• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဗီးနပ်စ်ဂြိုဟ် (သို့) သောကြာဂြိုဟ်ကြီးအကြောင်း သိကောင်းစရာနဲ့ ထူးခြားချက်များ

by Thutamm
September 21, 2020
Reading Time: 1min read
0
ဗီးနပ်စ်ဂြိုဟ် (သို့) သောကြာဂြိုဟ်ကြီးအကြောင်း သိကောင်းစရာနဲ့ ထူးခြားချက်များ
Share on FacebookShare on Twitter

သောကြာဂြိုဟ် (သို့) ဗီးနပ်စ်ဂြိုဟ် နေနှင့်ဒုတိယအနီးဆုံးသောဂြိုဟ်ဖြစ်၍ နေမှပျမ်းမျှမိုင်ပေါင်း ၆၇၂ဝဝဝဝဝ မျှသာကွာဝေးသည်။ ကျောက်တုံးကျောက်ခဲများ၊ ချိုင့်ခွက်ကြီးများ၊ အလွန်ကြီးမားသော မီးတောင်ကြီးများ ရှိပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့နှင့် အဆိပ်ဓာတ်ဖြစ်သော ဆာလဖျူရစ်အက်ဆစ်တို့နှင့် ဖွဲ့စည်းထားသော သိပ်သည်းမှုအား မြင့်မားသော လေထုရှိသည်။ ဆာလဖျူရစ်အက်ဆစ်သည် သောကြာဂြိုဟ်၏ အပူချိန်မှာ အလွန်မြင့်မားသည့်အတွက် အငွေ့အသွင်ပြောင်းလဲခြင်း ဖြစ်ပေါ်ပြီး ထူထပ်သော ဓာတ်ငွေ့တိမ်တိုက်များ ဖြစ်ပေါ်နေသည်။ ထို အက်ဆစ်တိမ်တိုက်များသည် တစ်နာရီလျှင် ၃၆၀ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလျှက် ရှိကြသည်။ မှန်လုံအိမ်အကျိုးသက်ရောက်မှုကြောင့် သောကြာဂြိုဟ်သည် နေအဖွဲ့အစည်းတွင် အပူပြင်းဆုံးဂြိုဟ် အဖြစ်တည်ရှိသည်။ အလွန်ပူပြင်းလှသည့် အတွက် ကမ္ဘာပေါ်ရှိ မည်သည့်အရာမျှ သောကြာဂြိုဟ်ပေါ်တွင် ရှင်သန်နိုင်မည် မဟုတ်ပေ။ သောကြာဂြိုဟ် နှင့် ဂြိုဟ်ပတ်လမ်းကြောင်း ကို ရှေးဘေဘီလုံ နက္ခတ်ပညာရှင်များက ဘီစီ ၁၆၀၀ ဝန်းကျင်ကတည်းက ရှာဖွေတွေ့ရှိခဲ့ကြသည်။

သောကြာဂြိုဟ်၏ အမည် ဗီးနပ်စ်မှာ အချစ်နှင့် အလှတရားတို့နှင့်သက်ဆိုင်သော ရောမနတ်ဘုရားကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ဗီးနပ်စ်ဂြိုဟ်အား ကမ္ဘာ၏ ညီအစ်မကြယ်ဟုခေါ်ကြသည်။ အကြောင်းမှာ ဗီးနပ်စ်ဂြိုဟ်၏ အရွယ်အစားမှာ ကမ္ဘာ့အရွယ်အစားနဲ့ ၆၃၈ကီလိုမီတာသာ ကွာခြားတဲ့အပြင် ဆွဲအားချင်းလည်းတူညီသလို central core နဲ့ crust တွေရှိတာချင်းလည်း တူညီလို့ဖြစ်ပါတယ်။ အခြားဂြိုဟ်တွေဟာ မိမိဝန်ရိုးပေါ်မှာ နာရီပြောင်းပြန်လှည့်ပတ်ပေမယ့် ဗီးနပ်စ်ဂြိုဟ်ကတော့ နာရီလက်တံအတိုင်း(ယူရေးနပ်စ်ဂြိုဟ်ကဲ့သို့) အတည့်လှည့်ပတ်ပါတယ်။

သောကြာဂြိုဟ်သည် နေကို တစ်ပတ်ပတ်ရန် ၂၂၄.၆၅ ရက်ကြာပြီး ဝင်ရိုးပေါ်တွင် တစ်ပတ်ပတ်ရန် ၂၄၃ ရက်ကြာသည့်အတွက် သောကြာဂြိုဟ်၏ နေ့တစ်နေ့သည် နှစ်တစ်နှစ်ထက် ပို၍ အချိန်ကြာသည်။ သောကြာဂြိုဟ်နှင့် ကမ္ဘာတို့၏ကြားတွင် ကီလိုမီတာပေါင်း သန်း ၄၀မျှကွာဝေးသည်။ သောကြာဂြိုဟ်၏ ဆွဲငင်အားသည် ကမ္ဘာမြေ၏ ဆွဲငင်အားနှင့် အတူတူခန့်ရှိသည်။ သို့သော်ဗီးနပ်စ်ဂြိုဟ်သည် ကမ္ဘာနှင့်အခြားဂြိုဟ်များကဲ့သို့ ဂြိုဟ်ရံလ မရှိချေ။(ဂြိုဟ်ရံလမရှိသော နောက်ထပ်ဂြိုဟ်မှာ မာကျူရီဂြိုဟ်ဖြစ်သည်)

သောကြာဂြိုဟ်သည် ကမ္ဘာနှင့် အလွန်နီးသည့်အတွက် ကောင်းကင်ယံတွင် အမြဲလိုပင်တွေ့မြင်နိုင်သည်။ မနက်မိုးမလင်းမီအချိန်နှင့် နေဝင်ပြီး နာရီအနည်းငယ်မျှ ကြာသောအချိန်တို့တွင် အထင်ရှားဆုံးဖြစ်သည်။ သောကြာဂြိုဟ်သည် ကောင်းကင်၌ နေနှင့်လတို့ မှအပ အလင်းလက်ဆုံး ဖြစ်သည်။ မနက်ခင်းနှင့် ညနေခင်းတို့တွင် မကြာခဏမြင်ရလေ့ ရှိသည့်အပြင် မှန်ပြောင်း သို့ တယ်လီစကုပ် ဖြင့် ကြည့်ရှုခြင်းမဟုတ်ပါက ကြယ်နှင့် ဆင်တူသည့်အတွက် ၎င်းကို မနက်ကြယ် သို့ ညနေကြယ်အနေဖြင့် အချို့က ခေါ်ဝေါ်ကြသည်။

မရီးနား (၂) အာကာသယာဉ်ကိုအမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကင်နဒီအငူမှနေ၍ ၁၉၆၂ခုနှစ် ဩဂုတ်လ ၂ရ ရက်နေ့တွင် အက်တလက်ဒုံးပျံကြီး၏ ထိပ်တွင်ထည့်၍ပစ်လွှတ်ခဲ့လေသည်။ မရီးနား (၂)၏ပန်းတိုင်မှာ သောကြာဂြိုဟ်ပင်ဖြစ်သည်။ သောကြာဂြိုဟ်အနီးမှ ဖြတ်သန်းသွားပြီးလျှင် အချက်အလက်များကို သိပ္ပံပညာရှင် များထံသို့ပို့ရမည်ဖြစ်သည်။ ယင်းတွင်ပါသွားသော ကရိယာများဖြင့် အာကာသကိုစူးစမ်းရှာဖွေသွားရပေမည်။

အမေရိကန်အာကာသယာဉ်မရီးနား(၂)သည် စီစဉ် ထားသည့်အတိုင်း ၁၉၆၂ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့၌ သောကြာ ဂြိုဟ်အားမိုင်ပေါင်း ၂၁၅၉၄ အကွာမှနေ၍ ၄၂မိနစ် ကြာမျှဖြတ်သန်း စူးစမ်းခဲ့ပြီးနောက် နေကိုလှည့်ပတ်လျက် အဆုံးမရှိသောခရီးကို ဆက်လက်ထွက်ခွာသွားလေသည်။ သောကြာဂြိုဟ် အနီးမှဖြတ်သန်းသွားခဲ့စဉ်မရီးနား (၂)ပေါ်တွင် ပါသွားသော သိပ္ပံပညာဆိုင်ရာ ကရိယာများ၏ တွေ့ရှိချက်များကို သိပ္ပံပညာရှင်များထံသို့ပြန်လည်ပေးပို့ခဲ့သည်။ ထိုနောက်တွင် မရီးနား (၂) အာကသယာဉ်သည်ကမ္ဘာမှ တဖြည်းဖြည်းဝေးသည်ထက်ဝေးကွာသွားပြီးလျှင် မြေပြင်ရှိ စခန်းများနှင့်အဆက်အသွယ်လုံးဝမရှိတော့ပေ။

ဆိုဗီယက်ပြည်ထောင်စုသည်လည်း သောကြာဂြိုဟ် စူးစမ်းမှုကို ၁၉၆၁ခုနှစ်မှစတင်ခဲ့သည်။ ယနေ့အထိ အာကာသယာဉ် ဆယ်စီးထက်မနည်းပစ်လွှတ်ခဲ့ပြီးဖြစ်ရာ ၁၉၇၀တွင် Venera 7အာကာသယာဉ်က ပထမဆုံးဆင်းသက်နိုင်ခဲ့သည်။

၁၉၇၂ခုနှစ် ဇူလိုင်လအတွင်း သောကြာဂြိုဟ်ပေါ်သို့ ရုရှလုပ်ဗီးနပ်အာကာသယာဉ် (၈)အောင်မြင်စွာဆင်းသက်ခဲ့သည်။ ထိုအချိန်မှစ၍ မိနစ် ၅ဝကြာမျှ ကမ္ဘာသို့သောကြာဂြိုဟ်၏ စိတ်ဝင်စားဖွယ်သိပ္ပံသတင်းဆန်းများကို ပြန်လည်ပေးပို့ခဲ့သည်။ ယခင်ဗီးနပ် (၇) Venera 7 ကိုပစ်လွှတ်ခဲ့စဉ်ကလည်း အလားတူပင် သက်ဆင်းနိုင်ခဲ့သော်လည်း ၂၃ မိနစ်မျှသာကမ္ဘာသို့ ပြန်လည်အသံလွှင့်ပေးနိုင်ခဲ့သည်။ ယခုဆိုလျှင် အာကာသယာဉ်ပေါင်း ၄၀ကျော်ခန့် စေလွှတ်စူးစမ်းခဲ့ပြီးဖြစ်သည်။ သောကြာဂြိုဟ်ပေါ်ရှိ ဓာတ်ပစ္စည်းများမှာကမ္ဘာပေါ်ရှိ ဓာတ်ပစ္စည်းများနှင့်အလွန်တူသည်ဟုဆို၏။ သောကြာဂြိုဟ်၏ မျက်နှာပြင်အပူချိန်သည် ဖာရင်ဟိုက်ဒီဂရီ ၈၈ဝမျှရှိသည်။

နေမှလာသော ရောင်ခြည်သုံးပုံနှစ်ပုံသာ သောကြာဂြိုဟ်၏ တိမ်ထုကိုဖောက်၍မျက်နှာပြင် ပေါ်သို့ ရောက်နိုင်ကြသည်။ သို့သော် ထိုတိမ်ထုကာဆီးထားသည့်အတွက်ပင် ထိုရသောရောင်ခြည်များ အာကာသ အတွင်းသို့ ပြန်လည်ထုတ်လွှင့်သောအခါ၌ အတားအဆီးဖြစ် နေပြီးလျှင် ကျွန်ုပ်တို့ ကမ္ဘာကြီးကဲ့သို့ သောကြာဂြိုဟ်ပေါ်တွင် သမသောအပူချိန်မရှိဘဲ အပူချိန်လွန်ကဲ၍နေသည်ဟုဆိုသည်။

သောကြာဂြိုဟ်၏တစ်နေ့တာမှာ ကမ္ဘာမှရက်ပေါင်း ၁၁၆ရက်နှင့်ညီမျှအောင် ရှည်လျားလှ၏။ ညဉ့်များသည်လည်း အလားတူပင်ရှည်ကြာလှသည်။ ထိုသို့ဖြစ်ရသည်မှာ သောကြာ ဂြိုဟ်သည်မိမိဝင်ရိုး ပေါ်တွင် ၂၄၃ ရက်တွင်မှ တစ်ပတ်ပတ်နိုင်သောကြောင့်ဖြစ်သည်ဟုဆို၏။သောကြာဂြိုဟ် ပေါ်တွင်တိုက် ခတ်နေသည့်လေအရှိန်မှာလည်း မုန်တိုင်း ကျနေသည်ဟုထင်ရလောက်အောင် ပြင်းလှသည်ဟုဆိုလေသည်။ ဗီးနပ်စ်ဂြိုဟ်ရဲ့ လေထုဖိအားဟာ ကမ္ဘာထက် အဆ ၉၀ခန့်ပြင်းပါတယ်။

Tags: knowledgeplanetsscience knowledge
Next Post
ဂျပန်တို့အား ကယ်တင်ခဲ့တဲ့ ကမာမီကာဇေမုန်တိုင်းကြီး (သို့) ကူဗလိုင်ခန် ရဲ့ ပျောက်ဆုံးသွားတဲ့ ရေတပ်မဟာ

ဂျပန်တို့အား ကယ်တင်ခဲ့တဲ့ ကမာမီကာဇေမုန်တိုင်းကြီး (သို့) ကူဗလိုင်ခန် ရဲ့ ပျောက်ဆုံးသွားတဲ့ ရေတပ်မဟာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!