(Unicode)
ဖိလစ်ပိုင်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာအမြောက်အများရှိနေပြီး ဒီအထဲမှာ Chocolate Hills လို့လူသိများတဲ့ ချောကလက်တောင်ကုန်းငယ်လေးတွေဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီနေရာမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၀ခုမြောက်အကြီးဆုံး ကျွန်းဖြစ်တဲ့ Bohol ကျွန်းရဲ့ အလယ်မှာတည်ရှိနေပါတယ်။
အဲဒီနေရာရဲ့ မိုင် ၂၀ ပတ်လည်အတွင်းမှာ တောင်ပူဆာငယ်ကလေးပေါင်း ၁၇၇၆ခုဟာ ဖြန့်ကျက်ပြီးတော့ တည်ရှိနေပါတယ်။ အဲဒီတောင်ပူဆာငယ်တွေပေါ်မှာ မြက်တွေပေါက်နေပြီး ခြောက်သွေ့တဲ့ရာသီဥတုမျိုးမှာ ဒီမြက်တွေရဲ့အရောင်ဟာ အညိုရောင်ဖြစ်နေတတ်ပါတယ်။ အဝေးကကြည့်ရင် ချောကလက်အရောင်နဲ့ ဆင်တာကြောင့် ဒီတောင်ကုန်းလေးတွေရဲ့အမည်ကို ချောကလက်တောင်ကုန်းတွေ လို့ ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပါတယ်။
ဒီထုံးကျောက် တောင်ကုန်းလေးတွေရဲ့ အမြင့်ကတော့ အနိမ့်ဆုံး ပေ ၉၀ ကျော်ကနေ အမြင့်ဆုံး ပေ ၄၀၀ ဝန်းကျင်ခန့်အထိရှိပါတယ်။ ဒီလို ထူးထူးခြားခြားတည်ရှိနေတဲ့ ချောကလက်တောင်ကုန်းလေးတွေဟာ ဘိုဟိုးကျွန်းရဲ့ ရတနာအဖြစ် တင်စားခေါ်ဝေါ်ခံရသလို ဖိလစ်ပိုင်နိုင်ငံရဲ့ ၃ခုမြောက် အမျိုးသား သဘာဝအမွေအနှစ် နေရာတစ်ခု အဖြစ် သတ်မှတ်ထိမ်းသိမ်းခံထားရပါတယ်။
ထူးထူးခြားခြားနေရာတွေမှာ ထူးဆန်းတဲ့ပါးစပ်ရာဇဝင်တွေ ဒဏ္ဍာရီတွေရှိတတ်သလို ဒီနေရာမှာလည်းရှိနေပါတယ်။ ရှိတာမှ ၁မျိုးတည်း မဟုတ်ပဲ ၃ မျိုးဖြစ်ပါတယ်။ ပထမ ပုံပြင်က ဒီနေရာမှာ တချိန်က ဧရာမလူကြီးတွေနေထိုင်ခဲ့ပါတယ်။ အဲဒီထဲကမှ ဧရာမလူကြီးတစ်ယောက် နဲ့ အခြားတစ်ယောက်တို့ဟာ ငြင်းခုန်ရင်း ရန်ဖြစ်ကြပါတယ်။ ဒီလိုရန်ဖြစ်တဲ့အခါမှာ ဧရာမကျောက်တုံးတွေနဲ့ တစ်ယောက်ကို တစ်ယောက် ပစ်ခတ်ကြပါတယ်။ နောက်ဆုံးမှာတော့ နှစ်ယောက်စလုံး မောပန်းပြီး ခြေကုန်လက်ပမ်းကျသွားခဲ့ပါတယ်။ အဲဒီနောက်တော့ တစ်ယောက်ကို တစ်ယောက်ခွင့်လွှတ်ပြီး သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ ဒါပေမယ့် သူတို့ပစ်ခဲ့တဲ့ ကျောက်တုံးကြီးတွေကို ပြန်လည်ရှင်းလင်းခဲ့ခြင်း မရှိတဲ့အတွက် ဒီကျောက်တုံးကြီးတွေဟာ နှစ်ကာလများစွာ ကြာပြီးတဲ့နောက်မှာ အခု ချောကလက်တောင်ကုန်းတွေ ဖြစ်လာပါသတဲ့။
နောက်ထပ်ပုံပြင်တစ်ခုကတော့ နည်းနည်းရိုမန်တစ်ဆန်ပါတယ်။ Arogo လို့ခေါ်တဲ့ ဧရာမလူကြီးဟာ သာမန်လူသားမိန်းမတစ်ယောက်ဖြစ်တဲ့ Aloya နဲ့ ချစ်ကြိုက်ပါသတဲ့။ နောက်ဆုံးတော့ အဲဒီလူသား မိန်းမဟာ သေဆုံးသွားခဲ့တာကြောင့် Arogo ဟာ အလွန်ဝမ်းနည်းခဲ့ပါတယ်။ သူ့ချစ်သူကို အမြဲလွမ်းနေတာကြောင့် နေ့စဉ်ရက်ဆက် ငိုပဲငိုနေခဲ့ပါတယ်။ သူ့ရဲ့မျက်ရည်တွေ ခမ်းခြောက်သွားပြီးတဲ့နောက် အခုချောကလက် တောင်ကုန်းတွေ ဖြစ်လာပါသတဲ့။
နောက်ပုံပြင်တစ်ပုဒ်မှာတော့ ဒီနေရာမှာ ဧရာမကျွဲဆိုးကြီးတစ်ကောင် သောင်းကျန်းခဲ့ဖူးပါသတဲ့။ အဲဒီကျွဲဆိုးကြီးဟာ ရွာသားတွေရဲ့ ကောက်ပဲသီးနှံတွေကို ဖျက်စီးစားသောက်ပစ်လေ့ရှိပါတယ်။ ကျွဲဆိုးကြီးကို နှိမ်နှင်းဖို့မလွယ်ကူတဲ့ ရွာသားတွေဟာ နောက်ဆုံးမှာတော့ အကြံတစ်ခုရခဲ့ပါတယ်။ အဲဒါကတော့ ဝမ်းမမှန်တဲ့ အစားအစာ အသီးအနှံ့ အဆွေးအမြေ့တွေကို ရောနှောပြီး ကျွဲဆိုးကြီးလာလေ့ရှိတဲ့ နေရာမှာ ချထားလိုက်ကြပါတယ်။ ကျွဲဆိုးကြီး ရောက်လာပြီး အဲဒီ အသီးအနှံတွေကို စားပြီး မကြာမီမှာပဲ ဝမ်းပျက်ပါတော့တယ်။ ဝမ်းဗိုက်အလွန်အမင်းနာကျင်တာကြောင့် ကျွဲကြီးဟာ အဲဒီနေရာကို စွန့်ခွာသွားခဲ့ပါတယ်။ ဒါပေမယ့် ဝမ်းပျက်ပြီး သူဟာ အလွန်ကြီးမားတဲ့ မစင်ပုံကြီးကို စွန့်ခဲ့တာကနေ အဲဒီချောကလက်တောင်ကုန်းတွေ ဖြစ်လာပါသတဲ့။
ဒဏ္ဍာရီဆိုတာကတော့ သိကြတဲ့အတိုင်း စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့အများစု ယုံကြည်ထားကြတဲ့ အကြောင်းကတော့ ဒီနေရာမှာ တချိန်က ထုံးကျောက်ဆောင်ကြီးတွေရှိခဲ့သလို မြစ်တွေလည်း ရှိခဲ့ပါတယ်။ အဲဒီမြစ်ရေတွေ နဲ့ တိုက်ခတ်တဲ့လေတွေဟာ နှစ်ပေါင်းများစွာကြာအောင် ထုံးကျောက်ဆောင်ကြီးတွေကို တိုက်စားပစ်ရာကနေ အခုလို တောင်ကုန်းငယ်လေးတွေ ဖြစ်လာတယ် လို့ဆိုပါတယ်။
တောင်ကုန်းငယ် ၁ထောင်ကျော်ရှိတဲ့အနက် ၂ခုကိုပဲ ခရီးသွားကဏ္ဍ အတွက် အစိုးရကဖွင့်လှစ်ပေးထားပါတယ်။ ၁ခုကို view point အဖြစ်ဖန်တီးထားပြီး နောက်တစ်ခုကို ဟိုတယ် အပန်းဖြေစခန်းအဖြစ် ဖန်တီးပေးထားပါတယ်။ ဒီနေရာတဝိုက်ကို Chocolate Hills Adventure Park လို့ခေါ်ပြီး လာရောက်လည်ပတ်သူတွေဟာ လေပေါ်မှာ ကြိုးတန်းစက်ဘီး စီးခြင်း ၊ ကြိုးတန်းလမ်းလျှောက်ခြင်း ၊ စက်ဘီးစီးခြင်း ၊ နံရံတွယ်တက်ခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။
(Zawgyi)
ဖိလစ္ပုိင္က နာမည္ေက်ာ္ ေခ်ာကလက္ေတာင္ကုန္းမ်ား
ဖိလစ္ပုိင္ႏုိင္ငံမွာ ကမာၻလွည့္ခရီးသြားေတြကို ဆြဲေဆာင္တဲ့ေနရာအေျမာက္အမ်ားရွိေနၿပီး ဒီအထဲမွာ Chocolate Hills လုိ႔လူသိမ်ားတဲ့ ေခ်ာကလက္ေတာင္ကုန္းငယ္ေလးေတြဟာလည္း တစ္ခုအပါအ၀င္ျဖစ္ပါတယ္။ ဒီေနရာမွာ ဖိလစ္ပုိင္ႏုိင္ငံရဲ႕ ၁၀ခုေျမာက္အႀကီးဆုံး ကြ်န္းျဖစ္တဲ့ Bohol ကြ်န္းရဲ႕ အလယ္မွာတည္ရွိေနပါတယ္။
အဲဒီေနရာရဲ႕ မုိင္ ၂၀ ပတ္လည္အတြင္းမွာ ေတာင္ပူဆာငယ္ကေလးေပါင္း ၁၇၇၆ခုဟာ ျဖန္႔က်က္ၿပီးေတာ့ တည္ရွိေနပါတယ္။ အဲဒီေတာင္ပူဆာငယ္ေတြေပၚမွာ ျမက္ေတြေပါက္ေနၿပီး ေျခာက္ေသြ႔တဲ့ရာသီဥတုမ်ဳိးမွာ ဒီျမက္ေတြရဲ႕အေရာင္ဟာ အညဳိေရာင္ျဖစ္ေနတတ္ပါတယ္။ အေ၀းကၾကည့္ရင္ ေခ်ာကလက္အေရာင္နဲ႔ ဆင္တာေၾကာင့္ ဒီေတာင္ကုန္းေလးေတြရဲ႕အမည္ကို ေခ်ာကလက္ေတာင္ကုန္းေတြ လုိ႔ ေခၚေ၀ၚခဲ့ၾကျခင္း ျဖစ္ပါတယ္။
ဒီထုံးေက်ာက္ ေတာင္ကုန္းေလးေတြရဲ႕ အျမင့္ကေတာ့ အနိမ့္ဆုံး ေပ ၉၀ ေက်ာ္ကေန အျမင့္ဆုံး ေပ ၄၀၀ ၀န္းက်င္ခန္႔အထိရွိပါတယ္။ ဒီလုိ ထူးထူးျခားျခားတည္ရွိေနတဲ့ ေခ်ာကလက္ေတာင္ကုန္းေလးေတြဟာ ဘုိဟုိးကြ်န္းရဲ႕ ရတနာအျဖစ္ တင္စားေခၚေ၀ၚခံရသလုိ ဖိလစ္ပုိင္ႏုိင္ငံရဲ႕ ၃ခုေျမာက္ အမ်ဳိးသား သဘာ၀အေမြအႏွစ္ ေနရာတစ္ခု အျဖစ္ သတ္မွတ္ထိမ္းသိမ္းခံထားရပါတယ္။
ထူးထူးျခားျခားေနရာေတြမွာ ထူးဆန္းတဲ့ပါးစပ္ရာဇ၀င္ေတြ ဒ႑ာရီေတြရွိတတ္သလုိ ဒီေနရာမွာလည္းရွိေနပါတယ္။ ရွိတာမွ ၁မ်ဳိးတည္း မဟုတ္ပဲ ၃ မ်ုိးျဖစ္ပါတယ္။ ပထမ ပုံျပင္က ဒီေနရာမွာ တခ်ိန္က ဧရာမလူႀကီးေတြေနထုိင္ခဲ့ပါတယ္။ အဲဒီထဲကမွ ဧရာမလူႀကီးတစ္ေယာက္ နဲ႔ အျခားတစ္ေယာက္တုိ႔ဟာ ျငင္းခုန္ရင္း ရန္ျဖစ္ၾကပါတယ္။ ဒီလုိရန္ျဖစ္တဲ့အခါမွာ ဧရာမေက်ာက္တုံးေတြနဲ႔ တစ္ေယာက္ကုိ တစ္ေယာက္ ပစ္ခတ္ၾကပါတယ္။ ေနာက္ဆုံးမွာေတာ့ ႏွစ္ေယာက္စလုံး ေမာပန္းၿပီး ေျခကုန္လက္ပမ္းက်သြားခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ တစ္ေယာက္ကို တစ္ေယာက္ခြင့္လႊတ္ၿပီး သူငယ္ခ်င္းေတြျဖစ္သြားၾကပါတယ္။ ဒါေပမယ့္ သူတုိ႔ပစ္ခဲ့တဲ့ ေက်ာက္တုံးႀကီးေတြကို ျပန္လည္ရွင္းလင္းခဲ့ျခင္း မရွိတဲ့အတြက္ ဒီေက်ာက္တုံးႀကီးေတြဟာ ႏွစ္ကာလမ်ားစြာ ၾကာၿပီးတဲ့ေနာက္မွာ အခု ေခ်ာကလက္ေတာင္ကုန္းေတြ ျဖစ္လာပါသတဲ့။
ေနာက္ထပ္ပုံျပင္တစ္ခုကေတာ့ နည္းနည္းရုိမန္တစ္ဆန္ပါတယ္။ Arogo လုိ႔ေခၚတဲ့ ဧရာမလူႀကီးဟာ သာမန္လူသားမိန္းမတစ္ေယာက္ျဖစ္တဲ့ Aloya နဲ႔ ခ်စ္ႀကဳိက္ပါသတဲ့။ ေနာက္ဆုံးေတာ့ အဲဒီလူသား မိန္းမဟာ ေသဆုံးသြားခဲ့တာေၾကာင့္ Arogo ဟာ အလြန္၀မ္းနည္းခဲ့ပါတယ္။ သူ႔ခ်စ္သူကို အၿမဲလြမ္းေနတာေၾကာင့္ ေန႔စဥ္ရက္ဆက္ ငိုပဲငိုေနခဲ့ပါတယ္။ သူ႔ရဲ႕မ်က္ရည္ေတြ ခမ္းေျခာက္သြားၿပီးတဲ့ေနာက္ အခုေခ်ာကလက္ ေတာင္ကုန္းေတြ ျဖစ္လာပါသတဲ့။
ေနာက္ပုံျပင္တစ္ပုဒ္မွာေတာ့ ဒီေနရာမွာ ဧရာမကြ်ဲဆုိးႀကီးတစ္ေကာင္ ေသာင္းက်န္းခဲ့ဖူးပါသတဲ့။ အဲဒီကြ်ဲဆုိးႀကီးဟာ ရြာသားေတြရဲ႕ ေကာက္ပဲသီးႏွံေတြကို ဖ်က္စီးစားေသာက္ပစ္ေလ့ရွိပါတယ္။ ကြ်ဲဆုိးႀကီးကို ႏွိမ္ႏွင္းဖုိ႔မလြယ္ကူတဲ့ ရြာသားေတြဟာ ေနာက္ဆုံးမွာေတာ့ အႀကံတစ္ခုရခဲ့ပါတယ္။ အဲဒါကေတာ့ ၀မ္းမမွန္တဲ့ အစားအစာ အသီးအႏွံ႔ အေဆြးအေျမ့ေတြကို ေရာေႏွာၿပီး ကြ်ဲဆုိးႀကီးလာေလ့ရွိတဲ့ ေနရာမွာ ခ်ထားလုိက္ၾကပါတယ္။ ကြ်ဲဆုိးႀကီး ေရာက္လာၿပီး အဲဒီ အသီးအႏွံေတြကို စားၿပီး မၾကာမီမွာပဲ ၀မ္းပ်က္ပါေတာ့တယ္။ ၀မ္းဗုိက္အလြန္အမင္းနာက်င္တာေၾကာင့္ ကြ်ဲႀကီးဟာ အဲဒီေနရာကို စြန္႔ခြာသြားခဲ့ပါတယ္။ ဒါေပမယ့္ ၀မ္းပ်က္ၿပီး သူဟာ အလြန္ႀကီးမားတဲ့ မစင္ပုံႀကီးကို စြန္႔ခဲ့တာကေန အဲဒီေခ်ာကလက္ေတာင္ကုန္းေတြ ျဖစ္လာပါသတဲ့။
ဒ႑ာရီဆုိတာကေတာ့ သိၾကတဲ့အတုိင္း စိတ္ကူးယဥ္သက္သက္ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ေတြ႔အမ်ားစု ယုံၾကည္ထားၾကတဲ့ အေၾကာင္းကေတာ့ ဒီေနရာမွာ တခ်ိန္က ထုံးေက်ာက္ေဆာင္ႀကီးေတြရွိခဲ့သလုိ ျမစ္ေတြလည္း ရွိခဲ့ပါတယ္။ အဲဒီျမစ္ေရေတြ နဲ႔ တုိက္ခတ္တဲ့ေလေတြဟာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ထုံးေက်ာက္ေဆာင္ႀကီးေတြကို တုိက္စားပစ္ရာကေန အခုလုိ ေတာင္ကုန္းငယ္ေလးေတြ ျဖစ္လာတယ္ လုိ႔ဆုိပါတယ္။
ေတာင္ကုန္းငယ္ ၁ေထာင္ေက်ာ္ရွိတဲ့အနက္ ၂ခုကိုပဲ ခရီးသြားက႑ အတြက္ အစုိးရကဖြင့္လွစ္ေပးထားပါတယ္။ ၁ခုကို view point အျဖစ္ဖန္တီးထားၿပီး ေနာက္တစ္ခုကို ဟုိတယ္ အပန္းေျဖစခန္းအျဖစ္ ဖန္တီးေပးထားပါတယ္။ ဒီေနရာတ၀ုိက္ကုိ Chocolate Hills Adventure Park လုိ႔ေခၚၿပီး လာေရာက္လည္ပတ္သူေတြဟာ ေလေပၚမွာ ႀကဳိးတန္းစက္ဘီး စီးျခင္း ၊ ႀကဳိးတန္းလမ္းေလွ်ာက္ျခင္း ၊ စက္ဘီးစီးျခင္း ၊ နံရံတြယ္တက္ျခင္း စတာေတြကို ျပဳလုပ္ႏုိင္ပါတယ္။
Discussion about this post