Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဘာမြူဒာတြိဂံလို လူသိမများတဲ့ ဂျပန်ကျွန်းစုနားကနဂါးတြိဂံအကြောင်း

by Thutamm
July 27, 2019
Reading Time: 1min read
0
ဘာမြူဒာတြိဂံလို လူသိမများတဲ့ ဂျပန်ကျွန်းစုနားကနဂါးတြိဂံအကြောင်း
Share on FacebookShare on Twitter

ဘာမြူဒါတြိဂံ ကို ကမ္ဘာပေါ်က အဆန်းကြယ်ဆုံးနေရာတွေထဲက တစ်ခုလို့ အားလုံးသိပြီးဖြစ်မှာပါ။ ဘာမြူဒါတြိဂံလို နာမည်မကြီး လူသိမများပေမယ့် သူ့လိုပဲ ဖြစ်ရပ်ဆန်းတွေနဲ့ အခြားတြိဂံဒေသတွေရှိပါသေးတယ်။

ဒီအထဲက တစ်ခုကတော့ ကမ္ဘာ့သံလိုက်ဆွဲအားအပြင်းထန်ဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ထားတဲ့ နဂါးတြိဂံ (သို့) နတ်ဆိုး ပင်လယ် ဖြစ်ပါတယ်။

ဒီနေရာကတော့ ပစိဖိတ်သမုဒ္ဒရာအတွင်းက ဂျပန်ကမ်းရိုးတန်းအနီးမှာ တည်ရှိပါတယ်။ ဖိလစ်ပိုင်ပင်လယ် Bonin ကျွန်းစု နဲ့ ဂျပန်ကမ်းရိုးတန်းကြားမှာ ရှိတဲ့ တြိဂံတစ်ခုဖြစ်ပါတယ်။

ထူးခြားတာကတော့ ဒီနေရာဟာ ဘာမြူဒါတြိဂံ နဲ့ ဆန့်ကျင်ဘက် လတ္တီကျူ့ တတန်းတည်းမှာ ရှိနေတာဖြစ်ပြီး ရာသီဥတုဖောက်ပြန်တာတွေ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေဖြစ်တာခြင်းလည်း တူညီပါတယ်။

ဂျပန်လူမျိုးတွေကတော့ ဒီနေရာကို ဂျပန်အခေါ်နဲ့ Ma-no-Umi (နတ်ဆိုးရဲ့ပင်လယ်) လို့ခေါ်ကြပါတယ်။

ဒီနေရာမှာလည်း ဘာမြူဒါလိုပဲ လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာတည်းက မဖြေရှင်းနိုင်တဲ့ ထူးခြားဖွယ်ဖြစ်ရပ်တွေ ဖြစ်ခဲ့ဖူးပါတယ်။

တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီအရတော့ ဒီနေရာမှာ ဘီစီ ၁၀ ရာစုတည်းက ရေအောက်နဂါးကြီးတစ်ကောင်ရှိခဲ့ပြီး သူ့ရဲ့ဧရိယာကို ဖြတ်သွားတဲ့ သင်္ဘောနဲ့ သက်ရှိတွေကို ဖျက်ဆီးပြီးရေအောက်သို့ ဆွဲယူသွားတတ်တယ်လို့ ဆိုပါတယ်။

၁၂ရာစု ဝန်းကျင်မှာ မွန်ဂိုဘုရင် ကူဘလိုင်ခန်ရဲ့ စစ်သည် ၄၀၀၀၀ ခန့်ဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး ဂျပန်ကို ကျူးကျော်ဖို့ ကြိုစားခဲ့စဉ်မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သူတို့ပျောက်ဆုံးသွားတဲ့နေရာဟာ နဂါးတြိဂံနေရာဖြစ်တယ် လို့ ဆိုကြပါတယ်။

၁၈ရာစုမှာတော့ ရာသီဥတုပြင်းထန်ပြီး လှိုင်းကြမ်းလွန်းတဲ့ဒီနေရာမှာ အမျိုးသမီးတစ်ယောက်ကို ဖန်အုပ်ဆောင်းပုံစံ ထူးဆန်းတဲ့ယာဉ်တစ်စီးအတူမကြာခဏ တွေ့လေ့ရှိပြီး ဒီအမျိုးသမီးဟာ အသားစွတ်စွတ်ဖြူ အနီရောင်ဆံပင်နဲ့ နားမလည်တဲ့ဘာသာ စကားတွေကို ပြောဆိုနေတတ်တယ်လို့ ဂျပန်ရာဇဝင်တွေက ဆိုပါတယ်။

ဒါတွေဟာ ဟိုးယခင်ကဖြစ်ခဲ့တာလို့ ဆိုပေမယ့် ၂၀ရာစုမှာလည်း ထင်ထင်ရှားရှားဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြန်ပါတယ်။

ဒါကတော့ ဂျပန်အစိုးရဟာ ဒီနေရာကိုလေ့လာဖို့ သုတေသနသင်္ဘော Kaio Maru No.5 ကို စေလွှတ်ခဲ့ရာမှာ သင်္ဘောနဲ့အတူ သင်္ဘောသား ၃၁ဦးဟာ ဘာအစအနမှ ရှာမရပဲ ရုတ်ချည်းပျောက်ဆုံးသွားခဲ့တာပါ။

အဲဒီအချိန်က စလို့ ဂျပန်အစိုးရဟာ နဂါးတြိဂံ နေရာဟာ အန္တရာယ်အလွန်များတဲ့နေရာတစ်ခု အဖြစ်သတ်မှတ်ကြေငြာခဲ့ပြီး စူးစမ်းမှုတေ ွဆက်လုပ်နေခဲ့ပါတယ်။

အမေရိကန်စာရေးဆရာ Charles Berlitz က ၁၉၈၉ မှာ နဂါးတြိဂံအကြောင်းကိုရေးထားတဲ့ The Dragon’s Triangle စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပြီး ဒီစာအုပ်ထဲမှာ ၁၉၅၂-၁၉၅၄အတွင်း ဂျပန်စစ်ရေယာဉ် ၅စီးနဲ့ အတူ သင်္ဘောသား ၇၀၀ ကျော်ဟာလည်း နဂါးတြိဂံမှာ ပျောက်ဆုံးခဲ့ဖူးကြောင်း အထောက်အထားတွေနဲ့ ဆိုပြန်ပါတယ်။

နောက်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Larry Kusche ကလည်း သူ့ရဲ့ The Bermuda Triangle Mystery Solved စာအုပ်ထဲမှာ Charles Berlitz ရေးသားတဲ့အကြောင်းတွေဟာ မှန်ကန်ကြောင်း ထောက်ခံရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာ ဂျပန်အစိုးရဟာ ပျောက်ဆုံးသင်္ဘော Kaio Maru No.5.ရဲ့အစိတ်အပိုင်း တချို့ကိုပြန်လည်တွေ့ရှိခဲ့ပါတယ်။

အဖြစ်နိုင်ဆုံးကတော့ ရေအောက်မီးတောင်ပေါက်ကွဲမှုကြောင့်လို့ ဆိုပါတယ်။

ဒီနေရာတစ်ဝိုက် ဟာ ရေအောက်မီးတောင်အများဆုံး ပေါက်ကွဲရာဧရိယာတစ်ခု အဖြစ်သတ်မှတ်ထားပါတယ်။

ရေအောက်မီးတောင်များအပြင် ၊ မကြာခဏငလျှင်ကြီးများလှုပ်တတ်တာ ၊ ရေစုပ်ဝဲကြီးများ အမြဲဖြစ်နေတာ ၊ ကျွန်းများပျောက်ဆုံးခြင်း အသစ်ပြန်ပေါ်ခြင်းများ မကြာခဏဖြစ်နေတာတွေဟာ ဒီနေရာရဲ့ ဖြစ်နေကြ အကြောင်းအရာတွေလို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ဒီပျောက်ဆုံးမှုတွေဟာ သဘာ၀ ပတ်ဝန်းကျင်ပြောင်းလဲခြင်းအမျိုးမျိုးကြောင့်လို့ သတ်မှတ်ပြီး သက်သေပြချက်တွေပြဖို့ ကြိုးစားနေပေမယ့် သိပ္ပံပညာနဲ့ လက်လှမ်းမမီတဲ့ အရာတွေလည်းရှိနေသေးတာကြောင့် လူတွေကတော့ သဘာဝလွန်ဖြစ်ရပ်တွေကြောင့်လို့ သာ ယုံကြည်နေကြဆဲပါ။

ယခုအချိန်အထိလည်း နဂါးတြိဂံရဲ့အရွယ်အစားဧရိယာ ဟာ ဘယ်လောက်အထိ သက်ရောက်မှုရှိကြောင်းကိုလည်း တိတိကျကျမသိရသေးပါဘူး။

ဒီနေရာကို ပန်းကန်ပြားပျံ ၊ UFO’s နဲ့ USO’s (unidentified submerged objects) တွေနဲ့ ပတ်သတ်နေတဲ့နေရာတစ်ခုအဖြစ်လည်း ယုံကြည်နေကြပါတယ်။

ဒါကြောင့်လည်း နဂါးတြိဂံ ဟာ လူတွေစိတ်ဝင်စားတဲ့ ဆန်းပြားတဲ့ပဟေဠိနေရာတစ်ခု အဖြစ်တည်ရှိနေဆဲဖြစ်ပါတယ်။

Ref:
Mysterious facts’s Devil Sea
#သုတဇုန်

Tags: amazingworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!