• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဘာစီလိုနာမြို့အကြောင်း သိကောင်းစရာ

by Thutamm
September 27, 2020
Reading Time: 2min read
0
ဘာစီလိုနာမြို့အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဘာစီလိုနာမြို့ဟာ စပိန်နိုင်ငံရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ Catalonia ဒေသတစ် ခုလုံးရဲ့မြို့တော်ဖြစ်ပြီးမြို့တော် မက်ဒရစ်ပြီးရင်တော့ စပိန်နိုင်ငံရဲ့ဒုတိယမြောက်အကြီးဆုံးမြို့တော်ကြီးလည်းဖြစ်ပါတယ်။ ဘာစီလိုနာဟာ Iberian ကျွန်းဆွယ်ကြီးရဲ့အရှေမြောက်နဲ့ မြေထဲပင်လယ် (Mediterranean Sea) ရဲ့မျက်နှာချင်းဆိုင်အနေအထားမှာတည် ရှိနေတဲ့ (၃)မိုင်လောက်ကျယ်ဝန်းတဲ့မြေပြန့်လွင်ပြင်ကြီးတစ်ခုပေါ်မှာတည်ရှိနေတာဖြစ်ပါတယ်။

မြို့တော်ရဲ့ဝန်းကျင်မှာဆိုရင် Collserola တောင်တန်းတွေ ဝန်းရံလျှက်တည်ရှိ နေပြီး အနောက်တောင်ဘက်မှာဆိုရင် Llobregat မြစ်နဲ့မြောက်ဘက်မှာဆိုရင် Besos မြစ်တွေဟာစီးဆင်းတည်ရှိနေပါတယ်။ (၂၀၁၇)ခုနှစ်က စာရင်းတွေအရတော့ ဘာစီလိုနာမြို့ရဲ့လူဦးရေဟာ (၁.၇)သန်းခန့်နေထိုင်တယ်လို့သိရပြီးမြို့ရဲ့အကျယ်အဝန်းကတော့ ဧရိယာစတုရန်းမိုင် (၃၉)မိုင်လောက်ကျယ်ဝန်းပါတယ်။ ဘာစီလိုနာဟာ ဥရောပရဲ့လူနေအထူထပ်ဆုံးသောမြို့တော်ကြီးတွေအနက်ကတစ်ခုဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် (၃၉)ပေလောက်မြင့်မားပါတယ်။ ဘာစီလိုနာမြို့ရဲ့အမြင့်ဆုံးနေရာကတော့ Tibidabo aတာင်ထိပ်ဖြစ်ပြီးပင်လယ်ရေမျက်နှာပြင်အထက် ပေ(၁၆၈၀)အမြင့်မှာတည်ရှိနေပါတယ်။

လွန်ခဲ့တဲ့ဘီစီ(၅၀၀၀)လောက် ကတည်းက လက်ရှိဘာစီလိုနာမြို့ရှိရာနေရာမှာ ကွဲပြားတဲ့လူမျိုးနွယ်စုတွေအခြေချနေထိုင်ခဲ့ကြောင်းကို ကျန်ရစ်ခဲ့တဲ့ဂူသင်္ချိုင်းပျက်တွေကတဆင့်သိနိုင်ပါတယ်။ ဘီစီ(၁)ရာစုကုန်ခါနီးလောက်မှာတော့ ဘာစီလိုနာမြို့ဟာရောမတွေရဲ့ကိုလိုနီနယ်မြေဖြစ်လာခဲ့ပြီး နေထိုင်သူထောင်ပေါင်းများစွာရှိကာ မြို့တံတိုင်းကြီးတွေကာရံပြီးနေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းကာလကမြို့တော်ဟောင်း အစိတ်အပိုင်းတွေကိုလည်း ယနေ့အချိန်ထိ ဘာစီလိုနာမြို့ မှာတွေ့ နိုင်ပါသေးတယ်။ နောက်ထပ်နှစ်(၂၀၀)လောက်ကြာချိန်မှာတော့ ဘာစီလိုနာဟာ မူဆလင်ဘုရင်တွေရဲ့ အုပ်စိုးမှုကိုခံခဲ့ရပြီး နောက်ပိုင်းမှာတော့ ခရစ်ယာန်ကိုးကွယ်သူ ဘုရင်တွေရဲ့နယ်မြေဖြစ်လာခဲ့ပြန်ပါတယ်။ ယင်းကနေ Carolingian အင်ပါယာနယ်မြေ အတွင်းပါဝင်ခဲ့ပြန်ပြီး Crown of Aragon သက်ဦးဆံပင်မင်းဆက်တွေရဲ့တရားရုံးချုပ် တည်ရှိရာ မြို့တော်ကြီးလည်းဖြစ်လာခဲ့ပါတယ်။ အလယ်ခေတ်ကာလတစ်လျှောက်မှာ လည်း ဘာစီလိုနာမြို့ ဟာမြေထဲပင်လယ်အနောက်ခြမ်းဒေသရဲ့ စီးပွားရေးနဲ့နိုင်ငံရေး ဆိုင်ရာ အရေးပါတဲ့ဗဟိုချက်မ နေရာအဖြစ်ရှိနေခဲ့ပါတယ်။

သမိုင်းကြောင်းအရတော့ (၁၅)ရာစုကနေ (၁၈)ရာစုကာလတွေမှာတော့ ဘာစီလိုနာဟာ ရဲ့စစ်မက်ရေးရာတွေကြောင့် ဘာစီလိုနာမြို့ရဲ့စီးပွားရေးသာမက နယ်မြေရဲ့တည်ငြိမ်မှုပိုင်းဟာအလွန်အားနည်းခဲ့ရပါတယ်။ ဘာစီလိုနာဟာသမိုင်းအစဉ်အဆက်အရကြွယ်ဝ တဲ့ ယဉ်ကျေးမှုအမွေအနှစ်များကိုပိုင်ဆိုင်ခဲ့ကာ ယင်းအဆောက်အအုံတွေဟာလည်း ယနေ့အချိန်ထိ ဘာစီလိုနာမြို့ရဲ့အမှတ်အသားအဖြစ်သာမက နိုင်ငံရပ်ခြားခရီးသွားတွေ ကိုအဓိကဆွဲဆောင်ရာနေရာတွေအဖြစ်လည်းရှိနေဆဲဖြစ်ပါတယ်။

ဥရောပရဲ့နာမည်ကျော်ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေအနက်က တစ်ခုဖြစ်တဲ့ La Sagrade Familia ဟာဆိုရင် ဘာစီလိုနာမြို့မှာပဲတည်ရှိနေတာဖြစ်ပြီး နာမည်ကျော် ကတ်တလန်သား ဗိသုကာပညာရှင် Antoni Gaudi ( 1852-1926) ရဲ့လက်ရာဖြစ်ပါ တယ်။ ယင်းဘုရားကျောင်းကို (၁၈၈၂)ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီး ယနေ့အချိန်ထိ တည်ဆောက်မှုတွေရှိနေဆဲပါ။

အကြောင်းကတော့ကွယ်လွန်သွားရှာပြီဖြစ်တဲ့ စပိန်ဗိသုကာကျော် Antoni Gaudi သေဆုံးတဲ့နှစ်(၁၀၀)ပြည့်မြောက်တဲ့ (၂၀၂၆)ခုနှစ်ရောက်မှ သာအပြီးသတ်တည်ဆောက်သွားဖို့ ရည်ရွယ်ထားလို့ဖြစ်ပါတယ်။ La Sagrade Familia ဘုရားကျောင်းဟာ ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ်ထိန်းသိမ်းရေးနယ်မြေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်လည်းပါဝင်နေတာကိုတွေ့ရပါတယ်။

La Rambla ဆိုတာကတော့ ဘာစီလိုနာရဲ့အသဲနှလုံးနေရာဖြစ်တယ်လို့ ဒေသခံတွေက တင်စားပြောဆိုကြပြီး ဘာစီမြို့လယ်ခေါင်မှာတည်ရှိနေတဲ့ တစ်ဖက်တစ်ချက်မှာအပင် တွေစိုက်ပျိုးထားရှိတဲ့ (၁.၂)ကီလိုမီတာလောက်အရှည်ရှိတဲ့လမ်းဖြစ်ပါတယ်။

ယင်းလမ် းဟာ Placa de Catalunya အရပ်က (၁၂)ရာစု Romanesque စတိုင်တည်ဆောက်ထားတဲ့ Santa Anna ခရစ်ယာန် သီလရှင်ကျောင်းကနေ ဆိပ်ကမ်းကိုသွားရာလမ်းကိုသွားရောက်တဲ့လမ်းကြောင်းကိုဖောက်လုပ်ထားတာဖြစ်ပြီး ခြေကျင် လမ်းလျှောက်သူတွေနဲ့အမြဲလိုစည်းကားနေပါတယ်။ လမ်းကျယ်အတွင်းမှာပဲ ဈေးဆိုင်၊ စားသောက်ဆိုင်၊ကော်ဖီဆိုင်တွေရှိနေပြီး ဘာစီလိုနာမြို့ ရဲ့အထင်ကရ၊လူသိများထင်ရှားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀၀၀)လောက်ကတည်ရှိခဲ့တဲ့ ဘာစီလိုနာမြို့တော်ဟောင်းရဲ့ သမိုင်းဆိုင်ရာအမွေအနှစ်နယ်မြေဖြစ်တဲ့ Gothic Quarter မှာဆိုရင် ရောမခေတ်ကာလ၊ အလယ်ခေတ်ကာလ၊ကအထိမ်းအမှတ်အဆောက်အအုံများကိုတွေ့နိုင်ပါတယ်။ သမိုင်းဝင် Gothic Quarter တွင် အလွန်စနစ်ကျလှပသော ရောမလက်ရာလေးထောင့်ကွက် မြို့ပြပန္နက်ပုံစံကို ယနေ့တိုင်မြင်နိုင်ပါတယ်။ နာမည် ကျော် Gothci ဗိသုကာလက်ရာတွေပိုင်ဆိုင်ထားတဲ့ ယင်းနယ်မြေရဲ့ခရစ်ယာန်ဘုရား ကျောင်းဟာဆိုရင် ဘာစီလိုနာမြို့အလည်ခေါင်ရဲ့အမြင့်ဆုံးအပိုင်းလို့ဆိုရမဲ့ Monte Tabor မှာတည်ရှိနေတာကိုတွေ့ရပါတယ်။

ဘာစီလိုနာမြို့အလယ်ခေါင်မှာပဲတည်ရှိတဲ့ နာမည်ကျော်ဗိသုကာပညာရှင် Antoni Gaudi ရဲ့လက်ရာမွန်ဖြစ်တဲ့ Casa Batllo အဆောက်အအုံဟာလည်း ထင်ရှားကျော်ကြား ပါတယ်။ Gaudi ဟာ(၁၉၀၄)ခုနှစ်ကတည်းကတည်ဆောက်ခဲ့ပြီးယင်းနောက်ပိုင်းမှာ တော့ပြန်လည်ပြင်ဆင်မွမ်းမံမှုများစွာကို ပြုလုပ်ခဲ့ရပါတယ်။ ယင်းကာလကဗိသုကာ လက်ရာတွေအနက်မှာတော့ Casa Batllo ဟာပုံစံဟောင်းကနေ ခွဲထွက်ကာ မျက်မှောက် ခေတ်ကာလ အဆောက်အအုံတွေနဲ့တူညီနေတာကိုတွေ့ရပါတယ်။

Casa Mila ကိုတော့ la Pedrera လို့လည်းသိကြပြီး ဗိသုကာကျော် Antoni Gaudi နောက်ဆုံးတည်ဆောက်ခဲ့တဲ့ အဆောက်အအုံတစ်ခုလည်းဖြစ်ပါတယ်။ ယင်းအဆောက်အအုံကို (၁၉၀၆)ခုနှစ်ကနေစတင်တည်ဆောက်ခဲ့ပြီး (၁၉၁၂)မှာပြီးစီး ခဲ့ပါတယ်။ (၁၉၈၄)ခုနှစ်ရောက်ချိန်မှာတော့ Casa Mila ဟာယူနက်စကိုရဲ့ကမ္ဘာအမွေ အနှစ်အဖြစ်သတ်မှတ်ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

ဘာစီလိုနာရဲ့သမိုင်းဝင်ဂီတပြဇာတ်ရုံတစ်ခုဖြစ်တဲ့ Palau de la Musica Catalana ဟာ Catalan modernista စတိုင်တည်ဆောက်ထားပြီး ပညာရှင် Lluis Domenech i Montaner ရဲ့လက်ရာဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ (၁၉၀၅)ခုနှစ်လောက်ကစတင်တည် ဆောက်ခဲ့ပြီး နောက်ထပ်(၃)နှစ်အကြာ (၁၉၀၈)ခုနှစ်မှာပြီးဆုံးခဲ့ပါတယ်။ (၁၉၉၇) ခုနှစ်ရောက်ချိန်မှာတော့ ယင်းတေးဂီတဖျော်ဖြေရေးအဆောက်အအုံဟာ ယူနက်စကိုရဲ့ ကမ္ဘာအမွေအနှစ်ထိန်းသိမ်းရေးအဆောက်အအုံအဖြစ်ပါဝင်လာခဲ့ပြီး ယနေ့အချိန်ထိ နှစ်စဉ် လူ(၅၀၀၀၀၀)ကျော်လောက်အတွက် တေးဂီတဖျော်ဖြေပွဲများကိုလက်ခံကျင်းပ ပေးနေဆဲဖြစ်ပါတယ်။

Carmel တောင်ကုန်းပေါ်မှာတည်ရှိတဲ့ Park Guell ဟာဆိုရင် ဥယျာဉ်ခြံများစွာအပြင် ဗိသုကာလက်ရာမွန်အဆောက်အအုံများစွာပါဝင်နေတဲ့ သမိုင်းဝင်နယ်မြေတစ်ခုဖြစ်ပါတယ်။ ယင်းပန်းခြံကြီးကိုဒီဇိုင်းရေးဆွဲဖန်တီးခဲ့သူကလည်း Antoni Gaudi ပဲဖြစ်ပြီး သူ့ရဲ့ မိတ်ဆွေ Eusebi Guell အတွက်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ယင်းပန်းခြံကြီးကိုစတင် တည်ဆောက်တဲ့ခုနှစ်ကတော့ (၁၉၀၀)ကနေ (၁၉၁၄)ခုနှစ်အကြားမှာဖြစ်ပြီး (၁၉၂၆) ခုနှစ်ရောက်ချိန်မှသာ တရားဝင်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။ ယင်းနယ်မြေဟာ (၁၉၈၄) ရောက်ချိန်မှာတော့ ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးနယ်မြေတစ်ခုဖြစ်လာခဲ့ပါတယ်။

ဘာစီလိုနာမြို့ ဝန်းကျင်က Montjuic တောင်ကုန်းရဲ့ ပေါ်မှာတည်ရှိတဲ့ Magic Fountain of Montjuic ရေပန်းဟာလည်းနိုင်ငံခြားခရီးသည်တွေအကြားအလွန်ထင်ရှား့ပြီး ပတ် ပတ်လည်မှာလည်း အဆောက်အအုံများစွာတည်ရှိလို့နေပါတယ်။ ယင်းရေပန်းကို ၁၉၂၉ ခုနှစ် ဘာစီလိုနာမှာကျင်းပခဲ့တဲ့ ကုန်စည်ပြပွဲအတွင်းတည်ဆောက်ခဲ့တာဖြစ် တယ်လို့သိရပါတယ်။


ဘာစီလိုနာမြို့အကြောင်းပြောမယ်ဆိုရင် မပါမဖြစ်ကတော့ ဘာစီလိုနာဘောလုံးအသင်းဖြစ်ပြီး ဘာစီလိုနာအသင်းကိုလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၂၀)နှစ်ကာလဖြစ်တဲ့ (၁၈၉၉)ခုနှစ် က ဆွစ်ဇာလန်နိုင်ငံသား ဘောလုံးသမားဟောင်း joan Gamper ကဦးဆောင်ပြီး ဆွစ်ဇာ လန်၊ အင်္ဂလိပ်နဲ့ ကတ်တလန်ဒေသကဘောလုံးသမားတွေနဲ့စတင်တည်ထောင်ခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ အခြားဥရောပအသင်းကြီးတွေလို ပိုင်ရှင်မထားပဲ အားပေးသူ ပရိသတ်ပိုင်ဘောလုံးအသင်းဖြစ်ပြီး စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၄.၀၆)ဘီလီယံနဲ့ ကမ္ဘာပေါ်မှာ စတုတ္ထမြောက်တန်ဖိုးအကြီးဆုံးအသင်းအဖြစ်လည်း ရပ်တည်နေပါတယ်။

ဘာစီလိုနာဟာအမှတ်ပေးဖလား (လာလီဂါ) မှာဆိုရင် (၂၆) ကြိမ်၊ အပါအဝင်ပြည်တွင်းဖလား(၇၄)လုံးလောက်အထိရရှိခဲ့ကာ ချန်ပီယံလိဂ်ဖလား (၅) ကြိမ်အပါအဝင် ဥရောပနဲ့ကမ္ဘာလုံးဆိုင်ရာဆုဖလားပေါင်း (၂၀)လောက်အထိ ဆွတ်ခူး ထားခဲ့တဲ့ ဥရောပရဲ့ထိပ်တန်းအသင်းကြီးဖြစ်ပါတယ်။ ဘာစီလိုနာဟာစပိန်ပြည်တွင်းက မဟာပြိုင်ဘက်ကြီး ရီရယ်မက်ဒရစ်နဲ့ကာလကြာယှဉ်ပြိုင်ခဲ့ရပြီး ယင်း(၂)သင်းနဲ့တွေ့ဆုံတဲ့ El Clasico ဒါဘီပွဲတွေကို ကမ္ဘာဘောလုံးဝါသနာအိုးတွေဟာ လက်မလွတ်ပဲ ကြည့်ရှု့လေ့ရှိကြပါတယ်။

ဂျိုဟန်ခရိုက်မှသည် ရိုနယ်ဒို(ဒိုကြီး) ၊ ရိုမာရီယို၊ ရိုနယ်ဒင်ဟို၊ရီဗယ်ဒို၊အီတူး၊အီဘရာဟီမိုဗစ်၊ပူယိုးစတဲ့ထိပ်တန်းကစားသမား တွေအခြေချခဲ့တဲ့ ယင်းကလပ်ဟာ ယခုချိန်ထိ ကမ္ဘာအကောင်းဆုံးကစားသမားဆု (၆)ကြိမ်အထိရယူနိုင်တဲ့ မက်ဆီလက်ထက်အထိ ကမ္ဘာထိပ်တန်း အသင်းကြီးဆိုတာ ယုံမှားစရာရှိမယ်မထင်ပါဘူး။ ဘာစီလိုနာအသင်းပိုင် Camp Nou ကစားကွင်းကြီးဆိုရင်လည်း (၁၉၅၇)ခုနှစ်ကတည် ဆောက်ပြီးစီးခဲ့ပြီး ပရိတ်သတ်ထိုင်ခုံ (၉၉ ၃၅၄) ပါဝင်ကာ စပိန်နဲ့ဥရောပမှာတော့ အကြီးဆုံးသော ဘောလုံးကွင်းကြီးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

ဘာစီလိုနာမြို့ဟာ ကမ်းရိုးတန်းအရှည်မိုင် (၂.၈)မိုင်လောက်ကိုပိုင်ဆိုင်ထားပြီး လှပတဲ့ ကမ်းခြေအနေအထားတွေကြောင့် စပိန်ရဲ့နိုင်ငံခြားခရီးသွားလုပ်ငန်းကို ကြီးစွာထောက် ကူထားပါတယ်။ ထင်ရှားတဲ့နာမည်ကျော်အပန်းဖြေစခန်းတွေကတော့ Barceloneta ၊ Mar Bella ၊ Nova Icaria နဲ့ Bogatell တို့ ဖြစ်ပါတယ်။

ဘာစီလိုနာမြို့ဟာ ကမ္ဘာပေါ်မှာထိပ်တန်းခရီးသွားလုပ်ငန်း၊ ရှေးဟောင်းအမွေအနှစ်မြို့ တော်တစ်ခုအဖြစ်နာမည်ကျော်ရုံသာမက ပညာရေး၊သတင်းမီဒီယာ၊စီးပွားရေး၊ဖက်ရှင် ၊သိပ္ပံနဲ့ယဉ်ကျေးမှုအနုပညာဖန်တီးတဲ့ကဏ္ဍတွေမှာလည်း ကမ္ဘာထိပ်တန်းအရင်းအမြစ် တွေရှိရာ မြို့တော်ကြီးတစ်ခုအနေနဲ့လည်း ရှိနေတာကိုတွေ့ရပါတယ်။ ဘာစီလိုနာဆို တဲ့အမည်ကတော့ ရှေး Iberian Barken ကနေလာပြီး ဂရိသမိုင်းတွေမှာဆိုရင် Barkinon နဲ့ လက်တင်ဘာသာမှာတော့ Barcino ၊ Barcilonum နဲ့ Barcenona ဆိုပြီး ဖော်ပြထားတာကိုတွေ့ရှိရပါတယ်။

ဘာစီလိုနာဆိုတဲ့အမည်ဖြစ်ပေါ်လာပုံနဲ့ ပတ်သက် ပြီး အခြားသောသမိုင်းဒဏ္ဍာရီမှတ်တမ်းတွေလည်းရှိခဲ့ပါတယ်။ ပထမတစ်ခုကတော့ ဘာစီလိုနာမြို့ဟာ ဂရိဒဏ္ဍာရီအတွင်းက Hercules နတ်ဘုရားတည်ထောင်ထားတဲ့ မြို့တော်ဖြစ်တယ်ဆိုတာဖြစ်ပြီး ဒုတိယအချက်ကတော့ ကာသေ့စစ်ဗိုလ်ချုပ်ကြီး Hamilcar Barca ဆိုသူက ဘီစီ(၃)ရာစုမှာ ဘာစီလိုနာမြို့ကိုစတင်တည်ထောင်ပြီး ဘာစီလိုနာဆိုတဲ့အမည်ကိုပေးခဲ့တာလို့လည်းဆိုကြပါတယ်။ ဒါပေမဲ့ယင်းဖြစ်စဉ် တွေဟာ ပုံပြင်သမိုင်းတွေသာဖြစ်ပြီး အထောက်အထား ခိုင်လုံတာမျိုး တော့မရှိကြပါဘူး။ ယနေ့အချိန်မှာဆိုရင် ဘာစီလိုနာကို မြို့တမြို့ထက် ဘောလုံးအသင်းနဲ့ မက်ဆီကစား နေတဲ့ ကလပ်ဖြစ်တယ်ဆိုတာက လူသိပိုများပါတယ်။

(၁၉၀၀)ပြည့်နှစ်က ဘာစီလိုနာမြို့ရဲ့လူဦးရေဟာ (၅၃၃၀၀၀)ဦးသာရှိပြီး (၁၉၅၀)ခုနှစ် ရောက်ချိန်အထိတော့ လူဦးရေတိုးနှုန်းသာ ပုံမှန်အနေအထားတစ်ရပ်သာရှိနေခဲ့ပါ တယ်။ ယင်းနောက်ပိုင်းကာလတွေမှာတော့ ဘာစီလိုနာမြို့ရဲ့စက်မှုလုပ်ငန်းအလုပ်ရုံ တွေကြောင့် အခြားသောစပိန်နိုင်ငံအရပ်ရပ်က ပြည်သူတွေ အများအပြားလာရောက် အခြေချနေထိုင်ခဲ့ကြရာ (၁၉၇၉)ရောက်ချိန်မှာတော့ ဘာစီလိုနာမြို့ရဲ့လူဦးရေဟာ (၁.၉) သန်းလောက်အထိကျော်လွန်သွားခဲ့ဖူးပါတယ်။ (၁၉၈၀) ကနေ (၁၉၉၀)ကာလ ရောက်ချိန်မှသာနေရာအနှံ့ အောင်မြင်လာတဲ့ စပိန်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့်သာ ပြန်လည်ကျဆင်းသွားခဲ့တယ်လို့သိရပါတယ်။

ဘာစီလိုနာမြို့ဟာ (၁၉၉၂)ခုနှစ်၊နွေရာသီအိုလံပစ်ပြိုင်ပွဲရဲ့ အိမ်ရှင်ဖြစ်ခဲ့သလို ကမ္ဘာ အဆင့်ညီလာခံတွေ၊ကုန်စည်ပြပွဲတွေ၊ဖက်ရှင်ပွဲတွေကျင်းပရာနေရာအဖြစ်လည်းလူသိ များပါတယ်။ လက်ရှိအချိန်မှာတော့ ဘာစီလိုနာမြို့တည်ရှိရာ ကတ်တလန်ဒေသဟာ စပိန်နိုင်ငံကနေ ခွဲထွက်ပြီး နိုင်ငံသစ်ထူထောင်ဖို့ အစီအမံတွေရှိနေပြီး ယင်းအစီစဉ်သာ အောင်မြင်ခဲ့ရင်တော့ ဘာစီလိုနာမြို့ဟာ ကတ်တလန်ရဲ့အဓိကမြို့တော်ကြီးတစ်ခုအ ဖြစ်လာဖို့ရှိနေပါတယ်။

Tags: cities
Next Post
ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီး (၁၀)ခု

ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီး (၁၀)ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!