Thursday, February 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဘုရင်စနစ်ကို ဆက်လက်ကျင့်သုံးဆဲ နိုင်ငံများ

by Thutamm
November 2, 2020
Reading Time: 3min read
0
ဘုရင်စနစ်ကို ဆက်လက်ကျင့်သုံးဆဲ နိုင်ငံများ
Share on FacebookShare on Twitter

ကမ္ဘာနိုင်ငံအများစုရဲ့အုပ်ချုုပ်ရေးစနစ်ဟာ ဘုရင်စနစ်ကနေ ဆင်းသက်လာခဲ့ကြတာဖြစ်ပါ တယ်။ ယင်းဗဟိုချုပ်ကိုင်မှုကနေ အများစုအာဏာဖြန့်ကျက်တဲ့စနစ်ကို ကူးပြောင်းခဲ့ကြရာက ယနေ့ကာလမှာဆိုရင်ဘုရင်စနစ်ကို ကျင့်သုံးတဲ့နိုင်ငံအရေအတွက်ဟာ အလွန်ကိုနည်းပါးသွားခဲ့ပြီ ဆိုပေမယ့် နိုင်ငံပေါင်း ၃၀ ခန့်တော့ ကျန်ရှိနေပါသေးတယ်။

ယနေ့အထိ ဘုရင်စနစ်ကျင့်သုံးတဲ့ နိုင်ငံအများစုဟာဆိုရင်လည်း စည်းမျဉ်း ခံဘုရင်စနစ်ကိုကျင့်သုံးနေကြတာဖြစ်ပြီး ဘုရင်၊ ဘုရင်မတို့ဟာ တိုင်းပြည်ရဲ့နိုင်ငံရေးအာဏာကိုချုပ်ကိုင်ထားတာမျိုးလည်း နည်းပါးသွားပြီဖြစ်ပါတယ်။ အချို့သောနိုင်ငံတွေမှာတော့ တော်ဝင်မိသားစုတွေဟာတိုင်းပြည်ရဲ့အာဏာကိုတရားဝင်ဆုပ်ကိုင်ထားဆဲဖြစ်တာကိုတွေ့ရမှာဖြစ်ပြီး ဒီနေရာမှာမျှဝေပေးချင်တာကတော့ ဘုရင်စနစ်ကိုလက်ကိုင်ကျင့် သုံးဆဲဖြစ်တဲ့ နိုင်ငံအချို့ရဲ့အချက်အလက်အချို့ဖြစ်ပါတယ်။

(၁၀) အင်္ဂလန်နိုင်ငံ

နေမဝင်အင်ပါယာကိုထူထောင်ခဲ့တဲ့ အင်္ဂလန်တော်ဝင်မိသားစုရဲ့အောင်မြင်မှုအရပဲ အင်္ဂလန်ရဲ့တော်ဝင်မင်းဆက်တွေဟာ လူသိများထင်ရှားကြပါတယ်။ယနေ့တိုင် အင်္ဂလန်နိုင်ငံရဲ့ဘုရင်မအဖြစ်စိုးစံနေသူက ဒုတိယ အဲလိဇဘက်ဘုရင်မကြီးဖြစ်ပြီးနန်းသက် (၆၈)နှစ်ကျော်လွန်ခဲ့ပြီလည်းဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့အင်္ဂလန်ရဲ့အရပ်ဘက်အုပ်ချုပ်ရေးဟာ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ရွေးကောတ်ခံပါတီတွေဖြစ်တယ်ဆိုပေမဲ့ အဲလိဇဘတ်ဘုရင်မကြီးဟာ ဗြိတိန်ကျွန်းအတွက်သာမက ဓနသဟာယနိုင်ငံတွေဖြစ်တဲ့ကနေဒါ၊ သြစတေးလျနဲ့နယူးဇီလန်နိုင်ငံတွေအပါအဝင်များစွာသောအဖွဲ့ဝင်နိုင်ငံတွေရဲ့နိုင်ငံတော် အဓိပတိခေါင်းဆောင်ဘုရင်မအဖြစ် ဆက်လက်ရှိနေသေးပါတယ်။

(၉) နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်

ဥရောပတိုက်နိုင်ငံတွေဖြစ်ကြတဲ့ နယ်သာလန်၊ဘယ်ဂျီယံနဲ့လူဇင်ဘတ်နိုင်ငံတွေကို တော့စုပေါင်းပြီး Low Countries (or) Benelux နိုင်ငံတွေလို့ခေါ်ပြီးအားလုံးဟာ ဘုရင်မင်းဆက်တွေကို ပိုင်ဆိုင်ထားကြဆဲဖြစ်ပါတယ်။ ယင်းနိုင်ငံတွေက ဘုရင်မင်းဆက်အားလုံးဟာ နိုင်ငံတော်အာဏာကို ရယူထားခြင်းမရှိပေမယ့် နိုင်ငံတွေရဲ့အထင်ကရတော်ဝင်မျိုး ဆက်တွေအဖြစ်တော့ရှိနေပါသေးတယ်။ နယ်သာလန်နိုင်ငံကိုတော့ဘုရင်ဝီလီယန်အလက်ဇနားနဲ့ ဘုရင်မ မက်ဇီမာတို့ကလက်ရှိအချိန်မှာ အုပ်စိုးနေကြပြီး တော်ဝင်မျိုးနွယ်တွေနေထိုင်ရာ အဆောက်အအုံကိုတော့ လိမ္မော်ရောင် အိမ်တော်လို့အမည်တွင်ပါတယ်။ ဘယ်ဂျီယံနိုင်ငံကိုတော့ (၂၀၁၃)ခုနှစ်ကဘယ်ဂျီရဲ့သတ္တမမြောက်ဘုရင်ဖြစ်လာတဲ့ဘုရင် ဖိလစ်ကအုပ်စိုးနေတာကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ လူဇင်ဘတ်နိုင်ငံကိုတော့ တော်ဝင်မြို့စားကြီး Henri ကလက်ရှိအချိန်မှာဆက်လ်ကစိုးစံနေပါတယ်။ ဖော်ပြပါ Low Countries တွေရဲ့မင်းဆက်အားလုံးဟာဆိုရင်(၁၉)ရာစုကာလကတည်းက စတင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။

(၈) Scandinavia နိုင်ငံများ (ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်)

Scandinavia နိုင်ငံများလို့သိကြတဲ့ဒိန်းမတ်၊နော်ဝေ၊ဆွီဒင်စတဲ့ ဥရောပနိုင်ငံတွေဟာဆိုရင်လည်း ယင်းနိုင်ငံတွေရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်စနစ်ကိုဆက်လက်ထားရှိကြတာကိုတွေ့ရပြီး ယင်းနိုင်ငံအားလုံးရဲ့နန်းဆက်သက်တမ်းဟာ နှစ်ပေါင်းတစ်ထောင်ကျော်အထိကိုရှိနေခဲ့ပြီပဲဖြစ်ပါတယ်။ ယနေ့အချိန်မှာဆိုရင်ဒိန်းမတ်နိုင်ငံရဲ့ဘုရင်မဟာ ဒုတိယမြောက် မာဂရတ်ဘုရင်မဖြစ်ပြီး ဆွီဒင်နိုင်ငံရဲ့စည်းမျဉ်းခံဘုရင်ကတော့ Bernadotte မင်းဆက်ရဲ့(၇)ဆက်မြောက် ဘုရင်ဖြစ်တဲ့ Carl XVI Gustaf ဖြစ်ပါတယ်။ နော်ဝေနိုင်ငံကိုတော့ Glucksburg လွှတ်တော်က(၁၁၅)နှစ်ကြာအုပ်ချုပ်ခဲ့ပြီး ယခုချိန်မှာတော့ ဘုရင် Harald V ကအုပ်ချုပ်ပါတယ်။

(၇) မိုနာကိုနိုင်ငံ

ကမ္ဘာ့ဒုတိယအသေးငယ်ဆုံးနိုင်ငံငယ်လေးဖြစ်တဲ့ မိုနာကိုနိုင်ငံဟာလည်း စည်းမျဉ်းခံဘုရင်စနစ်ကိုထားရှိပြီး Grimaldi မင်းဆက်ရဲ့အုပ်ချုပ်မှုအောက်မှ ာတည်ရှိနေခဲ့တာဟာဆိုရင် နှစ် (၇၀၀)ကျော် သက်တမ်းရှိနေပြီလည်းဖြစ်ပါတယ်။ ယနေ့ကာလမှာတော့ မိုနာကိုဟာမင်း သား ဒုတိယမြောက် အဲလ်ဘတ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိနေပါတယ်။ အယ်ဘတ်မင်းသားဟာဆိုရင် နိုင်ငံတော်ကောင်စီရဲ့ဥပဒေပြုအာဏာပိုင်အဖွဲ့ရဲ့အာဏာကိုခွဲဝေသုံးစွဲခွင့်ရထားတဲ့ နိုင်ငံတော်အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်နေတာလည်းဖြစ်ပါတယ်။

(၆) အာရေဗီကျွန်းဆွယ်

ယီမင်နိုင်ငံကလွဲပြီး အာရေဗီကျွန်းဆွယ်အတွင်းက နိုင်ငံအားလုံးဟာ ဘုရင်မင်းဆက်တွေ ယနေ့တိုင်ထားရှိကြပါတယ်။အဲဒီမင်းဆက်အားလုံးဟာဆိုရင်လည်း နိုင်ငံတော်အာဏာကို စိတ်ကြိုက်ခွဲဝေသုံးစွဲခွင့်ရှိနေကြတာဖြစ်ပါတယ်။ ယင်းအနက်က ကူဝိတ်၊ကာတာနဲ့ယူအေအီးနိုင်ငံတွေဟာ emirs(ဘုရင်) တွေအုပ်စိုးချုပ်ကိုင်ထားပြီး ကမ္ဘာ့ရေနံထုတ်လုပ်မှု အင်အားကြီးနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဗျနဲ့ ဘာရိန်းဘုရင်နိုင်ငံငယ်လေးကိုတော့ ဘုရင်တွေကိုယ်တိုင်အုပ်ချုပ်ပြီး အိုမန်နိုင်ငံကိုတော့ ဘုရင်ဆူလေတန်ကအုပ်ချုပ်ပါတယ်။

(၅) မလေးရှားနိုင်ငံ

အရှေ့တောင်အာရှမှာတည်ရှိတဲ့ မလေးရှားနိုင်ငံဟာဆိုရင်လည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာတင် ဘုရင်စနစ်ကိုထည့်သွင်းထားပါတယ်။ ထူးခြားတာကတော့မလေးရှား ဘုရင်တွေဟာ ကွယ်လွန်တဲ့အချိန်ထိ ထီးနန်းကိုအုပ်စိုးခွင့်မရှိဘဲ (၅)နှစ်သက်တမ်းပဲရှိနေ တာဖြစ်ပါတယ်။ မလေးရှားထီးနန်းကိုတော့ နိုင်ငံရဲ့ပြည်နယ်(၉)ခုကမျိုးရိုးအလိုက်ထီးနန်း မွေဆက်ခံခွင့်ရှိသူတွေက အလှည့်ကျအုပ်စိုးခွင့်ရှိနေတာဖြစ်ပါတယ်။ ဥရောပက မင်းဆက်တွေနည်းတူ မလေးရှားနိုင်ငံရဲ့ဘုရင်တွေဟာတိုင်းပြည်ရဲ့အကြီးအကဲဖြစ်တယ်ဆိုပေမယ့် နိုင်ငံတော်အာဏာကိုတော့ချုပ်ကိုင်ထားနိုင်ခွင့်တော့မရှိပါဘူး။

(၄) ထိုင်းနိုင်ငံ

အထက်မှာဖော်ပြခဲ့တဲ့မလေးရှားနိုင်ငံရဲ့မြောက်ဘက်ပိုင်းမှာတည်ရှိနေတဲ့အိမ်နီးချင်းထိုင်းနိုင်ငံဟာဆိုရင်လည်း သမိုင်းတစ်လျှောက်အရှည်ကြာဆုံးသော ထီးနန်းအုပ်စိုးသူဖြစ်တဲ့ ဘုရင်ကြီး ဘူမိဘော Rama IX ကသူကွယ်လွန်ခဲ့တဲ့(၂၀၁၆)ခုနှစ်ကာလအထိ နှစ်ပေါင်း(၇၀)လောက် ကြာအောင် အုပ်ချုပ်သွားခဲ့ပါတယ်။ ချက်ကရီမင်းဆက်တွေဟာ ထိုင်းနိုင်ငံကို (၁၇၈၂)ခုနှစ်ကနေစတင်အုပ်ချုပ်ခဲ့ပြီး ဘုရင်ကြီးဘူမိဘောကတော့ ပြည်သူကိုစံထားတဲ့ပြုပြင်ပြောင်းလဲမှုများစွာကြောင့် လူထုထောက်ခံရိုသေမှုကိုတစ်ခဲနက်ရရှိခဲ့ပေမယ့် သူ့နောက်ဆက်ခံလာတဲ့ဘုရင် Maha Vajiralongkorn လက်ထက်ရောက်ချိန်မှာတော့ ဝေဖန်မှုများစွာခံခဲ့ရကာ ယနေ့အထိကျောင်းသားထု ဦးဆောင်တဲ့ ဆန္ဒပြသူတွေနဲ့ရင်ဆိုင်နေရပါတယ်။

(၃) ဘရူနိုင်း

မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတွေလိုပဲဘော်နီယိုကျွန်းတွင်းပါဝင်နေတဲ့ ဘရူနိုင်းးနိုင်ငံဟာ ဆိုရင်ရေနံပေါကြွယ်ဝလွန်းတဲ့ကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေအနက်က တစ်ခုဖြစ်ပြီးဘုရင် Sultan Hassanal Bolkiah ကအုပ်ချုပ်ပါတယ်။ နိုင်ငံရေးနှင့် အစိုးရ နိုင်ငံရေးအနေဖြင့် ဘုရင်ဦးဆောင်သော အစ္စလာမ်ဘာသာရေးအခြေခံ အုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။ လွှတ်တော် ရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပခြင်း မရှိပါဘူး။ ဘရူနိုင်းနိုင်ငံရဲ့ နောက်ဆုံးရွေးကောက်ပွဲကိုတော့ ၁၉၆၂ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တာဖြစ်ပါတယ်။ ဘရူနိုင်းဘုရင်ဟာ ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံး ဘုရင်လည်း ဖြစ်ပါတယ်။

(၂) ဂျပန်

နေမျိုးနွယ်တွေလို့ တင်စားခေါ်ဆိုကြတဲ့ ဂျပန်လူမျိုးတွေဟာဆိုရင် (၇)ရာစုကာလကနေစတင်ပြီး ယနေ့အချိန်ထိ ကိုယ်ပိုင်ထီးနန်းကိုထိန်းသိမ်းထားဆဲနိုင်ဆဲဖြစ်ပါတယ်။ တချိန်တုန်းကတော့ဂျပန်အင်ပါယာဘုရင်ဟာ နိုင်ငံတော်အာဏာကို အလုံးစုံချုပ် ကိုင်အုပ်ချုပ် ရာကနေ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှာတော့ စစ်ပွဲကိုဦးဆောင်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့တိုင်းပြည်ရဲ့ပြယုဂ်အဖြစ် အဆင့်ချခြင်း ခံခဲ့ရပါ တော့တယ်။ ယနေ့ ကာလမှာတော့ဂျပန်နိုင်ငံရဲ့အုပ်ချုပ်ရေးအာဏာဟာရွေးကောက်ခံပါတီက တက်ရောက်လာတဲ့ ဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့လက်အတွင်းရှိနေပြီး ဂျပန်ဧကရာဇ်ကတော့ (၂၀၁၉)ခုနှစ်ကနန်းတက်ခဲ့တဲ့ ဧကရာဇ် Naruhitoဖြစ်ပါတယ်။

(၁) အက်ဆွာတီနီ

ဆွာဇီလန်နိုင်ငံလို့လည်းသိကြတဲ့ အက်ဆွာတီနီနိုင်ငံဟာဆိုရင် အာဖရိကတိုက်က ဘုရင့်နိုင်ငံတွေအနက်က ဘုရင်က အာဏာကုန်ရယူထားတဲ့ နိုင်ငံဖြစ်ပြီး လက်ရှိအချိန်မှာတော့ဘုရင် Mswati III ရဲ့ဦးဆောင်မှုအောက်မှာရှိပါတယ်။ ဘုရင်ကပဲ နိုင်ငံတော်အာဏာကို အလုံးစုံထိန်းသိမ်း ထားတာမျိုးဖြစ်ပြီး ရှေးရိုးစွဲဆန်ဆန်ပဲ ဘုရင် Mswati III ဟာ ဇနီးအယောက်(၁၄)အထိ တရားဝင်ရယူထားပါတယ်။ ဘုရင်ဟာ နိုင်ငံ ကိုတော့တင်းကျပ်တဲ့ဥပဒေထုတ်ပြန်အုပ်ချုပ်ထားပြီး သူ့အပေါ်ပုဂ္ဂိုလ်ရေးဆိုင်ရာဝေဖန် မှုမှန်သမျှကို ပြစ်ဒဏ်အဖြစ်သတ်မှတ်ပါတယ်။ ဆွာဇီလန်နိုင်ငံရဲ့အမှတ်အသားဟာဆိုရင်လည်း ဘုရင်တော်ဝင်မိသားစုကိုသာ ကိုယ်စားပြုပြီး ယင်းအမှတ်အသားက ခြင်္သေ့ဟာဘုရင်၊ ဆင်ဟာ နန်းတက်ချိန် ကာလက ဘုရင်ဟာအသက်ငယ်သေးတာ ဘုရင်ငယ်လေးကိုထိန်းကြောင်းအုပ်ချုပ်ခဲ့တဲ့ ဘုရင့်မယ်တော်ဘုရင်မကြီးကို ရည်ရွယ်ပါတယ်။

Tags: countries
Next Post
လစာအများဆုံး နိုင်ငံခေါင်းဆောင် ၁၀ ယောက်

လစာအများဆုံး နိုင်ငံခေါင်းဆောင် ၁၀ ယောက်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!