မက်ဆီ နဲ့ ပတ်သတ်လို့ လူသိနည်းတဲ့ အချက် ၁၀ ချက် - Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Sunday, January 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မက်ဆီ နဲ့ ပတ်သတ်လို့ လူသိနည်းတဲ့ အချက် ၁၀ ချက်

by Thutamm
August 12, 2019
1 min read
0
မက်ဆီ နဲ့ ပတ်သတ်လို့ လူသိနည်းတဲ့ အချက် ၁၀ ချက်
Share on FacebookShare on Twitter

ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ်မက်ဆီ ကိုတော့ ကမ္ဘာပေါ်မှာ မသိတဲ့သူ အတော်ရှားပါလိမ့်မယ်။ အာဂျင်တီးနားနိုင်ငံသား ဘာစီလိုနာစတား ဖြစ်တဲ့ မက်ဆီဟာ သူလိုပဲအကောင်းဆုံးကစားသမား စီရော်နယ်ဒိုလ်နဲ့ အမြဲတစေ နှိုင်းယှဉ်ခြင်းခံနေရပြီး သူတို့နှစ်ဦးပေါင်းပြီး ကမ္ဘာအကောင်းဆုံးဘောလုံးနေရာကို ဆယ်စုနှစ်တစ်ခုကြာအောင် သိမ်းပိုတ်ထားတာပါ။ အကောင်းဆုံးဆိုတဲ့ အရာတွေအတွက်ပဲ မွေးဖွားလာတဲ့ မက်ဆီ ဟာ နိုင်ငံအသင်းနဲ့အဓိကဖလားတွေ မရယူနိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေရှိနေပေမဲ့ ကမ္ဘာဘောလုံးလောကရဲ့ဂန္တဝင်တစ်ဦး အဖြစ်မှတ်တမ်းတင်ရမှာတော့ အသေအချာပါပဲ။

မက်ဆီဟာ ဘရာဇီးတိုက်စစ်မှူးနေမာ ပြီးတဲ့နောက် ဒုတိယမြောတ် တန်ကြေးအရှိဆုံး ကစားသမားဖြစ်ပြီး ၁.၆၉ မီတာ ရှိတဲ့အရပ်ကြောင့် အရပ်အပုဆုံးသောကမ္ဘာကျော်တိုက် စစ်မှူးအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ လီယွန်နယ်မက်ဆီရဲ့ လူသိနည်းတဲ့ အကြောင်းအရာတချို့ဖြစ်ပါတယ်။

(၁) ငယ်စဉ်က ခန္ဓာကိုယ်ကြီးထွားမှုအားနည်းတဲ့ရောဂါသည်

မက်ဆီဟာ အသက်(၅)နှစ်အရွယ်တည်းက သူ့ဖခင်နည်းပြတဲ့ ဘောလုံးအသင်းမှာ စတင်ဘောလုံးကစားခဲ့တာပါ။ ခြေစွမ်းထက်တဲ့ကစားသမားတစ်ယောက် ဖြစ်ပေမဲ့ သူဟာရွယ်တူကစား သမားအားလုံးထက် လူကောင်သေးနေတာပါ။ သူအသက် (၁၁)နှစ်အရွယ်လောက်မှာတော့ သူရဲ့မွေးရာပါဟော်မုန်းအားနည်းတဲ့ရောဂါကို ကုသရမယ့် အချိန်ရောက်လာပါတယ်။ ဟော်မုန်းအားဆေးတွေထိုးသွင်းရတဲ့ အဲဒီကာလတုန်းက အခြေနေကို မက်ဆီက “တစ်နေ့ပြီးတစ်နေ့ တစ်ညပြီးတစ်ည ကျွန်တော်ခြေထောက်တွေကို ဆေးထိုးခဲ့ရတာဗျ။ ကျွန်တော်ဟော်မုန်းဓာက် အားနည်း တဲ့ရောဂါကို ကုသဖို့ဆိုတာသိပေမဲ့ သုံးနှစ်လောက်အထိ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာလေ” လို့ပြောဆိုဖူးပါတယ်။

ဒီရောဂါကို ကုသဖို့ အဲဒီနည်းလမ်းသာ ရှိခဲ့ပြီး ကံဆိုးစွာနဲ့ပဲ သူ့မိသားစုက ရောဂါကုမယ့်ဆေးဖိုးကိုမတက်နိုင်ခဲ့ပါဘူး။ တစ်လကို အမေရိကန်ဒေါ်လာ ၁၅၀၀ လောက်ကျသင့်တဲ့ ဆေးဖိုးကို မက်ဆီကိုစာချုပ်ချုပ်ဆိုမဲ့ အာဂျင်တီးနားကလပ် ရေးဗားပလိတ်ကလည်း ကုသပေးဖို့ငြင်းဆန်ခဲ့ပါတယ်။ ဒီအခြေနေကို ကြားသိတဲ့ ဘာစီလိုနာ အသင်းရဲ့ ဘောလုံးကင်းထောက်တွေဟာ ဒီရောဂါကို ပျောက်အောင်ကုသပေးရင် ဘာစီလိုနာအသင်းအတွက် ကစားပေးရမယ်ဆိုတဲ့ ကတိ နဲ့ ကမ်းလှမ်းခဲ့ပါတယ်။ မက်ဆီတို့ မိသားစု အတွက် သားရွှေအိုးထမ်းတဲ့ကိန်း ကြုံခဲ့ရပြီး သူအသက်(၁၃) နှစ်အရွယ်မှာတော့ မိသားစုလိုက် စပိန်ကိုပြောင်းရွေခဲ့ရတာပါ။

(၂) မက်ဆီရဲ့ပထမဆုံးသော သဘောတူစာချုပ်ကို Tissue ပေါ်မှာချုပ်ဆိုခဲ့တာပါ။

ယခုလက်ရှိမှာ စတာလင်ပေါင်သန်း (၂၇၀)လောက်တန်ဖိုးရှိတဲ့ ကစားသမားတစ် ယောက်ရဲ့ပထမဆုံးသော သဘောတူစာချုပ်ကတော့ အနည်းငယ်ထူးဆန်းနေတာပါတယ်။ အမှန်တကယ်လည်း မက်ဆီကိုယ်တိုင် ဒီစာချုပ်မှာလက်မှတ် ရေးထိုး အတည်ပြုခဲ့တာပါ။၂၀၀၀ခုနှစ် ဒီဇင်ဘာ(၁၄)ရက်နေ့မှာတော့ ဘာစီလိုနာအသင်းရဲ့ နည်းစနစ်ဒါရိုက်တာ CarlesRexach ဟာ အသက်(၁၃)နှစ်အရွယ်မက်ဆီနဲ့တွေ့ဆုံခဲ့ပါတယ်။

ဘာစီလိုနာကစားသမားအဖြစ်သဘောတူ စာချုပ်ချုပ်ဆိုရန် တွေ့ဆုံခဲ့တာဖြစ်ပြီး Carles အနေနဲ့ အလွန်ပဲစိတ်လှုပ်ရှားနေခဲ့ပါတယ်။ Carles နဲ့အတူ ဘာစီလိုနာ နည်းစနစ်အဖွဲ့ဝင်တွေပါ ပါလာခဲ့ပြီး ဘာစီလိုနာအသင်းသားတွေလေ့ကျင့်ခန်း ဆင်းနေချိန်ဖြစ်တာမို့ လိုအပ်တဲ့ စာရွက်စာတမ်းကို ပြင်ဆင်လာခဲ့ခြင်းတော့မရှိပါဘူး။ ဖြစ်ချင် တော့ သူတို့အနီးဝန်းကျင်မှာလည်း စာရွတ်စာတမ်းမရှိခဲ့ပဲ တစ်ရှုးလက်ကိုင်ပဝါတစ်ထည်ကို သာတွေ့ခဲ့ရပါတယ်။ Carles အနေနဲ့ဒီလက်ကိုင်ပဝါကိုသာ စာချုပ်အဖြစ် အသုံးပြုရန် ဆုံးဖြတ်ခဲ့တဲ့အတွက် မက်ဆီဟာဒီလက်ကိုင်ပဝါပေါ်မှာပဲ လက်မှတ်ရေးထိုးခဲ့ပါတယ်။

(၃) မက်ဆီဟာ အစားအသောက်ကိုအလွန်အမင်း ခုံမက်သူပါ။

မက်ဆီဟာကလေးဘဝထဲက အစားအသောက်ကောင်းတွေကိုခုံမင်တာပါ။ သူအကြိုက်ဆုံးဟင်းလျာကတော့ အာဂျင်တီးနားလို MilanesaNapolitana လို့အမည်ရတဲ့ အမဲသားကြော်၊ခရမ်းချဉ်သီး၊ ဒိန်ခဲ၊ ကြက်သွန်နီ၊ ဝက်ပေါင်ခြောက်တွေနဲ့ ပြုလုပ်ထားတဲ့ ဟင်းလျာဖြစ်ပါတယ်။ မက်ဆီရဲ့ မိခင်ဖြစ်သူ Celia ရဲ့အဆိုအရတော့ သူဟာစားကောင်း သောက်ဖွယ်တွေကို ကြိုက်နှစ်သက်ပေမယ့် အစားအသောက်တွေကို ပြင်ဆင်ဖို့တော့ စိတ်မရှည်တတ်ပါဘူး လို့ဆိုပါတယ်။

ဘာစီလိုနာကို ရောက်စက စပိန်အစားအသောက် တွေကြောင့် သူဟာအခက်ကြုံခဲ့ရပါတယ်။ ဂွာဒီယိုလာ(ယခုမန်စီးတီးနည်းပြ) လက်ထက်ရောက်တဲ့အခါမှ ပတ်ဟာ မက်ဆီရဲ့ အခြေနေကို ရိပ်စားမိပြီး သက်ဆိုင်ရာ ကလပ်ဝန်ထမ်းတွေကို မက်ဆီရဲ့စားသောက်ပုံကို ဂရုတစ်စိုက် ပြင်ဆင်ပေးရန် အမိန့် ပေးခဲ့ပါတယ်။ အဲဒီအစားအသောက်ကို ပြင်ဆင်ပေးပြီးနောက်ပိုင်း အချိန်တွေဟာ မက်ဆီရဲ့ ခြေစွမ်းဟာ အကောင်းဆုံးသော အချိန်တွေဖြစ်ခဲ့တာကြောင့် ပတ်ရဲ့အစီအမံ တွေဟာ သူ့အတွက်အကျိုး များခဲ့တယ်လို့ပြောရပါမယ်။

(၄) မက်ဆီကို စပိန်အသင်းက သူတို့အသင်းမှာကစားဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။

မက်ဆီ ဘာစီလိုနာကစားသမားဖြစ်နေပြီဖြစ်တဲ့ ၂၀၀၄ ခုနှစ်မှာတော့ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ပွဲထွက်မကစားရသေးတဲ့ မက်ဆီကို စပိန်ယူ-၂၀အသင်း မှာ ပါဝင်ကစားရန် ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။ ယင်းအချိန်က မက်ဆီဟာအာဂျင်တီး နား U-16 အသင်းနဲ့အတူ FIFA Youth Championship ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲပြီးခါစ ဖြစ်ပါတယ်။ ဖီဖာရဲ့စည်းမျဉ်းတွေအရ မက်ဆီဟာ စပိန်လက်ရွေးစင် အသင်းမှာ ကစား ခွင့်ရှိနေသေးလို့လည်း ဖြစ်ပါတယ်။ မက်ဆီကတော့ချက်ချင်းကို ငြင်းပယ်ခဲ့ပြီး သူဟာ အာဂျင်တီးနားလူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် အာဂျင်တီးနားကလွဲပြီး ဘယ်နိုင်ငံ လက်ရွေးစင်မှာမှ ကစားမှာမဟုတ်တဲ့အကြောင်း ပြန်ကြားခဲ့ပါတယ်။

ဘာစီလိုနာ ကစား သမားဟောင်း Graham Hunterကတော့ မက်ဆီရဲ့ ဆုံးဖြတ်ချက်ကို အတော်လေးစိတ် ပျက်ခဲ့ပြီး “လီယွန်နယ်ဟာ အဲတုန်းက စပိန်အသင်းအတွက် ကစားပေးဖို့ ရွေးချယ်ခဲ့ရင် သူ့အနေနဲ့ ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှနှိုင်းယှဉ်လို့မရမဲ့ ကစားသမားတစ်ယောက် အဖြစ်ရပ်တည်နိုင်ပါလိမ့်မယ်။ သူဟာအာဂျင်တီးနား ကစားသမားဖြစ်ပေမဲ့ သူရဲ့အကောင်းဆုံးခြေစွမ်းက စပိန်ကစားဖော်တွေနဲ့တွဲဖက်ပြီးမှ ဖြစ်လာခဲ့တာလေ။ သူဆုံးဖြတ် ချက်ကိုတော့ ကျွန်တော်တို့လေးစားရမှာပါ” လို့ပြောကြားခဲ့ပါတယ်။Graham Hunterရဲ့ ပြောစကားဟာ မှန်ခဲ့သလိုဖြစ်ခဲ့ပြီး မက်ဆီအနေနဲ့ အာဂျင်တီးနားအသင်းနဲ့ ရုန်းကန်နေရချိန်မှာ စပိန်အသင်းကတော့ ကမ္ဘာဖလား(၁)ကြိမ်၊ဥရောပဖလား (၂)ကြိမ် အထိရယူခဲ့တာပါ။ မက်ဆီကတော့ ဒီကိစ္စအတွက် ဘယ်တော့မှ နောင်တရနေမှာ မဟုတ်ကြောင်း ဆိုထားခဲ့ပါတယ်။

(၅) အာဂျင်တီးနားအတွက် ပထမဆုံးကစားပေးခဲ့တဲ့ ပွဲမှာ (၄၄)စက္ကန့် အတွင်းထုတ် ပယ်ခြင်းခံခဲ့ရ

မက်ဆီ အသက်(၁၈)နှစ်အရွယ် ဟန်ဂေရီအသင်းနဲ့ ကစားတဲ့ခြေစမ်းပွဲမှာတော့ မက်ဆီ ဟာအာဂျင်တီးနားအတွက် ပထမဆုံး ကစားပေးခဲ့ပါတယ်။ အာဂျင်တီးနားက (၂-၁)ဂိုး နဲ့အနိုင်ရတဲ့ ယင်းခြေစမ်းပွဲမှာမက်ဆီဟာ (၆၅)မိနစ်မှာလူစားဝင်ကစားသမားအဖြစ် ဝင်ရောက်ကစားခဲ့ပြီး (၄၄)စက္ကန့်အကြာမျာတော့ ကွင်းလယ်ဒိုင် Markus Merk ရဲ့ထုတ်ပယ်ခြင်းကိုခံခဲ့ရပါတယ်။ဟန်ဂေရီနောက်ခံလူ VilmosVanczak နဲ့ဘောလုံး ယှဉ်လုရင်းတံတောင်နဲ့ထိုးခဲ့တယ်လို့ ဒိုင်ကယူဆခဲ့တာကြောင့် မက်ဆီရဲ့ကစားသမား ဘဝ ပထမဆုံးသော အနီကဒ်ကိုပြသခြင်း ခံခဲ့ရတာပါ။

(၆) အီတလီနိုင်ငံမှာ မက်ဆီရဲ့အမွေတွေရှိနေပါတယ်

မက်ဆီရဲ့မိသားစုဟာ အီတလီနိုင်ငံက Anconaမြို့မှာ ကာလကြာနေထိုင်ခဲ့ကြတဲ့ သူတွေဖြစ်ပြီး ၁၈၈၃ခုနှစ်မှာမက်ဆီရဲ့အဘိုးဖြစ်တဲ့ Angelo Messiဟာ အီတလီကနေ အာဂျင်တီးနားကို ရွေပြောင်းနေထိုင်ခဲ့တာပဲဖြစ်ပါတယ်။ မက်ဆီရဲ့ဘိုးဘေးတွေပိုင်ဆိုင် မှုတွေဟာ အီတလီနိုင်ငံရဲ့ မြို့ငယ်လေး Recanatiမှာယနေ့ထက်တိုင်တည်ရှိ နေပါတယ်။

MUTV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမျာတော့ မက်ဆီက “ကျွန်တော်တို့ ဘိုးဘေးတွေဟာ အင်္ဂလိပ်မျိုးနွယ်ကနေဆင်းသက်လာကြတာပါ။ သူတို့ထဲက ကျွန်တော် အဖေတစ်ယောက်ပဲ အီတလီလူမျိုးဖြစ်ပါတယ်’’လို့သူမျိုးရိုးနဲ့ ပတ်သတ်ပြီး ဖြေကြားခဲ့ဖူးပါတယ်။ မက်ဆီရဲ့ မိခင်ဖြစ်သူကတော့ လက်ဘနွန် လူမျိုးဖြစ်ပါတယ်။

(၇) မက်ဆီဟာ UNICEF ရဲ့ချစ်ကြည်ရေး သံတမန်ဖြစ်ပါတယ်။

မက်ဆီဟာသူရဲ့ ကွင်းတွင်းကွင်းပြင်ပ နေထိုင်မှုစရိုက်တွေကြောင့် လူငယ်အများစုရဲ့ စံပြဖြစ်ခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ် မတ်လမှာတော့ ကမ္ဘာကုလသမဂ္ဂအဖွဲ့ရဲ့ ကလေးများဖွံ ဖြိုးရေးအဖွဲ့ UNICEFရဲ့ ချစ်ကြည်ရေး သံတမန် အဖြစ်ခန့်အပ်ခြင်းကို ခံခဲ့ရပါတယ်။ မက်ဆီဟာ UNICEF ရဲ့ သံတမန်အနေနဲ့ အာဂျင်တီးနား၊ ဟေတီ၊ ကော်စတာရီယာ နိုင်ငံတွေမှာရှိတဲ့ UNICEF ရဲ့ ကလေးသူငယ်များဖွံဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းတွေ ကိုပေါင်းစပ်ကူညီခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့ အငတ်ဘေးရင်ဆိုင်နေရတဲ့ ထောင်ပေါင်းများစွာသောကလေးတွေရဲ့ ဘဝကို ကယ်တင်ရန် သူရဲ့ ကျော်ကြားမှု အရှိန် အဝါကို အသုံးချခဲ့တယ်လို့ဆိုရပါမယ်။ ၂၀၁၂ခုနှစ်မှာမွေးဖွားခဲ့တဲ့ မက်ဆီရဲ့ သားဖြစ်သူ သီယာဂို ရဲ့မွေးနေ့ကို UNICEF နဲ့အတူကျင်းပခဲ့ပါသေးတယ်။

(၈)မက်ဆီရဲ့ပရဟိတလုပ်ငန်းများ

၂၀၀၇ ခုနှစ်မျာတော့ မက်ဆီဟာ Leo Messiလို့အမည်ပေးထားတဲ့ ဖွံဖြိုးမှုနောက်ကျနေတဲ့ ကလေးငယ်တွေကို ထောက်ပံ့ပေးမယ့် ဖောင်ဒေးရှင်းတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။ အဲဒီဖောင်ဒေးရှင်းဟာ ဆေးကုသရန်အခက်အခဲရှိတဲ့ ကလေးငယ်တွေနဲ့ အစာအဟာရ ချို့တဲ့သူတွေအတွက် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့တာပါ။ ဒါအပြင် သူရဲ့မွေးဖွားရာ ဒေသဖြစ်တဲ့အာဂျင်တီးနားနိုင်ငံ Rosario မြို့က Victor J Vilela ကလေးဆေးရုံကို အမေရိကန်ဒေါ်လာ ၈၁၂၀၀၀ လှူဒါန်းခဲ့ပါတယ်။

ဒါအပြင် ၂၀၁၃ သြဂုတ်လမှာလည်း ဆီးရီးယားမှာဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေကြောင့် အခက်တွေ့နေရတဲ့ ကလေးတေါအတွက် အမေရိကန်ဒေါ်လာ ၁၃၀၀၀၀ လှူဒါန်းခဲ့ပြန်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့အတူသွားရောက်ခဲ့တဲ့မြောက်အမေရိကတိုက်ခြေစမ်းပွဲတွေအတွင်းစတာလင်ပေါင် ၃၀၀၀၀၀ လောက်ဆုကြေးရရှိခဲ့ပါတယ်။ ယင်းငွေတွေထဲက သုံးပုံတစ်ပုံကို ဆီးရီးယားမှာရှိတဲ့ ပြည်တွင်းစစ်ဒဏ်ခံစားနေရတဲ့ ကလေးငယ်တွေရဲ့ဖွံ ဖြိုးရေးလုပ်ငန်အတွက် လှူဒါန်းဖို့ဆုံးဖြတ်ခဲ့တာပါ။

(၉) ဥရောပ ရွှေဖိနပ်ဆု(ဂိုးသွင်းအများဆုံးဆုကို) အကြိမ်အများဆုံးနဲ့ သုံးကြိမ် ဆက်တိုက် ရယူနိုင်တဲ့သူ

ဥရောပရွှေဖိနပ်ဆုဟာ ဥရောပထိပ်တန်းဘောလုံးလိဂ်တွေရဲ့ ဂိုးသွင်းအများဆုံးသော ကစားသမားကို ပေးအပ်ချီးမြှင့်တာပါ။ မက်ဆီဟာ ဥရောပရွှေဖိနပ်ဆုကို တစ်ဦးတည်း သုံးကြိမ်ဆက်ယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်သလို စုစုပေါင်း(၅)ကြိမ်အထိ ယူ ထားနိုင်တာပါ။ သူရဲ့အနီးစပ်ဆုံးပြိုင်ဘက်ကတော့ စီရိုနယ်ဒိုဖြစ်ပြီး (၄)ကြိမ်အထိ ရယူထားတာပါ။ ရိုနယ်ဒိုနဲ့မက်ဆီဟာ ဘောလုံးသမိုင်းတစ်လျောတ်မှာ ဒီဆုကို နှစ်ကြိမ် အထက်ရယူနိုင်တဲ့ ပထမဆုံးကစားသမားတွေဖြစ်ပါတယ်။

၂၀၀၉-၂၀၁၀ ဥရာပဘော လုံးရာသီမှာ(၃၄)ဂိုးနဲ့ ပထမဆုံးအဆိုပါဆုကို ရရှိခဲ့တာဖြစ်ပြီး၂၀၁၁-၂၀၁၂ ဘောလုံးရာသီနဲ့ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီတွေမှာလည်း ရရှိခဲ့ပါတယ်။ ဒါအပြင် ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီတွေမှာရရှိခဲ့ပြန်တာကြောင့် စုစုပေါင်း(၅) ကြိမ်အထိ ရယူထားပြီးဖြစ်ပါတယ်။ မက်ဆီရဲ့ လုပ်အားနှုန်းဟာ အံ့သြသင့်စရာလို့ဆိုရမှာပါ။ သူဟာဒီဆုတွေအားလုံးကို ဘာစီလိုနာ အသင်းတစ်သင်းထဲကနေပဲ ရယူနိုင်ခဲ့တာပါ။

(၁၀) မက်ဆီရဲ့သားငယ်လေးကို Newell’s Old Boy အသင်းက စာချုပ်ကြိုချုပ်ထားပြီး ဖြစ်ပါတယ်

မက်ဆီရဲ့သားငယ်လေး တီယာဂို ကို၂၀၁၂ခုနှစ် နိုဝင်ဘာ(၂)ရက်နေ့မှာမွေးဖွားခဲ့ ပါတယ်။ သူ့သားငယ်လေး ကမ္ဘာမြေပေါ်စစရောက်ချင်း များစွာသော ကလပ်တွေက စာချုပ်ချုပ်ဆိုဖို့ ကြိုးစားခဲ့ပါတယ်။ ဒီကလပ်များစွာထဲမှာတော့ မက်ဆီရဲ့ကစားသမား စတင်ရာကလပ်ဖြစ်တဲ့ New Old’s Boy အသင်းကသာ စာချုပ်ချုပ်ဆိုခွင့်ရခဲ့ပြီး တီယာဂိုလေးဟာ မွေးမွေးချင်း (၇၂)နာရီအတွင်းမှာ New Old’s Boyအသင်းရဲ့ အသင်း သားဖြစ်လာခဲ့ပါတယ်။ တီယာဂို ဝတ်ဆင်မဲ့ ကျောနံပါတ်(၁၀)ဂျာစီကို ယခုအချိန်ကတည်းက သူနာမည်ရိုက်နှိပ်ပေးထားတာပါ။

Tags: kaung htetSport people
Next Post
ဘယ်လ်ဂျီယမ်နိုင်ငံ အကြောင်း သိကောင်းစရာ

ဘယ်လ်ဂျီယမ်နိုင်ငံ အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!