲ့ ကစားပုံနဲ့ကစားလေ့ရှိတဲ့ ကန်တိုနာဟာ ခွန်အားနဲ့ကျွမ်းကျင်မှုပေါင်းစပ်ထားတဲ့ တိုက် စစ်ကစားသမားဖြစ်ပါတယ်။ မန်ယူအသင်းနဲ့အတူ ကမ္ဘာကျော်လာခဲ့တဲ့ကန်တိုနာဟာ မန်ယူလိုအသင်းမှာတောင် အသက်သွေးကြောကစားသမားပမာဖြစ်ခဲ့ပြီး အသင်းရဲ့ ဂန္ထဝင်နံပါတ်ဖြစ်တဲ့ ကျောနံပါတ်(၇)ကိုဝတ်ဆင်ကစားခဲ့ပါတယ်။

ပရိသတ်တွေက တော့ King Eric လို့ ဘောလုံးကွင်းအတွင်းမှာ ချစ်စနိုးနဲ့ခေါ်ဆိုလေ့ရှိတဲ့ ကန်တိုနာဟာ Inside United မဂ္ဂဇင်းကဖော်ပြတဲ့ မန်ယူရဲ့ ထာဝရအကြီးကျယ်ဆုံးကစားသမား အဖြစ်လည်း ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။  ဘောလုံးကစားရာမှာ သူရဲ့အကျီကော်လံကို ထောင်ထားပြီးကစားတတ်တဲ့ ကန်တိုနာဟာ မန်ချက်စတာယူနိုက်တက်ကိုတော့ လိဒ်ယူနိုက်တက်ကနေ (၁၉၉၂)ခုနှစ်နိုဝင်ဘာ (၂၆)ရက်နေ့မှာ ပြောင်းရွေ့ကြေး စတာလင်ပေါင်(၁.၂)သန်းနဲ့ပြောင်းရွေ့လာခဲ့ပြီး (၅)ရာသီဆက်တိုက်ပါဝင်ကားခဲ့ပြီး စုစုပေါင်းသွင်းဂိုး(၈၂)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

မန်ယူအသင်းကို ချန်ပီယံဆုပြန်လည်ရရှိရန်အတွက် သူ၏သွင်းဂိုး ၁၈ ဂိုးဖြင့် ကယ်တင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာ (၅)ရာသီကစားပေးထားခဲ့ပြီးပရီးမီးယားလိဂ်ချန်ပီယံဆုကို(၄)ကြိမ်အထိရရှိအောင်အကောင်းဆုံးအကျိုးပြုပေးထားသည့်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ကန်တိုနာရဲ့ အောင်မြင်မှုနဲ့အတူ တွဲဖက်ပါ လာတာကတော့ သူရဲ့ကွင်းတွင်း၊ကွင်းပြင်ဆိုင်ရာ စည်းကမ်းဖော်ဖျက်မှုနဲ့မထင်ရင် မထင်သလို တုံ့ပြန်တတ်တဲ့ စရိုက်တွေပဲဖြစ်ပါတယ်။ (၁၉၉၅)ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ခရစ်စတယ်ပဲလေ့ပရိတ်သတ်တစ်ဦးကို ကွန်ဖူးကစ်နဲ့ကန်ခဲ့တဲ့လုပ်ရပ်ကြောင့် (၈) လအထိစံချိန်တင်ပွဲပယ်ခြင်းခံခဲ့ရပါတယ်။

ဒါအပြင် အခြားသောစည်းကမ်းပိုင်းဆိုင်ရာ ဖောက်ဖျက်မှုတွေကြောင့် ကန်တိုနာဟာ သူခြေစွမ်းနဲ့ထိုက်တန်တဲ့ ချီးမြှင့်မှုနဲ့ အောင်မြင်မှုတွေကိုတော့ သူကစားသမားဘဝတစ်လျောက် ရယူနိုင်ခဲ့ခြင်းမရှိခဲ့ပဲ အသက်(၃၁)နှစ်မပြည့်ခင်မှာပဲ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

အဲရစ်ကန်တိုနာဟာ (၁၉၉၇)ခုနှစ် မေလ ၁၉ရက်နေ့မှာတော့ ကစားသမားဘဝကနေ အနားယူခဲ့ပြီး ရုပ်ရှင်လောကဘက်ကို ကူးပြောင်းလာခဲ့ပါတယ်။ သူရဲ့ကျော်ကြားမှုနဲ့ ကောင်းမွန်တဲ့ ဥပဓိရုပ်ကြောင့် (၁၉၉၈)ခုနှစ်မှာရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Elizabeth ဆိုတဲ့ရုပ်ရှင်ကားမှာ ဇာတ်ဆောင်တစ်ဦးအဖြစ် စတင်ပါ ဝင်ခွင့်ရရှိခဲ့ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ Cate Balancett ဇာက်ကားနဲ့ (၂၀၀၈)ခုနှစ်မှာ ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ French Film မှာဧည့်သည်သရုပ်ဆောင်အဖြစ်ဆက်လက် ပါဝင်လာခဲ့ပါတယ်။ (၂၀၀၉) ခုနှစ်မှာတော့ကန်တိုနာရဲ့ဘဝအကြောင်းရိုက်ကူး ပုံဖော်ထားတဲ့ Looking for Eric ဆိုတဲ့ ဇာက်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ခဲ့ပြီး သူဖြတ်သန်းခဲ့တဲ့ ဘဝရဲ့အတွေ့အကြုံများစွာနဲ့ ဖြစ်ရပ်အချို့ကို ကမ္ဘာတစ်ဝှမ်းလုံးက သူပရိတ်သတ်တွေ အတွက်ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။

အဲရစ်ကန်တိုနာဟာ (၁၉၈၇)ခုနှစ်မှာတော့ Isabelle Ferrer နဲ့လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက်ထွန်းကားခဲ့ကာ (၂၀၀၃) ခုနှစ်မှာတော့ ကွာရှင်းခဲ့ပါတယ်။(၂၀၀၇) ခုနှစ်မှာတော့ ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ Rachida Brakni နဲ့ထပ်မံလက်ထပ်ခဲ့ပြီး ကလေးနှစ်ဦးရရှိခဲ့ပါတယ်။

ယခုအချိန်မှာတော့အဲရစ်ဟာအသက်(၅၂)နှစ်အရွယ်ရှိနေပြီ ဖြစ်ပြီး ရံဖန်ရံခါ အားကစားသုံးသပ်တဲ့ရုပ်သံ အစီစဉ်တွေမှာလည်း ပါဝင်လေ့ရှိပါတယ်။ သူဟာ နေ့အချိန်ထိရုပ်ရှင်ဇာက်ကားပေါင်း(၂၆)ကား ၊ရုပ်သံဇာက်လမ်းတွဲ(၃)ခု၊နဲ့များစွာသောအနုပညာလုပ်ငန်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ကန်တိုနာရဲ့ ခြေစွမ်းကို မီခဲ့တဲ့ မန်ယူပရိတ်သတ်တွေကတော့ အခုထိတိုင် ကန်တိုနာ ဆိုတဲ့ နာမည်ကို မေ့ကြဦးမှာ မဟုတ်ပါဘူး။

ကန်တိုနာသွင်းခဲ့တဲ့ ဂိုးများ ဗီဒီယို

Tags: Sport people
Next Post
အမေရိကန်ပိုင် ဂူအမ်ကျွန်းအကြောင်း သိကောင်းစရာ

အမေရိကန်ပိုင် ဂူအမ်ကျွန်းအကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!