Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဘေဘီလုံအင်ပါယာရဲ့ အရှင်သခင် ဟမ်မူရာဘီ

by Thutamm
February 28, 2020
Reading Time: 1min read
0
ဘေဘီလုံအင်ပါယာရဲ့ အရှင်သခင် ဟမ်မူရာဘီ
Share on FacebookShare on Twitter

ဟမ်မူရာဘီ (Hammurabi) ဘုရင်ကြီးကိုတော့ ဘီစီ(၁၈၁၀)ဝန်းကျင်က ယနေ့အီရတ်နိုင်ငံတွင်းပါဝင်နေတဲ့ မက်ဆိုပိုတေးမီးယားမြို့ပြနိုင်ငံတစ်ခုဖြစ်တဲ့ဘေဘီလုံမှာ မွေးဖွားခဲ့ပါတယ်။ ဘေဘီလုံဘုရင် Sin-Muballit ရဲ့သားတော်တစ်ပါးဖြစ်ပြီးသူ ရဲ့ဆယ်ကျော်သက်ဘဝကိုတော့ တိကျတဲ့မှတ်တမ်းတင်နိုင်ခြင်းမရှိပဲ အခြားသောမင်းညီ မင်းသားတွေလိုပဲ စစ်ဘက်၊အရပ်ဘက်အုပ်ချုပ်ရေးပညာတွေ၊စာပေများစွာကိုသင်အံ လေ့လာပြီးကြီးပြင်းလာခဲ့တယ်လို့ပဲ သမိုင်းပညာရှင်တွေက မှတ်ယူကြပါတယ်။

မှတ်တမ်းအချို့မှာတော့ ဟမ်မူရာဘီ (Hammurabi)ဟာ ငယ်စဉ်က ဘေဘီလုံမှာထင်ရှားခဲ့တဲ့ tablet house လို့သိကြတဲ့ကျောင်းတွေမှာတက်ရောက်ပညာသင်ကြားခဲ့ပြီး ဒေသဆိုင်ရာ နတ်ဘုရားတွေအကြောင်းနဲ့ မက်ဆိုပိုတေးမီးယားဒေသမှာကျော်ကြားခဲ့တဲ့ စစ်ဘုရင်တွေအကြောင်းကို လေ့လာသင်ယူခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင်တစ်ဖက်ကလည်း ယောင်္ကျားတို့ တတ်အပ်တဲ့ ကိုယ်ခံပညာတွေကိုသာမက စစ်ချီ၊စစ်ထိုးပညာရပ် တွေကိုပါလေ့လာလိုက်စားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဖခင်ဖြစ်သူရဲ့အနီးမှာခစားပြီး အုပ်ချုပ်ရေးပညာရပ်တွေကို ဆက်လက်လေ့လာခဲ့ကာ အားလပ်ချိန်တွေမှာလည်း ဘုရင်အကြံပေး မှူးမတ်တွေဆီကနေ တရားစီရင်ရေးအတွေ့အကြုံနဲ့ ယင်းကာလက ကျင့်သုံးနေတဲ့ ဥပဒေတွေကို လေ့လာသင်ယူခွင့်ရခဲ့ပါတယ်။

ဘုရင်အဖြစ်ရောက်ရှိခြင်း

ဟမ်မူရာဘီ အသက်(၁၈)နှစ်အရွယ်ရောက်ချိန်မှာတော့ သူရဲ့ဖခင်ဖြစ် သူဘုရင်ကြီး Sin-Muballit ရဲ့ကျန်းမာရေးဟာ အလွန်ဆိုးရွားလာပြီးနောက် ကွယ်လွန်သွားခဲ့တာကြောင့် သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘေဘီလုံရဲ့ဘုရင်အဖြစ်ကိုရောက်ရှိခဲ့ပါတယ်။ ဟမ်မူရာဘီ စတင်နန်းတက်ချိန်တုန်းကတော့ ဘေဘီလုံဟာ သေးငယ်တဲ့မြို့ပြနိုင်ငံငယ် လေးအဖြစ်သာရှိနေသေးပါတယ်။

ဘေဘီလုံရဲ့ဝန်းကျင်ဒေသတွေမှာတော့အင်အားကြီ းမားတဲ့ Assyria ၊ Mari၊ Larsa နဲ့ Eshnunna စတဲ့ဘုရင်နိုင်ငံတော်တွေတည်ရှိနေတာ ကြောင့် ဘေဘီလုံရဲ့လုံခြုံရေးအနေအထားဟာ စိုးရိမ်ဖွယ်အတိဖြစ်နေတဲ့အခြေအနေမှာ ရှိပါတယ်။ အသက်(၁၈)နှစ်သားဘုရင်တစ်ယောက်အတွက် တိုင်းပြည်အတွက်အကြီးမားဆုံးသောစိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပေမယ့် ဟမ်မူရာဘီကတော့ ဘေဘီလုံရဲ့ခံစစ်စည်းကို ပိုင်ပိုင်နိုင်နိုင်ချမှတ်ခဲ့ကာ အင်ပါယာအသစ်တည်ထောင်ဖို့အထိ ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။

ဘေဘီလုံဆိုတာ

ဟမ်မူရာဘီနန်းတက်တဲ့ ပထမဆုံးကာလတွေကတော့ ဘေဘီလုံကိုခံတပ်မြို့အဖြစ် တည်ဆောက်နေတာနဲ့တင်အချိန်ကုန်ခဲ့ပါတယ်။ ဒါအပြင်ခံစစ်ပြင်ဆင်နေချိန်မှာလည်း ပတ်ဝန်းကျင်ကဘုရင်နိုင်ငံတော်တွေနဲ့ ငြိမ်းချမ်းရေးကိုရှေးရှူပြီး သံတမန်ဆက်ဆံရေး တွေတည်ထောင်ခဲ့ပါတယ်။

ဘေဘီလုံရဲ့မြို့တံတိုင်းပတ်လည်နီးပါးမှာလည်း စစ်လက်နက်ဆိုင်ရာအခြေခံအဆောက်အအုံများစွာကို တည်ဆောက်ခဲ့ပြီးတဲ့အပြင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာနတ်ဘုရားကျောင်းဆောင်များဟာလည်း ဟမ်မူရာဘီ လက်ထက်မှာများစွာပေါ်ပေါက်လို့လာခဲ့ပါတယ်။ ဟမ်မူရာဘီရဲ့ကြိုးပမ်းမှုတွေကြောင့် နှစ်အနည်းငယ်အတွင်းမှာပဲ ဘေဘီလုံမြို့ပြနိုင်ငံဟာ မက်ဆိုပိုတေးမီးယားဒေသရဲ့ အင်အားကြီးမားတဲ့ လက်နက်နိုင်ငံတော်ဖြစ်လာပြီး အင်ပါယာနယ်မြေချဲ့ထွင်ဖို့အတွက် လုံလောက် တဲ့နောက်ခံအင်အားကိုပိုင်ဆိုင်လာခဲ့ပါတယ်။

စစ်ပွဲများ

ဟမ်မူရာဘီဟာ တည်ဆောက်ရေးလုပ်ငန်းတွေကို နှစ်ပေါင်းအတော်ကြာအောင်ပြုလုပ် ပြီးချိန်မှာပဲ တိုက်ပွဲတွေအတွင်းကိုဝင်ရောက်ခဲ့ရပါတယ်။ ယနေ့ခေတ်အီရတ်နိုင်ငံ အနောက်ဘက်နဲ့အနောက်တောင်ဒေသမှာတည်ရှိတဲ့ အလွန်အင်အားကြီးမားတဲ့ Elam မြို့နွယ်စုတွေဟာ မက်ဆိုပိုတေးမီးယားဒေသကို စစ်မက်ပြု သိမ်းပိုက်ဖို့ကြိုးစားခဲ့ပြီး ပထမဆုံးအနေနဲ့ Eshnunna ဘုရင်နိုင်ငံကိုသိမ်းယူခဲ့ပါတယ်။ သူတို့ရဲ့နောက်ထပ် ပစ်မှတ်ကတော့ ဘေဘီလုံမြို့ဖြစ်ဖြစ်ခဲ့ပြီး ဟမ်မူရာဘီဘက်ကတော့ သူတို့ရဲ့မဟာမိတ် ဖြစ်တဲ့ Larsa မျိုးနွယ်စုတွေကိုစစ်ကူတောင်းခံပြီးသူတို့ထက်အင်အားကြီးမားလွန်းတဲ့ Elam တွေကိုခုခံဖို့ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမဲ့ Larsa တွေဟာ စစ်ကူပေးဖို့ငြင်းဆန်ခဲ့ပြီး ရန်သူ Elam တွေနဲ့ငြိမ်းချမ်းရေးရဖို့သာ ဦးတည်နေခဲ့ပါတယ်။ သူတို့အထင်ကဘေဘီလုံ ဟာ ရန်သူလက်အောက်ကိုကျိန်းသေကျရောက်သွားမှာလို့ယူဆပြီး ဟမ်မူရာဘီနဲ့ပူးပေါင်းဖို့ငြင်းဆန်ခဲ့ပါတယ်။ အင်အားအလွန်ကြီးမားတဲ့ Elam တွေဟာ ဘေဘီလုံမြို့ ကိုသိမ်းပိုက်နိုင်ဖို့ အားကုန်ကြိုး ပမ်းခဲ့ပေမဲ့ လက်တွေ့မှာတော့ ဟမ်မူရာဘီရဲ့ခံစစ်စည်းဖြစ်တဲ့မြို့ရိုးကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပဲ ကာလကြာလာလေလေ လူသူလက်နက်ဆုံးရှုံးမှုများစွာ ဖြစ်လာလေဖြစ်ပါတယ်။ အထူးသဖြင့် ဟမ်မူရာဘီရဲ့နည်းစနစ်ကျနတဲ့ သတ်ကွင်းတွေအောက်မှာ Elam စစ်သည်များစွာအသက်ပျောက်ခဲ့ရပြီး နောက်ဆုံးမှာတော့ ဘေဘီလုံ စစ်သည်တွေရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပါတယ်။

အင်ပါယာထူထောင်ပြီ

Elam တွေအပေါ် အောင်ပွဲရပြီးတဲ့နောက်မှာတော့ ဟမ်မူရာဘီဟာ စစ်ပွဲကာလအတွင်း မဟာမိတ်ဝတ္တယားပျက်ကွက်ခဲ့တဲ့ Larsa ဘုရင်နိုင်ငံတော်ကိုတိုက်ခိုက်ဖို့ကြံစည်ခဲ့ပါတယ်။အထူးသဖြင့် Elam တွေနဲ့ပူးပေါင်းပြီးဘေဘီလုံကိုတိုက်ခိုက်ခဲ့တဲ့ Larsa တွေရဲ့ လုပ်ရပ်အပေါ် ဘေဘီလုံသားတွေက မကျေမနပ်ဖြစ်ခဲ့ရပြီး နောက်ဆုံးမှာတော့စစ်ပွဲ ကို ဟမ်မူရာဘီဘက်ကနေစတင်ခဲ့ပါတယ်။

Larsa တွေရဲ့နယ်မြေတွေကို ထိန်းချုပ်နိုင်ပြီး နောက်မှာတော့ ဟမ်မူရာဘီရဲ့စစ်တပ်ဟာ မရပ်တန့်တော့ပဲ နောက်ထပ်မြို့ပြနိုင်ငံတွေ အတော်များများကို စစ်ရေးနည်းအပါအဝင် နည်းမျိုးစုံအသုံးပြုသိမ်းသွင်းနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ မက်ဆိုပိုတေးမီးယားဒေသအားလုံးနီးပါးကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဟမ်မူရာဘီဟာ ဘေဘီလုံမြို့ကိုအခြေပြုတဲ့ ဘေဘီလုံအင်ပါယာကိုစတင်တည်ထောင် နိုင်ခဲ့တာဖြစ်ပြီး မကြာခင်မှာပဲ မတ်ဆိုပိုတေးမီးယားဒေသရဲ့ အကြီးမြတ်ဆုံးဧကရာဇ် တစ်ပါးဖြစ်လာပါတော့တယ်။

ဟမ်မူရာဘီဥပဒေ(သို့) Code of Hammurabi

မက်ဆိုပိုတေးမီးယားဒေသအားလုံးကို သိမ်းပိုက်ပီးချိန်မှာပဲ ဟမ်မူရာဘီဟာသူရဲ့လုပ်ငန်းစဉ်ဟာ စစ်တိုက်တာနဲ့မပြီးသေးကြောင်းနဲ့  သူပိုင်ဆိုင်တဲ့နယ်မြေအတွင်းမှာနေထိုင်သူတွေအတွက် ကြီးပွားချမ်းသာတဲ့လူမှုဘဝ တွေကိုဖန်တီးပေးဖို့ သူမှာတာဝန်ရှိနေတယ်ဆိုတာကို နားလည်လာပုံရပါတယ်။ ဒီအတွက်သူဟာ နိုင်ငံရဲ့တရားဥပေဒေတွေကိုသာမက ကဏ္ဍပေါင်းစုံကနေပြောင်းလဲ ပြင်ဆင်ရေးတွေပြုလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဟမ်မူရာဘီလက်ထက်မှာပဲ မက်ဆိုပိုတေးမီးယားဒေသတစ်ခွင်ဟာ တူးမြောင်းတွေ၊ရေသွယ်တံတားတွေ၊ဆည်တွေနဲ့ ဘာသာရေး ဆိုင်ရာဝတ်ပြုကျောင်းတော်တွေ အစီအရီပေါ်ပေါက်လာခဲ့ပြီး ယနေ့တိုင်လေ့လာလို့ မဆုံးတဲ့ ယဉ်ကျေးမှုသမိုင်းအမွေအနှစ်များစွာကို ဖန်တီးပေးခဲ့ပါတယ်။

သူရဲ့အကျော်ကြား ဆုံးသော မှတ်တမ်းကတော့ ဟမ်မူရာဘီဥပဒေဖြစ်ပြီး stelae လို့သိကြတဲ့ ကျောက်တိုင်တွေမှာ လူတိုင်းဖတ်ရှုလို့ရအောင်ထွင်းထု မှတ်တမ်းတင်ခဲ့ပါတယ်။ မျက်စိတစ်လုံး ဆုံးရှုံးရင် မျက်စိတစ်လုံး၊သွားတစ်ချောင်းကျိုးလျှင်သွားတစ်ချောင်းအစရှိတဲ့ ဥပဒေတွေ ပါဝင်တဲ့ ဟမ်မူရာဘီရဲ့ဥပဒေမှာဆိုရင် ယနေ့ခေတ်နဲ့ပြောရရင် ပုဒ်မပေါင်း (၂၈၂) လောက်ကို ပါဝင်နေပါတယ်။ ဟမ်မူရာဘီဘုရင်ကြီးဟာ နန်းသက်(၄၃)နှစ်ကြာအုပ်စိုးခဲ့ပြီး အသက်(၆၀)နှစ် ပြည့် မြောက်ခဲ့တဲ့ (၁၇၅၀)ဘီစီမှာတော့သေဆုံးသွားခဲ့ပြီး မက်ဆိုပိုတေးမီးယာဒေသ ကို ပကတိငြိမ်းချမ်းတဲ့နေရာအဖြစ်ချန်ထားပေးခဲ့ပါတယ်။

ဟမ်မူရာဘီဘုရင်ကြီးနဲ့ပတ်သက်ပြီးထူးခြားချက်တွေကတော့

ဘုရင်ကြီးရဲ့ကမ္ပည်းရေးထိုးထားတဲ့ကျောက်စာတိုင်တွေအပါအဝင် ဟမ်မူရာဘီရဲ့ပြန်တမ်းပေါင်း (၅၅)ခုလောက်ကို ရှေးဟောင်းသုသေသနပညာရှင်တွေကပြန်လည်တွေ့ရှိခဲ့ပါတယ်။

ဟမ်မူရာဘီဟာနာမည်ကျော် ဘေဘီလုံသားတွေရဲ့နှစ်စဉ်ပြက္ခဒိန်ကိုလည်းပြင်ဆင်မှုများစွာပြုလုပ်ခဲ့ပြီး ဘေဘီလုံရဲ့အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းတွေမှာလည်း စီစဉ်ညွှန်ကြားသူအနေနဲ့သာမက လုပ်ငန်းခွင်အလုပ်သမားအဖြစ်နဲ့ပါ ဘုရင်ကြီးက ပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဟမ်မူရာဘီ ဆိုတဲ့အမည်ရအဓိပ္ပါယ်က တော့ ဒေသဘာသာစကားနဲ့ဆိုရင် ဆွေစဉ်မျိုးဆက်အပြစ်အနာဆာတွေကို ကုစားပေး သူ(ချုပ်ငြိမ်းအောင်ပြုလုပ်သူ) လို့အဓိပ္ပါယ်ရပါတယ်။

ဟမ်မူရာဘီရဲ့ပုံကိုအမေရိကန်ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေးမြို့တော်ဝါရှင်တန်ဒီစီက Capitol building နဲ့ အမေရိကန်တရားရုံးချုပ်တို့မှာ ကမ္ဘာကြီးရဲ့ပထမဆုံးသောဥပဒေရေးဆွဲသူတွေအနက်ကတစ်ဦးအဖြစ် ဂုဏ်ပြု ပြသထားတာကို တွေ့ရမှာဖြစ်ပါတယ်။

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
အာကာသယာဉ်မှုးတစ်ယောက်ဖြစ်ရန် လိုအပ်ချက်များ

အာကာသယာဉ်မှုးတစ်ယောက်ဖြစ်ရန် လိုအပ်ချက်များ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!