Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဘယ်တော့မှ အစိမ်းမစားသင့်သော အရာများ

by Thutamm
August 13, 2019
Reading Time: 1min read
0
ဘယ်တော့မှ အစိမ်းမစားသင့်သော အရာများ
Share on FacebookShare on Twitter

ရေးသားသူ – ချစ်ဖေ(တောင်တွင်းမြေ)

အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုပေမယ့် အစားမတော် တလုတ်ဆိုတဲ့ စကားပုံအတိုင်း အစားမမှားဖို့တော့ လိုအပ်တာပေါ့။ ဒီတော့ ကျနော်တို့ မီးဖိုချောင်သုံး အစာတွေထဲက ဘယ်သောအခါမှ အစိမ်း မစားသင့်တဲ့ အစာတွေ အကြောင်း ကျန်းမာရေး ဗဟုသုတအဖြစ် နည်းနည်း ပြောပြချင်ပါတယ်။

အာလူး

ပုံမှန်ဆိုရင် အာဟာရစာ ဖြစ်ပေမယ့် အာလူးကို ဘယ်တော့မှ အစိမ်းမစားသင့်ပါဘူး။ အစာအိမ် ရောင်ရမ်းမှုလို အားနည်းချက်တွေအပြင် အစာလမ်းကြောင်းတွင်း အနံ့ဆိုးနဲ့ ဓါတ်မတည့်မှုမျိုး ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ အာလူးမှာ စေးကပ် တောင့်ခဲ့စေတဲ့ ဓါတ်ပါရှိပြီး အစာကြေဖို့ ခက်လို့ပါလို့ Terra Kitchen က တာဝန်ရှိသူ ဒေါက်တာ Lisa Dacis က ပြောပါတယ်။ အာလူးကို ချက်လိုက်ရင်တော့ အဆိုပါ ဓါတ်က ပျက်ပြယ်သွားပြီး အစာချေဖို့ အဆင်ပြေ သွားစေပါတယ်။ ပြီးတော့ အာလူးကို စိုတဲ့၊ နွေးတဲ့ နေရာမှာ ကြာကြာထားရင် မျက်နှာပြင်မှာ အစိမ်းကွက်တွေ ဖြစ်လာတတ်ပါတယ်။ ဒါဟာ အာလူးမှာ Solaine ဆိုတဲ့ အဆိပ်သင့်မှု ဖြစ်တည်လာခြင်းဖြစ်ပြီး အဆိုပါ အစိမ်းကွက် ပါရှိနေတဲ့ အားလူးကို မစားဖို့ သတိပြုရပါလိမ့်မယ်။ အစာအဆိပ်သင့်ခြင်းလို ဖြစ်ရပ်တွေနဲ့ တွေ့နိုင်လို့ပါ။

Yucca (ယူက)

သူကတော့ ကျနော်တို့ဆီမှာ စားသုံးမှု မရှိပါဘူး။ အမေရိကနဲ့ ကာရေဘီယံနယ်တွေမှာ ပေါက်ရောက်မှုရှိပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ် ကြွယ်ဝလို့ တောင်အမေရိကမှာ အစားများပါတယ်။ ဒါပေမယ့် အစိမ်းစားရင်တော့ ဆိုက်ရာနိုက်(Cyanide)လို အဆိပ်သင့်မှု ဖြစ်စေနိုင်ပါတယ်။ ဥအနေနဲ့ရော အရွက်ကိုပါ အစိမ်း မစားသင့်ပါဘူး။ စားမယ်ဆို ရေသေချာဆေး၊ ရေစိမ်ထား၊ အခွံနွှာ၊ ပြီးမှ သေချာကျက်အောင် ချက်စားသင့်ပါတယ်။

ပဲနီကြီး (Kidney Beans)

အစိမ်းစားမယ်ဆိုရင် အန္တရာယ်ရှိပေမယ့် ပုံမှန်ဆို အာဟာရစာပါ။ အသားဓါတ်ပါတယ်။ အမျှင်ဓါတ် ပြည့်ဝတယ်။ အောက်ဆီဓါတ်တိုးခြင်းကို လျော့နည်းစေတယ်။ ဒါပေမယ့် အစိမ်းစားမယ်ဆိုရင် အစာအိမ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။ အစိမ်းလိုက်စားမယ်ဆိုရင် ပဲနီကြီးမှာ အဆိပ်ဓါတ် Phytohemagglutinin ပါရှိပါတယ်။ သူက အစာ အဆိပ်သင့်သလို ခံစားရစေမှု ဖြစ်စေပါလိမ့်မယ်လို့ ဒေါက်တာ Davis က ဆက်ပြောထားပါတယ်။

ကိုရီးယားကြက်အူချောင်း

ပြည်တွင်းမှာက ကိုရီးယားကြက်အူချောင်းလို့ခေါ်လို့ ဒီလိုပဲ သုံးပါရစေ။ သူလည်း အာဟာရစာ ဖြစ်ပေမယ့် အစိမ်းစားရင်တော့ မကောင်းပါဘူး။ တကယ်တော့ သူက အသင့်စား အစာအဖြစ် ဖန်တီးထားတာပါ၊ ဒီအတိုင်း စားနိုင်ပါတယ်။ ဒါပေမယ့် FDA ရဲ့ အဆိုအရတော့ ထုတ်ပိုးထားတဲ့ ကြက်အူချောင်းမှာ Listeria ဆိုတဲ့ ဘက်တီးရီးယား ပါရှိပါတယ်။ ဒီပိုးက ကြက်အူချောင်းကို ချက်လိုက်မှ သေသွားမှာဖြစ်ပြီး မဟုတ်ရင်တောင် အစာအိမ်ကို ဒုက္ခ ပေးနိုင်တယ်လို့ ဆိုပါတယ်။

နွားနို့

ကျနော်တို့ နေ့စဉ်သောက်သုံးပေးသင့်တဲ့ အစာတခုဖြစ်ပေမယ့် အစိမ်းလိုက်ဆိုရင် E. coli နဲ့ Salmonella လို ရောဂါပိုးတွေ ပါရှိနေမှာပါ။။ FDA ရဲ့ အဆိုအရတော့ ဒီလိုပိုးတွေ ပါရှိမှုကြောင့် နွားနို့အစိမ်း သောက်ခြင်းက ဗိုက် အဆင်မပြေခြင်း(ဝမ်းပျက်ခြင်း၊ အော့အန်ခြင်း၊ တုပ်ကွေး၊ ဗိုက်အောင့်ခြင်း)စတဲ့ ဝေဒနာတွေ ခံစားရဖို့ ပုံမှန်ထက် ၁၅၀ ရာခိုင်နှုန်းလောက်ထိအောင် ပိုစေတယ်လို့ ဆိုပါတယ်။ နွားနို့ကို ကျိုချက် သောက်သုံးပါ။

ပဲပင်ပေါက်

သူလည်း လူစားများပါတယ်၊ အာဟာရဖြစ်စေပေမယ့် E. coli, Salmonellaနဲ့ Listeria လို ရောဂါပိုးတွေပါရှိတတ်ပါတယ်။ နွေးပြီး စိုစွတ်တဲ့နေရာမှာ ဖောက်ထားတာဖြစ်လို့ ပဲပင်ပေါက်မှာ ဘက်တီးရီးယားတွေ နားခိုပါရှိနေတတ်တာပါ။ လတ်ဆတ်တဲ့ ပဲပင်ပေါက်ကို ဝယ်စားပါ။ သေချာဆေးပြီးမှ ချက်စားပါ။

ဗာဒံစေ့

သူလည်း ပြည်တွင်းမှာတော့ အစားနည်းပေမယ့် ကျန်းမာရေးအတွက် ကောင်းကွက်တွေ ပါရှိတဲ့အစာပါ။ သူ့မှာ Hydrocyanic Acid ပါရှိပါတယ်။ ဒီအက်ဆစ်က ဟိုက်ဒရိုဂျင်ဆာရာနိုက်လို အဆိပ်မျိုး ဖြစ်စေပြီး ရေကိုပါ မသန့်ရှင်းစေနိုင်လောက်အောင် ဖြစ်စေပါတယ်။ Spruce ရဲ့ ဖော်ပြချက်တခုမှာ ဗာဒံစေ့ ၇၀ လောက်ကို စားမယ်ဆိုရင် အရွယ်ရောက်ပြီး သူတဦး သေဆုံးနိုင်လောက်အောင် ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ချက်စားရင်တော့ ရပါတယ်။ အမေရိကန်လို နေရာမှာတောင် ဆိုင်တိုင်း ဗာဒံစေ့ မရောင်းဘူးလို့ သိရပါတယ်။

ဂျုံမှုန့်

ဂျုံကလည်း အစိမ်းစားရင် မကောင်းဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ FDA နဲ့ ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအဖွဲ့တွေကနေ ဂျုံကို အစိမ်းစားရင် ဖျားနာမှု အစပျိုး နာမကျန်း စေနိုင်တယ်လို့ ဆိုလာတာ တွေ့ရပါတယ်။ ဂျုံကို ကုန်ကြမ်း အဆင့်ကနေ ကုန်ချောထုတ်လုပ်မှု ကာလအတွင်း E. coli လို ရောဂါပိုးတွေ ဝင်သွားတတ်ပြီး ချက်စားမှ အဆိုပါပိုးတွေ သေသွားနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခရမ်းသီး

Solanine လို ဓါတ်တွေ ဝင်ရောက်နေနိုင်မှုကြောင့် သူ့ကို အစိမ်း မစားသင့်ပါဘူး။ အာလူးကို အစိမ်းစားရင်ဖြစ်သလို ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ အစိမ်းစားတာများရင် သင့်အနေနဲ့ အစာအိမ် နေထိုင်မကောင်းမှု ဖြစ်ပါလိမ့်မယ်။ အဆိပ်သင့်ခြင်း ပုံစံတမျိုးပါ။ တချို့ဆိုရင် ခရမ်းအသီး အစိမ်းနဲ့ မတည့်လို့ စားမိရင် ဓါတ်မတည့်မှုရောဂါ(Allergic)တောင် ဖြစ်တတ်ကြပါတယ်။

Reader Digest တွင်ဖော်ပြထားတဲ့ 9 foods you should never, ever eat raw ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

ချစ်ဖေ(တောင်တွင်းမြေ)
Irrawaddy Burmese

Tags: health knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ထူးထူးခြားခြား နိုင်ငံတကာ နယ်စပ်မျဉ်းများ

ထူးထူးခြားခြား နိုင်ငံတကာ နယ်စပ်မျဉ်းများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!