ဖိလစ်ပိုင်နိုင်ငံ Quezon ပြည်နယ်ထဲက ဖိလစ်ပိုင်ကျွန်းစုထဲမှာ Alabat ဆိုတဲ့ ကျွန်းငယ်လေးတစ်ခု ရှိပါတယ်။ ဒီကျွန်းရဲ့ထူးခြားချက်ကတော့ ဒီကျွန်းငယ်လေးကိုရောက်ဖူးတဲ့သူတွေတိုင်းကတော့ ပုံစံတူတဲ့ လူသားနှစ်ဦးကို အမြဲလိုလိုတွေ့ရလေ့ရှိနေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ လူဦးရေ ၁၀၀မှာ ၄ယောက်ဟာ အမွှာဖြစ်နေလို့ပါတဲ့။ ဒီဒေသမှာပုံစံ အနည်းငယ်သာ ကွဲလွဲတဲ့ အမွှာ(၇၈)တွဲ၊ ရုပ်ချင်းချွတ်စွပ်တူတဲ့ အမွှာ(၂၂) တွဲ၊ကိုယ်ချင်း ဆက်အမွှာ(၁)တွဲ လက်ရှိမှာစုစုပေါင်းအမွှာပေါင်း(၁၀၁)တွဲရှိနေပါတယ်။
Isaland of Mirror လို့ ဖိလစ်ပိုင်နိုင်ငံအတွင်းမှထင်ရှားတဲ့ Alabat ဒေသဟာ အမွှာအရေအတွက် အလွန်များပြားနေတာမို့ ရောက်ရှိလာတဲ့သူတွေအတွက် အထူးအဆန်းဖြစ်ရပါတယ်။ ဒီဒေသမှာ အမွှာဦးရေအလွန်များပြားနေရခြင်းဟာ ယခုအချိန်ကာလမှမဟုတ်ဘဲ ကျန်ခဲ့တဲ့ ကာလများစွာထဲက ဖြစ်ခဲ့တာမို့ Generation Process ကြောင့်ဖြစ်တယ်လို့ ပညာရှင်တွေကသတ်မှတ်ထားကြပါတယ်။ ဒီဒေသမှာ နောက်ဆုံးဖွားမြင်တဲ့ အမွှာကတော့ Gian နဲ့ Johnတို့ဖြစ်ကြပြီး သူတို့ရဲ့ဓာက်ပုံတွေက ကလေးပုခတ်အတွင်းရှိနေတဲ့ ကာလမှာတင် ဖိလစ်ပိုင်နိုင်ငံက အင်တာနက်လူမူကွန်ယက် စာမျက်နှာတွေမှာပျံ့နှံ့နေခဲ့ပါပြီ။
ယနေ့ထက်တိုင်အသက်ရှင်နေထိုင်နေတဲ့ အသက်အကြီး ဆုံးအမွှာကတော့ Eudosia နဲ့ Antoniaအမည်ရဲ့ အသက်(၈၆)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံးဟာ ကိုယ်စီမြေးတွေပိုင်ဆိုင်နေပြီဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် နှစ်ဦးစလုံးဟာ မုဆိုးမတွေဖြစ်ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ အလွန်သေးငယ်တဲ့အပူပိုင်းသစ်တောအတွင်းမှာရှိတဲ့ ဒီရွာငယ်လေး ဟာလူဦးရေ အလွန်နည်းပါးပေမဲ့ အမွှာဦးရေအလွန်များပြားနေတာပဲဖြစ်ပါတယ်။
Alabat မှာရှိတဲ့ လူနေအိမ်၊ကျောင်းအပါအဝင် နေရာအနှံ့မှာအမွှာကလေးငယ်မွေးချင်းတွေ အများအပြားတွေ့နေရမှာဖြစ်ပါတယ်။ Alabat ဟာတံငါရွာလေးဖြစ်ပြီး ဒေသခံအများစုဟာ ရေလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ ဒီဒေသမှာ ရှိတဲ့ဆယ်ကျော်သက် အများစုကတော့ သူတို့ရဲ့အားလပ်ချိန်တွေကို နီးစပ်ရာAtimonanမြို့ကို သွားရောက် လည်ပတ်ပြီး အချိန်တွေကိုကုန်ဆုံးကြပါတယ်။
လာရောက်လာသူတွေ အတွက်တော့ မြင်ကွင်းနှစ်မျိုးဖြစ်နေပေမယ့် Alabat ဒေသကအမွှာတွေကတော့သူတို့ရဲ့ နေ့စဉ်ကိစ္စ တွေကို အေးချမ်းစွာ ဆောင်ရွက်လျက်ရှိနေပါတယ်။ အမွှာဆိုတာကတော့ဆေးဘက်ဆိုင်ရာ သဘောတရားအရ အမျိုးသမီးရဲ့မမျိုးဥနှစ်လုံးဟာ အမျိုးသားရဲ့ သုတ်ပိုးတစ်ခုစီနဲ့ ပေါင်းစပ် သန္ဓေအောင်ခြင်းဖြစ်ပါတယ်။ ရုပ်ခြင်းချွတ်စွပ်တူနဲ့အမွှာဆိုတာကတော့ မမျိုးဥတစ်ခုတည်း ကနေ သန္ဓေသားနှစ်ယောက်ဖြစ်သွားခြင်းပါ။ ဒါဟာ မျိုးရိုးဗီဇနဲ့သက်ဆိုင်ပြီး ပုံပန်းသွင်ပြင် အပြင် လွိင်အမျိုးအစားပါ မွေးဖွားတဲ့သန္ဓေသားတွေဟာ တူညီနိုင်ပါတယ်။
ကိုယ်ချင်းဆက် အမွှာကတော့ အမျိုးသမီး သားအိမ်အတွင်းက မမျိုးဥတစ်ခုဟာ သန္ဓေအောင်ပြီးခါမှ ဆက်စပ်လျက်ရှိတဲ့ သန္ဓေသားရဲ့ကိုယ် အစိတ်အပိုင်းတစ်ခုကနေ နောက်ထပ်နောက်ကျတဲ့ သန္ဓေသားအောင်ခြင်းတစ်မျိုးဖြစ်လာရတာကြောင့်ဖြစ်ပါတယ်။ ဒီလိုမျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲ မှုတွေဟာ အမှန်တကယ်တည်ရှိနေပေမဲ့ အခုလိုမျိုးတစ်နေရာတည်းမှာ အစုလိုက်အပြုံ လိုက်တွေ့နေရတဲ့ ဖြစ်ရပ်ဟာ ရှားပါးလွန်းတာကြောင့် ဗဟုသုအနေနဲ့ဖော်ပြလိုက်ရပါတယ်။
Discussion about this post