ဖာရိုးကျွန်းစုကတော့ နော်ေ၀ နဲ့ အိုက်စလန်ကြား ၊ စကော့တလန်နိုင်ငံရဲ့ အနောက်မြောက်ပိုင်း ၂၀၀ မိုင်ခန့်အကွာ မြောက်အတ္တလန္တိတ်ထဲမှာ တည်ရှိပါတယ်။ ဒိန်းမတ်ဘုရင့်နိုင်ငံထဲမှာပါဝင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတခုဖြစ်ပါတယ်။ ကျွန်းကြီးပေါင်း ၁၈ ခုအပါအဝင် စုစုပေါင်း ၇၇၉ ကျွန်းနဲ့ ဖွဲ့စည်းထားပါတယ်။ အကျယ်အဝန်းအားဖြင့် ၅၄၀ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေစုစုပေါင်းကတော့ ၅၂၁၁၀ ဦး ဖြစ်ပါတယ်။
တစိတ်တပိုင်း ဝန်ရိုးစွန်းသမုဒ္ဒရာ ရာသီဥတုကို ပိုင်ဆိုင်ထားပြီး လေထန် ၊ စိုစွတ် ၊ တိမ်ထူ ၊ အေးမြ ကာ ပျမ်းမျှအပူချိန်ကတော့ ၅ဒီဂရီ ဆဲစီးယပ်စ် ဖြစ်ပါတယ်။ အဓိကသုံးစွဲကြတဲ့ ဘာသာစကားတွေကတော့ ဖာရိုးဘာသာစကား နဲ့ ဒိန်းမတ်ဘာသာစကားတွေဖြစ်ပါတယ်။ ဒါပေမယ့် လူငယ်အများစုကတော့ အင်္ဂလိပ်စကားကိုပါ ကောင်းမွန်စွာပြောနိုင်ကြပါတယ်။ ဖာရိုး ဆိုတာကတော့ Føroyar ကနေ လာတာဖြစ်ပြီး သိုးများရဲ့ကျွန်းစု (သို့) မြေကျွန်းစု Islands of Fearrann လို့ အဓိပ္ပါယ်ရပါတယ်။
ကျွန်းကြီးပေါင်း ၁၈ ခုရှိတဲ့ အနက် Streymoy နဲ့ Eysturoy ကျွန်းတို့က အကြီးဆုံးဖြစ်ပါတယ်။ မြို့တော် ထိုးရှန် Tórshavn ကတော့ Streymoy ကျွန်းပေါ်မှာ တည်ရှိပြီး လူဦးရေ ၁၉၀၀၀ကျော် နေထိုင်ပါတယ်။ ကျွန်းအများစုဟာ တွန့်လိမ်ခေါက်ကွေးတဲ့မြေသဏ္ဍာန်ရှိကာ ကျောက်ဆောင်ထူထပ်ပြီး ကမ်းရိုးတန်းတွေကတော့ ချောက်ကမ်းပါးတွေသာ များပါတယ်။ ဖာရိုးကျွန်းစုမှာ အမြင့်ဆုံးနေရာကတော့ Eysturoy ကျွန်းမှာရှိတဲ့ Slættaratindur စလေးထာတင်ဒါ တောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၈၉၀ပေ မြင့်မားပါတယ်။
ဖာရိုးကျွန်းစုရှိရာနေရာတဝိုက်မှာ Norse လူမျိုးတွေဟာ အေဒီ ၃၀၀ နဲ့ ၆၀၀ ကြားတုန်းက တကြိမ် ၊ အေဒီ ၆၀၀ နဲ့ ၈၀၀ ကြားမှာ ၁ကြိမ် ရောက်ရှိနေထိုင်ခဲ့ကြပါတယ်။ အေဒီ ၈ရာစုမှာ ဗိုက်ကင်းတို့ရောက်ရှိလာခဲ့ပြီး အေဒီ ၁၀၀၀မှာတော့ နော်ဝေဘုရင်ရဲ့ ပိုင်နက်နယ်မြေတခုဖြစ်လာခဲ့ပါတယ်။ ၁၈၁၄ ခုနှစ်အထိ နော်ဝေတို့က ထိန်းချုပ်ခဲ့ပြီး ဒိန်းမတ်နဲ့အတူ Kalmar ပြည်ထောင်စုအတွင်း ဝင်ခဲ့ရာမှ ဖာရိုးကျွန်းစုနယ်မြေဟာ ဒိန်းမတ်ရဲ့ထိန်းချုပ်မှုအောက်ကို တဖြည်းဖြည်းရောက်ရှိလာခဲ့ပါတယ်။ နပိုလီယံစစ်ပွဲများအပြီး ၁၈၁၆ ခုနှစ်မှာတော့ ဖာရိုးကျွန်းစုဟာ ဒိန်းမတ်ရဲ့ပိုင်နက်နယ်မြေတခု ဖြစ်သွားခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဗြိတိန်တို့ရဲ့သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ဗြိတိသျှစစ်သားတွေဟာ Vágar ကျွန်းပေါ်မှာ Vágar လေဆိပ်ကို တည်ဆောက်ခဲ့ကြပါတယ်။ စစ်ကြီးပြီးတဲ့နောက်မှာတော့ ဒိန်းမတ်ရဲ့လက်အောက်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ ဖာရိုးကျွန်းစုအနေနဲ့ လွတ်လပ်ရေးရပြီလို့ ကြေငြာခဲ့ပေမယ့် ၂ရက်အကြာမှာပဲ ဒိန်းမတ်က ဖျက်သိမ်းခဲ့ပါတယ်။
ဒိန်းမတ်နယ်မြေဆိုပေမယ့် ၁၉၄၈ ခုနှစ်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့ပြီး ကိုယ်ပိုင်ငွေကြေး ၊ ကိုယ်ပိုင်အလံတွေသုံးစွဲနိုင်တဲ့အပြင် ဒိန်းမတ်နိုင်ငံသားတွေနဲ့ တန်းတူအခွင့်အရေးရခဲ့ပါတယ်။ အုပ်ချုပ်ရေးအနေနဲ့ ပါလီမန်စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးပြီး သံအမတ်ကြီးကတော့ ဒိန်းမတ်ရှေ့နေ Lene Moyell Johansen ဖြစ်ပြီး ဝန်ကြီးချုပ်ကတော့ ဖာရိုးကျွန်းသား နိုင်ငံရေးသမား နဲ့ စီးပွားရေးလုပ်ငန်းရှင် Bárður á Steig Nielsen ဆိုသူဖြစ်ပါတယ်။
၁၉၀၀ ခုနှစ်ဝန်းကျင်အထိ စိုက်ပျိုးရေးလုပ်ငန်းတွေကိုသာ လုပ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ငါးဖမ်းခြင်း တင်ပို့ရောင်းချခြင်း လုပ်ငန်းတွေကိုပဲ လုပ်ကိုင်ပါတော့တယ်။ အခြားလုပ်ငန်းတွေအနေနဲ့ကတော့ သင်္ဘောငယ်များ ပြုပြင်ထိန်းသိမ်းခြင်း နဲ့ လက်မှုပစ္စည်းဖန်တီးခြင်းလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ ၂၀၁၇ စာရင်းအရဆိုရင်တော့ ဖာရိုးကျွန်းသူ ၊ သား တဦးချင်းစီရဲ့ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၅၄၈၃၃ ဖြစ်ပါတယ်။ Faroese króna ငွေကြေးစနစ်ကို သုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ ၆.၂၇ FOK နဲ့ ညီမျှပါတယ်။ ဒါအပြင် ဒိန်းမတ်ငွေကိုလည်း အသုံးပြုလို့ရပါတယ်။
ဖာရိုးကျွန်းစုကို နယ်မြေပေါင်း ၂၉ ခုခွဲကာ အုပ်ချုပ်တယ်ဆိုပေမယ့် Tórshavn လွဲလို့ ကျန်တဲ့မြို့တွေဟာ လူဦးရေ ထောင်ဂဏန်းပဲ ရှိပါတယ်။ ကိုးကွယ်မှုအနေနှင့် ခရစ်ယာန်ဘာသာကို ၉၅% ခန့်ကိုးကွယ်ပြီး ခရစ်ယာန်ထဲမှာမှ ပရိုတက်စတင့်ဂိုဏ်းခွဲတခုဖြစ်တဲ့ Lutheranism ကို အများဆုံးကိုးကွယ်ကြပါတယ်။ ဟိန္ဒူ ၊ ဗုဒ္ဓဘာသာ ၊ အစ္စလာမ် နှင့် အခြားဘာသာကိုးကွယ်သူလည်း အနည်းငယ်ရှိပါတယ်။
မူလတန်း ၊ အလယ်တန်း ၊ အထက်တန်းအဆင့် အခမဲ့ပညာရေးကို သင်ကြားပြီး အသက် ၇နှစ်မှ ၁၆ထိ ကျောင်းမဖြစ်မနေတက်ကြရပါတယ်။ အရွယ်ရောက်ပြီးသူ စာတတ်မြောက်နှုန်း ၉၉% ဖြစ်ပြီး တက္ကသိုလ်ကတော့ တခုတည်းသာရှိတဲ့ ဖာရိုးကျွန်းစုတက္ကသိုလ်ဖြစ်ပါတယ်။ မြို့တော် Tórshavn မှာတည်ရှိပြီး ၁၉၆၅ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဖာရိုးယဉ်ကျေးမှုစာပေ ၊ ဆော့ဝဲ ၊ စွမ်းအင် အင်ဂျင်နီယာ ၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး ၊ ပညာရေး ၊ သူနာပြု စတဲ့လိုင်းများအပါဝင် ၁၀ ခုရှိပါတယ်။ မာစတာတန်း အနေနဲ့ကတော့ ဖာရိုးယဉ်ကျေးမှုစာပေ နဲ့ ဥပဒေ လိုင်း ၂ခုကိုပဲ သင်ကြားနိုင်မှာပါ။ ပါရဂူအတွက်တော့ ဒိန်းမတ်မှာ သွားရောက်သင်ကြားရမှာဖြစ်ပါတယ်။
အဓိကမြို့ရွာ လမ်းတွေကိုတော့ တံတားတွေ ဥမင်တွေနဲ့ ဆက်ပေးထားပြီး ရထားလမ်းတော့ မရှိပါဘူး။ ဘတ်စ်ကားလိုင်းတွေရှိနေပြီး လေကြောင်းအတွက်ကတော့ တခုတည်းသောလေဆိပ်ဖြစ်တဲ့ Vágar နိုင်ငံတကာ လေဆိပ်ရှိပါတယ်။ နိုင်ငံတကာခရီးသည်အများစုကတော့ အိုင်စလန် Seyðisfjörður မြို့ ၊ ဒိန်းမတ် Hirtshals မြို့ တို့ကနေ ရေလမ်းခရီးနဲ့ လာရောက်လေ့ရှိပါတယ်။
ဖာရိုးကျွန်းစုရဲ့ စိတ်ဝင်စားစရာ အချက်များ
ဖာရိုးကျွန်းစု ဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုမဟုတ်ပေမယ့် ကမ္ဘာ့အစောဆုံးလွှတ်တော်တွေထဲမှာ အပါအဝင်ဖြစ်တဲ့ နေရာဟာ ဒီနယ်မြေထဲမှာ ရှိနေပါတယ်။ ဒီနေရာကို Tinganes လို့ခေါ်ပြီး အဓိပ္ပါယ်ကတော့ လွှတ်တော်ဆိပ်ကမ်းဖြစ်ပါတယ်။ မြို့တော် Tórshavn မှာ တည်တဲ့ ဒီနေရာကို ၉ရာစုကာလကတည်းက လွှတ်တော်တခုအဖြစ် အသုံးပြုခဲ့တယ်လို့သိရပြီး ယနေ့ထိတိုင် အသုံးပြုနေဆဲဖြစ်ပါတယ်။
ခက်ထန်တဲ့ ရာသီဥတုကြောင့် ဒေသထွက်အစားအစာ များများစားစားမရှိပဲ အစားအသောက်မှန်သမျှကို ဒိန်းမတ်ကနေ တင်သွင်းနေရပါတယ်။ ဒါပေမယ့် ဖာရိုးကျွန်းစုကနေ အခြားနိုင်ငံတွေကို တင်ပို့နေတဲ့ ဒေသထွက် အစားအစာ ၂ ခုကတော့ ဆော်လမွန်ငါး နဲ့ သိုးသား တို့ပဲ ဖြစ်ပါတယ်။
ဖာရိုးကျွန်းစုဟာ အမှုအခင်းမဖြစ်သလောက်နည်းပါးပြီး အေးချမ်းတဲ့ဒေသတခုဖြစ်ပါတယ်။ ဒါကြောင့် ထောင်မရှိပါဘူး။ တခါတရံပြင်းထန်တဲ့အမှုတွေဖြစ်လာတဲ့အခါမှာတော့ ဒိန်းမတ်ကို ပို့ဆောင်စီရင်စေပါတယ်။ သာမန်အမှုတွေအတွက်ကတော့ လူ ၁၂ယောက်သာ ထားရှိနိုင်တဲ့ အချုပ်ခန်းပဲ ရှိပါတယ်။ အချုပ်ကျနေတယ်ဆိုပေမယ့် အပြင်ထွက်ခွင့်မရတာကလွဲလို့ ပုံမှန်ပြည်သူတယောက်လို အပ်တဲ့ ပစ္စည်းတွေ အပြည့်အစုံထားရှိပေးထားပါတယ်။ သီးသန့်အခန်းနဲ့ဖြစ်ပြီး တီဗီ ၊ ဂေါက်ကွင်းအသေးစားပါ ရှိပါသတဲ့။
မြို့တော်မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားမှန်သမျှဟာ အခမဲ့ဖြစ်ပါသတဲ့။ ဒါအပြင် ကျွန်းတကျွန်းကနေ အခြားတကျွန်းကို သွားရောက်ချင်တာအတွက်လည်း ရဟတ်ယာဉ်တွေကို အခမဲ့နီးပါး ဝန်ဆောင်မှု စီစဉ်ပေးထားပါတယ်။ အေးချမ်းသာယာလှတဲ့ ဖာရိုးကျွန်းစုရဲ့ မြင်ကွင်းတွေကို ကောင်းကင်ကနေ လှည့်ပတ်ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။
ဖာရိုးကျွန်းစုဟာ ဒိန်းမတ်နိုင်ငံရဲ့ နယ်မြေဖြစ်ပေမယ့် ဘောလုံးကန်တဲ့အခါမှာတော့ သီးသန့်အသင်းတသင်းအနေနဲ့ ဝင်ပြိုင်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဖီဖာ ၊ ၁၉၉၀ ခုနှစ်မှာ ယူအီးအက်ဖေ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ဥရောပမှာတော့ ၄ခုမြောက် လူဦးရေအနည်းဆုံး (နိုင်ငံ) အသင်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာရော ယူရိုမှာပါ ခြေစစ်ပွဲအောင်မြင်ခြင်း မရှိသေးပါဘူး။ ကျွန်းစုဖလား နဲ့ ဂရင်းလန်ဖလား ပြိုင်ပွဲတွေမှာတော့ ၂ကြိမ်စီဗိုလ်စွဲခဲ့ဖူးပါတယ်။
ဖာရိုးကျွန်းစုမှာ နေထိုင်သူတွေဟာ အသက်ရှည်ကြပါတယ်။ ၂၀၁၇ ခုနှစ်စာရင်းအရ ဖာရိုးကျွန်းစုတွေမှာ နေထိုင်တဲ့ အမျိုးသား သမီးတို့ရဲ့ ပျမ်းမျှသက်တမ်းက ၈၂.၄နှစ် ဖြစ်ပါတယ်။ (ကျွန်တော်တို့မြန်မာနိုင်ငံမှာ နေထိုင်သူတွေရဲ့ ပျမ်းမျှသက်တမ်းက ၆၇နှစ် ပဲ ရှိတယ်ဆိုတော့ သူတို့က ၁၅နှစ်လောက် ပိုအသက်ရှည်တဲ့ သဘောပါ)
ဖာရိုးကျွန်းစုတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၀ လောက်က မီးတောင်ပေါက်ကွဲမှုတွေဖြစ်ပြီး ပေါ်လာခဲ့တာလို့ သိရပါတယ်။
ဖာရိုးကျွန်းစု တခုလုံးမှာ လမ်းမီးပွိုင့်ဆိုလို့ ၃ခုပဲ ရှိပါတယ်။ ဒီ ၃ ခုစလုံးဟာလည်း မြို့တော် Torshavn မှာ ရှိနေတာဖြစ်ပြီး တခုနဲ့ တခု နီးကပ်စွာ ရှိနေတာပါ။
ဖာရိုးကျွန်းစုကို တချို့က ပုံပြင်ထဲက နယ်မြေလို့ တင်စားကြပါတယ်။ သစ်ပင်အလွန်နည်းပါးပြီး ကျွန်းစုတခုလုံးမှာ တောင်ကုန်းတောင်တန်းတွေနဲ့ အတူ အစိမ်းရောင်မျက်ခင်းပြင်တွေချည်းပဲ ဖုံးလွှမ်းထားလို့ ဖြစ်ပါတယ်။
ဖာရိုးကျွန်းစုမှာ ထင်ရှားတဲ့နေရာတွေကတော့ Saksun ဘုရားကျောင်း ၊ Mulafossur ရေတံခွန် ၊ Fossa ရေတံခွန်၊ Sørvágsvatn ကန် ၊ Tinganes သမိုင်းဝင်နယ်မြေ ၊ Gásadalur ကျေးရွာ ၊ Kallur မီးပြတိုက် ၊ St. Magnus ဘုရားကျောင်း နဲ့ ဖာရိုးကျွန်းစု အမျိုးသားပြတိုက်တို့ပဲ ဖြစ်ကြပါတယ်။
——- ——- ——-
(Zawgyi)
ဖာ႐ိုးကြၽန္းစုအေၾကာင္း သိေကာင္းစရာ
ဖာ႐ိုးကြၽန္းစုကေတာ့ ေနာ္ေ၀ နဲ႔ အိုက္စလန္ၾကား ၊ စေကာ့တလန္ႏိုင္ငံရဲ႕ အေနာက္ေျမာက္ပိုင္း ၂၀၀ မိုင္ခန႔္အကြာ ေျမာက္အတၱလႏၲိတ္ထဲမွာ တည္ရွိပါတယ္။ ဒိန္းမတ္ဘုရင့္ႏိုင္ငံထဲမွာပါဝင္တဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရနယ္ေျမတခုျဖစ္ပါတယ္။ ကြၽန္းႀကီးေပါင္း ၁၈ ခုအပါအဝင္ စုစုေပါင္း ၇၇၉ ကြၽန္းနဲ႔ ဖြဲ႕စည္းထားပါတယ္။ အက်ယ္အဝန္းအားျဖင့္ ၅၄၀ စတုရန္းမိုင္ က်ယ္ဝန္းၿပီး လူဦးေရစုစုေပါင္းကေတာ့ ၅၂၁၁၀ ဦး ျဖစ္ပါတယ္။
တစိတ္တပိုင္း ဝန္႐ိုးစြန္းသမုဒၵရာ ရာသီဥတုကို ပိုင္ဆိုင္ထားၿပီး ေလထန္ ၊ စိုစြတ္ ၊ တိမ္ထူ ၊ ေအးျမ ကာ ပ်မ္းမွ်အပူခ်ိန္ကေတာ့ ၅ဒီဂရီ ဆဲစီးယပ္စ္ ျဖစ္ပါတယ္။ အဓိကသုံးစြဲၾကတဲ့ ဘာသာစကားေတြကေတာ့ ဖာ႐ိုးဘာသာစကား နဲ႔ ဒိန္းမတ္ဘာသာစကားေတြျဖစ္ပါတယ္။ ဒါေပမယ့္ လူငယ္အမ်ားစုကေတာ့ အဂၤလိပ္စကားကုိပါ ေကာင္းမြန္စြာေျပာႏုိင္ၾကပါတယ္။ ဖာ႐ိုး ဆိုတာကေတာ့ Føroyar ကေန လာတာျဖစ္ၿပီး သိုးမ်ားရဲ႕ကြၽန္းစု (သို႔) ေျမကြၽန္းစု Islands of Fearrann လို႔ အဓိပၸါယ္ရပါတယ္။
ကြၽန္းႀကီးေပါင္း ၁၈ ခုရွိတဲ့ အနက္ Streymoy နဲ႔ Eysturoy ကြၽန္းတို႔က အႀကီးဆုံးျဖစ္ပါတယ္။ ၿမိဳ႕ေတာ္ ထိုးရွန္ Tórshavn ကေတာ့ Streymoy ကြၽန္းေပၚမွာ တည္ရွိၿပီး လူဦးေရ ၁၉၀၀၀ေက်ာ္ ေနထိုင္ပါတယ္။ ကြၽန္းအမ်ားစုဟာ တြန႔္လိမ္ေခါက္ေကြးတဲ့ေျမသ႑ာန္ရွိကာ ေက်ာက္ေဆာင္ထူထပ္ၿပီး ကမ္း႐ိုးတန္းေတြကေတာ့ ေခ်ာက္ကမ္းပါးေတြသာ မ်ားပါတယ္။ ဖာ႐ိုးကြၽန္းစုမွာ အျမင့္ဆုံးေနရာကေတာ့ Eysturoy ကြၽန္းမွာရွိတဲ့ Slættaratindur စေလးထာတင္ဒါ ေတာင္ျဖစ္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၂၈၉၀ေပ ျမင့္မားပါတယ္။
ဖာ႐ိုးကြၽန္းစုရွိရာေနရာတဝိုက္မွာ Norse လူမ်ိဳးေတြဟာ ေအဒီ ၃၀၀ နဲ႔ ၆၀၀ ၾကားတုန္းက တႀကိမ္ ၊ ေအဒီ ၆၀၀ နဲ႔ ၈၀၀ ၾကားမွာ ၁ႀကိမ္ ေရာက္ရွိေနထိုင္ခဲ့ၾကပါတယ္။ ေအဒီ ၈ရာစုမွာ ဗိုက္ကင္းတို႔ေရာက္ရွိလာခဲ့ၿပီး ေအဒီ ၁၀၀၀မွာေတာ့ ေနာ္ေဝဘုရင္ရဲ႕ ပိုင္နက္နယ္ေျမတခုျဖစ္လာခဲ့ပါတယ္။ ၁၈၁၄ ခုႏွစ္အထိ ေနာ္ေဝတို႔က ထိန္းခ်ဳပ္ခဲ့ၿပီး ဒိန္းမတ္နဲ႔အတူ Kalmar ျပည္ေထာင္စုအတြင္း ဝင္ခဲ့ရာမွ ဖာ႐ိုးကြၽန္းစုနယ္ေျမဟာ ဒိန္းမတ္ရဲ႕ထိန္းခ်ဳပ္မႈေအာက္ကို တျဖည္းျဖည္းေရာက္ရွိလာခဲ့ပါတယ္။ နပိုလီယံစစ္ပြဲမ်ားအၿပီး ၁၈၁၆ ခုႏွစ္မွာေတာ့ ဖာ႐ိုးကြၽန္းစုဟာ ဒိန္းမတ္ရဲ႕ပိုင္နက္နယ္ေျမတခု ျဖစ္သြားခဲ့ပါတယ္။
ဒုတိယကမာၻစစ္အတြင္းမွာေတာ့ ၿဗိတိန္တို႔ရဲ႕သိမ္းပိုက္ျခင္းကို ခံခဲ့ရၿပီး ၿဗိတိသွ်စစ္သားေတြဟာ Vágar ကြၽန္းေပၚမွာ Vágar ေလဆိပ္ကို တည္ေဆာက္ခဲ့ၾကပါတယ္။ စစ္ႀကီးၿပီးတဲ့ေနာက္မွာေတာ့ ဒိန္းမတ္ရဲ႕လက္ေအာက္ကို ျပန္လည္ေရာက္ရွိခဲ့ပါတယ္။ ၁၉၄၆ ခုႏွစ္ စက္တင္ဘာလ ၁၈ ရက္ေန႔မွာေတာ့ ဖာ႐ိုးကြၽန္းစုအေနနဲ႔ လြတ္လပ္ေရးရၿပီလို႔ ေၾကျငာခဲ့ေပမယ့္ ၂ရက္အၾကာမွာပဲ ဒိန္းမတ္က ဖ်က္သိမ္းခဲ့ပါတယ္။
ဒိန္းမတ္နယ္ေျမဆိုေပမယ့္ ၁၉၄၈ ခုႏွစ္မွာေတာ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရခဲ့ၿပီး ကိုယ္ပိုင္ေငြေၾကး ၊ ကိုယ္ပိုင္အလံေတြသုံးစြဲႏိုင္တဲ့အျပင္ ဒိန္းမတ္ႏိုင္ငံသားေတြနဲ႔ တန္းတူအခြင့္အေရးရခဲ့ပါတယ္။ အုပ္ခ်ဳပ္ေရးအေနနဲ႔ ပါလီမန္စည္းမ်ဥ္းခံ ဘုရင္စနစ္ကို က်င့္သုံးၿပီး သံအမတ္ႀကီးကေတာ့ ဒိန္းမတ္ေရွ႕ေန Lene Moyell Johansen ျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္ကေတာ့ ဖာ႐ိုးကြၽန္းသား ႏိုင္ငံေရးသမား နဲ႔ စီးပြားေရးလုပ္ငန္းရွင္ Bárður á Steig Nielsen ဆိုသူျဖစ္ပါတယ္။
၁၉၀၀ ခုႏွစ္ဝန္းက်င္အထိ စိုက္ပ်ိဳးေရးလုပ္ငန္းေတြကိုသာ လုပ္ခဲ့ေပမယ့္ အဲဒီေနာက္ပိုင္းမွာေတာ့ ငါးဖမ္းျခင္း တင္ပို႔ေရာင္းခ်ျခင္း လုပ္ငန္းေတြကိုပဲ လုပ္ကိုင္ပါေတာ့တယ္။ အျခားလုပ္ငန္းေတြအေနနဲ႔ကေတာ့ သေဘၤာငယ္မ်ား ျပဳျပင္ထိန္းသိမ္းျခင္း နဲ႔ လက္မႈပစၥည္းဖန္တီးျခင္းလုပ္ငန္းေတြကို လုပ္ကိုင္ၾကပါတယ္။ ၂၀၁၇ စာရင္းအရဆိုရင္ေတာ့ ဖာ႐ိုးကြၽန္းသူ ၊ သား တဦးခ်င္းစီရဲ႕ပ်မ္းမွ်ဝင္ေငြကေတာ့ အေမရိကန္ေဒၚလာ ၅၄၈၃၃ ျဖစ္ပါတယ္။ Faroese króna ေငြေၾကးစနစ္ကို သုံးစြဲၿပီး အေမရိကန္ ၁ေဒၚလာဟာ ၆.၂၇ FOK နဲ႔ ညီမွ်ပါတယ္။ ဒါအျပင္ ဒိန္းမတ္ေငြကိုလည္း အသုံးျပဳလုိ႔ရပါတယ္။
ဖာ႐ိုးကြၽန္းစုကို နယ္ေျမေပါင္း ၂၉ ခုခြဲကာ အုပ္ခ်ဳပ္တယ္ဆိုေပမယ့္ Tórshavn လြဲလို႔ က်န္တဲ့ၿမိဳ႕ေတြဟာ လူဦးေရ ေထာင္ဂဏန္းပဲ ရွိပါတယ္။ ကိုးကြယ္မႈအေနႏွင့္ ခရစ္ယာန္ဘာသာကို ၉၅% ခန႔္ကိုးကြယ္ၿပီး ခရစ္ယာန္ထဲမွာမွ ပ႐ိုတက္စတင့္ဂိုဏ္းခြဲတခုျဖစ္တဲ့ Lutheranism ကို အမ်ားဆုံးကိုးကြယ္ၾကပါတယ္။ ဟိႏၵဴ ၊ ဗုဒၶဘာသာ ၊ အစၥလာမ္ ႏွင့္ အျခားဘာသာကိုးကြယ္သူလည္း အနည္းငယ္ရွိပါတယ္။
မူလတန္း ၊ အလယ္တန္း ၊ အထက္တန္းအဆင့္ အခမဲ့ပညာေရးကို သင္ၾကားၿပီး အသက္ ၇ႏွစ္မွ ၁၆ထိ ေက်ာင္းမျဖစ္မေနတက္ၾကရပါတယ္။ အ႐ြယ္ေရာက္ၿပီးသူ စာတတ္ေျမာက္ႏႈန္း ၉၉% ျဖစ္ၿပီး တကၠသိုလ္ကေတာ့ တခုတည္းသာရွိတဲ့ ဖာ႐ိုးကြၽန္းစုတကၠသိုလ္ျဖစ္ပါတယ္။ ၿမိဳ႕ေတာ္ Tórshavn မွာတည္ရွိၿပီး ၁၉၆၅ ခုႏွစ္ကတည္းက ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ ဖာ႐ိုးယဥ္ေက်းမႈစာေပ ၊ ေဆာ့ဝဲ ၊ စြမ္းအင္ အင္ဂ်င္နီယာ ၊ ႏိုင္ငံေရးနဲ႔ အုပ္ခ်ဳပ္ေရး ၊ ပညာေရး ၊ သူနာျပဳ စတဲ့လိုင္းမ်ားအပါဝင္ ၁၀ ခုရွိပါတယ္။ မာစတာတန္း အေနနဲ႔ကေတာ့ ဖာ႐ိုးယဥ္ေက်းမႈစာေပ နဲ႔ ဥပေဒ လိုင္း ၂ခုကိုပဲ သင္ၾကားႏိုင္မွာပါ။ ပါရဂူအတြက္ေတာ့ ဒိန္းမတ္မွာ သြားေရာက္သင္ၾကားရမွာျဖစ္ပါတယ္။
အဓိကၿမိဳ႕႐ြာ လမ္းေတြကိုေတာ့ တံတားေတြ ဥမင္ေတြနဲ႔ ဆက္ေပးထားၿပီး ရထားလမ္းေတာ့ မရွိပါဘူး။ ဘတ္စ္ကားလိုင္းေတြရွိေနၿပီး ေလေၾကာင္းအတြက္ကေတာ့ တခုတည္းေသာေလဆိပ္ျဖစ္တဲ့ Vágar ႏိုင္ငံတကာ ေလဆိပ္ရွိပါတယ္။ ႏိုင္ငံတကာခရီးသည္အမ်ားစုကေတာ့ အိုင္စလန္ Seyðisfjörður ၿမိဳ႕ ၊ ဒိန္းမတ္ Hirtshals ၿမိဳ႕ တို႔ကေန ေရလမ္းခရီးနဲ႔ လာေရာက္ေလ့ရွိပါတယ္။
ဖာရုိးကြ်န္းစုရဲ႕ စိတ္၀င္စားစရာ အခ်က္မ်ား
ဖာရုိးကြ်န္းစု ဟာ သီးျခားလြတ္လပ္တဲ့ ႏုိင္ငံတခုမဟုတ္ေပမယ့္ ကမာၻ႔အေစာဆုံးလႊတ္ေတာ္ေတြထဲမွာ အပါအ၀င္ျဖစ္တဲ့ ေနရာဟာ ဒီနယ္ေျမထဲမွာ ရွိေနပါတယ္။ ဒီေနရာကို Tinganes လုိ႔ေခၚၿပီး အဓိပၸါယ္ကေတာ့ လႊတ္ေတာ္ဆိပ္ကမ္းျဖစ္ပါတယ္။ ၿမဳိ႕ေတာ္ Tórshavn မွာ တည္တဲ့ ဒီေနရာကို ၉ရာစုကာလကတည္းက လႊတ္ေတာ္တခုအျဖစ္ အသုံးျပဳခဲ့တယ္လုိ႔သိရၿပီး ယေန႔ထိတုိင္ အသုံးျပဳေနဆဲျဖစ္ပါတယ္။
ခက္ထန္တဲ့ ရာသီဥတုေၾကာင့္ ေဒသထြက္အစားအစာ မ်ားမ်ားစားစားမရွိပဲ အစားအေသာက္မွန္သမွ်ကို ဒိန္းမတ္ကေန တင္သြင္းေနရပါတယ္။ ဒါေပမယ့္ ဖာရုိးကြ်န္းစုကေန အျခားႏုိင္ငံေတြကို တင္ပို႔ေနတဲ့ ေဒသထြက္ အစားအစာ ၂ ခုကေတာ့ ေဆာ္လမြန္ငါး နဲ႔ သုိးသား တုိ႔ပဲ ျဖစ္ပါတယ္။
ဖာရိုးကြ်န္းစုဟာ အမႈအခင္းမျဖစ္သေလာက္နည္းပါးၿပီး ေအးခ်မ္းတဲ့ေဒသတခုျဖစ္ပါတယ္။ ဒါေၾကာင့္ ေထာင္မရွိပါဘူး။ တခါတရံျပင္းထန္တဲ့အမႈေတြျဖစ္လာတဲ့အခါမွာေတာ့ ဒိန္းမတ္ကို ပုိ႔ေဆာင္စီရင္ေစပါတယ္။ သာမန္အမႈေတြအတြက္ကေတာ့ လူ ၁၂ေယာက္သာ ထားရွိႏုိင္တဲ့ အခ်ဳပ္ခန္းပဲ ရွိပါတယ္။ အခ်ဳပ္က်ေနတယ္ဆုိေပမယ့္ အျပင္ထြက္ခြင့္မရတာကလြဲလုိ႔ ပုံမွန္ျပည္သူတေယာက္လုိ အပ္တဲ့ ပစၥည္းေတြ အျပည့္အစုံထားရွိေပးထားပါတယ္။ သီးသန္႔အခန္းနဲ႔ျဖစ္ၿပီး တီဗီ ၊ ေဂါက္ကြင္းအေသးစားပါ ရွိပါသတဲ့။
ၿမဳိ႕ေတာ္မွာ ေျပးဆြဲေနတဲ့ ဘတ္စ္ကားမွန္သမွ်ဟာ အခမဲ့ျဖစ္ပါသတဲ့။ ဒါအျပင္ ကြ်န္းတကြ်န္းကေန အျခားတကြ်န္းကို သြားေရာက္ခ်င္တာအတြက္လည္း ရဟတ္ယာဥ္ေတြကို အခမဲ့နီးပါး ၀န္ေဆာင္မႈ စီစဥ္ေပးထားပါတယ္။ ေအးခ်မ္းသာယာလွတဲ့ ဖာရိုးကြ်န္းစုရဲ႕ ျမင္ကြင္းေတြကို ေကာင္းကင္ကေန လွည့္ပတ္ၾကည့္ရႈ႕ႏုိင္မွာျဖစ္ပါတယ္။
ဖာရုိးကြ်န္းစုဟာ ဒိန္းမတ္ႏုိင္ငံရဲ႕ နယ္ေျမျဖစ္ေပမယ့္ ေဘာလုံးကန္တဲ့အခါမွာေတာ့ သီးသန္႔အသင္းတသင္းအေနနဲ႔ ၀င္ၿပဳိင္ပါတယ္။ ၁၉၈၈ ခုႏွစ္မွာ ဖီဖာ ၊ ၁၉၉၀ ခုႏွစ္မွာ ယူအီးအက္ေဖ အဖြဲ႔၀င္ျဖစ္ခဲ့ၿပီး ဥေရာပမွာေတာ့ ၄ခုေျမာက္ လူဦးေရအနည္းဆုံး (ႏုိင္ငံ) အသင္းျဖစ္ပါတယ္။ ကမာၻ႔ဖလားမွာေရာ ယူရုိမွာပါ ေျခစစ္ပြဲေအာင္ျမင္ျခင္း မရွိေသးပါဘူး။ ကြ်န္းစုဖလား နဲ႔ ဂရင္းလန္ဖလား ၿပဳိင္ပြဲေတြမွာေတာ့ ၂ႀကိမ္စီဗုိလ္စြဲခဲ့ဖူးပါတယ္။
ဖာရုိးကြ်န္းစုမွာ ေနထုိင္သူေတြဟာ အသက္ရွည္ၾကပါတယ္။ ၂၀၁၇ ခုႏွစ္စာရင္းအရ ဖာရုိးကြ်န္းစုေတြမွာ ေနထုိင္တဲ့ အမ်ဳိးသား သမီးတုိ႔ရဲ႕ ပ်မ္းမွ်သက္တမ္းက ၈၂.၄ႏွစ္ ျဖစ္ပါတယ္။ (ကြ်န္ေတာ္တုိ႔ျမန္မာႏုိင္ငံမွာ ေနထုိင္သူေတြရဲ႔ ပ်မ္းမွ်သက္တမ္းက ၆၇ႏွစ္ ပဲ ရွိတယ္ဆုိေတာ့ သူတုိ႔က ၁၅ႏွစ္ေလာက္ ပုိအသက္ရွည္တဲ့ သေဘာပါ)
ဖာရုိးကြ်န္းစုေတြဟာ လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း ၃၀ ေလာက္က မီးေတာင္ေပါက္ကြဲမႈေတြျဖစ္ၿပီး ေပၚလာခဲ့တာလုိ႔ သိရပါတယ္။
ဖာရုိးကြ်န္းစု တခုလုံးမွာ လမ္းမီးပြဳိင့္ဆုိလုိ႔ ၃ခုပဲ ရွိပါတယ္။ ဒီ ၃ ခုစလုံးဟာလည္း ၿမဳိ႕ေတာ္ Torshavn မွာ ရွိေနတာျဖစ္ၿပီး တခုနဲ႔ တခု နီးကပ္စြာ ရွိေနတာပါ။
ဖာရိုးကြ်န္းစုကို တခ်ဳိ႕က ပုံျပင္ထဲက နယ္ေျမလုိ႔ တင္စားၾကပါတယ္။ သစ္ပင္အလြန္နည္းပါးၿပီး ကြ်န္းစုတခုလုံးမွာ ေတာင္ကုန္းေတာင္တန္းေတြနဲ႔ အတူ အစိမ္းေရာင္မ်က္ခင္းျပင္ေတြခ်ည္းပဲ ဖုံးလႊမ္းထားလုိ႔ ျဖစ္ပါတယ္။
ဖာရိုးကြ်န္းစုမွာ ထင္ရွားတဲ့ေနရာေတြကေတာ့ Saksun ဘုရားေက်ာင္း ၊ Mulafossur ေရတံခြန္ ၊ Fossa ေရတံခြန္၊ Sørvágsvatn ကန္ ၊ Tinganes သမုိင္း၀င္နယ္ေျမ ၊ Gásadalur ေက်းရြာ ၊ Kallur မီးျပတုိက္ ၊ St. Magnus ဘုရားေက်ာင္း နဲ႔ ဖာရုိးကြ်န္းစု အမ်ဳိးသားျပတုိက္တုိ႔ပဲ ျဖစ္ၾကပါတယ္။
Discussion about this post