• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဗုဒ္ဓဘာသာတို့ရဲ့ အထင်ကရနေရာတစ်ခု ဖြစ်တဲ့ ရာဇဂြိုဟ်ပြည်

by Thutamm
August 9, 2019
Reading Time: 1min read
0
ဗုဒ္ဓဘာသာတို့ရဲ့ အထင်ကရနေရာတစ်ခု ဖြစ်တဲ့ ရာဇဂြိုဟ်ပြည်
Share on FacebookShare on Twitter

ရာဇဂြိုဟ်ပြည် သည် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်၊ နာလန္ဒာခရိုင်တွင် တည်ရှိသည်။ ရာဇဂြိုဟ်သည် ရှေးယခင်က မဇ္ဈိမတိုက်၌ ပါဝင်သော တိုင်းကြီး ၁၆ တိုင်းအနက် မာဂဓတိုင်း၏ ပထမဆုံး မြို့တော်ဖြစ်သည်။ စတင်တည်ထောင်သည့်နှစ်ကို မသိရသော်လည်း ဘီစီ ၁၀၀၀ ခန့်က ကြွေထည်ပစ္စည်းများကို မြို့တွင်းတွင် တူးဖော်ရရှိခဲ့သည်။ ရာဇဂြိုဟ်သည် ဗုဒ္ဓဘာသာနှင့် ဂျိန်းဘာသာတို့အတွက် အထင်ကရနေရာတစ်ခုဖြစ်သည်။ အဇာတသတ်မင်းကြီးက အထောက်အကူပြုပြီး အသျှင်မဟာကဿပ ဦးဆောင်၍ ပထမအကြိမ်သင်္ဂါယနာကို ရာဇဂြိုဟ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရာဇဂြိုဟ်သည် တောင်များပတ်လည်ဝိုင်းနေသည့် တောင်ကြားဒေသတွင် တည်ရှိသည်။ ရေပူစမ်းများ ရှိခြင်းကြောင့် ကျန်းမာရေးနှင့် ဆောင်းရာသီ အနားယူရာနေရာအဖြစ် စည်ကားသည်။ ထိုရေပူစမ်းများတွင် ရေချိုးပါက အရေပြားရောဂါများ ပျောက်ကင်းသည်ဟု အယူရှိကြသည်။ ဝေဘာရတောင်ရှိ သတ္တပဏ္ဏိလိုဏ်ဂူမှာ ရာဇဂြိုဟ်ရေပူစမ်း စတင်ရာနေရာဖြစ်ကာ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာနှင့် ဟိန္ဒူဘာသာများ၏ အထွတ်အမြတ်ထားရာ နေရာတစ်ခုလည်းဖြစ်သည်။ အခြားလည်ပတ်စရာနေရာတစ်ခုမှာ ရတနာဂီရိတောင်ဖြစ်ပြီး တောင်ထိပ်တွင် ဂျပန်နိုင်ငံမှ လာရောက်တည်ထားသော ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ နှင့် ဘုန်းကြီးကျောင်းများ တည်ရှိသည်။

ရာဇဂြိုဟ်၏ အပူချိန်မှာ အမြင့်ဆုံး ၄၀° စင်တီဂရိတ်၊ အနိမ့်ဆုံး ၂၀° စင်တီဂရိတ်ရှိကာ ဆောင်းရာသီတွင် အမြင့်ဆုံး ၂၈° စင်တီဂရိတ်နှင့် အနိမ့်ဆုံး ၆° စင်တီဂရိတ်ခန့် ရှိသည်။ မိုးရေချိန်မှာ ဇွန်လလယ်မှ စက်တင်ဘာလလယ်အထိ ၁,၈၆၀ မီလီမီတာ ဖြစ်လေသည်။ အောက်တိုဘာလမှ မတ်လအထိမှာ ပူနွေးခြောက်သွေ့သော ရာသီဥတုဖြစ်သည်။

ဝေဠုဝနရှိ ဝါးပင်များ

၂၀၁၁ ခုနှစ် အိန္ဒိယနိုင်ငံ သန်းခေါင်စာရင်းအရ ရာဇဂြိုဟ်၏ လူဦးရေမှာ ၄၁,၅၈၇ ယောက်ဖြစ်သည်။ အမျိုးသား ၅၄ % နှင့် အမျိုးသမီး ၄၇ % ဖြစ်သည်။ ရာဇဂြိုဟ်၏ ပျမ်းမျှစာတတ်မြောက်မှုနှုန်းမှာ ၅၂ % ဖြစ်ကာ အမျိုးသားစာတတ်မြောက်နှုန်း ၆၁ % နှင့် အမျိုးသမီး စာတတ်မြောက်နှုန်း ၄၁ % ဖြစ်သည်။ လူဦးရေ၏ ၁၉ % မှာ အသက်ခြောက်နှစ်အောက်များ ဖြစ်ကြသည်။ သမိုင်းကြောင်းများအရ ရာဇဂြိုဟ်သည် အင်ပါယာများ၏ မြို့တော်ဖြစ်ခဲ့ခြင်းကြောင့် အရေးပါနေရာတစ်ခုဖြစ်သည်။ ခရီးသွားများကို ဆွဲဆောင်နိုင်သည့်နေရာများမှာ အဇာတသတ်မင်း အုပ်စိုးစဉ်က ကျန်ရစ်သော ရှေးမြို့ရိုးဟောင်း၊ ဗိမ္မိသာရအကျဉ်းထောင်၊ ဝေဠုဝန်ကျောင်းတော်၊ ရတနာဂီရိတောင်၊ သတ္တပဏ္ဏိလိုဏ်ဂူ၊ နှင့် တောင်ငါးလုံးထိပ်ရှိ ဂျိန်းဘုရားကျောင်းများ ဖြစ်သည်။

ရေပူစမ်း

ရာဇဂြိုဟ်သည် ဒေသအခေါ် Brahmakund ဟုခေါ်သည့် ရေပူစမ်းများကြောင့်လည်း ကျော်ကြားသည်။ ယင်းရေပူစမ်းမှာ ဟိန္ဒူဘာသာဝင်တို့၏ အထွတ်အမြတ်နေရာတစ်ခုလည်း ဖြစ်သည်။ နောက်နေရာတစ်ခုမှာ Vishwa Shanti Stupa အမည်ရှိ ၁၉၆၉ ခုနှစ်က တည်ထားခဲ့သော ငြိမ်းချမ်းရေးစေတီဖြစ်သည်။ အကြမ်းဖက်မှုများရပ်တန့်ရန်၊ ငြိမ်းချမ်းရေးပြန့်ပွားစေရန် ရည်ရွယ်၍ တစ်ကမ္ဘာလုံးတွင် စေတီပေါင်း ၈၀ တည်ထားခဲ့သည့်အနက် တစ်ဆူအပါအဝင်ဖြစ်သည်။

ငြိမ်းချမ်းရေးစေတီ

ဝေဠုဝန လူလုပ်သစ်တောဘေးတွင် ဂျပန်ဘုရားကျောင်းတည်ရှိသည်။ ဗိမ္မိသာရမင်းကြီး၏ကောင်းမှုဖြစ်သော ဝေဠုဝန်ကျောင်းတော်သည်လည်း ထိုနေရာတွင် တည်ရှိသည်။ ခေမာမိဖုရားကို ချေချွတ်ရာအထိမ်းအမှတ်အဖြစ် ကျောင်းဆောင်တစ်ခု ဆောက်လုပ်ထားသည်။ ရှဉ့်နက်တို့ကို အစားကျွေး၍ ဘေးမဲ့ပေးရာ ကလန္ဒကရေကန်လည်း ရှိသည်။ အဂ္ဂသာဝကကြီးနှစ်ပါး အပါအဝင် ရဟန္တာ(၁၂၅၀)ပါးတို့ကို ဩဝါဒပါတိမောက်တရားတော် ဟောကြားတော် မူသောနေရာ၌ ရုပ်ပွားတော်တစ်ဆူ တည်ထားသည်။ အလောင်းတော်ဘဝက ဗိမ္မိသာရမင်းကြီးကို ပေးထားတော်မူခဲ့သော ကတိအတိုင်း ဘုရားဖြစ်ပြီးနောက် ရဟန္တာအပါး တစ်ထောင်ခြံရံလျက် ရာဇဂြိုဟ်မြို့သို့ အဦးဆုံးကြွတော်မူခဲ့သည်။ ဗိမ္မိသာရမင်းနှင့် နောက်ပါအခြံအရံ တစ်သိန်းတစ်သောင်းတို့ သောတာပန်တည်ပြီးနောက် ဝေဠုဝန်ကျောင်းတော်ကို ရေစက်ချလှူဒါန်းသည်။

ဝေဠုဝန်ကျောင်းတော်ရာ

ဝေဠုဝန်ကျောင်းတော်ကြီးသည် သာသနာတော်အတွက် အရေးပါလှသော နေရာဌာနဖြစ်လာခဲ့သည်။ အရှင်သာရိပုတ္တရာအလောင်း ဥပတိဿနှင့် အရှင်မောဂ္ဂလာန်အလောင်း ကောလိတ ပရဗိုဇ်တို့လည်း အခြံအရံ (၂၅၀)နှင့်အတူ သာသနာတော်သို့ ဝင်ရောက်လာကြပြီး အဂ္ဂသာဝကကြီးများအဖြစ် ချီးမြှင့်ခြင်းခံရသည်။ တပို့တွဲ လပြည့်နေ့၌ (၁၂၅၀)သောရဟန္တာများအား ဩဝါဒပါတိမောက်တရား ဟောကြားတော်မူခဲ့သည်။ ရာဇဂြိုဟ်မြို့မှ ထင်ရှားသော အမျိုးကောင်းသားများလည်း သာသနာတော်သို့ ဝင်ရောက်လာကြသည်။ ရဟန်းပြုလာသူတို့ များပြားလှ သဖြင့် သာသနာတော်ကို မကြည်ညိုသူတို့က “ရဟန်းဂေါတမဟာ မျိုးဆက်ပြတ်အောင် ပြုလုပ်နေတယ်။ မုဆိုးမဖြစ်အောင် ပြုလုပ်နေတယ်” ဟုပင် စောင်းမြောင်းပြောဆိုခဲ့ကြသည်။

အလှမာန်ယစ်နေသူ ခေမာမိဖုရားပင်လျှင် ဘုရားရှင်၏ တရားတော်ကို နာယူရပြီးနောက် ဘိက္ခုနီပြုကာ ပညာအရာ၌ ဧတဒဂ်ရသော အဂ္ဂသာဝိကာအဖြစ်သို့ ရောက်ရှိခဲ့သည်။ ရာဇဂြိုဟ်၌ ဘုရားရှင်သည် (၅)ဝါသီတင်းသုံး၍ ဝါဆိုဝါကပ်တော်မူခဲ့ပြီး သာဝတ္ထိပြီးလျှင် သာသနာတော် အတွက် အလွန်အရေးပါသော နေရာဌာနဖြစ်ခဲ့သည်။

တောင်ငါးလုံး၏ အပြင်ဖက်တွင် အင်္ဂလိပ်ခေတ်က ဆောက်လုပ်ခဲ့သော ရာဇဂြိုဟ်မြန်မာဘုန်းတော်ကြီးကျောင်း တည်ရှိသည်။ အဇာတသတ်မင်း၏ မြို့သစ်နှင့် ကပ်လျက်ဖြစ်သည်။ သတ္တပဏ္ဏိလိုဏ်ဂူမှာ ဝေဘာရတောင်တွင် တည်ရှိကာ ဗိမ္မိသာရမင်းကြီး၏ ရွှေဘဏ္ဍာတိုက်ဟု ဆိုကြသလို ပထမသင်္ဂါယနာတင်ရာ နေရာဖြစ်သည်ဟုလည်း အဆိုရှိသည်။ ဘုရားရှင်၏ ဓာတ်တော်များကို အရှင်မဟာကဿပ၏ ညွှန်ကြားချက်အရ အဇာတသတ်မင်းက မဏိယာမတ်တွင် လျှို့ဝှက်စွာ မြှုပ်နှံခဲ့သည်။ စာပေအရ မြေအောက်သို့ အတောင်(၈၀)ခန့် တူးပြီး ဓားစက်လှံစက် များဆင်၍ ခမ်းနားကြီးကျယ်စွာ မြှုပ်နှံခဲ့ပြီး အသောကမင်းကြီးလက်ထက်တွင် ပြန်လည်တူးဖော်ကာ ဓာတ်တော်များကို စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထားခဲ့သည်။

ဂိဇ္ဈကုဋ်တောင်ခြေတွင် ဆရာဇီဝကလှူဒါန်းခဲ့သော သရက်ဥယျာဉ် ကျောင်းတော်ရာ တည်ရှိသည်။ ဖခင်ကို လုပ်ကြံခဲ့သော အဇာတသတ်မင်းသည် နောင်တစိတ်ဖြင့် ပူလောင်နေသဖြင့် တန်ဆောင်မုန်းလပြည့်ည ညီလာခံကျင်းပခိုက် မည်သည့်ပုဂ္ဂိုလ်ကို သွားရောက်ဖူးမြော်ရပါမည်လဲဟု အမတ်များကို မေးမြန်းခဲ့သည်။ ဆေးဆရာကြီးဇီဝက၏ လမ်းညွှန်ချက်အရ ဆင်အစီးပေါင်း (၅၀၀)ဖြင့် ဘုရားရှင်ထံ သွားရောက်ဖူးမြော်သည်။ ဘုရားရှင်က တန်ဆောင်းဝန်း၏ အလယ်တိုင်ကိုမှီ၍ အရှေ့ဘက်သို့ မျက်နှာမူကာ ရဟန်း သံဃာအပေါင်းခြံရံကာ ထိုင်နေသည်။ ရဟန်းသံဃာ(၁၂၅၀)ထိုင်နေပါလျက် ဘာသံမှမကြားရဘဲ တိတ်ဆိတ်ငြိမ်သက် နေပုံကို အဇာတသတ်မင်း မြင်ရသောအခါ သဒ္ဓါတရားများဖြစ်ပေါ်လာပြီး ဝမ်းမြောက်ဝမ်းသာဥဒါန်းများ ကျူးရင့်သည်။

အာဋာနာဋိယသုတ် ဟောတော်မူခဲ့ရာနေရာ

ဘုရားရှင်ထံ ရဟန်းပြုရခြင်း၏အကျိုးကို မေးမြန်းလျှောက်ထားသဖြင့် သာမညဖလသုတ် ကို ဟောကြားတော်မူသည်။ သာမညဖလသုတ်ကို နာကြားရပြီးနောက် သာသနာတော်ကို လှိုက်လှိုက်လှဲလှဲကြည်ညိုလာခဲ့ပြီး ဘုရားရှင် ပရိနိဗ္ဗာန် စံပြီးသောအခါ ပထမသင်္ဂါယနာတင်ပွဲ အထမြောက်အောင် စီစဉ်ပေးနိုင်သော သာသနာ့ဒါယကာတစ်ဦး ဖြစ်လာခဲ့သည်။

ဂိဇ္ဈကုဋ်တောင်ထိပ်တွင် သဘာဝကျောက်လိုဏ်ဂူဖြစ်သော အရှင်သာရိပုတ္တရာလိုဏ်ဂူ တည်ရှိသည်။ ထိုနေရာမှ ဆက်၍တက်သွားလျှင် ဘုရားရှင်သီတင်းသုံးတော်မူခဲ့သော ဂန္ဓကုဋီကျောင်းတော်ရာသို့ ရောက်ရှိသည်။ ထိုနေရာ၌ ဘုရားရှင်သည် အာဋာနာဋိယသုတ်၊ မဟာဂေါဝိန္ဒသုတ် အစရှိသော သုတ္တန်ဒေသနာတော်များကို ဟောကြားတော် မူခဲ့သည်။ ဂန္ဓကုဋီကျောင်းတော်ရာအောက်နားရှိ လိုဏ်ဂူငယ်သည် အရှင်အာနန္ဒာ၏ လိုဏ်ဂူဖြစ်သည်။

ဗိမ္မိသာရအကျဉ်းထောင်
ဂျိန်းဘုရားကျောင်း

ဦးဉာဏ (ကြွယ်အိပ်ပွဲ) (ဖေဖော်ဝါရီ ၂၀၁၅). “ဗုဒ္ဓဂါယာ သံဝေဇနိယ လေးဌာန ဘုရားဖူး”. သူရဇ္ဇမဂ္ဂဇင်း
နာလန္ဒာတက္ကသိုလ်၊ ရာဇဂြိုဟ်နှင့် သမိုင်းကပေးသော သင်္ခန်းစာများ – အောင်သိဒ္ဓိဘလော့
Myanmar Wikipedia

Tags: buddhismworld places
Next Post
၂၁ရာစု ကမ္ဘာ့သြဇာအကြီးဆုံး သရုပ်ဆောင် ၁၀၀ထဲမှ တစ်ဦး (သို့) ကျူးကျော်ရပ်ကွက်မှ ရတနာတစ်ခုရဲ့အတ္ထုပတ္တိ (သို့) ဂျက်လီ

၂၁ရာစု ကမ္ဘာ့သြဇာအကြီးဆုံး သရုပ်ဆောင် ၁၀၀ထဲမှ တစ်ဦး (သို့) ကျူးကျော်ရပ်ကွက်မှ ရတနာတစ်ခုရဲ့အတ္ထုပတ္တိ (သို့) ဂျက်လီ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!