ပွဲတစ်ပွဲမှ မကစားရပါပဲ ကမ္ဘာကျော်ဘောလုံးသမားဖြစ်ခဲ့သူ - Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Sunday, January 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပွဲတစ်ပွဲမှ မကစားရပါပဲ ကမ္ဘာကျော်ဘောလုံးသမားဖြစ်ခဲ့သူ

by Thutamm
August 12, 2019
1 min read
0
ပွဲတစ်ပွဲမှ မကစားရပါပဲ ကမ္ဘာကျော်ဘောလုံးသမားဖြစ်ခဲ့သူ
Share on FacebookShare on Twitter

ပရော်ဖက်ရှင်နယ်ဘောလုံးလောကဆိုတာ ကတော့အချိုးအကွေ့အလွန်များပြီး ရေရှည်ရပ် တည်ဖို့ဆိုတာ ကြိုးစားအားထုတ်မှုများစွာလိုအပ်ပါတယ်။ ဆုကြေးစားအဆင့်တွေ ဖြစ်တာကြောင့်လည်း ကွင်းထဲမှာအကောင်းဆုံးခြေစွမ်းတွေ ထုတ်ပြဖို့လိုပါတယ်။ အောင်မြင်မှုနောက်မှ တွဲကပ်လာတဲ့ ကျော်ကြားမှုဆိုတာလည်း မိမိရဲ့ကွင်းတွင်းစွမ်း ဆောင်ရည်ပေါ်မှာသာ မှီတည်နေတာဖြစ်လို့ ပရော်ဖက်ရှင်နယ်ဘောလုံးသမား တစ်ယောက်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့လည်းလိုအပ်နေတာပါ။

ဒါပေမဲ့ ဘရာဇီးနိုင်ငံသား ဆုကြေးစားတိုက်စစ်ကစားသမားဖြစ်တဲ့ Carlos Henrique Raposo ကတော့ အထက်ပါသတ်မှတ်ချက်တွေကိုရိုက်ချိုးပြီး ထူးထူးဆန်းဆန်း ပွဲတစ်ပွဲမှပွဲထွက်မကစားရပါပဲ နာမည်ကျော် ပရော်ဖက်ရှင်နယ်ဘောလုံးသမား ဘဝကိုပိုင်ဆိုင်ခဲ့ပါတယ်။ Carlos Kaiser လို့လူသိများတဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးလောကရဲ့ နှစ်ယောက်မရှိနိုင်တဲ့ အဲဒီကစားသမားဟာ သူရဲ့ဒဏ်ရာရနေတဲ့ကာလအတွင်းမှာ အသင်းများစွာကို ပြောင်းရွေခဲ့ကာ ပွဲထွက်ကစားဖို့ရုန်းကန်ခဲ့ရတာပါ။ သူရဲ့လေ့ကျင့်ရေးကွင်းက ဘောလုံးနဲ့ မဆိုင်တဲ့စွမ်းရည်ကြောင့် သူ့ကိုအဟုတ်မှတ်ပြီး ခေါ်ယူခဲ့တဲ့အသင်းများစွာရှိပေမဲ့ အချိန်တန်ရင် တော့ Carlos ဟာ နောက်ဖေးပေါက်ကနေလှည့်ပြန်ခဲ့ရတာချည်းပါပဲ။

အဓိက ကတော့ သူရဲ့ဒဏ်ရာပြသာနာတွေကြောင့်ဖြစ်ပြီး နောက်ပိုင်းမှာသူဟာ အလိမ်အညာတွေ သုံးပြီး သူရဲ့ ပရော်ဖက်ရှင်နယ်တိုက်စစ်မှူးဘဝကို ဂိုးတစ်ဂိုးမှသွင်းယူနိုင်ခြင်း မရှိပဲ ဆက်လက်ရပ်တည်ဖို့ကြိုးစားခဲ့ရရှာတာပါ။ နောက်ဆုံးမှာတော့ ဘောလုံးကွင်းအတွင်းမှာမဟုတ်ဘဲ ကွင်းပြင်ပမှာတော့သူဟာ အောင်မြင်တဲ့ဘဝတစ်ခုကိုတည်ဆောက် နိုင်ခဲ့ပါတယ်။ ဘောလုံးလောကရဲ့တကယ့် ဂန္တဝင်တွေကိုပဲ ဖော်ပြတဲ့ မှတ်တမ်းတင် ရုပ်ရှင်ကိုတောင်ရိုက်ကူးခဲ့တဲ့အထိ ဟာသဆန်ဆန် အောင်မြင်ခဲ့ပါတယ်။

၁၉၆၃ ခုနှစ်ဧပြီလ(၂)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Carlos Kaiser ဟာငယ်စဉ်တည်းက ဘောလုံးသမားတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ အဲကာလတုန်းက နာမည်ကျော်ဂျာမနီ ခံစစ်မှူး Franz Beckenbauer ကို Carlos Kaiserဟာ အလွန်အားကျခဲ့ပါတယ်။ ကျောင်းအဆင့်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြသနိုင်ခဲ့တာမို့ မကြာမီမှာပဲ ရီယိုဒီဂျေနေရိုးမြို့အခြေစိုက် Botafogo အသင်းရဲ့လူငယ်ကစားသမား ဖြစ်လာခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာတော့ ဘရာဇီးထိပ်သီးဖြစ်တဲ့ Flamengo လူငယ် အသင်းကိုပြောင်းရွေ့ခဲ့ပါတယ်။ လူငယ်အသင်းမှာသူဟာ ထူးချွန်တဲ့ပုံစံကောင်းတွေ ပြသခဲ့တာကြောင့် မက္ကဆီကိုကလပ် Puebla အသင်းက ဘောလုံးကင်းထောက်တွေ ကသတိပြုမိခဲ့ကာ အဲဒီအသင်းနဲ့ပထမဆုံး ပရော်ဖက်ရှင်နယ်ကစားသမား စာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒဏ်ရာတွေကြောင့် Pueblaအသင်းနဲ့တစ်ပွဲမှ ဘောလုံးမကစားရဘဲ စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။ Carlos Kaiser ဟာ ဘရာဇီးကိုပြန်လာခဲ့ပြီး ဘောလုံးကစားဖို့ဆက်လက်အားထုတ်ခဲ့ပြန်ပါတယ်။ သူရည်မှန်းချက်ကတော့ ဘရာဇီးအသင်းနဲ့ အတူကမ္ဘာဖလားပြိုင်ပွဲမှာ အနိုင်ရဖို့ဖြစ်ပြီး သူ့မိတ်ဆွေတွေဖြစ်တဲ့ Carlos Alberto Torres ( 1970 ကမ္ဘာဖလားရ ဘရာဇီးအသင်း ရဲ့ကပ္ပတိန်)၊ Ricardo Rocha၊ Renato Gaucho တို့ကို အားကျသူ လည်းဖြစ်ပါတယ်။ Carlos Kaiser ရဲ့အမြင်ကတော့ သူဟာ ကြေးစားအသင်းတစ်သင်းမှာ ပုံမှန်ပွဲထွက်ကစားရမယ်ဆိုရင် သူရဲ့ သူငယ်ချင်းတွေရဲ့ အောင်မြင်မှုနောက်ကို အမီလိုက်နိုင်မှာဖြစ်တယ်လို့ ယုံကြည်ခဲ့ပုံပါ။

အမှန်မှာတော့ သူဟာအရပ်(၆)ပေရှိပြီး အထောင်တိုက်စစ် ဘောလုံးသမားတစ်ယောက်ရဲ့ ကိုယ်ခန္ဓာ အနေအထားမှာရှိပေမဲ့ ထိပ်တန်းပြိုင်ပွဲတွေမှာ ဝင်ရောက်ကစားဖို့တော့လိုအပ်တဲ့ ဘောလုံးကျွမ်းကျင်မှုမရှိပါဘူး။ သူရဲ့အခြေ အနေမှန်ကိုနားလည်ပေမယ့် သူဟာဘောလုံးသမားဘဝကနေတော့ မရပ်နားရဖို့ဉာဏ်နီ ၊ဉာဏ်နက်တွေကို သုံးပါတော့တယ်။ အဲဒီကာလက နည်းပညာဆိုင်ရာသတင်း အချက် အလက်တွေရဲ့ အားနည်းတာကို အခွင့်ကောင်းယူပြီး သူဟာ မြောက်အမေရိကမှာ အောင်မြင်တဲ့ကစားသမားတစ်ယောက် ဖြစ်ပေမဲ့ လူမှုရေးအခက်အခဲတွေကြောင့် ဆက်လက်မနေထိုင်တာလို့ ဘရာဇီးဘောလုံးလောကကို သတင်းလွှင့်ပြီး သူကိုအသင် းများစွာက ကမ်းလှမ်းဖို့ လှည့်ကွက်တစ်ခုကိုလုပ်ခဲ့ပါတယ်။

သူ့အကြံဟာအောင်မြင်ခဲ့ပြီး သူကိုစာချုပ်ချုပ် ခေါ်ဆိုမဲ့အသင်းများစွာရှိနေတာပါ။ Carlos Kaiserဟာသူကိုအသင်း တစ်သင်းက ခေါ်ယူစာချုပ်ချုပ်ဆိုတဲ့အခါ ကာလတိုစာချုပ်သာချုပ်ဆိုပြီး သူ့အရည်အသွေးကို နည်းပြနဲ့ကစားဖော်တွေမရိပ်မိစေရန် သူဟာပွဲမကစားတာကြာပြီဖြစ်တဲ့ အတွက်ကြောင့် လုံလောက်တဲ့ကြံ့ခိုင်ရေး ရရှိရန်လိုအပ်တယ်ဆိုတဲ့အကြောင်းပြချက် နဲ့တစ်ဦးတည်းသာ အမြဲလေ့ကျင့်ပါတယ်။ ဒီလိုလေ့ကျင့်တဲ့အခါမှာလည်း ဘောလုံးနဲ့ မဆိုင်တဲ့ အခြားအားကစားနည်းတွေကလေ့ကျင့်ခန်းတွေ လေ့ကျင်တဲ့အတွက် အသင်း တာဝန်ရှိသူအတော်များများက စိတ်ဝင်တစ်စားနဲ့သူကိုထူးခြားတဲ့ ကစားသမား အနေနဲ့ သတ်မှတ်ကြပါတယ်။

အသင်းဖော်တွေနဲ့ မလွဲသာမရှောင်သာလေ့ကျင့်ရတယ်ဆိုရင် လည်း နည်းစနစ်ပိုင်းဆိုင်ရာ ကိုက်ညီမှုမရှိဘူး၊ ခေါင်းမူးတယ် ကြွက်သားနာတယ် စသဖြင့်အကြောင်းအမျိုးမျိုးပြကာ ရှောင်ဖယ်လေ့ရှိပါတယ်။ ဒါအပြင်သူဟာ သွားဆရာဝန်တစ်ယောက်ကို အမြဲငှားထားပြီး သူမဖြစ်မနေဘောလုံးစွမ်းရည်ထုတ် ပြရမဲ့အချိန်မှာ သွားရောဂါအလူးအလဲခံစားနေရတဲ့ ရောဂါသည်အသွင်ကို ချက်ချင်းပုံဖမ်း ယူပါတော့တယ်။ အထက်မှာဖော်ပြခဲ့တဲ့နည်းတွေနဲ့ Carlos Kaiser ဟာ ဘောလုံးကလပ်များစွာမှာ လအနည်းငယ်စီ ဆုကြေးစားကစားသမားအဖြစ် ဖြတ်သန်းခဲ့ပါတယ်။ ဒါ့အပြင်Carlos Kaiser ရဲ့ လိမ်လည်နည်းနောက်တစ်မျိုးကတော့ သူရဲ့သူငယ်ချင်း အားကစားသတင်းထောက်တစ်ဦးနဲ့ပေါင်းကာ သူဟာဘောလုံးစွမ်းရည်မှာပြိုင်ဘက်ကင်းပြီး ဒဏ်ရာတွေရပြီး ဘောလုံးပွဲတွေနဲ့ကင်းကွာနေလို့သာ ငုပ်လျိုးပျောက်ကွယ်နေရတဲ့ ဘောလုံးဝိဇ္ဇာတစ်ဦးစသဖြင့် သတင်းမှားတွေကဆက်တိုက်ဖြန့်ဝေပါတယ်။

Carlos Kaiser ကို ခေါ်ယူမယ့် အသင်းမရှိတော့တဲ့ အချိန်တွေမှာ ဒီသတင်းဟာထွက်ပေါ်လာတတ်ပြီး ကာယကံရှင်ကလည်း မှင်သေသေနဲ့ အိန္ဒြေကြီးတစ်ခွဲသားနဲ့ နေတတ်တာကြောင့်အချို့ အသင်းပိုင်ရှင်နဲ့နည်းပြဆိုရင် စာချုပ်ဖျတ်သိမ်းကြေးတွေ၊ လျော်ကြေးတွေနဲ့တွဲပြီး စာချုပ်ချုပ်ဆိုဖို့အလိုရှိကြပါတယ်။ ဒီလိုဖြစ်လာတိုင်းလည်း Carlos Kaiser က မှင်သေသေနဲ့ ပယ်ချကာ၊ ဒဏ်ရာကင်းစင်ပြီး ကြံ့ခိုင်မှုအရင်ပြည့်ဝဖို့လိုတယ်ဆိုတဲ့ သူ့ဗျူဟာထဲ အသာလေး သိမ်းသွင်းပါတော့တယ်။

ဒါအပြင်သူဟာ မက္ကဆီကိုမှာ သွားရောက်ကစားစဉ်ကာလက Puebla အသင်းနဲ့ ရနိုင်တဲ့ဖလားအားလုံးကိုရယူနိုင်ခဲ့ကြောင်း၊ မက္ကဆီကို လက်ရွေးစင်အသင်းကတောင် သူနိုင်ငံအတွက် ကစားပေးဖို့ ကမ်းလှမ်းတာ ခံခဲ့ရကြောင်း၊ Carlos Kaiser အနေနဲ့ မက္ကဆီကိုနိုင်ငံ ပြည်တွင်းမှာ မရဖူးတဲ့ဖလားမရှိခဲ့ကြောင်း၊ အသင်းရဲ့ရရှိတဲ့ ဂိုးအားလုံးရဲ့ (၈၀)ရာခိုင်နူန်းလောက်ကို Carlos Kaiserက သွင်းယူပေးခဲ့ခြင်းဖြစ်ကြောင်း စသဖြင့်စိတ်ကူးတဲ့ရာကို ရေးသား ဖော်ပြကြပါတယ်။ ဒါ့အပြင် ယင်းကာလကတောင်အမေရိကတိုက်၊ ဘရာဇီးနိုင်ငံမှာ တကယ့်ဒိပ်ဒိပ်ကျဲ ထိပ်တန်းပုဂ္ဂိုလ်တွေမှ ကိုင်ဆောင်နိုင်တဲ့၊တန်ဖိုးအလွန်ကြီးတဲ့ Mobile Phone ပုံစံတူအတုတစ်ခုကို ကလေးကစားစရာဆိုင်ကနေဝယ်ယူပြီး ဟန်ပါပါနဲ့ပြောလေ့ရှိပါတယ်။

Carlos Kaiserဟာ ယင်းကာလက ဘောလုံးအားကစားနည်းရဲ့ ထိပ်တန်းလိဂ်တွေကိုပိုင်ဆိုင်ထားတဲ့ အင်္ဂလန်၊ ဟော်လန်၊ အာဂျင်တီးနား ဘာသာစကားအနည်းငယ်ကို အလွတ်ကျက်မှတ်ထားပြီး သူကစားရာ ကလပ်က နည်းပြအဖွဲ့ဝင်တွေနဲ့စုံတဲ့အခါ သူရဲ့ကစားစရာဖုန်းနဲ့ ယခုအချိန်မှာမိမိမှာ ကြံ့ခိုင်ရေးမကောင်းသေးသဖြင့် လာရောက်မကစားနိုင်တဲ့အကြောင်း ပြောကာ တန်ဖိုးကြီးကစားသမားတစ်ယောက် အသွင်ဖန်တီးခဲ့ပါသေးတယ်။ သတင်းနည်းပညာ အချက်အလက်ဖွံဖြိုးမှုအားနည်းချက်ကြောင့် သူရဲ့ထွင်လုံးတွေဟာ မြင်ရ၊ကြားရသူတိုင်း ကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့ပါတယ်။

သူဟာမက္ကဆီကိုကနေဘရာဇီးကိုပြန်လာတဲ့အချိန်မှာ သူအသင်းဟောင်း Botafogo နဲ့ပြန်လည်လက်တွဲပြီး ပြည်ပမှာအတွေ့အကြုံတွေကို သူစတင်ဘောလုံးကစားရာ ကလပ်မှာ မျှဝေပေးမဲ့ ပုံစံနဲ့ရောက်လာပြန်ပါတယ်။ အဲဒီကလပ်မှာလည်း အထက်မှာဖော်ပြတဲ့နည်းပေါင်းစုံနဲ့လိမ်လည်နေခဲ့ပါတယ်။ အထူးသဖြင့် ကလေးကစားစရာဖုန်းကို အသုံးပြုပြီး ပေါက်ပန်းလေးဆယ် အင်္ဂလိပ်စကားတွေပြောကာလူတွေရဲ့စိတ်ဝင်စားမှုကို ရယူနေတဲ့ Carlos Kaiser ဟာ ကလပ်မှာရှိတဲ့ အင်္ဂလိပ်စကား ကောင်းကောင်းနားလည်တဲ့ အသင်းဆရာဝန်ကြောင့် လိမ်သမျှတစ်ချို့တစ်ဝက်ပေါ်ကုန်ကာ အသင်းနဲ့ပွဲတစ်ပွဲမှ မကစားရပါပဲ ပြေးရပါတော့တယ်။

လည်လွန်းတဲ့ Carlos Kaiserဟာ မကြာခင်မှာပဲ ဂျင်းထည့်လို့ရတဲ့ ကလပ်ဆီပြောင်းပြန်ပါတယ်။ ဒီကလပ်ကတော့ Flamengo ဖြစ်ပြီး လအနည်းငယ်နေပြီးတဲ့နောက် ဒဏ်ရာကိုအကြောင်းပြကာ တစ်ပွဲမှဝင်မကစားပဲ ထွက်ရပြန်ပါတယ်။ ဒါ့အပြင်သူဟာ အာဂျင်တီးနားက Talleres de Cordoba နဲ့ Independiente အသင်းတွေမှာသွားရောက်ကစားပြီး ၁၉၈၄ Copa Libertadores ဖလားနဲ့၊ ၁၉၈၄ခုနှစ် Intercontinental ဖလားတွေကို ဆက်တိုက်သိမ်းပိုတ်ခဲ့တယ်လို့လူအများရှေမှာ ထုတ် ဖော်ပြောကြားခဲ့ပါသေးတယ်။ အဲဒီဖလားတွေကိုအမှန်တကယ်ရရှိခဲ့သူက သူနဲ့နာမည်ခပ်ဆင်ဆင်တူတဲ့ အာဂျင်တီးနားလူမျိုး Carlos Enrique ဖြစ်ကြောင်း အာဂျင်တီးနားမီဒီယာတွေက အချက်အလက်နဲ့ထောက်ပြတာကြောင့် ကြီးစွာ အရှက်ရခဲ့ ရပြန်ပါတယ်။

၁၉၈၆ ခုနှစ်မှာတော့ Carlos Kaiserဟာ တောင်အမေရိကရဲ့ တန်ဖိုးကြီး ဘောလုံးထုတ်ကုန်တစ်ခုပုံမျိုးနဲ့ ဥရောပကိုခြေဆန့်ခဲ့ပြန်ပါတယ်။ ပထမဆုံးအနေနဲ့ Carlos Kaiser ဟာ သူ့ရဲ့သူငယ်ချင်းတစ်ဦး ကစားနေတဲ့ ပြင်သစ်ဒုတိယတန်းကလပ် Gazelec Ajaccio ကို ရောက်ရှိခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ ကလပ်က ပရိသတ်တွေကိုမိတ်ဆတ်တဲ့ အနေနဲ့ ပြုလုပ်ခဲ့တဲ့ ဘောလုံးစွမ်းရည်ပြ လေ့ကျင့်ခန်းတစ်ခုမှာ Carlos Kaiser ဟာ ပစ်မှတ်ကနေ ဆိုးဆိုးရွားရွားလွဲချော်ကာ အသင်းတံဆိပ်ကို နမ်းရိူက်ပြီးအားပေးနေတဲ့ ပရိတ်သတ်လူအုပ်ထဲကို ဘောလုံးရောက်သွားအောင် လုပ်ပစ်ခဲ့ပါတယ်။ သူကတော့ စိတ်လှုပ်ရှားနေတဲ့အတွက်ကြောင့်လို့ ဆင်ခြေပေးခဲ့ပေမဲ့ သာမန်ဘောကောတ်ကလေး တစ်ယောက်လောက်တောင် ဘောလုံးကိုမှန်အောင်မကန်တတ်တဲ့ သူအတွက် ပြင်သစ်ကလပ်မှာနေရာမရရှိခဲ့ပါဘူး။ အဲဒီနောက်တော့ သူဟာ ဘရာဇီးကိုပြန်လာရပါတော့တယ်။

Carlos Kaiser ရဲ့သူငယ်ချင်းဂျာနယ်လစ်တွေကတော့ သူဟာပြင်သစ်မြေမှာ အထွန်းတောက်ဆုံးသောကြယ်ပွင့်ကစားသမားဖြစ်ခဲ့ကြောင်းနဲ့ Gazelec Ajaccio အသင်းနဲ့အတူ ဂိုးသွင်းအများဆုံးသောဆုကိုရယူခဲ့ကြောင်း ဖွကြပါတော့တယ်။ ဘရာဇီၤး ကိုသူပြန်လာတဲ့အခါမှာတော့ Bangu အသင်းနဲ့ ပူးပေါင်းပြီး သူနည်းအတိုင်း လိမ်လည်မှု တွေပြန်လုပ်ပါတော့တယ်။ ကံဆိုးချင်တော့ အဲဒီအသင်းရဲ့အဓိကပံံ့ပိုးသူ ဖြစ်တဲ့ စီးပွားရေး လုပ်ငန်းရှင် Castor de Andrade ဟာ Carlos Kaiser အပေါ်အလွန်အထင်ကြီးတာကြောင့် Bangu အသင်း (၂-ဝ)နဲ့ရှုံးနိမ်တဲ့ပွဲစဉ်တစ်ခုမှာ နည်းပြဖြစ်သူကိုCarlos Kaiser ကိုဘယ်လိုအခြေနေမျိုးမှာဖြစ်ဖြစ်ထည့်သွင်းကစားရန် ဖိအားပေးခဲ့ပါတယ်။

မဖြစ်မနေ ကစားရတော့မဲ့Carlos Kaiserဟာ သွေးပူလေ့ကျင့်ခန်းဆင်းရင်း အကြံတစ်ခုကို ဖန်တီးပါတော့တယ်။ ပွဲကိုပျက်ပြီးသူမကစားရဖို့ရည်ရွယ်ချက်နဲ့ အသင်းအားပေးသူ ပရိတ်သတ်တွေကို တိုက်ခိုက်ဖို့အသင်းသားတွေကိုတုတ်တစ်ချောင်းစီပေးကာ လှုံဆော်ပါတော့တယ်။ ဒါကြောင့်သူဟာ ပြိုင်ပွဲကနေထုတ်ပယ်ခြင်းခံရပါတော့တယ်။ အဲပြိုင်ပွဲပြီးတဲ့အခါမှာတော့ အသင်းပိုင်ရှင်က ဖြစ်စဉ်ကိုမေးမြန်းတဲ့အခါမှာတော့ ပရိတ်သတ်တွေက သူကို သူခိုးလို့ စွပ်စွဲတာကြောင့် တိုက်ခိုက်ဖို့အားထုတ်ရခြင်း ဖြစ်ကြောင်း လိမ်လည်ပြန်ပါတယ်။ Carlos Kaiserဟာဒီအဖြစ်အပျက်ကို ပြန်လည် တောင်းပန်ခဲ့ပြီး ခြောက်လစာ လစာကိုအသင်းထံပြန်အမ်းခဲ့ပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။

နောက်ပိုင်းFluminense အသင်းကို ပြောင်းရွေခဲ့ပေမဲ့ သူရဲ့အလိမ်အညာတွေပေါ်သွားတာမို့ အသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့သူပြောင်းရွေခဲ့တဲ့ Vasco da Gama ကလပ်မှာတော့ သူဟာအကျိုးရှိတဲ့အလုပ်တစ်ခုကိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ သူဟာအရက်သေစာ မသောက်စားတတ်သူဖြစ်တာကြောင့် အသင်းဖော်တွေက အရက်စွဲနေသူအများအပြားကို အရက်ဖြတ်နိုင်အောင်စည်းရုံးပေးခဲ့ပါတယ်။ ၁၉၈၉ မှာတော့ သူဟာ El Paso Sixshooters ၊America (RJ)၊ Guarany Futebol Club တွေ ဆီ ထုံးစံအတိုင်း လိုက်လံလိမ်လည်ပြီးနောက်အဲဒီနှစ်ထဲမှာပဲ အနားယူခဲ့ပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာမှာတော့ Carlos Kaiser ဟာအင်္ဂလန်အခြေစိုက် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Nods&Volleys နဲ့သဘောတူညီမှုစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါတယ်။ ဖျော်ဖြေရေးဆိုင်ရာသဘောတူညီမှုစာချုပ်ဖြစ်ပြီးCarlos Kaiserက သူ့ရဲ့ဘ၀ အတွေ့အကြုံတွေကို ရုပ်သံမီဒီယာနဲ့ ပေါင်းစပ်ပြီး အများပြည်သူကိုပြန်လည်ချပြရတဲ့ ရုပ်သံအင်တာဗျူးတစ်ခုဖြစ်ပါတယ်။ အဲဒီ တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ အင်္ဂလန်နဲ့ ဘရာဇီးကရုပ်ရှင်ရုံတွေက ပြသရာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဧပြီ(၂၁)ရက်နေ့ မှာတော့ Kaiser ‘The Greatest Footballer Never to Play Football အမည်ရတဲ့ ရုပ်ရှင်ဇာက်ကားဟာထွက်ပေါ်လာခဲ့ပြီး ဒီဇာက်ကားမှာ Carlos Alberto Torres, Zico, Renato Gaucho, Bebeto, Junior နဲ့ Ricardo Rocha စတဲ့ ဘရာဇီးဂန္တဝင်ဘောလုံး သမားတွေ လည်းအားဖြည့်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ နာမည်ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Rob Smyth ရေးသားတဲ့ Kaiser ‘The Greatest Footballer Never to Play Football ဆိုတဲ့စာအုပ်ဟာ ထွက် ပေါ်လာခဲ့ပြီး ဘရာဇီးနိုင်ငံရဲ့အရောင်းရဆုံး စာအုပ်စာရင်းမှာပါဝင်ခဲ့ပါတယ်။ Carlos Kaiser နဲ့ပတ်သတ်ပြီး အမျိုးမျိုး ဝေဖန်မှုတွေရှိနေပေမဲ့ သူဟာ သူယုံကြည်တဲ့ ရည်မှန်းချက်ကို ဉာဏ်နီဉာဏ်နက်ပေါင်းများစွာနဲ့ ရောက်အောင်သွားတဲ့သူအဖြစ် ကမ္ဘာကျော်ခဲ့ပါတော့တယ်။

Tags: amazingkaung htetSport people
Next Post
ကာလီဒါသပြောတဲ့ အကောင်းနဲ့အကန်း

ကာလီဒါသပြောတဲ့ အကောင်းနဲ့အကန်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!