• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဘဟားမားကမ်းလွန်က ကမ္ဘာအကြီးဆုံး ရေအောက်ရုပ်တုကြီး

by Thutamm
August 17, 2019
Reading Time: 1min read
0
ဘဟားမားကမ်းလွန်က ကမ္ဘာအကြီးဆုံး ရေအောက်ရုပ်တုကြီး
Share on FacebookShare on Twitter

ဘဟားမားနိုင်ငံရဲ့မြို့တော် Nassau ရဲ့ကမ်းလွန်ရေအောက်မှာတည်ရှိတဲ့ Ocean Atlas အမည်ရတဲ့ကျောက်ဆစ်ရုပ်တုကြီးဟာ ကမ္ဘာအကြီးဆုံးရေအောက်ရုပ်တုကြီးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး (၁၈)ပေအရှည်ရှိပြီး တန်(၆၀)အထိအလေးချိန်ရှိပါတယ်။

ယနေ့အချိန်ထိဆောက်လုပ်ပြီးစီးသမျှ ရေအောက်ရုပ်တုတွေအနက်ကအကြီးဆုံးဖြစ်တဲ့ Ocean Atlasကိုဖန်တီးခဲ့သူကတော့ အင်္ဂလိပ်လူမျိုး သဘာဝပတ်ဝန်းကျင်နဲ့ ရေအောက်သယံဇာတထိန်းသိမ်းရေးပညာရှင်လည်းဖြစ်၊ဓာတ်ပုံဆရာနဲ့ ကျောက်ဆစ် ပညာသည်လည်းဖြစ်တဲ့ Jason deCaries Taylor ဖြစ်ပါတယ်။ သူဟာပထမဆုံးသော ကမ္ဘာရေအောက် ကျောက်ဆစ်ဥယျာဉ်ဖြစ်တဲ့ ကာရေဘီယံကမ်းလွန်ပြင်မှာရှိတဲ့ Molinere ရေအောက်ရုပ်တုပန်းခြံ ကိုစတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။

Ocean Atlas ရုပ်တုဟာ ဘဟားမားလူမျိုးအမျိုးသမီးငယ်တစ်ယောက် ဒူးထောက်တဲ့ အနေအထားနဲ့ ပင်လယ်သုဒ္ဒရာရေပြင်ကိုထမ်းထားတဲ့သဏ္ဍာန်ထုလုပ်ထားတာဖြစ်ပြီး (၂၀၁၄)ခုနှစ်မှာဖွင့်လှစ်ပြသခဲ့ပါတယ်။ အမှန်ကတော့ ဒီလိုပုံရှိတဲ့ရုပ်တုတွေရဲ့ မူလဇစ် မြစ်ကတော့ Atlas လို့သိကြတဲ့ ဂရိသမိုင်းမှာထင်ရှားတဲ့ Titan တစ်ကောင်ကနေ အစပြုခဲ့တာပါ။ အဲဒီ Titanကြီးဟာကမ္ဘာကြီးရဲ့ တစ်ပိုင်းတစ်စကိုနောက်ကျောကနေ ထမ်းထားလေ့ရှိတယ်လို့ ဂရိသမိုင်းတွေက ကျန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာတည်းက ယုံကြည်လာခဲ့ကြပါတယ်။ ယင်းကနေဆင့်ပွားပြီး ယင်းတိုက်တန်သတ္တဝါကြီးရဲ့ နေရာ မှာ အမျိုးသမီး၊ ကမ္ဘာကြီးနေရာမှာ သမုဒ္ဒရာရေပြင်ကိုအစားထိုးဖန်တီးဖို့ အကြံရခဲ့ ကြတာဖြစ်ပါတယ်။

Ocean Atlas ဟာအလွန်သိပ်သည်းဆများတဲ့ အလေးချိန်ရှိပြီး ရေအောက်မှာနှစ်ပေါင်း ရာချီပြီးခံနိုင်အောင် PH-neutral Marine Cement တွေကိုအသုံးပြုတည်ဆောက်ထား တာလည်းဖြစ်ပါတယ်။ ဒါအပြင် Ocean Atlasရုပ်တုကြီးဟာ ရေအောက်သက်ရှိ၊သက် မဲ့သယံဇာတများစွာ ခိုအောင်းနိုင်မဲ့ ကျောက်တန်းအတုတစ်ခုပုံပေါက်အောင်လည်း marine နည်းပညာတွေကိုသုံးပြီးတည်ဆောက်ထားတာ ကိုတွေ့ရပါတယ်။

ကမ္ဘာပေါ်မှာအကြီးဆုံး ရေအောက်ရုပ်တုကြီး ဖြစ်တဲ့ Ocean Atlas ကိုစတင်ဖန်တီး ထုလုပ်သူ Taylor ဟာ Camilla အမည်ရတဲ့ဒေသခံ ဘဟားမားမိန်းမငယ်လေးကို သရုပ်ပြမော်ဒန်အဖြစ် သရုပ်ဆောင်စေပြီး ဒီရုပ်တုကိုထုလုပ်ခဲ့တာဖြစ်ပါတယ်။

ရေကျချိန်မှာတော့ Ocean Atlasရုပ်တုဟာရေမျက်နှာပြင်ပေါ် ရောက်ရှိလာလေ့ရှိ ပါတယ်။ ပတ်ဝန်းကျင်ဒေသက ရေငုပ်ဒိုင်ဗင်သမားတွေဟာ ရေကျချိန်မှာလာရောက် စုစည်းပြီး ဒိုင်ဗင်ထိုးခြင်း၊ရေငုပ်ခြင်းအမှုတွေကို ပြုလုပ်လေ့ရှိပါတယ်။ အမှန်တော့ Ocean Atlasရုပ်တုမှာလာရောက်တဲ့ ရေငုပ်ဒိုင်ဗင်သမားတွေကြောင့် Ocean Atlas ရုပ်တုကြီးရဲ့အစိတ်အပိုင်းအချို့ အထူးသဖြင့်အသေးစိတ်စီခြယ်ထားတဲ့လက်ရာ တွေဟာ ပျက်စီးကုန်ပါတယ်။ ဖန်တီးသူ Taylor ကတော့ ဒီအပြုအမှုတွေကို တားမြစ် လျော့ချဖို့ ယခုချိန်မှာတော့ စတင်စဉ်းစားနေရပြီဖြစ်ပါတယ်။

Ocean Atlasရုပ်တုကြီးဟာပိုမိုအသက်ဝင်နိုင်စေရန် 3D Scan နည်းကိုအသုံးပြုထားပြီး ရုပ်တုရဲ့အလွှာအဆင့် ဆင့်ကို ပုံစံခွက်နဲ့အထပ်ထပ်ပုံသွင်းပြီး ဖန်တီးထားတာလည်းဖြစ်ပါတယ်။ ဖန်တီးသူ Taylor ရဲ့အဆိုအရ Ocean Atlasရုပ်တုကြီးရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို သီးခြားပြု လုပ်ပြီး ခိုင်မြဲအောင်ပြန်လည်ချိတ်ဆက်ရာမှာလည်း ရေထဲမှာနှစ်ရာနဲ့ချီနေနိုင်အောင် နောက် ဆုံးပေါ်နည်းပညာတွေကို အသုံးပြုထားပါတယ်။ ဒါအပြင် Ocean Atlasရုပ်တုရဲ့ သီးခြား အစိတ်အပိုင်းတစ်ခုတွေအနက် အလေးဆုံးအရာတောင် (၁၂)တန်အထက် ပို မိုလေးလံခြင်း မရှိကြောင်းသိရပြီး ရုပ်တုကြီးရဲ့ထိပ်ပိုင်းမှာလည်း Solar Light ကို တပ်ဆင်ထားပါတယ်။ ရောင်စုံ Solar Light တပ်ဆင်ရတဲ့အကြောင်းအရင်းကတော့ ပင်လယ်ရေကြောင်း ပြအမှတ်အသားတစ်ခုအနေနဲ့ဖြစ်ပါတယ်။

ဘဟားမားရဲ့ရေသယံဇာတထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဖြစ်တဲ့ Bahamas Reef Enviroment Education Foundation ရဲ့ဂုဏ်ထူးဆောင် ဥက္ကဌဖြစ်တဲ့ Sir Nicholas Nuttall ကတော့ Ocean Atlas ရုပ်တုကြီးရှိနေခြင်းဟာ ဘဟားမားရဲ့ရေသယံဇာတထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေကို အလွန်အထောက်အကူ ဖြစ်စေတယ်လို့ ထုတ်ဖော်ပြောကြားဖူးပါတယ်။ အထူးသဖြင့် နှစ်ကာလ ကြာလာတာနဲ့အမျှ ရေအောက်သတ္တဝါငယ်၊အပင်မျိုးစိတ်တွေရဲ့ အသိုက်အမြုံပမာ ဖြစ် လာမဲ့ Ocean Atlasဟာ ပျက်စီးဆုံးပါးပြီးဖြစ်တဲ့ ရေအောက်သယံဇာတတွေကို renew ဖြစ်စေမယ်လို့ယုံကြည်ရပါတယ်။

ဒါအပြင် သန္တာကျောက်တန်းတွေကိုတည် ဆောက်ပေးတဲ့ polyps (ပြွန်ငယ်သဏ္ဍန်တည်ရှိတဲ့သေးငယ်တဲ့ ပင်လယ်သတ္တဝါငယ်) မျိုးတွေကိုလည်း Ocean Atlas မှာအများအပြား ပြန်လည်ပေါက်ပွားလာနိုင်တော့မှာ ဖြစ်ပါတယ်။ သန္တာကျောက်တန်းအရေအတွက်များပြားလာပါမှ ယင်းကိုအမှီပြုပြီးရှင်သန်နေထိုင်ကြ တဲ့ရှားပါးငါးမျိုးစိတ်တွေသာမက အလွန်အကျူးငါးဖမ်းမှုကြောင့် နည်းပါးသွားတဲ့ ပင်လယ်ငါးအရေအတွက်ကို ပြန်လည်မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ကမ္ဘာကြီးပူနွေးလာမှု၊ အလွန်အကျွံငါးဖမ်းမှု၊ စွန့်ပစ်ပစ္စည်းများပြားမှု ပင်လယ်ရေညစ်နွမ်း လာမှု၊သစ်တောများပြုန်းတီးလာမှုတို့ရဲ့ အကျိုးဆက်အနေနဲ့ ကမ္ဘာနေရာအတော်များများက ရေမြေ၊တော၊တောင်သဘာဝတွေဟာ ပျက်ဆီး ပျောက် ကွယ်လုနီးပါးဖြစ်နေပါပြီ။ ဒါကြောင့် သဘာဝရဲ့အိုအေစစ် နေရာတွေကိုသာ ကမ္ဘာလှည့် ခရီးသွားတွေက အာရုံရောက်နေတာဖြစ်တာကြောင့် Ocean Atlas ကိုအရင်းတည်ပြီး ဘဟားမားရဲ့ ရေသယံဇာတသဘာဝထိန်းသိမ်းဖော်ဆောင် မှုတွေဟာ ရေရှည်မှာနိုင်ငံအတွက် အလွန်ကို အကျိုးထားမှာပါ။

ပညာရှင် Jason deCaries Taylorရဲ့ရေသယံဇာတ ထိန်းသိမ်းဖော်ဆောင်ရေးနည်းစဉ် တွေထဲမှာတစ်ခုဖြစ်တဲ့ Ocean Atlas ရုပ်တုကိုတည်ဆောက်ခြင်းဟာ သူအတွက် ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး ။ သူဟာယင်းမတိုင်ခင်တည်းက ရေအောက်ရုပ်တုရာပေါင်းများစွာကို ကမ္ဘာတစ်ဝှမ်းက သမုဒ္ဒရာကြမ်းပြင်တွေအောက်မှာ ထုလုပ်ခဲ့ပြီး လည်းဖြစ်ပါတယ်။ သူရဲ့ပထမဆုံးသောရေအောက်ရုပ်တုပန်းခြံကို (၂၀၀၆) ခုနှစ်တည်း က Grenada ပင်လယ်ကမ်းရိုးတန်းကမ်းလွန်မှာတည်ဆောက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

(၂၀၀၉)ခုနှစ်ကလည်း မက္ကဆီကိုနိုင်ငံ Cancun ကမ်းရိုးတန်းရဲ့ကမ်းလွန်ပင်လယ်ပြင်မှာ ကျောက်ဆစ် ရုပ်တုပေါင်း(၅၀၀)လောက်ပါတဲ့ Museo Subacuatico de Arte ကိုအောင်မြင်စွာတည်ဆောက်ပြီး ရေအောက်သယံဇာတများစွာသိုမှီးရာနေရာတွေအဖြစ် ဖန်တီးနိုင်ခဲ့ပါတယ်။ ယခုသူတည်ဆောက်ခဲ့တဲ့ Ocean Atlasကတော့ သူထုဆစ် ဖန်တီးသမျှ ရေအောက်ရုပ်တုတွေအနက် အကြီးဆုံးဖြစ်ပြီး ဒေသခံကျောက်ဆစ်အနုပညာရှင်တွေဖြစ်တဲ့ Willicey Tynes, Andret John နဲ့ Reefball စသူတွေလည်း ပါဝင် ဖန်တီးကူညီခဲ့တယ်လို့ သိရပါတယ်။

Tags: world places
Next Post
တစ်နှစ်မှာ ၅လ နေရောင်ခြည်ကို ထိတွေ့ခွင့်မရှိတဲ့မြို့ကလေး

တစ်နှစ်မှာ ၅လ နေရောင်ခြည်ကို ထိတွေ့ခွင့်မရှိတဲ့မြို့ကလေး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!