• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဗြဟ္မပုတ္တရမြစ် အကြောင်း သိကောင်းစရာ

by Thutamm
August 25, 2019
Reading Time: 1min read
0
ဗြဟ္မပုတ္တရမြစ် အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

အိန္ဒိယနိုင်ငံ၏ မြစ်ကြီးသုံးသွယ် အနက် တသွယ်ဖြစ်သော ဗြဟ္မပုတ္တရ မြစ် (Brahmaputra River) သည် ဟိမဝန္တာတောင်တန်းရှိ ပေ ၁၆၀၀၀ မြင့်သော ကူဗင်ဂန်ဂရီတောင်၌ မြစ်ဖျားခံ၍ အရှေ့ဖက်သို့ စီးဆင်းသည်။ ယင်းနှင့် မနီးမဝေးရှိ မာနာဆာရောဝါအိုင်တွင် အိန္ဒူမြစ် နှင့် ဆတ္တလက်မြစ်တို့ မြစ်ဖျားခံကာ အနောက်ဖက်သို့ စီးဆင်းသည်။ တရုတ် ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို ဖြတ်သန်းစီးဆင်းသောမြစ်ဖြစ်သည်။

ဗြဟ္မပုတ္တရမြစ်သည် ဟိမဝန္တာတောင်တန်းကြီးနှင့် မြောက်ဖက်တွင် ထိုတောင်တန်းနှင့် မျဉ်းပြိုင် အရှေ့ဖက်သို့မိုင် ၁၀၀၀ ခန့် စီးဆင်းကာ တဆစ်ချိုးလျှက် ထိုတောင်တန်းကို ဖြတ်သန်းခဲ့ပြီးနောက် အာသံပြည်နယ်သို့ ရောက်သောအခါ တဖန်အနောက်ဖက်သို့ မိုင် ၄၅၀ ခန့် စီးဆင်းသည်။

ထိုနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရန်ဂပူးခရိုင်အတွင်း၌ တောင်ဖက်စူးစူးအတိုင်း မိုင် ၁၅၀ခန့် စီးဆင်းကာ ဂိုအာလန္ဒားမြို့ကလေးအနီးတွင် ဂင်္ဂါမြစ်နှင့် ပေါင်းဆုံသည်။ ထိုနောက် ဆက်လက်စီးဆင်းပြီးလျှင် မေ့ဃနာမြစ်ဝကျယ်ကြီးဖြင့် ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်သည်။ ဗြဟ္မပုတ္တရမြစ်သည် မိုင် ၁၈၀၀ ခန့်ရှည်လျား၍ ဂင်္ဂါမြစ်ထက် မိုင် ၂၅၀ခန့်ပိုရှည်သည်။

ဗြဟ္မပုတ္တရမြစ်ကို တိဘက်ပြည်၌ ဆန်ပိုမြစ်ဟုခေါ်သည်။ အဓိပ္ပါယ်မှာ သန့်ရှင်းသည်ဟု ဖြစ်သည်။ ဆန်ပိုဟု ခေါ်သော မြစ်ညာပိုင်းသည် ဧရာဝတီမြစ်၏ အထက်ပိုင်းဟု တခါက ယူဆခဲ့၍ ၁၈၈၄-၈၆ ခုနှစ်အတွင်းကျမှ မြစ်ကြောင်းအမှန်ကို ရှာဖွေတွေ့ရှိသဖြင့် ဗြဟ္မပုတ္တရမြစ် နှင့် ဆန်ပိုမြစ်တို့သည် တဆက်တည်းဖြစ်ကြောင်း သိလာကြသည်။ အာသံနယ်ထဲသို့ ရောက်သောအခါ ဒီဟန်မြစ်ဟုခေါ်၍ ဆာဒီယာမြို့အနီး ဒီဗန်မြစ်လက်တက်နှင့် ပေါင်းဆုံပြီးသည့်အခါမှ ဗြဟ္မပုတ္တရမြစ် ဟုခေါ်ကြသည်။ အဓိပ္ပါယ်မှာ ဗြဟ္မာ့သားဟု ဖြစ်သည်။

ယင်းမြစ်သည် အောက်ပိုင်းမိုင် ၆၀ခန့်တွင် ၄မိုင် ၅မိုင်ခန့် ကျယ်၍ ကျွန်းများစွာ ထွန်းပေါ်နေသည်။ ယင်းတို့အနက် ၄၈၅ စတုရန်းမိုင် ကျယ်ဝန်းသော မဂျူလီကျွန်းသည် အထင်ရှားဆုံးဖြစ်သည်။ ဗြဟ္မပုတ္တရမြစ်၏ ရေဆင်းဧရိယာသည် ၂၇၄၉၁၈ စတုရန်းမိုင်ခန့်ရှိသည်။ ဇွန်လလယ်မှ စက်တင်ဘာလလယ် အတွင်း တောင်ရေများကျသဖြင့် ရေလျှံသည်။ စီးဆင်းသောရေထုလည်း အလွန်ကြီးသည်။ မိုးအခါ၌ တစ်စက္ကန့်လျှင် ကုဗပေ ၇၀၀၀၀၀ခန့်စီးဆင်းပြီး နွေအခါတွင်မူ ကုဗပေ ၁၄၆၁၈၈ စီးဆင်းသည်။

ဗြဟ္မပုတ္တရမြစ်ကို မြစ်ဝမှ မိုင် ၈၀၀ခန့်ဝေးသော ဒီဗရူးဂါးမြို့အထိသာ လှေသင်္ဘောကြီးများ သွားလာနိုင်သည်။ ဆန်ပိုမြစ်ပိုင်း၌လည်း လာဆေးမြို့မှ ဆီတန်မြို့အောက် တစ်နေ့ခရီးသာ သွားရသောနေရာအထိ မိုင် ၄၀၀ခန့်အတွင်း သင်္ဘောများ သွားလာနိုင်သည်အထိ မြစ်သည် ကျယ်သည်။ ဗြဟ္မပုတ္တရမြစ်၏ ပျမ်းမျှရေအနက်မှာ ၁၂၅ပေဖြစ်၍ အနက်ဆုံးနေရာတွင် ၃၈၀ပေ အထိ နက်သည်။

ပေ ၁၂၀၀၀၀ ခန့်မြင့်သော ဒေသတွင် ယင်းသို့ စုန်ဆန်သွားလာနိုင်သဖြင့် ဗြဟ္မပုတ္တရမြစ်သည် ပြည်တွင်းရေကြောင်း သွားလာရေးတွင် ကမ္ဘာပေါ်၌ အထူးထင်ရှားသော မြစ်ကြောင်းတစ်ခုဖြစ်လာသည်။ ဗြဟ္မပုတ္တရမြစ်တွင် မြစ်လက်တက်ပေါင်းများစွာ ရှိသည့်အနက် ထင်ရှားသော မြစ်လက်တက်များမှာ ဝဲဖက်တွင် ရှီဂိတ်ဆီမြို့နားမှ စီးဝင်သော ရာကာဆန်ပိုမြစ် ၊ လာဆာမြို့ကို ဖြတ်စီးသော ကျည်ချူမြစ် ၊ ဆေလာဇောင်းမြို့နားမှ စီးဝင်သော ဂျန်ဒါမြစ် ၊ ဆာခိယမြို့နားမှ စီးဝင်သော ဒီဗန်မြစ်နှင့် ယာဖက်တွင် ဂျန်ဆီမြို့ကို ဖြတ်စီးသော ညန်ချူမြစ် စသည်တို့ ဖြစ်သည်။

ဗြဟ္မပုတ္တရမြစ်ပေါ်တွင် အဓိကရေအားလျှပ်စစ်စီမံကိန်းအဖြစ် တရုတ်တိုတည်ဆောက်ခဲ့သောဆည်မှာ တိဘက်တွင် ၂၀၀၉ခုနှစ်က စတင်တည်ဆောက်ခဲ့သော Zangmu ဆည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည့် Zangmu ဆည်သည် လျှပ်စစ်ဓာတ်အား ၅၁၀ MW ကို ထုတ်လုပ်ပေးလျှက်ရှိသည်။ ဗြဟ္မပုတ္တရမြစ် သည် အိန္ဒိယနိုင်ငံရှိမြစ်များအနက် အိန္ဒုမြစ်နောက် ဒုတိယအရှည်ဆုံးမြစ်လည်းဖြစ်သည်။ (အိန္ဒိယတစ်နိုင်ငံတည်းတွင်သာ စီးဆင်းသည့် အလျားကို တွက်ချက်ပါက အိန္ဒိယ၏ အရှည်ဆုံးမြစ်မှာ ဂင်္ဂါမြစ်ဖြစ်သည်)

မြန်မာ့စွယ်စုံကျမ်း
En Wikipedia

Tags: rivers
Next Post
လူသိနည်းတဲ့ ကြောင်မျိုးစိတ် ၉ ခု

လူသိနည်းတဲ့ ကြောင်မျိုးစိတ် ၉ ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!