ဘူရ်ကီးနားဖာဆို နိုင်ငံဟာအနောက်အာဖရိတိုက်မှာတည်ရှိနေတဲ့ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံရဲ့မြောက်ဘက်မှာဆိုရင် မာလီနိုင်ငံ၊ အရှေ့ဘက်မှာ နိုင်ဂျာနိုင်ငံ၊ အရှေ့တောင်အရပ်မှာတော့ ဘီနင်နိုင်ငံ၊တောင်ဘက်မှာဆိုရင် တိုဂို နဲ့ ဂါနာ နိုင်ငံ၊ အနောက်တောင်ဘက်မှာတော့ အိုင်ဗရီကိုစ်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်းထိစပ်တည်ရှိနေပါတယ်။ (၂၀၁၉)ခုနှစ် စာရင်းအရ ဘူရ်ကီးနားဖာဆိုနိုင်ငံ ရဲ့လူဦးရေစုစုပေါင်းဟာ (၂၀,၃၂၁၃၇၈)ဦးအထိကိုရှိနေပြီး အများစုကတော့ Mossi မျိုးနွယ်စုတွေဖြစ်ကာ နိုင်ငံလူဦးရေစုစုပေါင်းရဲ့ (၅၂)ရာခိုင်နှုန်းအထိကိုပါဝင်နေတာဖြစ်ပါတယ်။ ဘူရ်ကီးနားဖာဆိုနိုင်ငံရဲ့တရားဝင်ဘာသာစကားကတော့ ပြင်သစ်ဘာသာစကားဖြစ်ပါတယ်။
အကျယ်အဝန်းအားဖြင့်ဆိုရင်တော့ စတုရန်းမိုင်( ၁၀၅၉၀၀)အထိရှိနေပြီး (၇၄)ခုမြောက် ကမ္ဘာ့အကြီးဆုံးနိုင်ငံအဖြစ်တည်ရှိနေကာ လူဦးရေသိပ်သည်းဆကတော့(၁)စတုရန်း မိုင်မှာ (၁၆၅.၈)ဦးနှုန်းနေထိုင်ကြပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်တာနဲ့အညီ နိုင်ငံဧရိယာစုစုပေါင်းရဲ့ (ဝ.၁၄၆)ရာခိုင်နှုန်းသာ ရေထုအဖြစ်ရှိနေပါတယ်။ ဘူရ်ကီးနားဖာဆိုနိုင်ငံ ရဲ့မြို့တော်ကတော့ ဝါဂါဒူဂူ Ouagadougou ဖြစ်ပြီး နိုင်ငံ ရဲ့အကြီးဆုံးမြို့အဖြစ်လည်းရှိနေပါတယ်။ နိုင်ငံရဲ့အုပ်ချုပ်ရေးမြို့တော်အဖြစ်သာမက စီးပွားရေးနဲ့ ယဉ်ကျေးမှုအနုပညာဆိုင်ရာ ဗဟိုချက်မနေရာတခုအဖြစ်လည်း ရှိနေပြီး အတိုကောက်အမည်ဖြစ်တဲ့ Ouaga ဆိုတဲ့အမည်နဲ့ပဲ လူသိများထင်ရှားပါတယ်။ မြို့တော်နေ ပြည်သူများကိုတော့ ouagalais လို့ ခေါ်ကြပါတယ်။
ဘူရ်ကီးနားဖာဆိုနိုင်ငံ ရဲ့မြေမျက်နှာသွင်ပြင်အများစုကတော့ညီညာပြန့် ပြူးတဲ့မြေပြန့်လွင်ပြင်တွေသာဖြစ်ပြီး နိုင်ငံရဲ့အနောက် ဘက်နဲ့အရှေတောင်အရပ်တွေမှာတော့ လှိုင်းပမာမို့ တွန့်ခေါက်တည်ရှိနေတဲ့ဒေသတွေ၊ မြေပြန့်လွင်ပြင်ကျယ်ကြီးတွေ၊တောင်ကုန်းတွေတည်ရှိပါတယ်။ နိုင်ငံရဲ့အမြင့်ဆုံးအပိုင်းကတော့ Mount Tenakourou ဖြစ်ပြီးပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၂၄၅၁)ပေအမြင့်မှာတည်ရှိနေပါတယ်။ ပုံမှန်ဆိုရင်တော့ ဘူရ်ကီးနားဖာဆိုနိုင်ငံဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၁၃၁၂)ပေအမြင့်မှာတည်ရှိနေတာဖြစ်ပြီး အမြင့်ဆုံးနေရာနဲ့ အနိမ့်ပိုင်းနေရာကြား ခြားနားမှုဟာ ပေပေါင်း (၁၉၆၉)ပေထက်မနည်းတည်ရှိလို့နေတာလည်းဖြစ်ပါတယ်။ ဘူရ်ကီးနားဖာဆိုနိုင်ငံရဲ့တောင်ဘက်ပိုင်းမှာဆိုရင် စိမ်းစိုတဲ့သစ်တောခင်းတွေ၊ သစ်သီးစိုက်ခင်းကြီးတွေနဲ့ မြောက်ဘက်မှာတော့ ခြောက်သွေ့တဲ့ ကန္တာရဒေသတည်ရှိနေပါတယ်။
ဘူရ်ကီးနားဖာဆိုနိုင်ငံတွင်းမှာတော့ မြစ်ဝှမ်းနဲ့ရေကန်များစွာရှိနေပါတယ်။ နိုင်ငံရဲ့အကြီးဆုံးသောမြစ်ဝှမ်းဒေသကတော့Voltaမြစ်ဝှမ်းဒေဖြစ်ပြီး ဘူရ်ကီးနားဖာဆိုရဲ့အလယ်ပိုင်းနဲ့ အနောက်ဘက်စွန်းပိုင်းတွေကနေစီးဆင်းနေတဲ့ Black Volta( Mouhoun)၊ Red Volta(Nazionon) ၊ White Volta(Nakanbe) အမည်ရတဲ့ မြစ်(၃)စင်းအထိပါဝင်နေတဲ့ နိုင်ငံရဲ့အကြီးဆုံးသောမြစ်ဝှမ်းဒေသဖြစ်ပါတယ်။ ဘူရ်ကီးနားဖာဆိုနိုင်ငံတွင်းမှာဆိုရင် တော့အမျိုးသားဥယျာဉ်ပေါင်း(၄)ခု၊ယူနက်စကိုရဲ့ဇီဝအဝန်းနယ်မြေ(၁)ခု၊သစ်တောကြိုးဝိုင်း(၃)၊တစ်ပိုင်းတစ်စသစ်တောနယ်မြေ(၆)ခု၊သဘာဝဘေးမဲ့တော(၁၀)ခုအထိကိုရှိ နေပါတယ်။
Arli အမျိုးသားဥယျာဉ်ကိုတော့ Arly လို့ပဲ လူသိများကြပြီး ဘူရ်ကီးနားဖာဆိုနိုင်ငံတောင်ဘက်စွန်းပိုင်းမှာတည်ရှိပါတယ်။ Arli အမျိုးသားဥယျာဉ်ဟာဘီနင်ရဲ့တောင်ဘက်ပိုင်းမှာရှိတဲ့ Pendjari အမျိုးသားဥယျာဉ်နဲ့အနောက်ဘက်မှာရှိတဲ့ Singou Reserve တို့နဲ့ကပ် လျက်မှာတည်ရှိနေတာလည်းဖြစ်ပါတယ်။ Arli အမျိုးသားဥယျာဉ်အတွင်းမှာတော့ဆင်ကောင်ရေ(၂၀၀)၊ ရေမြင်းကောင်ရေ(၂၀၀)နဲ့ခြင်္သေကောင်ရေ(၁၀၀)အထိကို မွေးမြူထားရှိပါတယ်။ ဒါအပြင်ရှားပါးအာဖရိက ကျွဲရိုင်းတွေ၊ ဘာဘွန်းမျောက်မျိုးနွယ်နဲ့ မျောက်မျိုးစိတ်များစွာ၊ တောဝက်တွေနဲ့ hartebeest ၊ waterbuck တို့လို ရှားပါးတောဆိတ်နွယ်ဝင်များစွာဟာလည်း ရှင်သန်ကျက်စားလျက်ရှိနေပါတယ်။
Nazingga Reserve ဟာဆိုရင်အာဖရိကတိုက်အနောက်ပိုင်းရဲ့အကြီးဆုံးသော ဆင်ဘေးမဲ့တောကြီးဖြစ်ပြီး ယဉ်ပါးအောင်သင်ကြားပေးရတဲ့ဆင်များစွာသာမက တောဆင်ရိုင်းများစွာရှိနေတဲ့နေရာဖြစ်ပါတယ်။ ဘူရ်ကီးနားဖာဆိုနိုင်ငံ ရဲ့အလှပဆုံးသောရေမြေသဘာ ဝဧရိယာအတွင်းမှာဆိုရင် Nazingga Reserve ဟာတစ်ခုအပါအဝင်ဖြစ်ပြီး မြို့တော် Ouagadougou နဲ့ အလှမ်းမဝေးလှတဲ့နေရာမှာ တည်ရှိနေပါတယ်။
ဘူရ်ကီးနားဖာဆိုနိုင်ငံရဲ့အထင်ကရသဘာဝအလှများစွာတည်ရှိနေရာနေရာကတော့ Cascades de Karfiguela (သို့) Banfora Cascades လို့သိကြတဲ့နိုင်ငံရဲ့အနောက် တောင်အရပ်က Komoe မြစ်ကမ်းတလျှောက်တည်ရှိနေတဲ့ ရေတံခွန်များစွာ တည်ရှိရာ နယ်မြေဖြစ်ပါတယ်။ ယင်းနေရာဟာဆိုရင် ကမ္ဘာလှည့်ခရီးသည်အများဆုံးလာရောက်လေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။
Sindou မြို့အနီးမှာရှိတဲ့ကျောက်တောင်ကြီးတွေဟာဆိုရင်လည်း ဘူရ်ကီးနားဖာဆို နိုင်ငံရဲ့သင်္ကေတ အမှတ်အသားအဖြစ် တည်ရှိနေကြပါတယ်။ လွန်ခဲ့တဲ့နှစ်သန်းပေါင်း များစွာကာလတွေမှာတော့ ယခုချိန်အထိမြင်တွေ့နိုင်တဲ့အညိုရောင်ကတော့သဏ္ဍန် သဲကျောက်တောင်တွေဟာ ပင်လယ်ရေအောက်ကတောင်တွေဖြစ်ခဲ့ပြီး ရာသီဥတုရဲ့ ပြုပြင်ဖန်တီးမှုတွေကနေ ဒေသတွင်းတောင်တန်းတွေနဲ့ ကွဲပြားတဲ့ပုံသဏ္ဍန်တွေဖြစ်လာခဲ့ပါတယ်။
ဘူရ်ကီးနားဖာဆို တောင်ဘက်စွန်းမှာတည်ရှိတဲ့ Loropeni မြို့အနီးက ရှေးဟောင်းသမိုင်းဝင်နယ်မြေဖြစ်တဲ့ ruins of Loropeni (ခံတပ်ဟောင်းများ)ဟာဆိုရင်လည်းနိုင်ငံရဲ့ယဉ်ကျေးမှုသမိုင်းဆိုင်ရာ အဓိကနယ်မြေဖြစ်ပါတယ်။ ယင်းနယ်မြေဟာဆိုရင်(၂၀၀၉)ခုနှစ် ကာလကနေစတင်ပြီး ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေတစ်ခုဖြစ်လာခဲ့ကာ (၁၁၉၈၀၀)စတုရန်းပေကျယ်ဝန်းပါတယ်။ ကျောက်သားနံရံ တွေနဲ့တည်ဆောက်ထားရှိတဲ့ ခံတပ်ဟောင်းတွေဖြစ်ပြီး ယင်းနယ်မြေအတွင်းမှာတော့ ရှေးဟောင်းခံတပ်(၁၀)ခုလောက်အထိကို အစိုးရကထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတာကိုတွေ့ရပါတယ်။
ဘူရ်ကီးနားဖာဆိုနိုင်ငံရဲ့ခရစ်ယာန်ဘာသာဝင်တွေအတွက် အလေးအမြတ်အထားဆုံး ဘုရားကျောင်းကတော့ Ouagadougou ဂိုဏ်းချုပ်ဘုန်းတော်ကြီးအုပ်ချုုပ်နယ်ရာနယ် မြေအတွင်းပါဝင်နေတဲ့ Ouagadougou Cathedral ဖြစ်ပါတယ်။ ယင်းခရစ်ယာန်ဘုရား ရှိခိုးကျောင်းကြီးကိုတော့ (၁၉၃၀)ခုနှစ်က ပြင်သစ်သာသနာ့ပြုဆရာတော် Joanny Thevenoud က ဦးစီးတည်ဆောက်ခဲ့ပြီး (၁၉၃၆)ခုနှစ်၊ဇန်နဝါရီ(၁၉)ရက်နေ့ကလည်း (၂)နှစ်ကြာမြင့်အောင် အကြီးစားပြန်လည်တည်ဆောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
သမိုင်းပညာရှင်တွေရဲ့မှတ်တမ်းတွေမှာတော့ ယနေ့ ဘူရ်ကီးနားဖာဆိုနိုင်ငံရဲ့အနောက် မြောက်ဘက်ပိုင်းဒေသတွေမှာဆိုရင် ဘီစီ(၁၄၀၀၀)ကနေ (၅၀၀၀)ကြားကာလတွေကတည်းက စုပေါင်းအမဲလိုက်နေထိုင်ကြတဲ့လူသားမျိုးနွယ်စုများစွာနေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အေဒီ(၃)ရာစုကနေ (၁၃)ရာစု (သတ္ထုခေတ်ကာလ)တွေမှာဆိုရင်လည်း ယခု ဘူရ်ကီးနားဖာဆို အရှေတောင်ဘက်စွန်းပိုင်းနဲ့နိုင်ဂျာနိုင်ငံ အနောက်တောင်ဘက်စွန်း ပိုင်းဒေသတွေဟာ သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာအချက်အချာနယ်မြေတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဘူရ်ကီးနားဖာဆိုနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုများစွာ ပေါင်းစည်းနေထိုင်ရာနေရာဖြစ် ပြီး အများစုကတော့ (၈)ရာစုကနေ(၁၅)ရာစုအကြားကာလတွေက ဒေသအသီးသီးက နေပြောင်းရွေနေထိုင်လာခဲ့တဲ့ Mossi ၊ Fual နဲ့ Dyula မျိုးနွယ်စုတွေပဲဖြစ်ပါတယ်။ (၁၅)ရာစုကနေစတင်ပြီးဒေသတွင်းလှည့်လည်နယ်မြေသိမ်းပိုက်သူတွေဖြစ်တဲ့ Gurmanche တွေက ဘူရ်ကီးနားဖာဆိုနိုင်ငံအရှေပိုင်း၊ Fulbe မျိုးနွယ်စုတွေနဲ့ Tuareg တွေက နိုင်ငံရဲ့မြောက်ပိုင်းနဲ့ Mossi တွေကနိုင်ငံရဲ့ဗဟိုရပ်ဝန်းဒေသတွေမှာနယ်မြေအသီးသီးကို သိမ်းသွင်းပြီးမင်းနိုင်ငံတော်တွေအဖြစ်တည်ထောင်ခဲ့ကြပါတယ်။
ယင်းမင်းနိုင်ငံတွေအနက်က Mossi တွေဟာ အင်အားသာလွန်ခဲ့ပြီး Moro Naba (Great lord) လက်ထက်မှာတော့ နိုင်ငံအာဏာဟာဒေသတွင်း အမြင့်ဆုံးရောက်ရှိသွားခဲ့ကာ ဒေသတွင်းနိုင်ငံများစွာကို သိမ်းသွင်းပြီး ဘူရ်ကီးနားဖာဆိုနိုင်ငံကို တည်ထောင်ခဲ့ပါတယ်။(၁၈၉၆)ခုနှစ်မှာတော့ Moro Naba ဟာ ပြင်သစ်တွေကိုစစ်ရှုံးခဲ့ပြီးနောက်မှာတော့ နန်းစိုက်ရာဝန်းကျင်ဒေသကလွဲရင် တနိုင်ငံလုံးဟာပြင်သစ်တွေရဲ့ထိန်းချုပ်မှု အောက်ကို ကျရောက်သွားခဲ့ပါတော့တယ်။ ပြင်သစ်တွေဟာ ဘူရ်ကီးနားဖာဆိုတစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပေမဲ့ ဒေသန္တရ အုပ်ချုုပ်ရေးကိုတော့ ဒေသလူမျိုးစုခေါင်းဆောင်တွေ ကိုပဲ ဆက်လက်တာဝန်ပေးခဲ့ပါတယ်။
(၂၀)ရာစုပထမအစောပိုင်းကာလတွေမှာဆိုရင် ပြင်သစ်တွေဟာ ဘူရ်ကီးနားဖာဆိုနိုင်ငံ အပြင် နောက်ထပ်အာဖရိကနိုင်ငံအတော်များများကို ကိုလိုနီပြုခဲ့ကြပါတယ်။ ယနေ့ ဘူရ်ကီးနားဖာဆိုနိုင်ငံရဲ့မူလအမည်ကတော့ Upper Voita(ဗိုတာမြစ်အထက်ပိုင်း)ဒေသ ဖြစ်ပြီးယင်းအမည်ကိုတော့ပြင်သစ်တွေက သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ Upper Volta သမ္မတနိုင်ငံဟာ (၁၉၆၀)ပြည့်နှစ်မှာတော့ ပြင်သစ်တွေဆီကနေ လွတ်လပ်ရေးရယူနိုင်ခဲ့ပါတယ်။
မူလက Upper Volta သမ္မတနိုင်ငံကနေ ဘူရ်ကီးနားဖာဆိုနိုင်ငံဆိုတဲ့အမည် ကို(၁၉၈၄)ခုနှစ်၊သြဂုတ်လ(၄)ရက်နေ့မှာ သမ္မတ Thomas Sankara ကပြောင်းလဲပေးခဲ့ပါတယ်။ Burkina ဆိုတာကတော့ ဒေသခံ Mossi တွေရဲ့ဘာသာစကားကနေလာပြီး ရိုးသားသောပြည်သူတွေ လို့ဆိုပါတယ်၊ Faso ဆိုတဲ့အမည်ကတော့ Dyulaဘာသာစကားကနေလာပြီး အဖနိုင်ငံတော်လို့အဓိပ္ပါယ်ရပါတယ်။ ဘူရ်ကီးနားဖာဆိုနိုင်ငံ ဆိုတဲ့အမည်ကတော့ ရိုးသားတဲ့ပြည်သူများရဲ့နိုင်ငံတော်လို့ ဘူရ်ကီးနားဖာဆိုတိုင်းရင်းသားဘာသာစကားနဲ့ညွှန်းဆိုရမှာဖြစ်ပါတယ်။
ဘူရ်ကီးနားဖာဆိုနိုင်ငံဟာ ကမ္ဘာအဆင်းရဲဆုံးနိုင်ငံစာရင်းမှာပါဝင်နေတာဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ (၄၄)ရာခိုင်နှုန်းလောက်ဟာ ကမ္ဘာကသတ် မှတ်ထားတဲ့ ဆင်းရဲမှုအညွှန်းကိန်းအောက်ကိုကျရောက်နေတယ်လို့လည်းသိရပါတယ်။ ဘူရ်ကီးနားဖာဆိုဟာဆိုရင်အာဖရိကတိုက်ရဲ့အကြီးဆုံးသော ဝါဂွမ်းထုတ်လုပ်ရာနိုင်ငံအဖြစ် ရပ်တည်နေပြီး ဒေသခံလယ်သမားတွေကတော့ ဒေသထွက် ဝါကို white gold အဖြစ် တောင်မှတ်ယူကြပါတယ်။
အမှန်လည်း ဝါဂွမ်းထုတ်လုပ်ရောင်းချမှုဟာ ဘူရ်ကီးနားဖာဆို ရဲ့အဓိကစီးပွားရေးလုပ်ငန်းဖြစ်ပြီး ဝါစိုက်ပျိုုးရောင်းချမှုကနေ တစ်နှစ်ကိုအမေရိကန်ဒေါ် လာသန်း(၂၀၀)လောက်အထိ ဝင်ငွေရရှိနေတာလည်းဖြစ်ပါတယ်။ အခြားစီးပွားရေးလုပ်ငန်းတွေ အနေနဲ့ အဖျော်ယမကာ ၊ စိုက်ပျိုးရေး ၊ ဆပ်ပြာ ၊ စီးကရက် ၊ ချည်မျှင် နဲ့ ရွှေတူးဖော်ရေး စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ ၂၀၁၉ ခုနှစ် ကမ္ဘာ့ဘဏ်ရဲ့ စာရင်းအရ ဘူရ်ကီးနားဖာဆို နိုင်ငံသားတဦးရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၇၇၅ ခန့်သာ ရှိနေပါတယ်။ ငွေကြေးစနစ်အနေနဲ့ အနောက်အာဖရိကဖရန့်(XOF) ကို သုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ 577.78 XOF နဲ့ ညီမျှပါတယ်။
ချို့တဲ့တဲ့ နိုင်ငံဖြစ်တာနဲ့ အညီ အလွန်နိမ့်ကျတဲ့ ကျန်းမာရေးစနစ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက စာရင်းတွေအရ ဒီနိုင်ငံ လူဦးရေ ၁သိန်းမှာ ဆရာဝန် ၁၀ ယောက် ၊ သူနာပြု ၄၁ ယောက် နဲ့ သားဖွားဆရာမ ၁၃ ယောက် သာ ရှိပါတယ်။ ဒလူဦးရေ နဲ့ ကျန်းမာရေးဝန်ထမ်းလောက်ငှမှု မရှိတာကြောင့် ကလေး အယောက် ၁၀၀၀ မွေးဖွားရင် ၇၆ ယောက်ခန့် တိမ်းပါးလေ့ရှိပါတယ်။ ဒီဘက်နှစ်တွေမှာတော့ အနည်းငယ်တိုးတက်လာမှုတွေရှိပေမယ့် ဒီနိုင်ငံမှာ နေထိုင်သူတွေရဲ့ ပျမ်းမျှသက်တမ်းဟာ အနှစ် ၆၀ ခန့်သာ အသက်ရှည်ပါတော့တယ်။ ပညာရေးအနေနဲ့လည်း နိမ့်ကျလျက်ရှိပြီး အရွယ်ရောက်ပြီးသူ စာတတ်မြောက်နှုန်းဟာ ၄၁.၂% သာ ရှိပါတယ်။
ဘူရ်ကီးနားဖာဆိုနိုင်ငံအတွင်းမှာတော့ နို့တိုက်သတ္တဝါမျိုးစိတ်(၁၄၇)မျိုး၊ ကုန်းနေရေနေသတ္တဝါမျိုးစိတ်(၃၃၀)၊ ငါးမျိုးစိတ်(၁၂၁)မျိုး နဲ့ ကွဲပြားတဲ့အပင်မျိုးစိတ်ပေါင်း(၂၀၆၇)အထိရှိနေတယ်လို့ သိရပါတယ်။ ဘူရ်ကီးနားဖာဆိုဟာ အနောက်အာဖရိကတိုက်ရဲ့ သားရဲတိရစ္ဆာန်နဲ့ အပင်မျိုးစိတ်ကွဲပြားခြားနားမှုများစွာတည်ရှိနေတဲ့ သီးသန့်နယ်မြေတွေအနက်ကတစ်ခုဖြစ်ပြီး ဆင်၊ ရေမြင်း၊ ကျွဲရိုင်း၊ မျောက်၊ခြင်္သေ့၊ မိကျောင်း၊ ဖွတ်မျိုးစိတ် မျိုးစုံ၊ငှက်နဲ့ရှားပါးအင်းဆက်မျိုးစိတ်များစွာဟာ သစ်တောနယ်မြေတွေထဲမှာ သဘာဝအတိုင်းရှင်သန်ကျက်စားနေကြပါတယ်။
ဘူရ်ကီးနားဖာဆို နိုင်ငံရဲ့ အလံမှာတော့ အပေါ်ဘက်က အနီရောင် ၊ အောက်ဘက်က အစိမ်းရောင် တခြမ်းစီပါဝင်နေပြီး အလယ်ခေါင်တည့်တည့်မှာတော့ အဝါရောင် ငါးထောင့်ကြယ် ပါရှိပါတယ်။ အနီရောင်က တော်လှန်ရေးကို ကိုယ်စားပြုပြီး ၊ အစိမ်းရောင်ကတော့ စိုက်ပျိုးမြေ နဲ့ သဘာဝရင်းမြစ်ကြွယ်ဝမှုကို ကိုယ်စားပြုပါတယ်။ အဝါရောင် ငါးထောင့်ကြယ်ကတော့ တော်လှန်ရေးအတွက် လမ်းညွှန်ပြခဲ့တယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။
ဘူရ်ကီးနားဖာဆိုနိုင်ငံလူဦးရေရဲ့(၆၀.၅)ရာခိုင်နှုန်းလောက်ဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ခရစ်ယာန်ဘာသာကိုးကွယ်သူ (၂၃.၂)ရာခိုင်နှုန်း၊ မိရိုးဖလာနတ်ကိုး ကွယ်သူ (၁၅.၃)ရာခိုင်နှုန်းနဲ့ ဘာသာမဲ့(၁)ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ ဘူရ်ကီးနားဖာဆိုရဲ့ရိုးရာအစဉ်လာကိုးကွယ်ယုံကြည်မှုကတော့ မိကျောင်းတွေဟာ လူသားတွေရဲ့စိတ်ဝိညာဉ်နဲ့အတူတူပဲဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပြီး မိကျောင်းကလူယောင်ဖန်ဆင်းပြီးအများအကျိုးအတွက် ဆောင်ရွက်သွားတယ်ဆိုတဲ့ ဒဏ္ဍာရီပုံပြင်ပေါင်းများစွာရှိနေပါတယ်။ Bazoule ဆိုတဲ့ ရွာမှာဆိုရင် ရွာသားတွေဟာ မိကျောင်းတွေနဲ့ တရင်းတနှီးနေလေ့ရှိပြီး ဒီဓလေ့ကြောင့် ဒီနေရာဟာ ကမ္ဘာလှည့်ခရီးသည်တွေ တကူးတက သွားရောက်လည်ပတ်လေ့ ရှိတဲ့ နေရာတခု ဖြစ်လာခဲ့ပါတယ်။
——– —— ——
(Zawgyi)
ဘူရ္ကီးနားဖာဆုိ နိုင္ငံအေၾကာင္း သိေကာင္းစရာ
ဘူရ္ကီးနားဖာဆုိ နိုင္ငံဟာအေနာက္အာဖရိတိုက္မွာတည္ရွိေနတဲ့ ကုန္းတြင္းပိတ္နိုင္ငံတစ္ခုျဖစ္ျပီး နိုင္ငံရဲ့ေျမာက္ဘက္မွာဆိုရင္ မာလီနို္င္ငံ၊ အေရွ႕ဘက္မွာ နိုင္ဂ်ာနိုင္ငံ၊ အေရွ႕ေတာင္အရပ္မွာေတာ့ ဘီနင္နိုင္ငံ၊ေတာင္ဘက္မွာဆိုရင္ တိုဂို နဲ႔ ဂါနာ နိုင္ငံ၊ အေနာက္ေတာင္ဘက္မွာေတာ့ အိုင္ဗရီကိုစ္နိုင္ငံေတြနဲ႔ နယ္နိမိတ္ခ်င္းထိစပ္တည္ရွိေနပါတယ္။ (၂၀၁၉)ခုနွစ္ စာရင္းအရ ဘူရ္ကီးနားဖာဆုိနိုင္ငံ ရဲ့လူဦးေရစုစုေပါင္းဟာ (၂၀,၃၂၁၃၇၈)ဦးအထိကိုရွိေနျပီး အမ်ားစုကေတာ့ Mossi မ်ိဳးႏြယ္စုေတြျဖစ္ကာ နိုင္ငံလူဦးေရစုစုေပါင္းရဲ့ (၅၂)ရာခိုင္နႈန္းအထိကိုပါဝင္ေနတာျဖစ္ပါတယ္။ ဘူရ္ကီးနားဖာဆုိနိုင္ငံရဲ့တရားဝင္ဘာသာစကားကေတာ့ ျပင္သစ္ဘာသာစကားျဖစ္ပါတယ္။
အက်ယ္အဝန္းအားျဖင့္ဆိုရင္ေတာ့ စတုရန္းမိုင္( ၁၀၅၉၀၀)အထိရွိေနျပီး (၇၄)ခုေျမာက္ ကမာၻ႔အၾကီးဆံုးနိုင္ငံအျဖစ္တည္ရွိေနကာ လူဦးေရသိပ္သည္းဆကေတာ့(၁)စတုရန္း မိုင္မွာ (၁၆၅.၈)ဦးႏႈန္းေနထိုင္ၾကပါတယ္။ ကုန္းတြင္းပိတ္နိုင္ငံတစ္ခုျဖစ္တာနဲ႔အညီ နိုင္ငံဧရိယာစုစုေပါင္းရဲ့ (၀.၁၄၆)ရာခိုင္နႈန္းသာ ေရထုအျဖစ္ရွိေနပါတယ္။ ဘူရ္ကီးနားဖာဆုိနိုင္ငံ ရဲ့ျမိဳ႕ေတာ္ကေတာ့ ၀ါဂါဒူဂူ Ouagadougou ျဖစ္ျပီး နိုင္ငံ ရဲ့အၾကီးဆံုးျမိဳ႕အျဖစ္လည္းရွိေနပါတယ္။ နိုင္ငံရဲ့အုပ္ခ်ဳပ္ေရးျမိဳ႕ေတာ္အျဖစ္သာမက စီးပြားေရးနဲ႔ ယဥ္ေက်းမႈအနုပညာဆိုင္ရာ ဗဟိုခ်က္မေနရာတခုအျဖစ္လည္း ရွိေနျပီး အတိုေကာက္အမည္ျဖစ္တဲ့ Ouaga ဆိုတဲ့အမည္နဲ႔႔႔ပဲ လူသိမ်ားထင္ရွားပါတယ္။ ျမိဳ႕ေတာ္ေန ျပည္သူမ်ားကိုေတာ့ ouagalais လို႔ ေခၚၾကပါတယ္။
ဘူရ္ကီးနားဖာဆုိနိုင္ငံ ရဲ့ေျမမ်က္နွာသြင္ျပင္အမ်ားစုကေတာ့ညီညာျပန္႔ ျပဴးတဲ့ေျမျပန္႔လြင္ျပင္ေတြသာျဖစ္ျပီး နိုင္ငံရဲ့အေနာက္ ဘက္နဲ႔အေရွေတာင္အရပ္ေတြမွာေတာ့ လိႈင္းပမာမို႔ တြန္႔ေခါက္တည္ရွိေနတဲ့ေဒသေတြ၊ ေျမျပန္႔လြင္ျပင္က်ယ္ၾကီးေတြ၊ေတာင္ကုန္းေတြတည္ရွိပါတယ္။ နိုင္ငံရဲ့အျမင့္ဆံုးအပိုင္းကေတာ့ Mount Tenakourou ျဖစ္ျပီးပင္လယ္ေရမ်က္နွာျပင္အထက္အျမင့္ေပ (၂၄၅၁)ေပအျမင့္မွာတည္ရွိေနပါတယ္။ ပံုမွန္ဆိုရင္ေတာ့ ဘူရ္ကီးနားဖာဆုိနိုင္ငံဟာ ပင္လယ္ေရမ်က္နွာျပင္အထက္ အျမင့္ေပ (၁၃၁၂)ေပအျမင့္မွာတည္ရွိေနတာျဖစ္ျပီး အျမင့္ဆံုးေနရာနဲ႔ အနိမ့္ပိုင္းေနရာၾကား ျခားနားမႈဟာ ေပေပါင္း (၁၉၆၉)ေပထက္မနည္းတည္ရွိလို႔ေနတာလည္းျဖစ္ပါတယ္။ ဘူရ္ကီးနားဖာဆုိနိုင္ငံရဲ့ေတာင္ဘက္ပိုင္းမွာဆိုရင္ စိမ္းစိုတဲ့သစ္ေတာခင္းေတြ၊ သစ္သီးစိုက္ခင္းၾကီးေတြနဲ႔ ေျမာက္ဘက္မွာေတာ့ ေျခာက္ေသြ႔တဲ့ ကႏၱာရေဒသတည္ရွိေနပါတယ္။
ဘူရ္ကီးနားဖာဆုိနိုင္ငံတြင္းမွာေတာ့ ျမစ္ဝွမ္းနဲ ႔ေရကန္မ်ားစြာရွိေနပါတယ္။ နိုင္ငံရဲ့အၾကီးဆံုးေသာျမစ္ဝွမ္းေဒသကေတာ့Voltaျမစ္ဝွမ္းေဒျဖစ္ျပီး ဘူရ္ကီးနားဖာဆုိရဲ့အလယ္ပိုင္းနဲ႔ အေနာက္ဘက္စြန္းပိုင္းေတြကေနစီးဆင္းေနတဲ့ Black Volta( Mouhoun)၊ Red Volta(Nazionon) ၊ White Volta(Nakanbe) အမည္ရတဲ့ ျမစ္(၃)စင္းအထိပါဝင္ေနတဲ့ နိုင္ငံရဲ့အၾကီးဆံုးေသာျမစ္ဝွမ္းေဒသျဖစ္ပါတယ္။ ဘူရ္ကီးနားဖာဆုိနိုင္ငံတြင္းမွာဆိုရင္ ေတာ့အမ်ိဳးသားဥယ်ာဥ္ေပါင္း(၄)ခု၊ယူနက္စကိုရဲ့ဇီဝအဝန္းနယ္ေျမ(၁)ခု၊သစ္ေတာၾကိဳးဝိုင္း(၃)၊တစ္ပိုင္းတစ္စသစ္ေတာနယ္ေျမ(၆)ခု၊သဘာဝေဘးမဲ့ေတာ(၁၀)ခုအထိကိုရွိ ေနပါတယ္။
Arli အမ်ိဳးသားဥယ်ာဥ္ကိုေတာ့ Arly လို႔ပဲ လူသိမ်ားၾကျပီး ဘူရ္ကီးနားဖာဆုိနိုင္ငံေတာင္ဘက္စြန္းပိုင္းမွာတည္ရွိပါတယ္။ Arli အမ်ိဳးသားဥယ်ာဥ္ဟာဘီနင္ရဲ့ေတာင္ဘက္ပိုင္းမွာရွိတဲ့ Pendjari အမ်ိဳးသားဥယ်ာဥ္နဲ႔အေနာက္ဘက္မွာရွိတဲ့ Singou Reserve တို႔နဲ႔ကပ္ လ်က္မွာတည္ရွိေနတာလည္းျဖစ္ပါတယ္။ Arli အမ်ိဳးသားဥယ်ာဥ္အတြင္းမွာေတာ့ဆင္ေကာင္ေရ(၂၀၀)၊ ေရျမင္းေကာင္ေရ(၂၀၀)နဲ႔ျခေသၤေကာင္ေရ(၁၀၀)အထိကို ေမြးျမဴထားရွိပါတယ္။ ဒါအျပင္ရွားပါးအာဖရိက ကြ်ဲရိုင္းေတြ၊ ဘာဘြန္းေမ်ာက္မ်ိဳးႏြယ္နဲ႔ ေမ်ာက္မ်ိဳးစိတ္မ်ားစြာ၊ ေတာဝက္ေတြနဲ႔ hartebeest ၊ waterbuck တို႔လို ရွားပါးေတာဆိတ္ႏြယ္ဝင္မ်ားစြာဟာလည္း ရွင္သန္က်က္စားလ်က္ရိွေနပါတယ္။
Nazingga Reserve ဟာဆိုရင္အာဖရိကတိုက္အေနာက္ပိုင္းရ့ဲ့အၾကီးဆံုးေသာ ဆင္ေဘးမဲ့ေတာၾကီးျဖစ္ျပီး ယဥ္ပါးေအာင္သင္ၾကားေပးရတဲ့ဆင္မ်ားစြာသာမက ေတာဆင္ရိုင္းမ်ားစြာရွိေနတဲ့ေနရာျဖစ္ပါတယ္။ ဘူရ္ကီးနားဖာဆုိနိုင္ငံ ရဲ့အလွပဆံုးေသာေရေျမသဘာ ဝဧရိယာအတြင္းမွာဆိုရင္ Nazingga Reserve ဟာတစ္ခုအပါအဝင္ျဖစ္ျပီး ၿမိဳ႕ေတာ္ Ouagadougou နဲ႔ အလွမ္းမေဝးလွတဲ့ေနရာမွာ တည္ရွိေနပါတယ္။
ဘူရ္ကီးနားဖာဆုိနိုင္ငံရဲ့အထင္ကရသဘာဝအလွမ်ားစြာတည္ရွိေနရာေနရာကေတာ့ Cascades de Karfiguela (သို႔) Banfora Cascades လို႔သိၾကတဲ့နိုင္ငံရဲ့အေနာက္ ေတာင္အရပ္က Komoe ျမစ္ကမ္းတေလ်ွာက္တည္ရွိေနတဲ့ ေရတံခြန္မ်ားစြာ တည္ရွိရာ နယ္ေျမျဖစ္ပါတယ္။ ယင္းေနရာဟာဆိုရင္ ကမာၻလွည့္ခရီးသည္အမ်ားဆံုးလာေရာက္ေလ့ရွိတဲ့ ေနရာလည္းျဖစ္ပါတယ္။
Sindou ျမိဳ႕အနီးမွာရွိတဲ့ေက်ာက္ေတာင္ၾကီးေတြဟာဆိုရင္လည္း ဘူရ္ကီးနားဖာဆုိ နိုင္ငံရဲ့သေကၤတ အမွတ္အသားအျဖစ္ တည္ရွိေနၾကပါတယ္။ လြန္ခဲ့တဲ့နွစ္သန္းေပါင္း မ်ားစြာကာလေတြမွာေတာ့ ယခုခ်ိန္အထိျမင္ေတြ႔နိုင္တဲ့အညိဳေရာင္ကေတာ့သ႑န္ သဲေက်ာက္ေတာင္ေတြဟာ ပင္လယ္ေရေအာက္ကေတာင္ေတြျဖစ္ခဲ့ျပီး ရာသီဥတုရဲ့ ျပဳျပင္ဖန္တီးမႈေတြကေန ေဒသတြင္းေတာင္တန္းေတြနဲ႔ ကြဲျပားတဲ့ပံုသ႑န္ေတြျဖစ္လာခဲ့ပါတယ္။
ဘူရ္ကီးနားဖာဆုိ ေတာင္ဘက္စြန္းမွာတည္ရွိတဲ့ Loropeni ျမိဳ႕အနီးက ေရွးေဟာင္းသမိုင္းဝင္နယ္ေျမျဖစ္တဲ့ ruins of Loropeni (ခံတပ္ေဟာင္းမ်ား)ဟာဆိုရင္လည္းနိုင္ငံရဲ့ယဥ္ေက်းမႈသမိုင္းဆိုင္ရာ အဓိကနယ္ေျမျဖစ္ပါတယ္။ ယင္းနယ္ေျမဟာဆိုရင္(၂၀၀၉)ခုနွစ္ ကာလကေနစတင္ျပီး ယူနက္စကိုရဲ့ကမာၻအေမြအနွစ္ထိန္းသိမ္းေစာင့္ေရွာက္ေရးနယ္ေျမတစ္ခုျဖစ္လာခဲ့ကာ (၁၁၉၈၀၀)စတုရန္းေပက်ယ္ဝန္းပါတယ္။ ေက်ာက္သားနံရံ ေတြနဲ႔တည္ေဆာက္ထားရွိတဲ့ ခံတပ္ေဟာင္းေတြျဖစ္ျပီး ယင္းနယ္ေျမအတြင္းမွာေတာ့ ေရွးေဟာင္းခံတပ္(၁၀)ခုေလာက္အထိကို အစိုးရကထိန္းသိမ္းေစာင့္ေရွာက္မႈေတြ ျပဳလုပ္ေပးေနတာကိုေတြ႔ရပါတယ္။
ဘူရ္ကီးနားဖာဆုိနိုင္ငံရဲ့ခရစ္ယာန္ဘာသာဝင္ေတြအတြက္ အေလးအျမတ္အထားဆံုး ဘုရားေက်ာင္းကေတာ့ Ouagadougou ဂိုဏ္းခ်ဳပ္ဘုန္းေတာ္ၾကီးအုပ္ခ်ုဳပ္နယ္ရာနယ္ ေျမအတြင္းပါဝင္ေနတဲ့ Ouagadougou Cathedral ျဖစ္ပါတယ္။ ယင္းခရစ္ယာန္ဘုရား ရွိခိုးေက်ာင္းၾကီးကိုေတာ့ (၁၉၃၀)ခုနွစ္က ျပင္သစ္သာသနာ့ျပဳဆရာေတာ္ Joanny Thevenoud က ဦးစီးတည္ေဆာက္ခဲ့ျပီး (၁၉၃၆)ခုနွစ္၊ဇန္နဝါရီ(၁၉)ရက္ေန႔ကလည္း (၂)နွစ္ၾကာျမင့္ေအာင္ အၾကီးစားျပန္လည္တည္ေဆာက္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။
သမိုင္းပညာရွင္ေတြရဲ့မွတ္တမ္းေတြမွာေတာ့ ယေန႔ ဘူရ္ကီးနားဖာဆုိနိုင္ငံရဲ့အေနာက္ ေျမာက္ဘက္ပိုင္းေဒသေတြမွာဆိုရင္ ဘီစီ(၁၄၀၀၀)ကေန (၅၀၀၀)ၾကားကာလေတြကတည္းက စုေပါင္းအမဲလိုက္ေနထိုင္ၾကတဲ့လူသားမ်ိဳးႏြယ္စုမ်ားစြာေနထိုင္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ေအဒီ(၃)ရာစုကေန (၁၃)ရာစု (သတၳဳေခတ္ကာလ)ေတြမွာဆိုရင္လည္း ယခု ဘူရ္ကီးနားဖာဆုိ အေရွေတာင္ဘက္စြန္းပိုင္းနဲ႔နိုင္ဂ်ာနိုင္ငံ အေနာက္ေတာင္ဘက္စြန္း ပိုင္းေဒသေတြဟာ သမိုင္းနဲ႔ ယဥ္ေက်းမႈဆိုင္ရာအခ်က္အခ်ာနယ္ေျမေတြျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။
ဘူရ္ကီးနားဖာဆုိနိုင္ငံဟာ တိုင္းရင္းသားလူမ်ိဳးစုမ်ားစြာ ေပါင္းစည္းေနထိုင္ရာေနရာျဖစ္ ျပီး အမ်ားစုကေတာ့ (၈)ရာစုကေန(၁၅)ရာစုအၾကားကာလေတြက ေဒသအသီးသီးက ေနေျပာင္းေရြေနထိုင္လာခဲ့တဲ့ Mossi ၊ Fual နဲ႔ Dyula မ်ိဳးႏြယ္စုေတြပဲျဖစ္ပါတယ္။ (၁၅)ရာစုကေနစတင္ျပီးေဒသတြင္းလွည့္လည္နယ္ေျမသိမ္းပိုက္သူေတြျဖစ္တဲ့ Gurmanche ေတြက ဘူရ္ကီးနားဖာဆုိနိုင္ငံအေရွပိုင္း၊ Fulbe မ်ိဳးနြယ္စုေတြနဲ႔ Tuareg ေတြက နိုင္ငံရဲ့ေျမာက္ပိုင္းနဲ႔ Mossi ေတြကနိုင္ငံရဲ့ဗဟိုရပ္ဝန္းေဒသေတြမွာနယ္ေျမအသီးသီးကို သိမ္းသြင္းျပီးမင္းနိုင္ငံေတာ္ေတြအျဖစ္တည္ေထာင္ခဲ့ၾကပါတယ္။
ယင္းမင္းနိုင္ငံေတြအနက္က Mossi ေတြဟာ အင္အားသာလြန္ခဲ့ျပီး Moro Naba (Great lord) လက္ထက္မွာေတာ့ နိုင္ငံအာဏာဟာေဒသတြင္း အျမင့္ဆံုးေရာက္ရွိသြားခဲ့ကာ ေဒသတြင္းနိုင္ငံမ်ားစြာကို သိမ္းသြင္းျပီး ဘူရ္ကီးနားဖာဆုိနုိင္ငံကို တည္ေထာင္ခဲ့ပါတယ္။(၁၈၉၆)ခုနွစ္မွာေတာ့ Moro Naba ဟာ ျပင္သစ္ေတြကိုစစ္ရံႈးခဲ့ျပီးေနာက္မွာေတာ့ နန္းစိုက္ရာဝန္းက်င္ေဒသကလြဲရင္ တနိုင္ငံလံုးဟာျပင္သစ္ေတြရဲ့ထိန္းခ်ဳပ္မႈ ေအာက္ကို က်ေရာက္သြားခဲ့ပါေတာ့တယ္။ ျပင္သစ္ေတြဟာ ဘူရ္ကီးနားဖာဆုိတစ္နိုင္ငံလံုးကို သိမ္းပိုက္ခဲ့ေပမဲ့ ေဒသႏၱရ အုပ္္ခ်ုဳပ္ေရးကိုေတာ့ ေဒသလူမ်ိဳးစုေခါင္းေဆာင္ေတြ ကိုပဲ ဆက္လက္တာဝန္ေပးခဲ့ပါတယ္။
(၂၀)ရာစုပထမအေစာပိုင္းကာလေတြမွာဆိုရင္ ျပင္သစ္ေတြဟာ ဘူရ္ကီးနားဖာဆုိနိုင္ငံ အျပင္ ေနာက္ထပ္အာဖရိကနိုင္ငံအေတာ္မ်ားမ်ားကို ကိုလိုနီျပဳခဲ့ၾကပါတယ္။ ယေန႔ ဘူရ္ကီးနားဖာဆုိနိုင္ငံရဲ့မူလအမည္ကေတာ့ Upper Voita(ဗိုတာျမစ္အထက္ပိုင္း)ေဒသ ျဖစ္ျပီးယင္းအမည္ကိုေတာ့ျပင္သစ္ေတြက သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။ Upper Volta သမၼတနိုင္ငံဟာ (၁၉၆၀)ျပည့္နွစ္မွာေတာ့ ျပင္သစ္ေတြဆီကေန လြတ္လပ္ေရးရယူနိုင္ခဲ့ပါတယ္။
မူလက Upper Volta သမၼတနိုင္ငံကေန ဘူရ္ကီးနားဖာဆုိနိုင္ငံဆိုတဲ့အမည္ ကို(၁၉၈၄)ခုနွစ္၊ၾသဂုတ္လ(၄)ရက္ေန႔မွာ သမၼတ Thomas Sankara ကေျပာင္းလဲေပးခဲ့ပါတယ္။ Burkina ဆိုတာကေတာ့ ေဒသခံ Mossi ေတြရဲ့ဘာသာစကားကေနလာျပီး ရိုးသားေသာျပည္သူေတြ လို႔ဆိုပါတယ္၊ Faso ဆိုတဲ့အမည္ကေတာ့ Dyulaဘာသာစကားကေနလာျပီး အဖနိုင္ငံေတာ္လို႔အဓိပၸါယ္ရပါတယ္။ ဘူရ္ကီးနားဖာဆုိနိုင္ငံ ဆိုတဲ့အမည္ကေတာ့ ရိုးသားတဲ့ျပည္သူမ်ားရဲ့နိုင္ငံေတာ္လို႔ ဘူရ္ကီးနားဖာဆုိတိုင္းရင္းသားဘာသာစကားနဲ ႔ညႊန္းဆိုရမွာျဖစ္ပါတယ္။
ဘူရ္ကီးနားဖာဆုိႏုိင္ငံဟာ ကမာၻအဆင္းရဲဆံုးနိုင္ငံစာရင္းမွာပါဝင္ေနတာျဖစ္ျပီး နိုင္ငံလူဦးေရရဲ့ (၄၄)ရာခို္င္နႈန္းေလာက္ဟာ ကမာၻကသတ္ မွတ္ထားတဲ့ ဆင္းရဲမႈအညႊန္းကိန္းေအာက္ကိုက်ေရာက္ေနတယ္လို႔လည္းသိရပါတယ္။ ဘူရ္ကီးနားဖာဆုိဟာဆိုရင္အာဖရိကတိုက္ရဲ့အၾကီးဆံုးေသာ ဝါဂြမ္းထုတ္လုပ္ရာနိုင္ငံအျဖစ္ ရပ္တည္ေနၿပီး ေဒသခံလယ္သမားေတြကေတာ့ ေဒသထြက္ ဝါကို white gold အျဖစ္ ေတာင္မွတ္ယူၾကပါတယ္။
အမွန္လည္း ဝါဂြမ္းထုတ္လုပ္ေရာင္းခ်မႈဟာ ဘူရ္ကီးနားဖာဆုိ ရဲ့အဓိကစီးပြားေရးလုပ္ငန္းျဖစ္ျပီး ဝါစိုက္ပ်ိုဳးေရာင္းခ်မႈကေန တစ္နွစ္ကိုအေမရိကန္ေဒၚ လာသန္း(၂၀၀)ေလာက္အထိ ဝင္ေငြရရွိေနတာလည္းျဖစ္ပါတယ္။ အျခားစီးပြားေရးလုပ္ငန္းေတြ အေနနဲ႔ အေဖ်ာ္ယမကာ ၊ စုိက္ပ်ဳိးေရး ၊ ဆပ္ျပာ ၊ စီးကရက္ ၊ ခ်ည္မွ်င္ နဲ႔ ေရႊတူးေဖာ္ေရး စတဲ့လုပ္ငန္းေတြကို လုပ္ကုိင္ၾကပါတယ္။ ၂၀၁၉ ခုနွစ္ ကမာၻ႔ဘဏ္ရဲ႕ စာရင္းအရ ဘူရ္ကီးနားဖာဆုိ ႏုိင္ငံသားတဦးရဲ႕ ႏွစ္စဥ္ပ်မ္းမွ်၀င္ေငြဟာ အေမရိကန္ေဒၚလာ ၇၇၅ ခန္႔သာ ရွိေနပါတယ္။ ေငြေၾကးစနစ္အေနနဲ႔ အေနာက္အာဖရိကဖရန္႔(XOF) ကို သုံးစြဲၿပီး အေမရိကန္ ၁ေဒၚလာဟာ 577.78 XOF နဲ႔ ညီမွ်ပါတယ္။
ခ်ဳိ႔တဲ့တဲ့ ႏုိင္ငံျဖစ္တာနဲ႔ အညီ အလြန္နိမ့္က်တဲ့ က်န္းမာေရးစနစ္ကိုလည္း ပုိင္ဆုိင္ထားပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေတြက စာရင္းေတြအရ ဒီႏုိင္ငံ လူဦးေရ ၁သိန္းမွာ ဆရာ၀န္ ၁၀ ေယာက္ ၊ သူနာျပဳ ၄၁ ေယာက္ နဲ႔ သားဖြားဆရာမ ၁၃ ေယာက္ သာ ရွိပါတယ္။ ဒလူဦးေရ နဲ႔ က်န္းမာေရး၀န္ထမ္းေလာက္ငွမႈ မရွိတာေၾကာင့္ ကေလး အေယာက္ ၁၀၀၀ ေမြးဖြားရင္ ၇၆ ေယာက္ခန္႔ တိမ္းပါးေလ့ရွိပါတယ္။ ဒီဘက္ႏွစ္ေတြမွာေတာ့ အနည္းငယ္တုိးတက္လာမႈေတြရွိေပမယ့္ ဒီႏုိင္ငံမွာ ေနထုိင္သူေတြရဲ႕ ပ်မ္းမွ်သက္တမ္းဟာ အႏွစ္ ၆၀ ခန္႔သာ အသက္ရွည္ပါေတာ့တယ္။ ပညာေရးအေနနဲ႔လည္း နိမ့္က်လ်က္ရွိၿပီး အရြယ္ေရာက္ၿပီးသူ စာတတ္ေျမာက္ႏႈန္းဟာ ၄၁.၂% သာ ရွိပါတယ္။
ဘူရ္ကီးနားဖာဆုိနိုင္ငံအတြင္းမွာေတာ့ နို႔တိုက္သတၱဝါမ်ိဳးစိတ္(၁၄၇)မ်ဳိး၊ ကုန္းေနေရေနသတၱဝါမ်ိဳးစိတ္(၃၃၀)၊ ငါးမ်ိဳးစိတ္(၁၂၁)မ်ဳိး နဲ႔ ကြဲျပားတဲ့အပင္မ်ိဳးစိတ္ေပါင္း(၂၀၆၇)အထိရွိေနတယ္လို႔ သိရပါတယ္။ ဘူရ္ကီးနားဖာဆုိဟာ အေနာက္အာဖရိကတိုက္ရဲ့ သားရဲတိရစာၦန္နဲ႔ အပင္မ်ိဳးစိတ္ကြဲျပားျခားနားမႈမ်ားစြာတည္ရွိေနတဲ့ သီးသန္႔နယ္ေျမေတြအနက္ကတစ္ခုျဖစ္ၿပီး ဆင္၊ ေရျမင္း၊ ကြ်ဲရိုင္း၊ ေမ်ာက္၊ျခေသၤ့၊ မိေက်ာင္း၊ ဖြတ္မ်ိဳးစိတ္ မ်ိဳးစံု၊ငွက္နဲ ႔ရွားပါးအင္းဆက္မ်ိဳးစိတ္မ်ားစြာဟာ သစ္ေတာနယ္ေျမေတြထဲမွာ သဘာဝအတိုင္းရွင္သန္က်က္စားေနၾကပါတယ္။
ဘူရ္ကီးနားဖာဆုိ ႏုိင္ငံရဲ႕ အလံမွာေတာ့ အေပၚဘက္က အနီေရာင္ ၊ ေအာက္ဘက္က အစိမ္းေရာင္ တျခမ္းစီပါ၀င္ေနၿပီး အလယ္ေခါင္တည့္တည့္မွာေတာ့ အ၀ါေရာင္ ငါးေထာင့္ၾကယ္ ပါရွိပါတယ္။ အနီေရာင္က ေတာ္လွန္ေရးကို ကုိယ္စားၿပဳၿပီး ၊ အစိမ္းေရာင္ကေတာ့ စုိက္ပ်ဳိးေျမ နဲ႔ သဘာ၀ရင္းျမစ္ၾကြယ္၀မႈကို ကုိယ္စားျပဳပါတယ္။ အ၀ါေရာင္ ငါးေထာင့္ၾကယ္ကေတာ့ ေတာ္လွန္ေရးအတြက္ လမ္းညႊန္ျပခဲ့တယ္ ဆုိတဲ့ အဓိပၸါယ္ပါ။
ဘူရ္ကီးနားဖာဆုိနိုင္ငံလူဦးေရရဲ့(၆၀.၅)ရာခိုင္နႈန္းေလာက္ဟာ အစၥလာမ္ဘာသာဝင္ေတြ ျဖစ္ၾကပါတယ္။ ခရစ္ယာန္ဘာသာကိုးကြယ္သူ (၂၃.၂)ရာခိုင္နႈန္း၊ မိရိုးဖလာနတ္ကိုး ကြယ္သူ (၁၅.၃)ရာခိုင္နႈန္းနဲ႔ ဘာသာမဲ့(၁)ရာခိုင္နႈန္းခန္႔ ရွိေနပါတယ္။ ဘူရ္ကီးနားဖာဆုိရဲ့ရုိးရာအစဥ္လာကိုးကြယ္ယံုၾကည္မႈကေတာ့ မိေက်ာင္းေတြဟာ လူသားေတြရဲ့စိတ္ဝိညာဥ္နဲ႔အတူတူပဲျဖစ္တယ္ဆိုတဲ့အခ်က္ျဖစ္ျပီး မိေက်ာင္းကလူေယာင္ဖန္ဆင္းျပီးအမ်ားအက်ိဳးအတြက္ ေဆာင္ရြက္သြားတယ္ဆိုတဲ့ ဒ႑ာရီပံုျပင္ေပါင္းမ်ားစြာရွိေနပါတယ္။ Bazoule ဆုိတဲ့ ရြာမွာဆုိရင္ ရြာသားေတြဟာ မိေက်ာင္းေတြနဲ႔ တရင္းတႏွီးေနေလ့ရွိၿပီး ဒီဓေလ့ေၾကာင့္ ဒီေနရာဟာ ကမာၻလွည့္ခရီးသည္ေတြ တကူးတက သြားေရာက္လည္ပတ္ေလ့ ရွိတဲ့ ေနရာတခု ျဖစ္လာခဲ့ပါတယ္။
Discussion about this post