Written By Venerable Ghosaka
၁)
‘ဟေ ! ဇောတိက … မင်းတပည့်တွေနဲ့ ငါကို စစ်ထိုးခိုင်းပြီး မင်းက ဘုရားကျောင်းမှာ ရှောင်တိမ်းနေတာပေါ့ ဟုတ်လား’
‘မင်းကြီး ဘာကိုဆိုလိုတာလဲ ကျနော်မျိုးနားမလည်ပါ’
‘မင့် အိမ်က စစ်သည်တော်များ ထိုးစစ်ဆင်လို့ ငါ့ရဲ့စစ်သည်တော်တွေ တစ်ကွဲတစ်ပြားစီးဖြစ်ကာ ကစင်ကလျား ထွက်ပြေးကြရတယ်။ ငါတောင် စစ်သည်များနှင့် ကွဲသွာလို့ ခု ဝေဠူဝန်ကျောင်းကို ရောက်လာတာလေ’
ဗိမ္မိသာရမင်းကြီး၏သား အဇာတသတ်သည် မင်းသားဘဝတည်းက ဖခင်နှင့်အတူ ဇောတိက အိမ်ကို လိုက်လည်စဉ်က ဇောတိက ကြွယ်ဝချမ်းသာမူကို သွားရည်ကျခဲ့သည်။ ဇောတိက ပိုင်ဆိုင်မှုများကို သိမ်းပိုက်ရန်ကြံစည်ခဲ့ဖူးသည်။ ဖခင်သတ်ပြီး မင်းဖြစ်လာသော အခါ သူရဲ့ ဖြတ်လမ်း သူဌေးဖြစ် လမ်းစဉ်ကို စတင် အကောင် အထည်ဖော်တော့၏။
တစ်နေ့တွင် စစ်သည်တော် မြောက်များစွာနှင့်အတူ နန်းတော်မှ ထွက်ခဲ့၏။ ဇောတိကအိမ်သို့ရောက်သောအခါ လေးဖက် လေးတန် စစ်သည်တော်ရံပြီး သူကိုယ်တိုင် ဇောတိကအိမ်တွင်းဝင်၍ သိမ်းပိုက်ရန် ကြိုးစားလေ၏။
သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက် အဇာတသတ်မင်းကြီး စစ်သည်တော်တို့ အား ထိပ်လန့် တုန်လှုပ်စေသော ဇောတိက စစ်သည်တော်များ သူတို့ရှေ့မှ ဆီးကာနေသောကြောင့်ဖြစ်၏။
အမှန်တကယ်တော့ ဇောတိကစစ်သည်တော်များဟု ထင်ရသော စစ်သည်တော်များမှာ ဇောတိကအိမ် ပတ္တမြား တံတိုင်း၌ သူတို့ရဲ့ အရိပ်များ ထင်ဟပ်နေခြင်းဖြစ်၏။ အဇာတသတ်နှင့် စစ်သည်တော်များမှာ ဇောတိကရဲ့ ဘုန်းတန်ခိုးကြောင်း နဂိုကတည်းကပင် ကြောက်လန့်နေသူများဖြစ်၏။ စစ်ဦးစီးများလည်း မင်းကြီးရဲ့ဆန္ဒကို မလွန်ဆန်းနိုင်၍ စစ်ချီခြင်းဖြစ်၏ ၊ ပြည်သူ၏ ပိုင်ဆိုင်မှုကို အဓမ္မသိမ်းပိုက်သော အလုပ်ကို ရွံရှာသူများ လည်းဖြစ်၏။ ဒေဝဒတ်နှင့်လူပေါင်းမှားသော အဇာတသတ်တစ်ယောက် ထင်းရာစိုင်းနေသည်ကို သဘောမကျလှ။
ပတ္တမြား တံတိုင်းတွင် ထင်ဟပ်နေသော စစ်သည်တော်များကို မြင်လျှင် အဇာတသတ်စစ်သည်တော်များ ရှေ့ မတိုးဝံ့တော့ပဲ ခပ်လှမ်းလှမ်းသို့ ဆုတ်ခွါသွားကြသည်။ ထိုစဉ်တွင် တံခါးမုဒ်စောင့်သော နတ်ဘီလူးများ က ကြောက်မက်ဖွယ် အသွင်ဖြင့် ခြိမ်းခြောက်ရာ မင်းနှင့်တကွ စစ်သည်တော်များ ဆုတ်ခွာ ထွက်ပြေးကြလေ၏။
ဇောတိက ဤအကြောင်းကို လုံးဝမသိ။ နံက် စောစောကပင် ဥပုသ်စောင့် တရားနာရန် ရန် ဘုရားကျောင်းကို တစ်ယောက်တည်း ရောက်နေခြင်းဖြစ်၏။
**************
‘အရှင်မင်းကြီးက .. အဘယ်ကြောင့် ကျနော်မျိုးအိမ်ကို စစ်ချီရတာလဲ’
‘မင်းရဲ့ ကြီးကျယ်ခန့်ငြားတဲ့ နေအိမ် ဗိမာန်ကို သိမ်းပိုက်မလို့
‘ေဩာ်…ဒီလိုလား..
ကျနော်မျိုးနေအိမ်ကို အရှင်းမင်းကြီးကဲ့သော မင်းပေါင်းတစ်ရာ လာရောက် သိမ်းပိုက်သော် လည်းမရနိုင်ပါဘူး’
‘အောင်မာ…
မင်းက ဘာမလို့လဲ ‘ ဟုဆိုကာ ဒေါသထွက်သွား၏။
‘ကဲ..ကဲ…ဒါဆို အရှင်မင်းကြီးမယုံလျှင် ကျနော်မျိုးလက်စွပ်များကို အရင်အစမ်းချွတ်ကြည့်ပါဦး’
အဇာတတသတ်မင်းကြီးစွမ်းအားကား သာမန်လူသားထက် အစများစွာ ကြီးမား၏ ထိုင်ခုန်လျှင် (၁၈) တောင်၊ ရပ်ခုန်လျှင် အတောင် (၈၀) မြင်အောင်ခုန်နိုင်၏။ ဤမျှ ခွန်အား ဗလကောင်းသော မင်းကြီး အစွမ်းကုန် ဇောတိက လက်မှ လက်စွပ်များကို ချွေတီတီကျအောင် ချွတ်သော်လည်း ကျွတ်မကျပါ။
ထိုအခါ ဇောတိကက…. “အရှင်မင်းကြီး၏ ဝတ်လဲတော်ကို ဖြန့်ပေးပါ”
ဟုဆိုကာ သူ့လက်ချောင်းလေးများကို အောက်စိုက်လိုက်ရာ အကွင်း ၂၀-သောလက်စွပ်တို့ဟာ အလိုလို ကျွတ်ကျလာ၏။
ဇောတိကရဲ့ ဘုန်းကံကို လက်တွေ့မြင်လိုက်ရသော အဇာတ်တသတ်မင်း စကားတစ်ခွန်းမျှ မဟနိုင်တော့ပဲ တအံ့တဩဖြစ်ရလေ၏။
၂) ဇောတိက ပစ္စုပ္ပန်အကြောင်း
ဇောတိကသူဌေးလောင်းသည် ဂေါတမမြတ်စွာဘုရား လက်ထက်၌ ရာဇဂြိုဟ်ပြည် သူဌေးတစ်ဦးအိမ်မှာ ပဋိသန္ဓေနေ၏။ သူ့ကိုမွေးဖွာသောအချိန်တွင် အိမ်သူအိမ်သားများ ဝတ်ဆင်သော ရတနားများ အလိုလို အရောင် တောင်ပြောင်လာခြင်းကို အကြောင်းပြုလို့ “ဇောတိက”ဟု အမည်တွင်းခြင်းဖြစ်၏။
ဇောတိက အရွယ်ရောက်လာတော့ ဖခင်ဖြစ်သူက
ဆောက်လုပ်ရေးသမားများကို ခေါ်ကာ သားနေထိုင်ရန် အိမ်ဆောက်လုပ်စေ၏။ ထိုအခါ သကြားမင်းကိုယ်တိုင် ဆင်းလာ၍ ဇောတိကနေဖို့ အလွန်ဆန်းပြား ခန့်ငြား ထည်ဝါသော အိမ်ဂေဟာကြီကို ဆောက်လုပ်လေတော့၏။
ညီညာ ပြန့်ပြူးသော မြေမှာ ဘုံခုနစ်ဆင့်ရှိသော အိမ်းကိုဆောက်၏။ အတွင်းအပြင် နံရံတို့မှာ ရတနာ ခုနစ်ပါးဖြင့်ပြီးသော ရတနာတို့ဖြင့် စီခြယ်မွန်းမံထား၍ အရောက် တဖိတ်ဖိတ်တောက်ပြောင်နေ၏။ အိမ်ကို တံတိုင်း ခုနစ်ထပ်ကာရံကာ သူနေ့ရာနှင့်သူ ဥယျာဉ် ၊ ရေကန်၊ ပန်းမာလာပင်းများ လှပစွာစိုက်ပျိုးထား၏။ အိမ်၏ထောင့်လေ့ထောင်တွင် ဇောတိက ဘုန်းတံခိုး ကြောင့် ရွှေအိုးကြီးလေးလုံး အလိုအလျှောက်ပေါ်လာ၏။ ထို့အပြင် တံတိုင်း ခုနစ်ကြားမှာ သီးမျိုးစုံ ပဒေသာပင်များ၊ တံခါမုဒ် ခုနစ်ထပ်တို့၌ အစောင့်အရှောက်များလည်း ပေါ်ပေါက်လာကြ၏။
ဖခင်ကြီးသည် ဤမျှခန့်ငြားထယ်ဝါသော အိမ်ကြီးကို မြင်လိုက်ရသောအခါ ၊ ဝမ်းသာအားရ သားလေး ဇောတိကအား ခေါ်ပြပြီးနောက် မြောက်ကျွန်းသူ အတုလကာရီနှင့် လက်ထပ် ထိမ်းမြား ပေးလိုက်သည်။
မြောက်ကျွန်းသူ အတုလကာရီအမျိုးသမီးကလည်း ဘဝဟောင်းမှ ဇောတိက၏ ပါရမီဖြည့်ဖတ်ဖြစ်၏။ ထို့ကြောင့်ပင် သူမကို နတ်တန်ခိုးဖြင့်ယူဆောင်လာခြင်းဖြစ်၏။ သူမနဲ့အတူ ဆန်တစ်စလယ်နှင့် ပတ္တမြား ဖိုခနောက် သုံးလုံးပါ ယူလာခဲ့သည်။ ထူးခြားချက်မှာ…ထမင်း၊ဟင်း ချက်လိုသည့်အခါ ပတ္တမြား ဖိုခနောက် ပေါ် တင်လိုက်တာနဲ့ အချိန်အနည်းငယ်တွင် ကျက်သွားသည်။ သူမယူဆောင်လာသော ဆန်းတစ်စလယ်ကား အကြိမ်မည်းမျှပင် ချက်သော်လည်း ကုန်းသွားခြင်းမရှိပေ။
ဇောတိက သူဌေးလေး၏ ချမ်းသာကြွယ်ဝမှု ဂုဏ်သတင်းမှာ ကျော်ကြား၍ တစ်နေ့နှင့်တစ်နေ့ လာရောက် ကြည့်ရှုသူများ ၊ တိုးပွားလာ၏။ ဇောတိကသည် ထိုသူတို့အား ဧည့်ခံကျွေးမွေး၍ ထိုက်သည်အား လျှော်စွာ ရွှေ၊ ငွေ ၊အဝတ်အစား လက်ဆောင်များကိုလည်း ပေးကမ်းလှူဒါန်းလေ့ရှိ၏။ ယင်းသို့ ပေးကမ်းသော်လည်း ပစ္စည်းဥစ္စာများမှာ ကုန်းသွားသည်မရှိ ၊ တစ်နေ့ထက် တစ်နေ့ တိုးပွား၍သာ လာ၏။
ဗိမ္ဗိသာရမင်းကြီး လာရောက်လည်ပတ်ခြင်း
ဇောတိကဂုဏ်သတင်း ကျော်ဇောခြင်းကြောင့် မင်းကြီးကိုယ်တိုင်း လည်ပတ်လာ၏။ မင်းကြီးအား ခရီးဦး ကြိုဆို အိမ်းတွင်းကို လှည်လယ်ပြခိုင် ပတ္တမြားကျောက်တို့ဖြင့် ခင်းထားသော အခန်းတစ်ခုသို့ရောက်သွား၏။ မင်းကြီးသည် အောက်သို့ တိုးယိုပေါက်မြင်းရ၍ အလွန်နက်သော
ချောက်ကြီးထင်းမှတ်ကာ ခြေတွန့်
ဆုတ်သွားခဲ့သည်။ဇောတိကမှ ခြောက်မဟုတ်ကြောင်း ဦးဆောင်ရှေ့မှ ခေါ်ဆောင်သွားမှ မင်းကြီးလည်း နောက်မှ လိုက်သွားဝံ့တော့သည်။
အိမ်းတွင်း လှည်လယ်ကြည့် ရှု့ပြီး ဧည့်ခံကျွေးမွေးသော အခါ ဇောတိ၏ သလေးထမင်းမှာ စားကောင်းလွန်း၍ ၊ မင်းကြီးမှာ မရောင့်ရဲ့မတင်းတိမ်ဖြစ်နေသည်။ ထိုအချင်းအရာကို အကဲခတ်မိသော ဇောတိကက မင်းကြီးအား အစားကြူးကာ ဥပါဒ်ဖြစ်မှာ စိုးသောကြောင့် ” အရှင်မင်းကြီး မျှတရုံသာ စားပါ” ဟု တားယူရသည်။
ထမင်းစားပြီး စကားပြောနေစဉ်တွင် ဇနီးအတုလကာရီမှ မင်းကြီးအား ယပ်ခပ်ပေးနေ၏။ ထိုအခိုက် အတုလကာရီမှာ မျက်ရည်များ ယိုကျလာ၏။
ဒီတော့ မင်းကြီးက..
‘ဇောတိက မင့်ဇနီးက မင်းတို့ပိုင်ဆိုင်မှုတွေကို မင်းဘဏ္ဍာအဖြစ် သိမ်းပိုက်မှာ စိုးလို့ မျက်ရည်ကျတာလား’
‘မဟုတ်ပါမင်းကြီး.. ‘
ကျနော်ဇနီးက ဆီးမီးရောင်ကို မမြင်ဖူးဘူး။ ပတ္တမြားရောက်ဖြင့်သာ နေထိုင်သူဖြစ်ပါတယ်။ ဆီးမီးရောင်နဲ့ မင်းကြီးရဲ့ ကိုယ်မှ ထွက်သော အနံ့ကြောင့် မျက်ရည်ကျရတာပါ။
ထို့နောက် မင်းကြီးအားလည်း ပတ္တမြားရောင်ဖြင့် နေရန် သခွားသီးခန့် ပတ္တမြားတစ်လုံးကို လက်ဆောင် ပေးလိုက်၏။ မင်းကြီးလည်း ဇောတိက ကြွယ်ဝမှုကို အံမခန်းဖြစ်ကာ နန်းတော်သို့ ပြန်သွားခဲ့သည်။
၃) ဇောတိက အတိတ်အကြောင်း -၁
ရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ မဟာသာလ၊ စူဠသာလဟုခေါ်သော ညီအစ်ကို နှစ်ယောက်ရှိခဲ့၏။ သူတို့ စီးပွားရေးလုပ်ငန်းကာ ကြံစိုက်ပျိုးရေး လုပ်ငန်းဖြစ်၏။ တစ်နေသ၌ ညီဖြစ်သူက သူတို့စားသုံးရန် ရင့်သော ကြံနှစ် ချောင်းကို ခုတ်ယူလာခဲ့သည်။ ထိုအချိန်က အသီးအပင်းများမှာ အဆီဩဇာပြည့်ဝ၍ ခုခေတ်ကဲ့သို့ ကြံများကို ညှစ်ယူ၊ ကြိတ်ယူစရာမလိုပဲ ခုတ်ဖြတ်ပြီးထောင်လိုက်ရုံဖြင့် ကြံရည်များ ယိုစီးကျသည်ဟု ဆို၏။
ထို့ကြောင့် ကြံရည်များ ယိုမထွက်စေရန် ဖက်ရွက်ဖြင့် ကြံနှစ်ချောင်းကို လုံအောင်ထုပ်ကာ အိမ်သို့ ပြန်လာခဲ့၏။ အပြန်လမ်းခရီးတွင် ပစ္စေကဗုဒ္ဓါကို ဖူးတွေ့ရ၍ ကြည်ညိုစိတ်ဖြစ်ကာ သူ့အပေါ်ရုံကို ဖြန့်ခင်းပြီး ၊ နေရာထိုင်ခင်းပေးကာ အရှင်မြတ်ထံမှ သပိတ်ကိုယူ၍ မိမိအတွက် ကြံရည်များကို ဆက်ကပ်လေ၏။ ပစ္စေကဗုဒ္ဓါသည် တစ်ထိုင်တည်းဖြင့် ကြံရည်များကုန်အောင် ဘုဉ်ပေးသည်ကို ဝမ်းမြောက်ကြည်နူးလို့ အစ်ကို အတွက် ယူလာခဲ့သော ကြံရည်များကိုပါ ထပ်မံ လှူဒါန်းလိုက်သည်။
ညီတော်မောင်က အစ်ကိုအား ဖြစ်ကြောင်းစုံလင်ပြောပြ၍ နှစ်ဦးသာ အလှူဒါနအတွက် ဝမ်းသာကြည်နှုးမှုကြောင့် ထိုနေ့မှစ၍ စီးပွားဥစ္စာများ တိုးပွားလာရလေသည်။
အတိတ်အကြောင်း – ၂
ညီအစ်ကိုနှစ်ယောက် ဤကိုသိုလ်ကောင်းမှုကြောင့် သတ်တမ်းစေ့ သေလွန်သောအခါ နတ်ပြည်၌ နတ်သားများ ဖြစ်ကာ ၊ ဝိပဿီမြတ်စွာဘုရားလက်ထက် ဗန္ဓုမတီပြည် သူကြွယ်အိမ်မှာ ညီးအစ်ကိုနှစ်ယောက် ထပ်ဖြစ်ကြပြန်သည်။
ဗန္ဓုမတီပြည်သို့ မြတ်စွာဘုရား ကြွလာသောအခါ အစ်ကိုကြီးသေနမှာ မြတ်စွာဘုရားတရားနာရ၍ တရားရကာ ပစ္စည်းအားလုံး ညီတော်မောင်အား လွှဲအပ်ကာ ရဟန်းပြု တရားအားထုတ်၍ ရဟန္တာဖြစ်သွားလေသည်။
ညီငယ် အပရာဇိတကတော့ လောကီစည်းစိမ်းများကို မစွန့်လွှတ်နိုင်သေး၍ လူဘဝဖြင့်ပင် ကောင်းမှု ကုသိုလ်များကို ပြုလုပ်ကာ ပါရမီဖြည့်နေ၏။ တစ်နေ့တွင် အစ်ကိုလုပ်သူအား သံသရာ ကျိုးအတွက် ကုသိုလ်ထူးတစ်ခု ထူးထူးခြားခြား လုပ်ချင်သည်ဆို၍ အစ်ကိုဖြစ်သူ အရှင်သေန တိုက်တွန်းမှု ကြောင့် မြတ်စွာဘုရား ဂန္ဓကုဋိ
ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းလေသည်။
ညီငယ်အပရာဇီတသည် ကြီးကျယ်ခန့်ညာသောကျောင်းဆောင်ကို ဆောက်လုပ်၏။ ကျောင်းဆောင်၏ တိုင်၊ အမိုး၊ အကာများကို ရတနာ ခုနစ်ပါးဖြင့် စည်ခြယ်ပြုလုပ်၏။ ကျောင်းပရဝုဏ်ကိုလည်းကောင်းမွန်စွာ ကာရံ၍ ရေးတွင်း၊ ရေကန် သစ်ပင် ၊ပန်းမနတို့ဖြင့် ကြည်နူးဖွယ်တည်ဆောက်ထား၏။
ကျောင်းဆောက်ပြီးသောအခါ ကျောင်းတွင်းမှာ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတို့ဖြင့် နေရာအနှံ့ဖြန့်ခင်ထား၏။ မြတ်စွာဘုရား သီတင်းသုံးမည့်နေရာတွင် ထူခြားစွာ အရောင်ထွက်သော ပတ္တမြားကို ခင်းထား၏။
ရတနာအတိပြီးသော ကျောင်းဆောင် ဆောင်လုပ်ပြီးသော အခါ မြတ်စွာဘုရားနှင့် ရဟန်းတော်များကို ပင်ဖိတ်၏။
နောက်ပါရဟန်းတော်များက ရတနာများကြောင့် ကျောင်းတံခါဝမှာ ရပ်တန့်စဉ် အကြောင်းရိပ်မိသော အပရာဇိတက ဤရတနာများကို တပည့်တော်စောင့်ရှောက်ပါမည်ဟု လျှောက်ထားမှ ကျောင်းတွင်းကို ဝင်တော် မူသည်။
ဤကျောင်းတော်ကြီးမှာ မြတ်စွာဘုရားနှင့်သံဃာတော်များ သီတင်းသုံးစဉ် များစွားသော လူများ လာရောက် ကြည့်ရှုကြလေသည်။ လာရောက်လာသောလူများကိုလည်း တနိုင်စာရတနာများကို ယူဆောင်ခွင့် ပေးထားသည်။
တစ်နေ့တွင် မိစ္ဆာဒိဋ္ဌိ ပုဏ္ဏားတစ်ယောက် မြတ်စွာဘုရားလားရောက်ဖူးမျှော်ဟန်ဖြင့်ကျောင်းသို့လာရောက်ကာမြတ်စွာဘုရားရှေ့ချထားသော အဖိုးတန်ပတ္တမြားကိုယူဆောင်သွားလေသည်။ ဤအကြောင်းကို ကျောင်းဒကာ အပရာဇိတကြားသိရသောအခါ စိတ်မကောင်ဖြစ်၍ မြတ်စွားဘုရားထံ ချဉ်ကပ်ခါ… ” အရှင်ဘုရား ယနေ့မှ စလို့ ဖြစ်လေရာ ဘဝတိုင်းမှာ တပည့်တော်၏ ပစ္စည်းကို မည်သူမျှ ခိုးဝှက်လုယက်၍ မယူနိုင်စေသားဟု ဆုတောင်းလိုက်လေ သည်။ မြတ်စွာဘုရားကလည်း တောင်းတဲ့ ဆုနဲ့ ပြည်စေသားဟု ဆုပေးလိုက်၏။
၅)
ဇောတိက သူဌေးသား ဤကောင်းမှုကြောင့် ဂေါတမမြတ်စွာဘုရားလက်ထက်မှာ သူရဲ့ ပိုင်ဆိုင်မှုများကာ မည်သူမျှ သူ့ဆန္ဒမပါပဲ ခိုယူ၍ မရခြင်းဖြစ်၏။ အဇာတသတ်မင်းကိုယ်တိုင် စစ်ချီသော်လည်း ဘုန်းတန်ခိုး ကြောင့် စစ်သည်များ ရောင်ပြန်ဟပ်ကာ ဆုတ်ခွါထွက်ပြေးရလေသည်။
ပါရမီရှင် ဇောတိကသည် အဇာတသတ်မင်း လုပ်ရပ်ကြောင့် လောကီစည်းစိမ်၏ အန္တရာယ်ကို သိမြင်ကာ ပစ္စည်းများကို စွန့့်ခွါ၍ ရဟန်းပြုခွင့်တောင်းကာ ရဟန်းပြုလေသည်။
ဇောတိကရဟန်းလေး ရဟန္တာဖြစ်သည်နှင့် တပြိုက်နက် သူပိုင်ဆိုင်သော ပစ္စည်းများ ပျောက်ကွယ်သွား၍၊ ဇနီးဖြစ်သူအတုလကာရီကိုလည်း နတ်များက
မြောက်ကျွန်းကို ပြန်လည် ပို့ဆောင်လိုက်လေသည်။
ဗြဟ္မဏဝဂ်၊ ဇောတိကဝတ္ထု ကိုမျှဝေခံစားပါသည်။
**************
မှတ်ဖွယ်။ ။ မိမိတွင် ရှိသော ပိုင်းဆိုင်မှုအားလုံးသည် မိမိပြုခဲ့သော ရှေးကုသိုလ်များကြောင့်ဖြစ်၏။
အခြားလူတွင် ပိုင်ဆိုင်သော လောကီစည်းစိမ်းများသည်လည်း သူတို့၏ ရှေးကုသိုလ်ကံ များကြောင့်ဖြစ်၏။
ရှေးကုသိုလ်ကံများ ကုန်းဆုံးသောအခါ…
အရားအားလုံးသည် ပျောက်ကွယ်သွားတတ်သော သဘောရှိ၏။
ကံကောင်းခြင်းတရားများကို ကြိုးစား အားထုတ်နိုင်ပါစေ။
Discussion about this post