လျှပ်စစ်နှင့် ပတ်သက်သော အကြောင်းအရာများ ၊ ဘက်ထရီ ၊ ဓာတ်ခဲ စသည်တို့တွင် ဗို့ ၊ မည်၍မည်မျှ ဗို့အား ဟူ၍ ကျွနု်တို့ခေါ်ဝေါ်သုံးစွဲကြလေ့ရှိသည်။ လျှပ်စစ်အတိုင်းအတာ ယူနစ်ဖြစ်သည့် ဗို့ Volt သည် လျှပ်စစ်တီထွင်မှုရှေ့ဆောင်ပုဂ္ဂိုလ်ကြီး တဦးဖြစ်သည့် Alessandro Volta အားဂုဏ်ပြုသော အားဖြင့် နာမည်ပေးထားခြင်းဖြစ်သည်။
ဗိုလ်တာ၏ နာမည်အပြည့်အစုံမှာ Alessandro Giuseppe Antonio Anastasio Volta ဟူ၍ ဖြစ်သည်။ အီတလီလူမျိုး ရူပဗေဒပညာရှင်တဦးဖြစ်သူ ဗိုလ်တာကို ၁၇၄၅ခုနှစ်တွင် အီတလီနိုင်ငံ ကိုးမိုးမြို့တွင် မွေးဖွားခဲ့သည်။ ဗိုလ်တာသည် အသက် ၄နှစ်အရွယ်အထိတိုင် စကားလုံးဝမပြောခဲ့သဖြင့် မိဘများက စိုးရိမ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် စကားစတင်ပြောလာခဲ့သည်။
ထို့အပြင် သူသည် ငယ်စဉ်ကတည်းက ဉာဏ်အလွန်ကောင်းသော ကလေးတယောက်ဖြစ်ကြောင်း သိရှိခဲ့ကြသည်။ ဗိုလ်တာ အသက် ၇နှစ်အရွယ်တွင် ဖခင်ကွယ်လွန်သွားသလို အကြွေးများလည်း ကျန်ခဲ့တာကြောင့် ကျောင်းနေခွင့် မရရှာပေ။ ဦးလေးဖြစ်သူက သူ့အား စာဖတ်တတ်စေရန် သင်ကြားပေးခဲ့သည်။ အသက် ၁၂နှစ်အရွယ်တွင် Jesuit ဘော်ဒါကျောင်းသို့အပို့ခံခဲ့ရသည်။
အခမဲ့ ကျောင်းဖြစ်သော်လည်း ပညာရေးထက် ခရစ်ယာန်ဘုန်းတော်ကြီးတပါးဖြစ်လာစေဖို့ ဦးတည်သင်ကြားပေးသောကျောင်းဖြစ်သည်။ ထိုကျောင်းတွင် ၄နှစ်ခန့်တက်ရောက်ပြီးနောက် ဆက်မတက်တော့ပဲ Benzi ကျောင်းတွင် ဆက်တက်ခဲ့သည်။ ငယ်ငယ်က စကားပြောနောက်ကျခဲ့သော ဗိုလ်တာသည် ဘာသာစကားတွင်မူ အလွန်အတတ်မြန်ထူးချွန်ခဲ့ပြီး ကျောင်းနေစဉ်အတွင်းမှာပင် အီတလီဘာသာအပြင် ၊ လက်တင် ၊ ပြင်သစ် ၊ အင်္ဂလိပ် နှင့် ဂျာမန် ဘာသာစကားများကို သင်ယူတတ်မြောက်ခဲ့သည်။ ထိုသို့ ဘာသာစကားကျွမ်းကျင်မှုသည် နောင်အခါ ဥရောပတလွှားမှ အခြားပညာရှင်များနှင့် အလုပ်တွဲလုပ်သည့်အခါ သူ့ကိုကြီးစွာ အထောက်အကူပြုခဲ့သည်။
မိခင်က သူ့အား ရှေ့နေတယောက်ဖြစ်စေချင်ခဲ့သည်။ သို့သော်ဗိုလ်တာက စိတ်မဝင်စား။ သူစိတ်ဝင်စားသည်က သိပ္ပံလက်တွေ့စမ်းသပ်ချက်တွေ ပြုလုပ်ရခြင်းဖြစ်သည်။ ထို့နောက်တွင် သိပ္ပံပညာရပ်များကို စိတ်ဝင်စားခဲ့ပြီး အသက် ၁၈နှစ်အရွယ်မှစတင်ကာ လက်တွေ့စမ်းသပ်ချက်များကို ပြုလုပ်တော့သည်။
အဲဒီခေတ်က သိပ္ပံပညာရှင်များဖြစ်သည့် Jean-Antoine Nollet ၊ Giambatista Beccaria တို့နှင့်တွေ့ဆုံခွင့်ရခဲ့ပြီး သူ၏အိုင်ဒီယာများကိုပြောခွင့်ရခဲ့ပြီး စမ်းသပ်ချက်များ ပိုမိုပြုလုပ်ဖို့ ထောက်ခံအားပေးခံခဲ့ရသည်။ အသက် ၂၀ အရွယ်တွင် အရင်းနှီးဆုံး သူငယ်ချင်းတဦးဖြစ်သည့် Cesare Gattoni က သူ့အတွက် ကိုယ်ပိုင်စမ်းသပ်ခန်းတခု ဆောက်လုပ်ပေးခဲ့သည်။ Cesare Gattoni က ချမ်းသာသူတဦးဖြစ်ပြီး ဗိုလ်တာ၏ လိုအပ်ချက်များကို နှစ်ပေါင်းများစွာ ဖြည့်ဆည်းပေးခဲ့သော သူငယ်ချင်းကောင်းတဦးဖြစ်သည်။
၁၇၆၉ ခုနှစ်နှင့် ၁၇၇၁ ခုနှစ်များတွင် လျှပ်စစ်ဆိုင်ရာ စက်သစ်တခုအကြောင်း စာတမ်း ၂စောင် ရေးသားထုတ်ဝေသည်တွင် နာမည်ကြီးလာသည်။ ၁၇၇၄ ခုနှစ်တွင် ကိုးမိုးမြို့တော်ဝင်ကျောင်းတွင် ရူပဗေဒပါမေက္ခဖြစ်လာ၍ ၊ ၁၇၇၉ ခုနှစ်တွင် ပါးဗီးယားတက္ကသိုလ်၌ ရူပဗေဒပါမောက္ခအဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်းခံခဲ့ရသည်။
သူသည် ၁၇၇၇ ခုနှစ်ကပင် အီလက်ထရိုဖောရပ်ခေါ် လျှပ်စစ်ဓာတ်လုပ် ကိရိယာနှင့် အီလက်ထရိုစကုပ်ခေါ် လျှပ်စစ်ပြတို့ကို တီထွင်ခဲ့ရာမှအစ လျှပ်စစ်လောကတွင် ထင်ရှားသော တိုးတက်မှုများ ဖြစ်ခဲ့လေသည်။ ဗိုလ်တာသည် ရေသေတွင် ဖြစ်ပေါ်လာသော ဗလုံစီများကို လေ့လာခြင်းဖြင့် ဓာတ်ငွေ့များအကြောင်း အဖိုးတန်အချက်အလက်များကို ရှာဖွေတွေ့ရှိခဲ့သည်။ လျှပ်စစ် ပစ္စတို ၊ ယူဒီအိုမီတာ ၊ လျှပ်စစ်ကွန်ဒင်းဆား ၊ ဟိုက်ဒရိုဂျင်မီးအိမ် စသည်တို့သည် ဗိုလ်တာ၏ တီထွင်မှုများဖြစ်သည်။
မီသိန်းဓာတ်ငွေ့ကို ရှာဖွေဖော်ထုတ်ခဲ့သူမှာလည်း ဗိုလ်တာပင်ဖြစ်သည်။ ၁၈၀၀ ပြည့်နှစ်တွင် ဗို့လ်တိတ်ပိုင်း(Voltaic pile) ခေါ် လျှပ်စစ်ဘက်ထရီအိုးကို တီထွင်ပြုလုပ်လိုက်ရာ အထူး ပင်နာမည်ကြီးလာသည်။ ၁၇၄၉ ခုနှစ်တွင် သူ၏ ကွန်ဒန်ဆာ အကြောင်းစာတမ်းအတွက် လက်ဒန်မြို့တော်ဝင်အသင်းကြီးမှ ကော့ပလီယန်တံဆိပ်ကို ချီးမြှင့်ခဲ့သည်။
ဗိုလ်တာ တီထွင်သော လျှပ်စစ်ကိရိယာများအကြောင်းကို ပြင်သစ်ဘုရင် နပိုလီယန် ကြားသိသောအခါ ၁၈၀၁ ခုနှစ်တွင် ဗိုလ်တာအား ပါရီမြို့သို့ လာရောက်၍ သူ၏တီထွင်မှုများအကြောင်း ဟောပြောစေရာ အထူးပင်အားရလှသဖြင့် ရွှေတံဆိပ်ချီးမြှင့်သည်။ သို့ဖြင့် ဗိုလ်တာသည် လီဂျန်း-အော့-အော်နာ ဘွဲ့တံဆိပ်(Legion of Honour) နှင့် အိုင်းယန်းကရောင်း(Legion of Honour) ဘွဲ့တံဆိပ်ကို ရရှိရုံမက ကောင့်ဘွဲ့ကိုပါ အပ်နှင်းခြင်းခံရသည်။
ဗိုလ်တာသည် အသက် ၇၀ကျော်အရွယ်အထိ စမ်းသပ်တီထွင်မှုများကို မရပ်မနားရှာဖွေစမ်းသပ်မှုများပြုလုပ်ခဲ့သည်။ ၁၈၁၉ ခုနှစ် အသက် ၇၄နှစ်အရွယ်အရောက်တွင်မူ အနားယူသင့်ပြီဟု ဆုံးဖြတ်ကာ အားလုံးကို လွှတ်ချခဲ့တော့သည်။ သူမွေးရပ်မြေသို့ပြန်ကာ ဇနီး သား ၃ယောက်တို့နှင့် ပြန်လည်နေထိုင်တော့သည်။ ဗိုလ်တာသည် အသက် ၈၂နှစ်အရွယ် ၁၈၂၇ ခုနှစ် မတ်လ ၅ရက်နေ့တွင် ကိုးမိုးမြို့၌ပင် ကွယ်လွန်ခဲ့လေသည်။ သူ့အားဂုဏ်ပြုသောအားဖြင့် ဗို့ ယူနစ်ကို သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသလို အီတလီငွေ lira ၁၀၀၀၀ တန်တွင်လည်း သူ၏ ပုံရိပ်ကို ရိုက်နှိပ်ထည့်သွင်းခြင်းခံခဲ့ရသည်။
မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ(၈)
Biography Website
——– ——- ———
(Zawgyi)
“ဗုိ႔”ယူနစ္ရဲ႕ အမည္ပုိင္ရွင္
လွ်ပ္စစ္ႏွင့္ ပတ္သက္ေသာ အေၾကာင္းအရာမ်ား ၊ ဘက္ထရီ ၊ ဓာတ္ခဲ စသည္တုိ႔တြင္ ဗုိ႔ ၊ မည္၍မည္မွ် ဗုိ႔အား ဟူ၍ ကြ်ႏု္တုိ႔ေခၚေ၀ၚသုံးစြဲၾကေလ့ရွိသည္။ လွ်ပ္စစ္အတုိင္းအတာ ယူနစ္ျဖစ္သည့္ ဗုိ႔ Volt သည္ လွ်ပ္စစ္တီထြင္မႈေရွ႕ေဆာင္ပုဂၢဳိလ္ႀကီး တဦးျဖစ္သည့္ Alessandro Volta အားဂုဏ္ျပဳေသာ အားျဖင့္ နာမည္ေပးထားျခင္းျဖစ္သည္။
ဗုိလ္တာ၏ နာမည္အျပည့္အစုံမွာ Alessandro Giuseppe Antonio Anastasio Volta ဟူ၍ ျဖစ္သည္။ အီတလီလူမ်ဳိး ရူပေဗဒပညာရွင္တဦးျဖစ္သူ ဗုိလ္တာကို ၁၇၄၅ခုႏွစ္တြင္ အီတလီႏုိင္ငံ ကုိးမုိးၿမဳိ႕တြင္ ေမြးဖြားခဲ့သည္။ ဗုိလ္တာသည္ အသက္ ၄ႏွစ္အရြယ္အထိတုိင္ စကားလုံး၀မေျပာခဲ့သျဖင့္ မိဘမ်ားက စိုးရိမ္ခဲ့ၾကေသာ္လည္း ေနာက္ပုိင္းတြင္ စကားစတင္ေျပာလာခဲ့သည္။
ထုိ႔အျပင္ သူသည္ ငယ္စဥ္ကတည္းက ဥာဏ္အလြန္ေကာင္းေသာ ကေလးတေယာက္ျဖစ္ေၾကာင္း သိရွိခဲ့ၾကသည္။ ဗုိလ္တာ အသက္ ၇ႏွစ္အရြယ္တြင္ ဖခင္ကြယ္လြန္သြားသလုိ အေၾကြးမ်ားလည္း က်န္ခဲ့တာေၾကာင့္ ေက်ာင္းေနခြင့္ မရရွာေပ။ ဦးေလးျဖစ္သူက သူ႔အား စာဖတ္တတ္ေစရန္ သင္ၾကားေပးခဲ့သည္။ အသက္ ၁၂ႏွစ္အရြယ္တြင္ Jesuit ေဘာ္ဒါေက်ာင္းသို႔အပုိ႔ခံခဲ့ရသည္။
အခမဲ့ ေက်ာင္းျဖစ္ေသာ္လည္း ပညာေရးထက္ ခရစ္ယာန္ဘုန္းေတာ္ႀကီးတပါးျဖစ္လာေစဖုိ႔ ဦးတည္သင္ၾကားေပးေသာေက်ာင္းျဖစ္သည္။ ထုိေက်ာင္းတြင္ ၄ႏွစ္ခန္႔တက္ေရာက္ၿပီးေနာက္ ဆက္မတက္ေတာ့ပဲ Benzi ေက်ာင္းတြင္ ဆက္တက္ခဲ့သည္။ ငယ္ငယ္က စကားေျပာေနာက္က်ခဲ့ေသာ ဗုိလ္တာသည္ ဘာသာစကားတြင္မူ အလြန္အတတ္ျမန္ထူးခြ်န္ခဲ့ၿပီး ေက်ာင္းေနစဥ္အတြင္းမွာပင္ အီတလီဘာသာအျပင္ ၊ လက္တင္ ၊ ျပင္သစ္ ၊ အဂၤလိပ္ ႏွင့္ ဂ်ာမန္ ဘာသာစကားမ်ားကို သင္ယူတတ္ေျမာက္ခဲ့သည္။ ထုိသို႔ ဘာသာစကားကြ်မ္းက်င္မႈသည္ ေနာင္အခါ ဥေရာပတလႊားမွ အျခားပညာရွင္မ်ားႏွင့္ အလုပ္တြဲလုပ္သည့္အခါ သူ႔ကိုႀကီးစြာ အေထာက္အကူျပဳခဲ့သည္။
မိခင္က သူ႔အား ေရွ႕ေနတေယာက္ျဖစ္ေစခ်င္ခဲ့သည္။ သုိ႔ေသာ္ဗုိလ္တာက စိတ္မ၀င္စား။ သူစိတ္၀င္စားသည္က သိပၸံလက္ေတြ႔စမ္းသပ္ခ်က္ေတြ ျပဳလုပ္ရျခင္းျဖစ္သည္။ ထုိ႔ေနာက္တြင္ သိပၸံပညာရပ္မ်ားကို စိတ္၀င္စားခဲ့ၿပီး အသက္ ၁၈ႏွစ္အရြယ္မွစတင္ကာ လက္ေတြ႔စမ္းသပ္ခ်က္မ်ားကို ျပဳလုပ္ေတာ့သည္။
အဲဒီေခတ္က သိပၸံပညာရွင္မ်ားျဖစ္သည့္ Jean-Antoine Nollet ၊ Giambatista Beccaria တို႔ႏွင့္ေတြ႔ဆုံခြင့္ရခဲ့ၿပီး သူ၏အုိင္ဒီယာမ်ားကိုေျပာခြင့္ရခဲ့ၿပီး စမ္းသပ္ခ်က္မ်ား ပိုမုိျပဳလုပ္ဖုိ႔ ေထာက္ခံအားေပးခံခဲ့ရသည္။ အသက္ ၂၀ အရြယ္တြင္ အရင္းႏွီးဆုံး သူငယ္ခ်င္းတဦးျဖစ္သည့္ Cesare Gattoni က သူ႔အတြက္ ကုိယ္ပုိင္စမ္းသပ္ခန္းတခု ေဆာက္လုပ္ေပးခဲ့သည္။ Cesare Gattoni က ခ်မ္းသာသူတဦးျဖစ္ၿပီး ဗုိလ္တာ၏ လုိအပ္ခ်က္မ်ားကို ႏွစ္ေပါင္းမ်ားစြာ ျဖည့္ဆည္းေပးခဲ့ေသာ သူငယ္ခ်င္းေကာင္းတဦးျဖစ္သည္။
၁၇၆၉ ခုႏွစ္ႏွင့္ ၁၇၇၁ ခုႏွစ္မ်ားတြင္ လွ်ပ္စစ္ဆုိင္ရာ စက္သစ္တခုအေၾကာင္း စာတမ္း ၂ေစာင္ ေရးသားထုတ္ေ၀သည္တြင္ နာမည္ႀကီးလာသည္။ ၁၇၇၄ ခုႏွစ္တြင္ ကုိးမုိးၿမဳိ႕ေတာ္၀င္ေက်ာင္းတြင္ ရူပေဗဒပါေမကၡျဖစ္လာ၍ ၊ ၁၇၇၉ ခုႏွစ္တြင္ ပါးဗီးယားတကၠသုိလ္၌ ရူပေဗဒပါေမာကၡအျဖစ္ ေျပာင္းေရႊ႕ခန္႔အပ္ျခင္းခံခဲ့ရသည္။
သူသည္ ၁၇၇၇ ခုႏွစ္ကပင္ အီလက္ထရုိေဖာရပ္ေခၚ လွ်ပ္စစ္ဓာတ္လုပ္ ကိရိယာႏွင့္ အီလက္ထရုိစကုပ္ေခၚ လွ်ပ္စစ္ျပတုိ႔ကို တီထြင္ခဲ့ရာမွအစ လွ်ပ္စစ္ေလာကတြင္ ထင္ရွားေသာ တုိးတက္မႈမ်ား ျဖစ္ခဲ့ေလသည္။ ဗုိလ္တာသည္ ေရေသတြင္ ျဖစ္ေပၚလာေသာ ဗလုံစီမ်ားကို ေလ့လာျခင္းျဖင့္ ဓာတ္ေငြ႔မ်ားအေၾကာင္း အဖုိးတန္အခ်က္အလက္မ်ားကို ရွာေဖြေတြ႔ရွိခဲ့သည္။ လွ်ပ္စစ္ ပစၥတုိ ၊ ယူဒီအုိမီတာ ၊ လွ်ပ္စစ္ကြန္ဒင္းဆား ၊ ဟုိက္ဒရုိဂ်င္မီးအိမ္ စသည္တုိ႔သည္ ဗုိလ္တာ၏ တီထြင္မႈမ်ားျဖစ္သည္။
မီသိန္းဓာတ္ေငြ႔ကို ရွာေဖြေဖာ္ထုတ္ခဲ့သူမွာလည္း ဗုိလ္တာပင္ျဖစ္သည္။ ၁၈၀၀ ျပည့္ႏွစ္တြင္ ဗုိ႔လ္တိတ္ပုိင္း(Voltaic pile) ေခၚ လွ်ပ္စစ္ဘက္ထရီအုိးကို တီထြင္ျပဳလုပ္လုိက္ရာ အထူး ပင္နာမည္ႀကီးလာသည္။ ၁၇၄၉ ခုႏွစ္တြင္ သူ၏ ကြန္ဒန္ဆာ အေၾကာင္းစာတမ္းအတြက္ လက္ဒန္ၿမဳိ႕ေတာ္၀င္အသင္းႀကီးမွ ေကာ့ပလီယန္တံဆိပ္ကို ခ်ီးျမွင့္ခဲ့သည္။
ဗုိလ္တာ တီထြင္ေသာ လွ်ပ္စစ္ကိရိယာမ်ားအေၾကာင္းကို ျပင္သစ္ဘုရင္ နပုိလီယန္ ၾကားသိေသာအခါ ၁၈၀၁ ခုႏွစ္တြင္ ဗုိလ္တာအား ပါရီၿမဳိ႕သုိ႔ လာေရာက္၍ သူ၏တီထြင္မႈမ်ားအေၾကာင္း ေဟာေျပာေစရာ အထူးပင္အားရလွသျဖင့္ ေရႊတံဆိပ္ခ်ီးျမွင့္သည္။ သုိ႔ျဖင့္ ဗုိလ္တာသည္ လီဂ်န္း-ေအာ့-ေအာ္နာ ဘြဲ႔တံဆိပ္(Legion of Honour) ႏွင့္ အုိင္းယန္းကေရာင္း(Legion of Honour) ဘြဲ႔တံဆိပ္ကို ရရွိရုံမက ေကာင့္ဘြဲ႔ကိုပါ အပ္ႏွင္းျခင္းခံရသည္။
ဗုိလ္တာသည္ အသက္ ၇၀ေက်ာ္အရြယ္အထိ စမ္းသပ္တီထြင္မႈမ်ားကို မရပ္မနားရွာေဖြစမ္းသပ္မႈမ်ားျပဳလုပ္ခဲ့သည္။ ၁၈၁၉ ခုႏွစ္ အသက္ ၇၄ႏွစ္အရြယ္အေရာက္တြင္မူ အနားယူသင့္ၿပီဟု ဆုံးျဖတ္ကာ အားလုံးကို လႊတ္ခ်ခဲ့ေတာ့သည္။ သူေမြးရပ္ေျမသုိ႔ျပန္ကာ ဇနီး သား ၃ေယာက္တုိ႔ႏွင့္ ျပန္လည္ေနထုိင္ေတာ့သည္။ ဗုိလ္တာသည္ အသက္ ၈၂ႏွစ္အရြယ္ ၁၈၂၇ ခုႏွစ္ မတ္လ ၅ရက္ေန႔တြင္ ကုိးမုိးၿမဳိ႕၌ပင္ ကြယ္လြန္ခဲ့ေလသည္။ သူ႔အားဂုဏ္ျပဳေသာအားျဖင့္ ဗုိ႔ ယူနစ္ကို သတ္မွတ္ေခၚေ၀ၚခဲ့ၾကသလုိ အီတလီေငြ lira ၁၀၀၀၀ တန္တြင္လည္း သူ၏ ပုံရိပ္ကို ရုိက္ႏွိပ္ထည့္သြင္းျခင္းခံခဲ့ရသည္။
ျမန္မာ့စြယ္စုံက်မ္း ၊ အတြဲ(၈)
Biography Website
Discussion about this post