• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 21, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မင်္ဂလာပါ ဆိုတဲ့ နှုတ်ခွန်းဆက်စကားကို ဘယ်သူထွင်ခဲ့တာလဲ

by Thutamm
June 7, 2020
Reading Time: 1min read
0
မင်္ဂလာပါ ဆိုတဲ့ နှုတ်ခွန်းဆက်စကားကို ဘယ်သူထွင်ခဲ့တာလဲ
Share on FacebookShare on Twitter

မင်္ဂလာပါ ဟူသော နှုတ်ခွန်းဆက်စကားသည် ခေတ်ပေါ်ဗန်းစကားမဟုတ်။
“ကျက်သရေအပေါင်းနှင့် ပြည့်ကြပါစေ…”
” ကိုယ်စိတ်နှစ်ဖြာ လန်းဆန်းကာ ကျန်းမာချမ်းသာကြပါစေ”
စသဖြင့် မြန်မာတို့ သုံးစွဲလေ့ရှိကြသော နှုတ်ဆက်လေ့ရှိကြသော ပဋိသန္တာရစကားအား သံခိပ်ဖြစ်အောင် ပြုလုပ်ရာမှ ယနေ့နိုင်ငံအဝှမ်း လက်ခံသုံးစွဲနေကြပြီဖြစ်သည့် “မင်္ဂလာပါ”ဟူ၍ ဖြစ်ပေါ်လာခဲ့၏ ။

ထို မင်္ဂလာပါ ဟူသော စကားနှင့် စပ်လျဉ်း၍ စာရေးဆရာမှော်ဝန်းကြည်မြတ်က အောက်ပါအတိုင်း မှတ်တမ်းတင်ထားပါသည်။

ဤ မင်္ဂလာပါ ဟူသော နူတ်ဆက်စကားကို မည်သူတီထွင်လိုက်သည့်ဟု အတိအကျမသိတော်လည်း ကျွန်တော်ကိုယ်တိုင် ကြိမ်ဖန်များစွာ သုံးနှုန်းခဲ့ဖူးပါသည်။ အထူးသဖြင့် စပေဟောပြောပွဲများနှင့် အခြားစကားပြောခွင့်ရသည့် အခမ်းအနားများတွင် ဖြစ်သည်။

စာပေသမားတစ်ယောက်အနေဖြင့်(ဥပမာ) လေနုအေး…ရုပ်ပုံလွှာ…ပင်မရေးစီး…ဘဝရှင်မင်းတရားကြီး… စသော စကားစုများကို တီထွင်ခဲ့ကြသည့် စာပေ ပညာရှင် သတင်းစာပညာရှင်ကြီးများ၏ အမည်အရင်းကို ရင်းနှီးသရောင်ရှိသော်လည်း “မင်္ဂလာပါ” ဟူသော နှုတ်ဆက်စကား တီထွင်ခဲ့သည့် ပညာရှင်…ဘယ်သူလဲဟုမသိခဲ့။

သို့ဖြင့် တစ်နေ့တွင် ကျွန်တော်တို့အားကိုးရသော သက်ရှိအဘိဓာန်ကြီး တစ်ဆူဖြစ်သည့် စာရေးဆရာကြီး မောင်ဆုရှင်(ယခုကွယ်လွန်) ကို သူ၏ (စာပေဗိဗာန်) ရုံးခန်းတွင် ဒီအကြောင်းကို မေးမြန်းဖြစ်ခဲ့သည်။ ဆရာမောင်ဆုရှင်က ခင်ဗျား ဝန်ကြီးချုပ်ဟောင်းဦးနုကို ဘဝရှင်မင်းတရားကြီးလို့ ဝေဖန်ပြီး ဘွဲ့တံဆိပ်ခပ်နှိပ်ခဲ့တဲ့ ဦးထွန်းဖေရဲ့ နာမည် ကြားဖူးမှာပေါ့ ဟု တုံ့ပြန်အမေးဆင့်သည်။ ကျွန်တော်က ကြားဖူးပါတယ်…သူ့ဓာတ်ပုံတွေလည်း မြင်ဖူးပါတယ်ဟု ပြောလိုက်သည်။

ဖဆပလ အစိုးရခေတ်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဦးထွန်းဖေသည် ကျွန်တော်တို့ လေးစားကြည်ညိုရသော စာရေးဆရာ သတင်းစာဆရာကြီး တစ်ဦးဖြစ်သည်။ “ထွန်းနေ့စဉ်သတင်းစာ” ကို တည်ထောင် တည်းဖြတ် ထုတ်ဝေခဲ့သူဖြစ်၍ ထွန်းနေ့စဉ် ဦးထွန်းဖေ အဖြစ် ထင်ရှားခဲ့သူလည်း ဖြစ်ပါသည်။

ဝေဖန်စရာရှိလျှင် မည်သူ့ကိုမဆို ရဲ့ဝံ့ပွင့်လင်းစွာ ဟောဟောဒိုင်းဒိုင်း ဝေဖန်ပြောဆိုသူတတ်သူအဖြစ်လည်း ကျော်ကြားသည်။ ဝန်ကြီး အဖွဲ့အစည်းတစ်ခုတွင် ထိုစဉ်က ဝန်ကြီးချုပ်ဦးနုအား ဘဝရှင် မင်းတရားကြီး ဟု ပက်ပက်စက်စက် ပုတ်ခတ်ဝေဖန်ခဲ့သူလည်းဖြစ်ကြောင်း မှတ်သားဖူးပါသည်။

ဆရာမောင်ဆုရှင်က
“မင်္ဂလာပါ” ဆိုတဲ့ နှုတ်ဆက်စကားကို စတင်တီထွင် သူက တခြားမဟုတ်ဘူးဗျ။ အဲဒီ ထွန်းနေ့စဉ် ဦးထွန်းဖေ ကိုယ်တိုင်ပဲ။ ဆရာဦးထွန်းဖေ ဒီစကားစုကို တီထွင်တာ နှစ်ပေါင်း (၅၀) ကျော်လောက်ရှိပြီ။ ဒီနေ့ခေတ်ကျမှပဲ တွင်ကျယ်လာပြီး တမျိုးသားလုံးပိုင် နှုတ်ဆက်စကား ဖြစ်လာတာဟုရှင်းပြသည်။
သမိုင်းတန်ဖိုး ကြီးလိုက်သည့်စကား။

နန္ဒာမိုးကြယ်ပြုစုသည့် ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ မြန်မာ့ဗဟုသုတ တရာ စာအုပ်မှ

————– ——- ———-

(Zawgyi)

မဂၤလာပါ ဆိုတဲ့ ႏႈတ္ခြန္းဆက္စကားကို ဘယ္သူထြင္ခဲ့တာလဲ

မဂၤလာပါ ဟူေသာ ႏႈတ္ခြန္းဆက္စကားသည္ ေခတ္ေပၚဗန္းစကားမဟုတ္။
“က်က္သေရအေပါင္းႏွင့္ ျပည့္ၾကပါေစ…”
” ကိုယ္စိတ္ႏွစ္ျဖာ လန္းဆန္းကာ က်န္းမာခ်မ္းသာၾကပါေစ”
စသျဖင့္ ျမန္မာတို႔ သုံးစြဲေလ့ရွိၾကေသာ ႏႈတ္ဆက္ေလ့ရွိၾကေသာ ပဋိသႏၲာရစကားအား သံခိပ္ျဖစ္ေအာင္ ျပဳလုပ္ရာမွ ယေန႔ႏိုင္ငံအဝွမ္း လက္ခံသုံးစြဲေနၾကၿပီျဖစ္သည့္ “မဂၤလာပါ”ဟူ၍ ျဖစ္ေပၚလာခဲ့၏ ။

ထို မဂၤလာပါ ဟူေသာ စကားႏွင့္ စပ္လ်ဥ္း၍ စာေရးဆရာေမွာ္ဝန္းၾကည္ျမတ္က ေအာက္ပါအတိုင္း မွတ္တမ္းတင္ထားပါသည္။

ဤ မဂၤလာပါ ဟူေသာ ႏူတ္ဆက္စကားကို မည္သူတီထြင္လိုက္သည့္ဟု အတိအက်မသိေတာ္လည္း ကြၽန္ေတာ္ကိုယ္တိုင္ ႀကိမ္ဖန္မ်ားစြာ သုံးႏႈန္းခဲ့ဖူးပါသည္။ အထူးသျဖင့္ စေပေဟာေျပာပြဲမ်ားႏွင့္ အျခားစကားေျပာခြင့္ရသည့္ အခမ္းအနားမ်ားတြင္ ျဖစ္သည္။

စာေပသမားတစ္ေယာက္အေနျဖင့္(ဥပမာ) ေလႏုေအး…႐ုပ္ပုံလႊာ…ပင္မေရးစီး…ဘဝရွင္မင္းတရားႀကီး… စေသာ စကားစုမ်ားကို တီထြင္ခဲ့ၾကသည့္ စာေပ ပညာရွင္ သတင္းစာပညာရွင္ႀကီးမ်ား၏ အမည္အရင္းကို ရင္းႏွီးသေရာင္ရွိေသာ္လည္း “မဂၤလာပါ” ဟူေသာ ႏႈတ္ဆက္စကား တီထြင္ခဲ့သည့္ ပညာရွင္…ဘယ္သူလဲဟုမသိခဲ့။

သို႔ျဖင့္ တစ္ေန႔တြင္ ကြၽန္ေတာ္တို႔အားကိုးရေသာ သက္ရွိအဘိဓာန္ႀကီး တစ္ဆူျဖစ္သည့္ စာေရးဆရာႀကီး ေမာင္ဆုရွင္(ယခုကြယ္လြန္) ကို သူ၏ (စာေပဗိဗာန္) ႐ုံးခန္းတြင္ ဒီအေၾကာင္းကို ေမးျမန္းျဖစ္ခဲ့သည္။ ဆရာေမာင္ဆုရွင္က ခင္ဗ်ား ဝန္ႀကီးခ်ဳပ္ေဟာင္းဦးႏုကို ဘဝရွင္မင္းတရားႀကီးလို႔ ေဝဖန္ၿပီး ဘြဲ႕တံဆိပ္ခပ္ႏွိပ္ခဲ့တဲ့ ဦးထြန္းေဖရဲ႕ နာမည္ ၾကားဖူးမွာေပါ့ ဟု တုံ႔ျပန္အေမးဆင့္သည္။ ကြၽန္ေတာ္က ၾကားဖူးပါတယ္…သူ႔ဓာတ္ပုံေတြလည္း ျမင္ဖူးပါတယ္ဟု ေျပာလိုက္သည္။

ဖဆပလ အစိုးရေခတ္က ျပန္ၾကားေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးေသာ ဦးထြန္းေဖသည္ ကြၽန္ေတာ္တို႔ ေလးစားၾကည္ညိဳရေသာ စာေရးဆရာ သတင္းစာဆရာႀကီး တစ္ဦးျဖစ္သည္။ “ထြန္းေန႔စဥ္သတင္းစာ” ကို တည္ေထာင္ တည္းျဖတ္ ထုတ္ေဝခဲ့သူျဖစ္၍ ထြန္းေန႔စဥ္ ဦးထြန္းေဖ အျဖစ္ ထင္ရွားခဲ့သူလည္း ျဖစ္ပါသည္။

ေဝဖန္စရာရွိလွ်င္ မည္သူ႔ကိုမဆို ရဲ႕ဝံ့ပြင့္လင္းစြာ ေဟာေဟာဒိုင္းဒိုင္း ေဝဖန္ေျပာဆိုသူတတ္သူအျဖစ္လည္း ေက်ာ္ၾကားသည္။ ဝန္ႀကီး အဖြဲ႕အစည္းတစ္ခုတြင္ ထိုစဥ္က ဝန္ႀကီးခ်ဳပ္ဦးႏုအား ဘဝရွင္ မင္းတရားႀကီး ဟု ပက္ပက္စက္စက္ ပုတ္ခတ္ေဝဖန္ခဲ့သူလည္းျဖစ္ေၾကာင္း မွတ္သားဖူးပါသည္။

ဆရာေမာင္ဆုရွင္က
“မဂၤလာပါ” ဆိုတဲ့ ႏႈတ္ဆက္စကားကို စတင္တီထြင္ သူက တျခားမဟုတ္ဘူးဗ်။ အဲဒီ ထြန္းေန႔စဥ္ ဦးထြန္းေဖ ကိုယ္တိုင္ပဲ။ ဆရာဦးထြန္းေဖ ဒီစကားစုကို တီထြင္တာ ႏွစ္ေပါင္း (၅၀) ေက်ာ္ေလာက္ရွိၿပီ။ ဒီေန႔ေခတ္က်မွပဲ တြင္က်ယ္လာၿပီး တမ်ိဳးသားလုံးပိုင္ ႏႈတ္ဆက္စကား ျဖစ္လာတာဟုရွင္းျပသည္။
သမိုင္းတန္ဖိုး ႀကီးလိုက္သည့္စကား။

နႏၵာမိုးၾကယ္ျပဳစုသည့္ ေျခေျချမစ္ျမစ္ ႏွစ္ႏွစ္ကာကာ ျမန္မာ့ဗဟုသုတ တရာ စာအုပ္မွ

Tags: myanmar knowledge
Next Post
Bluetooth လို့ခေါ်တွင်ခဲ့ရခြင်း အကြောင်း

Bluetooth လို့ခေါ်တွင်ခဲ့ရခြင်း အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!