ဆရာတော် ဗောဓိဓမ္မ ( အေဒီ ၅၀၀ခန့်) သည် တရုတ်ပြည်တွင် ချန် ဗုဒ္ဓဘာသာကို စတင်တည်ထောင်ခဲ့သည်။ ဆရာတော် ဗောဓိဓမ္မ (ဇင်ဘာသာတည်ထောင်သူ )သည် ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် အေဒီ ၅ရာစု နှင့် ၆ရာစုကြားတွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြဆရာတော်ဖြစ်သည်။
မဟာယာန ဇင်ဗုဒ္ဓဘာသာ တွင် ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံးဆရာတော် ဖြစ်သည်။ ဆရာတော် ဗောဓိဓမ္မကို အိန္ဒိယနိုင်ငံ မဒရပ်ပြည်နယ် Kanchipuram တွင်မွေးဖွားခဲ့သည်။
ဆရာတော် ဗောဓိဓမ္မ ၏ ဖခမည်းတော်သည် အိန္ဒိယပြည် Kanchipuram Pallava ၏ ဘုရင်Tamil Pallava ဖြစ်သည်။ တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းအနီးရှိ ဂူတစ်ခုတွင် ၉နှစ်ကြာ တရားကျင့်ကြံရင်း နေထိုင်ခဲ့သည်။
ထို့နောက် ရှောင်လင်ကျောင်းတော်သို့ဝင်ရောက်ကာ ကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာကို စံနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည်။ ရှောင်လင်ကျောင်းတော် နှင့် ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ကိုယ်ခံပညာ ဆိုသည်မှာ မိမိ၏ လုံခြုံမှုအတွက် ခုခံကာကွယ်သော နည်းပညာများကိုဆိုလိုသည်။
မဟာယာနဂိုဏ်း သည် တရုတ်၊ ထိုင်ဝမ်၊ တိဘက်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မွန်ဂိုးလီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူ၊ ဘူတန်နိုင်ငံ နှင့် ဂျပန် စသော အရှေ့အာရှတခွင်တွင် ထွန်းကားပြန့်ပွားနေပြီး ၎င်းမှတဆင့် Pure Land၊ ချန်/စီအန်/သီအန်/ဇင်၊ နီချီရန်၊ တိဘက်တန်၊ရှင်ဂုန်နှင့်အခြားဂိုဏ်းများထပ်မံ ကွဲပြားသွားသည်။
ဂျပန် တို့ သည် ဗုဒ္ဓဘာသာကို အမျိုးမျိုး အဖုံဖုံ ပြောင်းလဲခဲ့ကြသည်။ တရုတ်ပြည်မှ လာသော ချန်ဗုဒ္ဓဘာသာ အယူအဆများပေါ်တွင် မူတည်၍ ဂျပန်တို့သည် ဇင်(ဈာန်) ဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲလာခြင်းပင် ဖြစ်သည်။
တရုတ်ပြည်တွင်ဆရာတော် ဗောဓိဓမ္မ ကို၊ ချန်ဗုဒ္ဓဘာသာ( Chán Buddhism) နှင့် ရှောင်လင်၊ ကွန်ဖူးကိုယ်ခံပညာတို့ ၏ ရှေ့ဆောင်ဦးစီးဦးကိုင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။
ဂျပန်ပြည်တွင်ဆရာတော်ဗောဓိဓမ္မ ကို ၊ ဇင်ဗုဒ္ဓဘာသာ နှင့် ဂျပန် ကရာတေး ကိုယ်ခံပညာတို့၏ရှေ့ဆောင်ဦးစီးဦးကိုင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။ ကိုယ်ခံပညာ ဆိုသည်မှာ မိမိ၏ လုံခြုံမှုအတွက် ခုခံကာကွယ်သော နည်းပညာများကိုဆိုလိုသည်
ဂုတ္တမင်းများ မှာ ဟိန္ဒူဘာသာ ဝင်များဖြစ်ကြ ၍ ထိုခေတ် အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ မှာလည်း ဟိန္ဒူဝါဒ နှင့် ညီအကို ဖြစ်နေသည်။ ထေရဝါဒဂိုဏ်း ၌ အဋ္ဌကထာဆရာကြီး အရှင်မဟာ ဗုဒ္ဓဃောသ ပေါ်ထွန်းသည်။
အိန္ဒိယပြည် သား ရဟန်းတော်များသည် တရုတ်ပြည် သို့သာသနာပြုကြွခဲ့ကြ ၍ တရုတ်ရဟန်းတော်များလဲ အိန္ဒိယပြည်သို့ ပညာတော်သင် ကြွခဲ့ ကြသည် ။
တရုတ် ရဟန်း တော်ဖာဟိယန်(သာသနာနှစ် ၉၄၃ ၊ ခရစ် ၃၉၉) )သည် ဂိုဘီ သဲကန္တာရကြီး ကို အဖော်မပါတယောက်တည်း ဖြတ်သန်းခဲ့ ၍ အိန္ဒိယပြည်အရောက် ၆ နှစ်ကြာ ခရီးနှင် ခဲ့သည် ။
အိန္ဒိယပြည်တွင် ၇ နှစ်ကြာပညာသင်ခဲ့ ၍ တရုတ်ပြည် သို့ ပိဋကတ်တော်များ သယ် ဆောင်ခဲ့သည် ။ အင်ဒိုနီးရှား၊ မလေးရှား ၊ ကမ္ဘောဒီးယားတို့တွင် မဟာယန ဗုဒ္ဓသာသနာ ထွန်းကားကြောင်း မှတ်တမ်း တင် ခဲ့သည် ။
အရှင်ကုမာရဇီ၀ တရုတ် ပြည် သို့ကြွရောက် ၍ သာ သနာပြုခဲ့သည်။ သာသနာ့ ဒါယကာ ချင်မင်း ဆက်ပြုတ်၍ မွန်ဂိုမင်း နှင့်တောင်ပိုင်း ဆွန်မင်းများ က ဗုဒ္ဓဘာသာကို ညှဉ်းပန်းနှိပ် ဆက်ကြသည် ။
မွန်ဂိုဘုရင် သည်ဆင်းတုတော်များကို ဖြတ်ဆီး၍ ပိဋကတ် ကျမ်းစာများကို မီးတိုက် သည်။ ဘုန်းကြီးရဟန်းများကို သတ်သည် ၊၊ ပြည်သူလူထု မကြေနပ် သဖြင့် လူထုကို နှစ်သိမ့်စေရန် ပေ ၅၀ မြင့်သောကြေးဆင်းတု ကြီး တဆူသွန်းလုပ်၍ ရွှေချ ပေးသည်။
တစ်မြို့လျှင် ကျောင်းတိုက်တခုဆီ ဆောက်လုပ်၍ ရဟန်း ၅၀ သီလရှင် ၅၀ ပြုခွင့် ပေးပြန်သည် ။ တရုတ်ပြည်တွင် ကျောင်းတိုက်ပေါင်း (၁၃၀၀၀) ရှိ၍ မဟာယာန ဗုဒ္ဓဘာသာရွှေခေတ်ဟု ခေါ် လောက် သည်။
အရှင်ဗောဓိဓမ္မ တရုတ် ပြည် သို့ ကြွ၍ ချန်ဗုဒ္ဓဘာသာ ဂိုဏ်း ကို တည်ထောင်သည်။ ကိုရီးယားပြည် သို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိသည် ။ (၁၁) ရာစုတွင် ဂျပန်နိုင်ငံသို့ ဗုဒ္ဓရုပ်ပွားတော် စတင်ရောက်ရှိသည် ။
မဟာယာန ကို မြောက်ပိုင်းဗုဒ္ဓဘာသာဟု ခေါ်သည်။ ထေရဝါဒ ဂိုဏ်းသည် သီဟိုဠ်မှတဆင့် မြန်မာ၊လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနိုင်ငံ စသော ဒေသများသို့ ပြန့်ပွားသွားခြင်းဖြစ်၍ တောင်ပိုင်းဗုဒ္ဓဘာသာဟုလည်း ခေါ်ဆိုသည်။
တိဘက်ဗုဒ္ဓဘာသာ (Vajrayana ဂိုဏ်း) ကို အချို့က မဟာယန၏ ဂိုဏ်းခွဲဟု သတ်မှတ်သော်လည်း အချို့ကမူ မူလဗုဒ္ဓဘာသာ၏ တတိယမြောက် ဂိုဏ်းကြီးအဖြစ် သတ်မှတ်ကြသည်။ ထို့ပြင် ဗုဒ္ဓဘာသာတွင် အခြားဂိုဏ်းခွဲငယ် အများအပြားရှိသေးသည်။
ဤသို့များရခြင်းသည် ဝါဒနှင့် ဒေသကွာဟချက်များကြောင့် ဖြစ်သည်။
ဂျပန်ပြည်တွင် ဆူမိကို (ဆွိကို) ဘုရင်မကြီးလက်ထက် ရှိုတိုကု တိုင်းရှိ မင်းသားကြီး ၏ ကြိုးပမ်း မှူကြောင့် ဂျပန်တပြည်လုံး မဟာယနဇင်ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသည် ။ ဗုဒ္ဓဘာသာကို အခြေခံ၍ ဂျပန်ပြည် အုပ်ချုပ်ရေး ဥပဒေကိုရေးဆွဲခဲ့လေသည်။
တရုတ်ပြည် ဂျပန်ပြည် ကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာအစ-ဆရာတော် ဗောဓိဓမ္မ
Karate and Buddhism ရှောင်လင်အစ ဆရာတော် ဗောဓိဓမ္မ
True History of Bodhidharma Life ဆရာတော် ဗောဓိဓမ္မ
Discussion about this post