Blue Hole လို့အမည်ရတဲ့ ပင်လယ်ကမ်းခြေနဲ့စပ်ဆက်တည်ရှိနေတဲ့ တွင်းနက်ကြီးတွေ ထဲမှာတော့ ဘဟားမတ်နိုင်ငံ၊ Long ကျွန်းရဲ့မြို့တော် Clarence မြို့မှာရှိတဲ့ Dean’s Blue Hole ဟာထင်ရှားပါတယ်။ Dean ဆိုတာကတော့ အဲဒီ Blue Hole ရှိရာနေရာကို ပိုင်ဆိုင်တဲ့ မြေပိုင်ရှင်မိသားစုရဲ့ မျိုးရိုးနာမည်ကိုပေးထားခြင်းဖြစ်ပါတယ်။
ဒီ တွင်းပြာကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ Blue Hole တွေအနက် တောင်တရုတ်ပင်လယ်က Dragon Hole ပြီးရင် ဒုတိယမြောက် အနက်ရှိုင်းဆုံး ကျောက်ချိုင့်ဝှမ်းတစ်ခု ဖြစ်တဲ့ Dean’s Blue Holeဟာ ၂၂၀ မီတာ ပေပေါင်း(၆၆၃)ပေလောက် နက်ရှိုင်းပါတယ်။
Blue Hole တွေဟာ မြေမျက်နှာသွင်ပြင်ကို လိုက်ပြီးရေတွင်ပျော်ဝင် နိုင်တဲ့ ထုံးကျောက်၊ဂေါ်ဒန် ကျောက်တောင်တွေ ပြိုကွဲရာမှ ဖြစ်ပေါ်လာတက်ပါတယ်။ ဒီဖြစ်စဉ်ကိုတော့ Karst လို့ခေါ်ကြပါတယ်။ ဒါအပြင်အလွန်နက်ရှိုင်းပြီးရေမျက်နှာပြင်ကနေအောက်ခြေအတွင်း ပိုင်းအထိထောင့်မှန်ကျကျတည်ရှိနေတဲ့ကျောက်သားတွင်းနက်ကြီးဟာအပြာရောင်ရေ ပြင်ကို ပိုင်ဆိုင်ပါတယ်။
ကမ္ဘာပေါ်မှာတည်ရှိနေတဲ့ Blue Holeအများစုဟာ အများဆုံး (၁၁၀) မီတာသာအနက်ရှိပေမဲ့ Dean’s Blue Hole ကတော့ ပုံမှန်တွင်းတွေထက် ၂ဆပိုနက်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ အချက်ကတော့ Dean’s Blue Hole ရဲ့အပေါ်ပိုင်း မျက်နှာပြင်သဏ္ဍာန် ဟာ လုံးဝန်းတဲ့ စက်ဝိုင်းပုံရှိနေပြီး အပေါ်ပိုင်းမှာ အချင်း ၂၅ မီတာကနေ ၃၅ မီတာအထိ ရှိပြီး အောက်ခြေဘက် (၂၀)မီတာလောက်နေရာမှာတော့ တွင်းရဲ့ အကျယ်အဝန်းဟာ ပိုမိုကျယ်ပြန့်လာပြီး အချင်း (၁၀၀)မီတာလောက်အထိကို ဖြစ်လာပါတယ်။
Dean’s Blue Hole ကို ဒေသခံတွေကတော့ သဘာဝကပေးတဲ့ လက်ဆောင်မွန်လို့ သက်မှတ်ကြပြီး အနက်ရောင်နဲ့ အပြာရောင် အဆင်းရှိတဲ့ရေပြင်ဟာ များစွာသောခရီးသွားတွေကို ဆွဲဆောင်လျက်ရှိပါတယ်။ Dean’s Blue Holeဟာ အပေါ်ပိုင်းမှာတော့ အပြာရောင်သန်းတဲ့ အသွင်ရှိပေမဲ့ အောက်ခြေကိုရောက်လာလေလေ အနက်ရောင် အဖြစ်အသွင်ပြောင်းလေလေ ဖြစ်ပါတယ်။
Dean’s Blue Holeရဲ့ အောက်ခြေအထိ ထွင်းဖောက်မြင်ရတဲ့ အပြာရောင်ရေပြင် ဟာ တွင်းရဲ့အောက်ခြေနဲ့ အနီးနားမှာရှိတဲ့ အဖြူရောင် Carbonate သဲတွေကြောင့်ဖြစ်ပေါ်လာရတာပါ။ ရောင်စဉ်တွေမှာဆိုရင် တော့ အပြာရောင်ဟာအခြား အရောင်တွေဖြစ်တဲ့ အနီ၊အဝါ၊ အစိမ်းရောင် တွေထက် ပိုမိုကြာရှည်ခံလေ့ရှိပြီး ဒီအရောင်တွေဟာ ရေပြင်မှာအရိပ်ထင်လာတဲ့အခါ ဆားငန် ဓာက်ပါတဲ့ ရေပြင်ကဒီအရောင်တွေကို စုပ်ယူထားပါတယ်။
ဒီအရောင်တွေထဲမှက အပြာရောင်ဟာ ရေအောက်ကြမ်းပြင်နဲ့ အနီးနားက အဖြူရောင် Carbonate သဲတွေနဲ့ ထိတွေ့ပြီး Reflcetionနည်းအရ ဓာက်ပြုကာ အပေါ်ယံရေထုအလွှာအကုန်လုံးနီးပါးကို ထာဝရ အပြာရောင် အဖြစ် ဖန်တီးပါတော့တယ်။
Blue Holeတွေဟာ ရေခဲခေတ်လို့ခေါ်တဲ့ Ice ages ကာလကတည်းကဖြစ်လာခဲ့ တာဖြစ်ပြီး ထိုအချိန်က Blue Hole ဧရိယာတွေဟာ ပင်လယ်ရေမျက်နှာပြင်ထက် မီတာ (၁၀၀)ကနေ (၁၂၀)လောက် နိမ့်ပါးတဲ့နေရာမှာတည်ရှိနေပါတယ်။ အခုလိုဧရာမ တွင်းကြီးတွေဖြစ်ပေါ်လာရတာကတော့ မြေအောက်ရေတွေဟာ ရေတွင်ပျော်ဝင်နိုင်တဲ့ ထုံးကျောက်တောင်တွေ၊ဂေါ်ဒန်ကျောက်တောင်တွေရဲ့ အောက်ခြေကိုတိုက်စားရင်း ကနေ တောင်ကြီးတစ်ခုလုံး ပျောက်ကွယ်သွားလောက်တဲ့ အထိတိုက်စားခဲ့ပါတယ်။
အဲဒီနေရာဟာ တောင်ပုံ(အများအားဖြင့် စက်ဝိုင်းပုံသဏ္ဍန်ရှိတဲ့ )တွင်းနက်ကြီး ဖြစ်လာ ပြီး ပင်လယ်ရေတွေဟာ ဖုံးလွှမ်းသွားခဲ့တဲ့ အခြေနေမျိုးမှာတော့ ယခုလို Blue Hole တွင်းနက်ကြီးတွေ ဖြစ်လာပါတော့တယ်။ Dean’s Blue Holeဟာလည်း အဲလိုပုံစံမျိုး ကနေဖြစ်ပေါ်လာခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာတော့ သဘာဝရဲ့ လက်ဆောင်တစ်ခု အနေနဲ့ တည်ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။
ယနေ့အချိန်မှာတော့ Dean’s Blue Holeဟာ ကမ္ဘာဒိုင်ဗင်ထိုးပြိုင်ပွဲတွေနဲ့ snorkeling လို့ခေါ်တဲ့ ရေအောက်အားကစားနည်းတွေကိုပါ လက်ခံကျင်းပတဲ့ နေရာဖြစ်လာပါပြီ။ (၂၀၁၂)ခုနှစ်မှာတော့ ကမ္ဘာတံခွန်စိုက် ဒိုင်ဗင်ပြိုင်ပွဲကို Dean’s Blue Holeမှာ အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပြီး ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ နယူးဇီလန်နိုင်ငံသား William Trubridge ကတော့ အမြင့်ပေ (၁၂၁)မီတာကနေ Dean’s Blue Hole ထဲကို ဒိုင်ဗင်ထိုး ဆင်းပြီး ကမ္ဘာကျော်အားကစား မှတ်တမ်းတစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။
VIDEO
Discussion about this post