• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဗုံးဒဏ်ကြောင့် ပေါ်လာခဲ့သော နာမည်ကျော်ကမ်းခြေ

by Thutamm
December 15, 2019
Reading Time: 1min read
0
ဗုံးဒဏ်ကြောင့် ပေါ်လာခဲ့သော နာမည်ကျော်ကမ်းခြေ
Share on FacebookShare on Twitter

ယင်းကမ်းခြေနာမည်ကတော့ ပုန်းကွယ်နေတဲ့ကမ်းခြေ(Hidden Beach) သို့ Playa del Amor လို့လူသိများပြီး ပစိဖိတ်သမုဒ္ဒရာတွင်းကဆိပ်ကမ်းမြို့လည်းဖြစ် အပန်းဖြေစခန်း လည်းဖြစ်တဲ့ Puerto Vallarta မြို့ရဲ့အနောက်မြောက်ဘက်မှာတည်ရှိနေပါတယ်။ Marieta ကျွန်းစုအတွင်းပါဝင်နေတဲ့ Hidden beach ဟာ နာမည်နဲ့လိုက်ဖက်အောင်ပဲ မူရင်းကမ်းခြေကနေတောင်စွယ်၊ ကျောက်ဂူတွေအကြားတည်ရှိနေတာဖြစ်ပြီး အတွင်းမှာတော့ သဲသောင်ပြင်နဲ့ လိုက်ဖက်တဲ့ ပင်လယ်ကမ်းခြေတစ်ခုတည်ရှိနေပါတယ်။

အနီးစပ်ဆုံး Puerto Vallarta ကနေ ယင်းကမ်းခြေကိုသွားမယ်ဆိုရင်တော့ ပင်လယ်ကမ်းခြေကနေ သင်္ဘောဘုတ်နဲ့တစ်နာရီကြာစီးနင်းရမှာဖြစ်ပါတယ်။ Hidden ကမ်းခြေဟာ မက္ကဆီကိုရဲ့အဓိက နိုင်ငံခြားဧည့်သည်လာရောက်လည်ပတ်သူအများဆုံး ကမ်းခြေတွေအနက်ကတစ်ခုဖြစ်ပြီး ခရီးသွားအေဂျင်စီများစွာအခြေစိုက်တဲ့နေရာတစ် ခုလည်းဖြစ်ပါတယ်။

Banderas ပင်လယ်အော်ရဲ့ပါးစပ်ပေါက်တစ်ခုပမာရှိနေတဲ့ Hidden ကမ်းခြေဟာပစိဖိတ်သမုဒ္ဒရာရဲ့အပြာရောင်ရေလှိုင်းတွေ အစဉ်ရိုက်ခတ်လျက် ရှိနေတာဖြစ်ပြီး Marieta ကျွန်းရဲ့ကမ်းခြေတစ်ခုအဖြစ်လည်းတည်ရှိနေတာဖြစ်ပါတယ်။ Marieta ကျွန်းတွေဟာ ကျွန်းငယ်များစွာစုစည်းထားတဲ့ကျွန်းစုတွေသာဖြစ်ပြီး လေ့လာမှုတွေအရဆိုရင်တော့ ရေအောက်မှာရှိတဲ့မီးတောင်တွေပေါက်ကွဲရာကနေထွက်ပေါ်လာ ကြတာဖြစ်တယ်လို့သိရပါတယ်။

ဒါပေမယ့် ယင်းကျွန်းအတွင်းမှာပါဝင်နေတဲ့ Hidden beach ကတော့ဗုံးဖောက်ခွဲစမ်းသပ်ချက်တစ်ခုကြောင့်ဖြစ်လာခဲ့ရတာဖြစ်ပါတယ်။ (၁၉၀၀)ပြည့်နှစ်အချိန်လောက်ကနေစတင်ပြီး မက္ကဆီကိုအစိုးရဟာ လူတွေနေထိုင် ခြင်းမရှိတဲ့ကျွန်းတွေအပေါ်မှာ စစ်လက်နက်စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် ယမ်းဘီလူးတန်ချိန်မြင့်မားလွန်းတဲ့ဗုံးတွေကိုစမ်းသပ်ခဲ့တာကြောင့် Marieta ကျွန်းရဲ့ကျောက်တောင်တော်တော်များများဟာကွဲပျက်ခဲ့ရပြီး တစ်ကြိမ်မှာတော့ Hidden ကမ်းခြေလိုနေရာမျိုးတွေပေါ်ပေါက်လာခဲ့ပါတယ်။

(၁၉၆၀)ခုနှစ်မှာတော့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Jacques Cousteau ကဦးဆောင်ပြီး Marieta ကျွန်းစုတွေအတွင်းမှာရှိတဲ့ လူသားတွေအတွက်ဘေးဖြစ်စေတဲ့ စစ်လက်နက်ပစ္စည်းဖယ်ရှားရေးလုပ်ငန်းစဉ်တွေကို မက္ကဆီကိုတပ်မတော်တာဝန်ရှိ သူတွေနဲ့အတူ တွဲဖက်လုပ်ဆောင်ခဲ့ပါတယ်။

(၂၀၀၅)ခုနှစ်ရောက်ချိန်မှာတော့ မက္ကဆီကိုအစိုးရက လူနေထိုင်ခြင်းမရှိတဲ့ Marieta ကျွန်းစုအားလုံးကို အစိုးရရဲ့ထိန်းသိမ်းစောင့်ရှောက်မှု နယ်မြေအဖြစ်သတ်မှတ်ကာ Parque Nacional Islas Marietas ဆိုတဲ့ အမည်ကိုတရားဝင်သတ်မှတ်ပေးခဲ့ပြီး ယင်းကျွန်းစုတွေအတွင်းမှာ နောက်ထပ်စစ်လက်နက်စမ်းသပ်ချက်တွေကိုတားဆီးခဲ့ရုံသာမက ကျွန်းဝန်းကျင်မှာ မှီတင်းနေထိုင်ကြတဲ့ ရေသတ္တဝါငယ်တွေအတွက် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်။

ကျွန်းတွေအနီးမှာ ရေကူးခြင်း၊ ကယပ်လှေစီးခြင်း၊ နေပူဆာလှုံခြင်း ၊ရေငုပ်ခြင်းစတဲ့ကမ်းခြေအပန်းဖြေနည်းတော်တော်များများကို ခွင့်ပြုပေးခဲ့ပေမယ့် ကျွန်းစုအနီးငါးဖမ်းခြင်းကိုတော့တားမြစ်ခဲ့ပါတယ်။ ယင်းကျွန်းစုတွေအနက်ထင်ရှားတဲ့ Playa del Amor မှာဆိုရင် အဆင့်မြင့်အပန်းဖြေစခန်းအဖြစ်သတ်မှတ်ထားရှိပြီး ကမ္ဘာအရပ် ရပ်ကခရီးသွားဧည့်သည့်တွေကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

Hidden beach ဟာ ကုန်းမြေဘက်ခြမ်းကကြည့်မယ်ဆိုရင်တော့ မြင်နိုင်မှာမဟုတ်ပဲ ကြီးမားတဲ့ဥမင်တစ်ခုပမာ ပစိဖိတ်သမုဒ္ဒရာရေပြင်နဲ့စပ်ဆက်လို့တည်ရှိနေပါတယ်။ ဒီကမ်းခြေဟာ ပင်လယ် ရေမျက်နှာပြင်အထက် (၆)ပေသာမြင့်မားပြီး လာရောက်သူတွေအနေနဲ့ ရေလမ်းကနေ ပဲ ဒီကမ်းခြေကိုလာရောက်နိုင်မှာဖြစ်ပါတယ်။

Marieta ကျွန်းစုခရီးစဉ်ကိုစီစဉ်တဲ့ ခရီးသွားအေဂျင့်အတော်များများဟာ Hidden beach ကိုပဲ အသားပေးပြီး သူတို့ရဲ့ဝန်ဆောင်မှုကြေးကိုရယူလေ့ရှိပါတယ်။ Hidden beach ကို မသွားရောက်ပဲ Puerto Vallarta ကနေ Marieta ကျွန်းတွေကိုသွားရောက်တဲ့ခရီးစရိတ်ကတော့တစ်ဦးကို မက္ကဆီကိုပီဆို (၅၀၀) ကျသင့်မှာဖြစ်ပြီး Hidden beach ကိုပါခရီး စဉ်ထဲရေတွက်မယ်ဆိုရင်တော့ ပီဆို (၁၅၀၀)လောက်ကျသင့်မှာဖြစ်ပါတယ်။

VIDEO

Exploring Mexico's Unique Hidden Beach

I need to visit this unique beach in Mexico! 😎🎥 Postandfly

Posted by UNILAD Adventure on Monday, September 24, 2018

Tags: world places
Next Post
၀န်ထမ်းတွေကို ဘောနပ်စ် ဒေါ်လာ ၁၀သန်းပေးကာ Suprise လုပ်ခဲ့တဲ့ သူဌေးကြီး

၀န်ထမ်းတွေကို ဘောနပ်စ် ဒေါ်လာ ၁၀သန်းပေးကာ Suprise လုပ်ခဲ့တဲ့ သူဌေးကြီး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!