(Unicode)
Siamese fighting fish(ဖိုက်တာငါး) အမျိုးအစားငါးတွေကို ငါးအလှမွေးဈေးကွက်မှာ တော့ Betta လို့လူသိများပါတယ်။ အဲဒီငါးမျိုးစိတ်တွေကို မဲခေါင်မြစ်ဝှမ်းဒေသတွေ ဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေမှာ အများဆုံးတွေ့ရှိရပါတယ်။ Betta ငါးမျိုးစိတ်တွေဟာ ပေါင်းပင်တွေထူထူထဲထဲ ပေါက်ရောက်နေတဲ့ ရေကန်တွေ ရေစီးရေလာနှေးတဲ့ ရေသေနေရာတွေဖြစ်တဲ့ စပါးပင်တွေကြား၊ ရေမစီးတဲ့ရေကန်တွေ၊ ရေညစ်ညမ်းမှုများတဲ့ ချောင်းတွေနဲ့ အခြား Oxygen နည်းပါးစွာရရှိနေတဲ့ ရေဧရိယာ တွေထဲမှာ ပေါက်ဖွားရှင်သန်ကြတာပါ။
Betta ငါးတွေရဲ့ သက်တမ်းကတော့ (၃) နှစ်ကနေ (၅)နှစ် အတွင်းရှိပြီး တစ်ချို့ကတော့ ရှားရှားပါးပါး (၇)နှစ်ကနေ (၁၀)နှစ်ကြား ရှင်သန်နိုင်ကြပါတယ်။ Betta ငါးတွေဟာ ၇.၅Cm(၃လက်မ)လောက် အရွယ်အစားရှိကြပါတယ်။ Betta ငါးတွေရဲ့ ခန္ဓာကိုယ်ဟာ ချောမွေ့လွန်းတာကြောင့် ရေထဲမှာအားစိုက်ထုတ်စရာ သိပ်မလိုအပ်ပဲ ရေထုကိုလျှင်မြန်စွာ ထိုးဖောက်ကူးခတ် နိုင်ကြပါတယ်။ ဒီငါး တွေရဲ့ ခန္ဓာကိုယ်ကိုအကြေးခွံတွေနဲ့ဖုံးအုပ်ထားပြီးအဲဒီအကြေးခွံ တွေဟာ အိမ်တွေမှာမိုးထားတဲ့ လေးထောင့်ပုံအချပ်တွေကဲ့သို့ တစ်ခုနဲ့တစ်ခုထပ်ပြီး တည်ရှိနေတာပါ။
Betta ရဲ့အကြေးခွံတွေဟာ ပါးလွှာပြီးထိုးဖောက်မြင်နိုင်တဲ့ အပြားတွေစုထားတဲ့ အစိုင်အခဲတစ်ခုကဲ့သို့ဖြစ်ပြီး ခန္ဓာကိုယ်ကို မတော်တဆ ထိခိုက်မှုကနေကာကွယ်ပေးကာ ရေထဲမှာလျှင်မြန်စွာ ရွေ့လျားနိုင်ဖို့ ကူညီပေးပါတယ်။ Betta ငါးရဲ့ အကြေးခွံမှာရှိတဲ့ အချွဲမှေးက စိမ့်ထွက်တဲ့ အကျိအချွဲတွေဟာ ငါးရဲ့ခန္ဓာကိုယ် ကိုသာမန်ထက်ချောမွေ့စေပြီး အခြားကပ်ပါးကောင်နဲ့ရောဂါပိုးမွှားများ ထိုးဖောက်ဝင် ရောက်လာခြင်းကို ကာကွယ်ပေးပါတယ်။ Bettaငါးတွေရဲ့အကြေးခွံဟာ အသက်အရွယ် ရလာတာနဲ့အမျှ အရောင်ပြယ်လာလေ့ရှိပါတယ်။ အဲဒီငါးတွေရဲ့ မူလအရောင်ဟာ သူတို့ရဲ့အရေအပြားမှာရှိတဲ့ ကွဲပြားတဲ့ chromatophores လို့ခေါ်တဲ့ pigment cells (ရောင်ခြယ်ဆဲလ်)အလိုက်ဖြစ်နေတာပါ။
တိရစ္ဆာန်ရောင်း ဝယ်ရေးလောကမှာတော့ Betta ငါးတွေရဲ့လှပတဲ့ အရောင်အသွေးကိုအသုံးပြုပြီး လာရောက်ဝယ်ယူသူတွေကို ဆွဲဆောင်ပါတယ်။ အမှန်တစ်ကယ်သဘာဝတရားအရ တော့ Bettaငါးတွေဟာ အနီရောင်တောက်တောက်အရောင်၊ သံပရာစိမ်းအရောင်၊ နန်းစံတဲ့အပြာရောင်စတဲ့ အသွင်အမျိုးမျိုးသော အရောင်အသွေး မရှိကြပါဘူး။ ဒါဟာ စီးပွားရေးသမားတွေရဲ့ ဇီဝနည်းပညာနဲ့ဖန်တီးမှုသာဖြစ်ပြီး အလှမွေးကန်တွေမှာ နေရာယူထားတဲ့ အရောင်မျိုးစုံသော Betta ငါးအမတွေဟာဖန်တီးသူတွေ ရဲ့ စိတ်ကြိုက်အရောင်အသွေးရှိတဲ့ သားပေါက်တွေကိုမွေးဖွားပေးရတာပါ။ ဒီလိုပြုလုပ်ခြင်း ဖြင့် သားရဲတိရိစ္ဆာန်ရောင်းဝယ်ရေးလောကမှာ အကျိုးအမြတ်များစွာကို ရယူနေတာပါ။
ယနေ့ခေတ် အိမ်တော်တော်များမှာ ရေကန်ငယ်လေးတွေ ဖန်တီးပြီး အရောင်အသွေး စုံလင်လှတဲ့Betta ငါးတွေကို မွေးမြူတဲ့ ဓလေ့ဟာ ခေတ်စားလာပါတယ်။ ဒီကန်ငယ် လေးတွေထဲမှာ ငါးတွေအတွက် ရေအောက်ကမ္ဘာငယ်လေး ပမာ ဖန်တီးပေးထားပြီး တွေ့မြင်ရသူတွေအဖို့ သဘာဝတရားနဲ့အနီးစပ်ဆုံးသော ရေအောက်မြင်ကွင်းကို မြင်တွေ့နေရသလိုခံစားရပါတယ်။ အဲဒီလိုမွေးမြူခြင်းခြင်းဟာ အိမ်သားတွေရဲ့ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်း တွေကို ပိုမိုဆင်ပြေစေတယ်ဆိုတဲ့ အရှေတိုင်းအယူ အဆတွေဟာ ယခုအချိန်မှာ တစ်ကမ္ဘာလုံးကို သက်ရောက်မှုရှိနေတာပါ။
Betta ငါးတွေ ကတော့ ဒီလိုအလှမွေးကန် သေးသေးလေးထက် ပိုမိုကြီးမားတဲ့ကန်တွေ၊ လူမြင်ကွင်း မှာပြသထားတဲ့ မှန်ဘောင်တွေနဲ့ပြုလုပ်ထားတဲ့ ကန်တွေမှာ နေထိုင်ရတာ ပိုမိုနှစ်သက် လိမ့်မယ်ထင်ပါတယ်။ ဒီငါးတွေကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်ရန်အတွက် ငါးအလှမွေးကန် တစ်ကန်မှာ ရေ(၂.၅)ဂါလန်ကနေ (၅)ဂါလန် ကြားထည့်သွင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ Betta တွေရဲ့ လူသိများထင်ရှားတဲ့ စရိုက်လက္ခဏာကတော့ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်ကြခြင်းပါ။ အမတွေထက် အထီးတွေက ပိုမိုတိုက်ခိုက်ကြပြီး သူတို့ရဲ့ပိုင်နက်ကို ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်ကြတာပါ။
အရှေတိုင်းအယူအဆအရတော့ Betta ငါးတွေရဲ့ စီးချင်းထိုးတဲ့ ပုံနဲ့တိုက်ခိုက်မှုတွေဟာ အတိတ်အချိန်က တစ်ဦးနဲ့တစ်ဦး မလိုမုန်းထားစိတ်ထာတွေကို ဒီနေရာမှာ တစ်ခန်းရပ် အနေနဲ့ ဖြေရှင်းကြတယ်လို့ ယူဆကြပါတယ်။ Betta ငါးတွေတစ်ကောင် နဲ့ တစ်ကောင် တိုက်ခိုက်ကြတဲ့ တိုက်ပွဲတွေကို ပြိုင်ပွဲတစ်ခု အဖြစ်ကုန်လွန်ခဲ့တဲ့ ရာစုများစွာထဲက ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီငါးတွေကို သားပေါက်ဖို့ရည်ရွယ်ချက်နဲ့တော့ အထီးနဲ့ အမကိုယှဉ်တွဲပြီး မမွေးသင့်ကြောင်း သတိပေးတားမြစ်ထားပါတယ်။ သူတို့ဟာ အချိန် တော်တော်များများ တိုက်ခိုက်နေကြတဲ့အတွက် ဖြစ်ပါတယ်။
Betta ငါးတွေဟာ ဒေါသထွက်ပြီးတစ်ကောင်နဲ့တစ်ကောင် ရန်မူလိုတဲ့ အနေအထားမှာဖြစ်ဖြစ်၊ မိတ်လိုက် ရာသီရောက်တဲ့အချိန်မျာဖြစ်ဖြစ် သူတို့ရဲ့ဆူးတောင်တွေဟာ ရုတ်တရတ် သိသိသာသာ ပြန့်ကားလာလေ့ရှိပါတယ်။ Bettaငါးတွေရဲ့ ဘဝစက်ဝန်းဟာ မွေးဖွားချိန် ကနေစတင်ပြီး အန္တရာယ်ဖြစ်လာနိုင်တဲ့ အနေအထားရှိနေပါတယ်။ ငါးအမက ပေါက်ဖွားလိုက်တဲ့ ငါးဥတွေဟာ (၃၆) နာရီအတွင်း အကောင်ပေါက်လာပါတယ်။ ငါးအမကပြုလုပ်ထားတဲ့ အသိုက်တွေထဲမှာ Bettaငါးပေါက်တွေဟာ ဥအကာအနှစ် တွေကို (၅)ရက်လောက်စားသောက်ပြီးနေထိုင်ကြရပါတယ်။ Bettaငါးတွေဟာ ၃လ ကနေ ၁၂ လအတွင်း အရွယ်ရောက်လာကြပါတယ်။
Betta ငါးတွေရဲ့ မူရင်းဗီဇကိုက တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်လေ့ရှိတဲ့ အတွက် ကြောင့် Siamese fighting fish(ဖိုက်တာငါး) အမျိုးအစားငါးတွေလို အမည်ပေးထား ရတာပါ။ Siamese fighting fish တွေကို International Union for Conservation of Nature အဖွဲ့က ထိန်းသိမ်းရမဲ့ ငါးမျိုးနွယ်စု အဖြစ်အမည်စာရင်း တင်သွင်းထားပါတယ်။ ၁၉၈၃ခုနှစ်က အမေရိကန်ဒါရိုက်တာ Francis Ford Coppola ရိုက်ကူးတဲ့ Rumble Fish ဒရမ်မာဇာတ်ကား ထဲက ငါးတွေဟာ Siamese fighting fishတွေဖြစ်ပါတယ်။
ဒါအပြင် ဂျိန်းစ်ဘွန်းဇာတ်ကားဖြစ်တဲ့ From Russia with Love ဆိုတဲ့ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ ငါးပြတိုက်မှာရှိတဲ့ Siamese fighting fish အမျိုးအစား ငါး (၃)ကောင်ဟာတစ်ကောင်နဲ့တစ်ကောင် သေဆုံးတဲ့အထိ တိုက်ခိုက်ကြပါတယ်။ နောက်ဆုံးကျန်ခဲ့တဲ့ငါးဟာ ငါအဲဒီဇာတ်ကားရဲ့ ဗီလိန်အဖြစ်သရုပ် ဆောင်တဲ့ Ernst Stavro Blofeld ရဲ့ ရာဇဝတ်ဂိုဏ်း SPECTRE အဖြစ် သရုပ်ဖော် ထားတဲ့ပြကွက်ဟာ ကြည့်ရှုသူတွေအကြား ရေပန်းစားခဲ့ပါသေးတယ်။
(Zawgyi)
ဖိုက္တာငါး တို႔အေၾကာင္းသိေကာင္းစရာ
Siamese fighting fish(ဖိုက္တာငါး) အမ်ိဳးအစားငါးေတြကို ငါးအလွေမြးေဈးကြက္မွာ ေတာ့ Betta လို႔လူသိမ်ားပါတယ္။ အဲဒီငါးမ်ိဳးစိတ္ေတြကို မဲေခါင္ျမစ္ဝွမ္းေဒသေတြ ျဖစ္တဲ့ လာအို၊ ကေမာၻဒီးယား၊ ဗီယက္နမ္နဲ႔ ထိုင္းႏိုင္ငံေတြမွာ အမ်ားဆုံးေတြ႕ရွိရပါတယ္။ Betta ငါးမ်ိဳးစိတ္ေတြဟာ ေပါင္းပင္ေတြထူထူထဲထဲ ေပါက္ေရာက္ေနတဲ့ ေရကန္ေတြ ေရစီးေရလာေႏွးတဲ့ ေရေသေနရာေတြျဖစ္တဲ့ စပါးပင္ေတြၾကား၊ ေရမစီးတဲ့ေရကန္ေတြ၊ ေရညစ္ညမ္းမႈမ်ားတဲ့ ေခ်ာင္းေတြနဲ႔ အျခား Oxygen နည္းပါးစြာရရွိေနတဲ့ ေရဧရိယာ ေတြထဲမွာ ေပါက္ဖြားရွင္သန္ၾကတာပါ။
Betta ငါးေတြရဲ႕ သက္တမ္းကေတာ့ (၃) ႏွစ္ကေန (၅)ႏွစ္ အတြင္းရွိၿပီး တစ္ခ်ိဳ႕ကေတာ့ ရွားရွားပါးပါး (၇)ႏွစ္ကေန (၁၀)ႏွစ္ၾကား ရွင္သန္ႏိုင္ၾကပါတယ္။ Betta ငါးေတြဟာ ၇.၅Cm(၃လက္မ)ေလာက္ အ႐ြယ္အစားရွိၾကပါတယ္။ Betta ငါးေတြရဲ႕ ခႏၶာကိုယ္ဟာ ေခ်ာေမြ႕လြန္းတာေၾကာင့္ ေရထဲမွာအားစိုက္ထုတ္စရာ သိပ္မလိုအပ္ပဲ ေရထုကိုလွ်င္ျမန္စြာ ထိုးေဖာက္ကူးခတ္ ႏိုင္ၾကပါတယ္။ ဒီငါး ေတြရဲ႕ ခႏၶာကိုယ္ကိုအေၾကးခြံေတြနဲ႔ဖုံးအုပ္ထားၿပီးအဲဒီအေၾကးခြံ ေတြဟာ အိမ္ေတြမွာမိုးထားတဲ့ ေလးေထာင့္ပုံအခ်ပ္ေတြကဲ့သို႔ တစ္ခုနဲ႔တစ္ခုထပ္ၿပီး တည္ရွိေနတာပါ။
Betta ရဲ႕အေၾကးခြံေတြဟာ ပါးလႊာၿပီးထိုးေဖာက္ျမင္ႏိုင္တဲ့ အျပားေတြစုထားတဲ့ အစိုင္အခဲတစ္ခုကဲ့သို႔ျဖစ္ၿပီး ခႏၶာကိုယ္ကို မေတာ္တဆ ထိခိုက္မႈကေနကာကြယ္ေပးကာ ေရထဲမွာလွ်င္ျမန္စြာ ေ႐ြ႕လ်ားႏိုင္ဖို႔ ကူညီေပးပါတယ္။ Betta ငါးရဲ႕ အေၾကးခြံမွာရွိတဲ့ အခြၽဲေမွးက စိမ့္ထြက္တဲ့ အက်ိအခြၽဲေတြဟာ ငါးရဲ႕ခႏၶာကိုယ္ ကိုသာမန္ထက္ေခ်ာေမြ႕ေစၿပီး အျခားကပ္ပါးေကာင္နဲ႔ေရာဂါပိုးမႊားမ်ား ထိုးေဖာက္ဝင္ ေရာက္လာျခင္းကို ကာကြယ္ေပးပါတယ္။ Bettaငါးေတြရဲ႕အေၾကးခြံဟာ အသက္အ႐ြယ္ ရလာတာနဲ႔အမွ် အေရာင္ျပယ္လာေလ့ရွိပါတယ္။ အဲဒီငါးေတြရဲ႕ မူလအေရာင္ဟာ သူတို႔ရဲ႕အေရအျပားမွာရွိတဲ့ ကြဲျပားတဲ့ chromatophores လို႔ေခၚတဲ့ pigment cells (ေရာင္ျခယ္ဆဲလ္)အလိုက္ျဖစ္ေနတာပါ။
တိရစာၦန္ေရာင္း ဝယ္ေရးေလာကမွာေတာ့ Betta ငါးေတြရဲ႕လွပတဲ့ အေရာင္အေသြးကိုအသုံးျပဳၿပီး လာေရာက္ဝယ္ယူသူေတြကို ဆြဲေဆာင္ပါတယ္။ အမွန္တစ္ကယ္သဘာဝတရားအရ ေတာ့ Bettaငါးေတြဟာ အနီေရာင္ေတာက္ေတာက္အေရာင္၊ သံပရာစိမ္းအေရာင္၊ နန္းစံတဲ့အျပာေရာင္စတဲ့ အသြင္အမ်ိဳးမ်ိဳးေသာ အေရာင္အေသြး မရွိၾကပါဘူး။ ဒါဟာ စီးပြားေရးသမားေတြရဲ႕ ဇီဝနည္းပညာနဲ႔ဖန္တီးမႈသာျဖစ္ၿပီး အလွေမြးကန္ေတြမွာ ေနရာယူထားတဲ့ အေရာင္မ်ိဳးစုံေသာ Betta ငါးအမေတြဟာဖန္တီးသူေတြ ရဲ႕ စိတ္ႀကိဳက္အေရာင္အေသြးရွိတဲ့ သားေပါက္ေတြကိုေမြးဖြားေပးရတာပါ။ ဒီလိုျပဳလုပ္ျခင္း ျဖင့္ သားရဲတိရိစာၦန္ေရာင္းဝယ္ေရးေလာကမွာ အက်ိဳးအျမတ္မ်ားစြာကို ရယူေနတာပါ။
ယေန႔ေခတ္ အိမ္ေတာ္ေတာ္မ်ားမွာ ေရကန္ငယ္ေလးေတြ ဖန္တီးၿပီး အေရာင္အေသြး စုံလင္လွတဲ့Betta ငါးေတြကို ေမြးျမဴတဲ့ ဓေလ့ဟာ ေခတ္စားလာပါတယ္။ ဒီကန္ငယ္ ေလးေတြထဲမွာ ငါးေတြအတြက္ ေရေအာက္ကမာၻငယ္ေလး ပမာ ဖန္တီးေပးထားၿပီး ေတြ႕ျမင္ရသူေတြအဖို႔ သဘာဝတရားနဲ႔အနီးစပ္ဆုံးေသာ ေရေအာက္ျမင္ကြင္းကို ျမင္ေတြ႕ေနရသလိုခံစားရပါတယ္။ အဲဒီလိုေမြးျမဴျခင္းျခင္းဟာ အိမ္သားေတြရဲ႕ က်န္းမာေရး၊ စီးပြားေရးလုပ္ငန္း ေတြကို ပိုမိုဆင္ေျပေစတယ္ဆိုတဲ့ အေရွတိုင္းအယူ အဆေတြဟာ ယခုအခ်ိန္မွာ တစ္ကမာၻလုံးကို သက္ေရာက္မႈရွိေနတာပါ။
Betta ငါးေတြ ကေတာ့ ဒီလိုအလွေမြးကန္ ေသးေသးေလးထက္ ပိုမိုႀကီးမားတဲ့ကန္ေတြ၊ လူျမင္ကြင္း မွာျပသထားတဲ့ မွန္ေဘာင္ေတြနဲ႔ျပဳလုပ္ထားတဲ့ ကန္ေတြမွာ ေနထိုင္ရတာ ပိုမိုႏွစ္သက္ လိမ့္မယ္ထင္ပါတယ္။ ဒီငါးေတြေကာင္းမြန္စြာ ရွင္သန္ႀကီးထြားႏိုင္ရန္အတြက္ ငါးအလွေမြးကန္ တစ္ကန္မွာ ေရ(၂.၅)ဂါလန္ကေန (၅)ဂါလန္ ၾကားထည့္သြင္းေပးဖို႔ လိုအပ္ပါလိမ့္မယ္။ Betta ေတြရဲ႕ လူသိမ်ားထင္ရွားတဲ့ စ႐ိုက္လကၡဏာကေတာ့ တစ္ေကာင္နဲ႔တစ္ေကာင္ တိုက္ခိုက္ၾကျခင္းပါ။ အမေတြထက္ အထီးေတြက ပိုမိုတိုက္ခိုက္ၾကၿပီး သူတို႔ရဲ႕ပိုင္နက္ကို ကာကြယ္တဲ့အေနနဲ႔ တိုက္ခိုက္ၾကတာပါ။
အေရွတိုင္းအယူအဆအရေတာ့ Betta ငါးေတြရဲ႕ စီးခ်င္းထိုးတဲ့ ပုံနဲ႔တိုက္ခိုက္မႈေတြဟာ အတိတ္အခ်ိန္က တစ္ဦးနဲ႔တစ္ဦး မလိုမုန္းထားစိတ္ထာေတြကို ဒီေနရာမွာ တစ္ခန္းရပ္ အေနနဲ႔ ေျဖရွင္းၾကတယ္လို႔ ယူဆၾကပါတယ္။ Betta ငါးေတြတစ္ေကာင္ နဲ႔ တစ္ေကာင္ တိုက္ခိုက္ၾကတဲ့ တိုက္ပြဲေတြကို ၿပိဳင္ပြဲတစ္ခု အျဖစ္ကုန္လြန္ခဲ့တဲ့ ရာစုမ်ားစြာထဲက က်င္းပျပဳလုပ္ခဲ့ၾကပါတယ္။ ဒီငါးေတြကို သားေပါက္ဖို႔ရည္႐ြယ္ခ်က္နဲ႔ေတာ့ အထီးနဲ႔ အမကိုယွဥ္တြဲၿပီး မေမြးသင့္ေၾကာင္း သတိေပးတားျမစ္ထားပါတယ္။ သူတို႔ဟာ အခ်ိန္ ေတာ္ေတာ္မ်ားမ်ား တိုက္ခိုက္ေနၾကတဲ့အတြက္ ျဖစ္ပါတယ္။
Betta ငါးေတြဟာ ေဒါသထြက္ၿပီးတစ္ေကာင္နဲ႔တစ္ေကာင္ ရန္မူလိုတဲ့ အေနအထားမွာျဖစ္ျဖစ္၊ မိတ္လိုက္ ရာသီေရာက္တဲ့အခ်ိန္မ်ာျဖစ္ျဖစ္ သူတို႔ရဲ႕ဆူးေတာင္ေတြဟာ ႐ုတ္တရတ္ သိသိသာသာ ျပန႔္ကားလာေလ့ရွိပါတယ္။ Bettaငါးေတြရဲ႕ ဘဝစက္ဝန္းဟာ ေမြးဖြားခ်ိန္ ကေနစတင္ၿပီး အႏၲရာယ္ျဖစ္လာႏိုင္တဲ့ အေနအထားရွိေနပါတယ္။ ငါးအမက ေပါက္ဖြားလိုက္တဲ့ ငါးဥေတြဟာ (၃၆) နာရီအတြင္း အေကာင္ေပါက္လာပါတယ္။ ငါးအမကျပဳလုပ္ထားတဲ့ အသိုက္ေတြထဲမွာ Bettaငါးေပါက္ေတြဟာ ဥအကာအႏွစ္ ေတြကို (၅)ရက္ေလာက္စားေသာက္ၿပီးေနထိုင္ၾကရပါတယ္။ Bettaငါးေတြဟာ ၃လ ကေန ၁၂ လအတြင္း အ႐ြယ္ေရာက္လာၾကပါတယ္။
Betta ငါးေတြရဲ႕ မူရင္းဗီဇကိုက တစ္ေကာင္နဲ႔တစ္ေကာင္ တိုက္ခိုက္ေလ့ရွိတဲ့ အတြက္ ေၾကာင့္ Siamese fighting fish(ဖိုက္တာငါး) အမ်ိဳးအစားငါးေတြလို အမည္ေပးထား ရတာပါ။ Siamese fighting fish ေတြကို International Union for Conservation of Nature အဖြဲ႕က ထိန္းသိမ္းရမဲ့ ငါးမ်ိဳးႏြယ္စု အျဖစ္အမည္စာရင္း တင္သြင္းထားပါတယ္။ ၁၉၈၃ခုႏွစ္က အေမရိကန္ဒါ႐ိုက္တာ Francis Ford Coppola ႐ိုက္ကူးတဲ့ Rumble Fish ဒရမ္မာဇာတ္ကား ထဲက ငါးေတြဟာ Siamese fighting fishေတြျဖစ္ပါတယ္။
ဒါအျပင္ ဂ်ိန္းစ္ဘြန္းဇာတ္ကားျဖစ္တဲ့ From Russia with Love ဆိုတဲ့ဇာတ္ကားထဲက ဇာတ္ဝင္ခန္းတစ္ခုမွာ ငါးျပတိုက္မွာရွိတဲ့ Siamese fighting fish အမ်ိဳးအစား ငါး (၃)ေကာင္ဟာတစ္ေကာင္နဲ႔တစ္ေကာင္ ေသဆုံးတဲ့အထိ တိုက္ခိုက္ၾကပါတယ္။ ေနာက္ဆုံးက်န္ခဲ့တဲ့ငါးဟာ ငါအဲဒီဇာတ္ကားရဲ႕ ဗီလိန္အျဖစ္သ႐ုပ္ ေဆာင္တဲ့ Ernst Stavro Blofeld ရဲ႕ ရာဇဝတ္ဂိုဏ္း SPECTRE အျဖစ္ သ႐ုပ္ေဖာ္ ထားတဲ့ျပကြက္ဟာ ၾကည့္ရႈသူေတြအၾကား ေရပန္းစားခဲ့ပါေသးတယ္။
Discussion about this post