• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဗီဒီယိုဂိမ်းဘာသာရပ်ကို သင်ရိုးထဲထည့်လိုက်တဲ့ တရုတ်နိုင်ငံ

by Thutamm
August 14, 2019
Reading Time: 1min read
0
ဗီဒီယိုဂိမ်းဘာသာရပ်ကို သင်ရိုးထဲထည့်လိုက်တဲ့ တရုတ်နိုင်ငံ
Share on FacebookShare on Twitter

ဗီဒီယိုဂိမ်းတွေ အွန်လိုင်းဂိမ်းတွေဟာ တရုတ်နိုင်ငံမှာ အလွန်ရေပန်းစားပါတယ်။ ဒါကြောင့် နှစ်ပေါင်းများစွာ လူကြိုက်များလာခဲ့တဲ့ ဗီဒီယိုဂိမ်းဘာသာရပ်ကို သင်ရိုးညွှန်းတမ်းထဲ ထည့်သွင်းသင်ကြားဖို့ တရုတ်ရဲ့ ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်တဲ့ ပီကင်းတက္ကသိုလ်က ပြီးခဲ့တဲ့ မတ်လတည်းက ဆုံးဖြတ် အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီဘာသာရပ်ကိုတော့ “The General Theory of Video Games” လို့ အမည်ပေးထားပါတယ်။

ဗီဒီယိုဂိမ်းဘာသာရပ် ဆိုပေမယ့် ဂိမ်းကစားနည်းများကို သင်ကြားပေးတာတွေ ဂိမ်းပြိုင်ပွဲတွေပြုလုပ်ပေးတာတွေ မဟုတ်ပဲ ဗီဒီယိုဂိမ်းနဲ့ဆိုင်တဲ့ စီးပွားရေးဈေးကွက်အပြင် ဒီဇိုင်းတွေ ၊ နည်းပညာတွေ ၊ ရေးသားနည်းတွေကို သီအိုရီတွေနဲ့ တကွသင်ကြားတာဖြစ်ပါတယ်။ သင်ရိုးပြီးဆုံးသွားတာနဲ့ သင်တန်းသားဟာ ကိုယ်ပိုင်ဗီဒီယိုဂိမ်းပရောဂျက်တွေကို စိတ်ကြိုက်ဒီဇိုင်းရေးဆွဲပြလာနိုင်တဲ့ အထိ ထိထိရောက်ရောက်သင်ကြားပေးတာဖြစ်ပါတယ်။

ဒါ့အပြင် ဂိမ်းဈေးကွက်ရဲ့လိုအပ်ချက်တွေ ၊ ဂိမ်းမီဒီယာ ၊ ဂိမ်းစိတ်ပညာတွေကိုပါ သင်ကြားပေးဦးမှာဖြစ်ပြီး အသိအမှတ်ပြုဘွဲ့တွေလည်း ချီးမြှင့်ပေးဦးမှာဖြစ်တယ်လို့ သင်တန်းနည်းပြ ဆရာတစ်ဦးဖြစ်တဲ့ Chen Jiang က ဆိုပါတယ်။ ဒါဟာ ပညာရေးလောကကို ဖီဆန်ခြင်းမဟုတ်ပဲ အလျှင်အမြန်တိုးတက်လာတဲ့ တရုတ်ဗီဒီယိုဂိမ်းဈေးကွက် ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ဖြစ်တယ်လို့ သူက ထပ်ပြောပါတယ်။

ဒီဘာသာရပ်သင်တန်းအတွက် လူဦးရေ ၁၂၀ ကို သာ အကန့်အသတ်နဲ့ ခေါ်ခဲ့ပေမယ့် စိတ်ဝင်တစားတက်လိုသူပေါင်း အဆမတန်များပြားခဲ့တဲ့အတွက် သင်တန်းသားဦးရေကို ၁၅၀ အထိ တိုးမြှင့်ပေးခဲ့ရပါတယ်။ ဒါတောင်မှ ဘွဲ့မရရင်နေပါ ၊ စိတ်ဝင်စားလို့ပါ ဆိုပြီး အလွတ်လာတက်တဲ့သူကလည်း ၅၀ လောက်ရှိနေပါသေးတယ်။

ဂိမ်းလောက စီးပွားရေးနယ်ပယ်က ထင်ရှားတဲ့ ပညာရှင်တွေအပြင် နာမည်ကျော် ဂိမ်းပညာရှင်တွေကိုပါ ဖိတ်ခေါ်ပြီး သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်သင်တန်းသားတွေကိုလည်း နိုင်ငံတကာဂိမ်းပြိုင်ပွဲတွေကို လေ့လာသူအနေနဲ့ စေလွှတ်တာတွေလည်းရှိပါတယ်။ အဓိကကတော့ ဂိမ်းစီးပွားရေးဈေးကွက်မှာ လူငယ်တွေရဲ့ ဖန်တီးမှုတွေကိုလည်း တဖက်တလမ်းက ပါဝင်လာစေချင်လို့ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးဈေးကွက်ဟာ လက်ရှိအချိန်မှာ ကမ္ဘာပေါ်မှာ နံပါတ် ၁ ဖြစ်နေပါတယ်။ ၂၀၁၇ခုနှစ်တုန်းက ဂိမ်းဈေးကွက်ကနေ အမေရိကန်ဒေါ်လာ ၃၂ဘီလျံအထိ ဝင်ငွေရရှိခဲ့ပြီး ဒါဟာ အမေရိကန်နိုင်ငံထက် သန်း ၅၀၀ ပိုများတဲ့ ပမာဏဖြစ်ပါတယ်။

ဂိမ်းဆိုပေမယ့် အမျိုးသားတွေချည်းမဟုတ်ပဲ အမျိုးသမီးတွေလည်းပါဝင်နေပြီး တရုတ်ဂိမ်းလောကရဲ့ ၃ပုံ ၁ပုံခန့်က အမျိုးသမီးတွေဖြစ်နေပါတယ်။ Tencent , NetEase နဲ့ Alibaba လို တရုတ်နည်းပညာကုမ္ပဏီကြီးတွေကလည်း ဂိမ်းနယ်ပယ်ကို အပြည့်အဝပံ့ပိုးပေးထားပါတယ်။ ၂၀၁၆ခုနှစ်တုန်းက တရုတ်နည်းပညာ ကုမ္ပဏီ Tencent ဟာ ကမ္ဘာ့ဂိမ်းကုမ္ပဏီတွေထဲမှာ ဒေါ်လာ ၁၀.၂ ဘီလျံအထိရရှိခဲ့ပြီး အများဆုံး အမြတ်ငွေရရှိခဲ့တဲ့ ကုမ္ပဏီအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

တရုတ်တက္ကသိုလ်တွေဟာ အခုမှ ဂိမ်းနဲ့ ဆိုင်တဲ့ ဘာသာရပ်တွေကို ထည့်သွင်း သင်ကြားပေးနေတာမဟုတ်ပဲ ၂၀၁၀ ခုနှစ်တည်းက Xi’an Physical ပညာရေးတက္ကသိုလ်မှာ “electronic sports” ဘာသာရပ် ၊ ၂၀၁၇ခုနှစ်တုန်းက တရုတ်လူမှုဆက်ဆံရေးတက္ကသိုလ်မှာ “Digital Media Art-Digital Entertainment” ဘာသာရပ် တွေကို သင်ကြားပေးနေခဲ့တာဖြစ်ပါတယ်။

Tags: techworld news
Next Post
ဘဲတူဖျံတူ ကောင်အကြောင်း

ဘဲတူဖျံတူ ကောင်အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!